

Credit – hlataw
သူမရဲ့ fan များနဲ့ ဟိုတယ်ကြီးတစ်ခုမှာ တွေ့ဆုံ ဖျော်ဖြေရာတွင် အမှားများ ပါဝင်ခဲ့လို့ ထပ်ပြီး တောင်းပန်
မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ Grand Final တက်ရောက်သူတစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုက သူမရဲ့ fan များနဲ့ ဟိုတယ်ကြီးတစ်ခုမှာ တွေ့ဆုံ ဖျော်ဖြေရာတွင် အမှားများ ပါဝင်ခဲ့လို့ ထပ်ပြီး တောင်းပန်လိုက်ပါတယ်။
မနေ့ သြဂုတ်လ ၅ ရက်က ရန်ကုန် ဂန္ဓမာဟိုတယ် ဟောခန်းကြီးမှာ ပရိတ်သတ် ရာပေါင်းများစွာကို တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီမှာ သူမပြိုင်ပွဲဝင်စဉ်က ဖျော်ဖြေခဲ့တဲ့ သီချင်းတစ်ပုဒ်ကို သီဆိုဖျော်ဖြေရာ အဝင်မှာလည်း နှစ်ခါဆက်တိုက် မှားယွင်းခဲ့ပြီး အလယ်မှာလည်း မှားယွင်းမှုတွေဖြစ်ခဲ့တာပါ။
သီချင်းပီးတာနဲ့ fan တွေကို တောင်းပန်ပါတယ်လို့ သူမက ပြောခဲ့ပါတယ်။ ချမ်းမြေ့မောင်ချိုကို သီချင်းမေ့တတ်သူလို့ လူအများက သတ်မှတ်နေကြပါတယ်။
လာမယ့် ၁၁ ရက်နေ့ Grand Final မှာတော့ မြန်မာအိုင်ဒေါ ဇာတ်ညွှန်းအပြောင်းအလဲဖြစ်ခဲ့မယ်ဆိုရင် ချမ်းမြေ့မောင်ချို Winner ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
Credit – hlataw

Comments