Winner ျဖစ္မွ ပိုင္ဆိုင္ခြင့္ရတဲ့ အရာကို ခ်မ္းေျမ႕ေမာင္ခ်ိဳအား လက္ေဆာင္ေပးလိုက္တဲ့ ၿဖိဳးျမတ္ေအာင္...



အမ်ားသိၾကၿပီးသလိုပါပဲ မေန႔ညက ျမန္မာ Idol ၿပိဳင္ပြဲမွာ ၿဖိဳးျမတ္ေအာင္ဟာ ၿပိဳင္ဘက္မရွိ ေအာင္ပြဲခံၿပီး Winner ျဖစ္ခဲ့ပါၿပီ။ သူ႔ရဲ႕ၿပိဳင္ဘက္ ခ်မ္းေျမ႕ေမာင္ခ်ိဳဟာ က်န္းမာေရးအေျခအေနေၾကာင့္ လာေရာက္ယွဥ္ၿပိဳင္ျခင္း မရွိတဲ့အတြက္ ၿဖိဳးျမတ္ေအာင္ဟာ ပြဲမစခင္ကတည္းက winner ျဖစ္သြားခဲ့တာပါ။



ပထမပိုင္းမွာ ဝင္ေရာက္ မယွဥ္ၿပိဳင္ခဲ့ေပမယ့္ ေနာက္ဆံုး သီခ်င္း တပုဒ္ကို ဆိုဖို႔ ပြဲခ်ိန္ တဝက္ေလာက္အေရာက္မွာ လူနာတင္ကားျဖင့္ ေမာင္ခ်ိဳ ၁ ေယာက္ ေရာက္ရွိခဲ့ၿပီး သူမပရိတ္သတ္အတြက္ သီဆိုေပးခဲ့ပါတယ္။



အသံဟာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ သီခ်င္းဆိုတဲ့အခ်ိန္မွာ ကီးခ်ိန္စဥ္က အသံသြင္းထားတဲ့ဖိုင္ကို ေနာက္ခံဖြင့္ေပးထားၿပီး သူမက အလိုက္သင့္ေလး ဆိုေပးသြားတာပါ။ သီခ်င္းေလးဟာ အရမ္းအားမာန္ပါတဲ့သီခ်င္းေကာင္းေလးျဖစ္ၿပီး ခ်မ္းေျန႔ေမာင္ခီု ရဲ႕ အသံခ်ိဳခ်ိဳေလးနဲ႔ လိုက္ဖတ္သလို ၿဖိဳးျမတ္ေအာင္နဲ႔လည္း လိုက္ဖက္လွတဲ့ သီခ်င္းေကာင္းေလးပါ။



ဒီ “သင့္အတြက္မနက္ျဖန္” ဆိုတဲ့ သီခ်င္းကို ေတးေရး ကိုေဝႀကီးမွ ေရးေပးထားၿပီး ၂ ေယာက္စလံုး ဆိုရကာ Winner ျဖစ္တဲ့သူက ဒီသီခ်င္းကို ပိုင္ဆိုင္ၾကမွာပါ။



ဒါကို Winner ၿဖိဳးျမတ္ေအာင္က အပိုင္ရရွိခဲ့ေပမယ့္လည္း သူ႔ညီမေလးျဖစ္တဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳ အရမ္းႀကိဳက္တဲ့ သီခ်င္းမို႔ လက္ေဆာင္ေပးလိုက္ပါတယ္ ဆိုၿပီး စင္ေပၚမွာ ေၾကျငာခဲ့ပါတယ္။



ဒီသီခ်င္း မဆိုလိုက္ရမွာမို႔ အေျခအေနမေကာင္းတဲ့ၾကားက လာေရာက္ဆိုခဲ့တဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳဟာ ၿဖိဳးျမတ္ေအာင္ရဲ႕လက္ေဆာင္ေပးပါတယ္ဆိုတဲ့ စကားကို ၾကားလိုက္တဲ့အခ်ိန္မွာ မ်က္ရည္က်ရတဲ့အထိ ဝမ္းသာပီတိ ျဖစ္သြားရတာကို ေတြ႕ရပါတယ္။ တကယ္ကို ျဖဴစင္တဲ့ ကေလးေတြပါ။



အခ်ိဳ႕ အစြန္းေရာက္ေတြေၾကာင့္ ကေလးေတြခင္ဗ်ာ ေဝဖန္ထိုးႏွက္မႈေတြ ခံၾကရျခင္းျဖစ္ပါတယ္။ ခ်မ္​း​ေျမ့​ေမာင္​ခ်ိဳေလး အျမန္​ဆံုး​ေန​ေကာင္​းလာပါ​ေစလို႔ဆု​ေတာင္​း​ေပးပါတယ္​ Winner ေရာ 1st runner up ေရာ ဂီတခရီး ေအာင္ျမင္ၾကပါေစ။



Writer – Robert ၿငိမ္းေမာင္ – Myanmar Live လတ္တေလာ ျမန္မာ့သတင္းမ်ား Page

Unicode

အများသိကြပြီးသလိုပါပဲ မနေ့ညက မြန်မာ Idol ပြိုင်ပွဲမှာ ဖြိုးမြတ်အောင်ဟာ ပြိုင်ဘက်မရှိ အောင်ပွဲခံပြီး Winner ဖြစ်ခဲ့ပါပြီ။ သူ့ရဲ့ပြိုင်ဘက် ချမ်းမြေ့မောင်ချိုဟာ ကျန်းမာရေးအခြေအနေကြောင့် လာရောက်ယှဉ်ပြိုင်ခြင်း မရှိတဲ့အတွက် ဖြိုးမြတ်အောင်ဟာ ပွဲမစခင်ကတည်းက winner ဖြစ်သွားခဲ့တာပါ။



ပထမပိုင်းမှာ ဝင်ရောက် မယှဉ်ပြိုင်ခဲ့ပေမယ့် နောက်ဆုံး သီချင်း တပုဒ်ကို ဆိုဖို့ ပွဲချိန် တဝက်လောက်အရောက်မှာ လူနာတင်ကားဖြင့် မောင်ချို ၁ ယောက် ရောက်ရှိခဲ့ပြီး သူမပရိတ်သတ်အတွက် သီဆိုပေးခဲ့ပါတယ်။

အသံဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် သီချင်းဆိုတဲ့အချိန်မှာ ကီးချိန်စဉ်က အသံသွင်းထားတဲ့ဖိုင်ကို နောက်ခံဖွင့်ပေးထားပြီး သူမက အလိုက်သင့်လေး ဆိုပေးသွားတာပါ။ သီချင်းလေးဟာ အရမ်းအားမာန်ပါတဲ့သီချင်းကောင်းလေးဖြစ်ပြီး ချမ်းနြေ့မောင်ခီု ရဲ့ အသံချိုချိုလေးနဲ့ လိုက်ဖတ်သလို ဖြိုးမြတ်အောင်နဲ့လည်း လိုက်ဖက်လှတဲ့ သီချင်းကောင်းလေးပါ။



ဒီ “သင့်အတွက်မနက်ဖြန်” ဆိုတဲ့ သီချင်းကို တေးရေး ကိုဝေကြီးမှ ရေးပေးထားပြီး ၂ ယောက်စလုံး ဆိုရကာ Winner ဖြစ်တဲ့သူက ဒီသီချင်းကို ပိုင်ဆိုင်ကြမှာပါ။

ဒါကို Winner ဖြိုးမြတ်အောင်က အပိုင်ရရှိခဲ့ပေမယ့်လည်း သူ့ညီမလေးဖြစ်တဲ့ ချမ်းမြေ့မောင်ချို အရမ်းကြိုက်တဲ့ သီချင်းမို့ လက်ဆောင်ပေးလိုက်ပါတယ် ဆိုပြီး စင်ပေါ်မှာ ကြေငြာခဲ့ပါတယ်။

ဒီသီချင်း မဆိုလိုက်ရမှာမို့ အခြေအနေမကောင်းတဲ့ကြားက လာရောက်ဆိုခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ ဖြိုးမြတ်အောင်ရဲ့လက်ဆောင်ပေးပါတယ်ဆိုတဲ့ စကားကို ကြားလိုက်တဲ့အချိန်မှာ မျက်ရည်ကျရတဲ့အထိ ဝမ်းသာပီတိ ဖြစ်သွားရတာကို တွေ့ရပါတယ်။ တကယ်ကို ဖြူစင်တဲ့ ကလေးတွေပါ။

အချို့ အစွန်းရောက်တွေကြောင့် ကလေးတွေခင်ဗျာ ဝေဖန်ထိုးနှက်မှုတွေ ခံကြရခြင်းဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုလေး အမြန်ဆုံးနေကောင်းလာပါစေလို့ဆုတောင်းပေးပါတယ် Winner ရော 1st runner up ရော ဂီတခရီး အောင်မြင်ကြပါစေ။

Writer – Robert ငြိမ်းမောင် – Myanmar Live လတ်တလော မြန်မာ့သတင်းများ Page

Comments