TTC ကျောင်းရှေ့မှာ ပရိုမိုးရှင်းဆင်းခဲ့မှု အပေါ် TTC ကျောင်းသား မိဘတစ်ယောက်ရဲ့ ဝေဖန်မှု...


TTC ကျောင်းရှေ့မှာ ပရိုမိုးရှင်းဆင်းခဲ့မှု အပေါ် TTC ကျောင်းသား မိဘတစ်ယောက်ရဲ့ ဝေဖန်မှု
ပြောစရာမို့ ပြောလေပြီ
မနေ့ က ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းလို့ အမည်တွင်တဲ့  သူများကျောင်းတွေလို အခြေခံပညာကျောင်းနံမည် နံပါတ်မတပ်တဲ့ TTCကျောင်းမှာ ခုတလော ရေပန်းစားနေတဲ့  မြန်မာအိုင်ဒေါ နောက်ဆုံးဆင့်ဇကာတင် ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချို ကို ချမ်းမြေ့မောင်ချိုချစ်သူများ (ချမ်းမြေ့မောင်ချို Fun များပေါ့လေ ) ထောက်ခံအားပေးပွဲကို ကျောင်းကတာဝန်ရှိ ဆရာဆရာမများ အကူအညီနဲ့ ကျောင်းစာသင်ချိန်တွေအကုန်ဖျက်လို့ အုန်းအုန်းထ ပရိုမိုးရှင်းဆင်းသတဲ့ ။
ဒါကို တီတီစီကျောင်းသား မိဘတစ်ယောက်အနေနဲ့  ခလေးတွေစာသင်ချိန်ဖျက် တန်ဖိုးရှိတဲ့ အချိန်တွေအလဟဿဖြုန်းစေတဲ့အစီအစဉ်တစ်ခုအဖြစ် ပြင်းထန်စွာကန့်ကွက်ပါတယ် ။
ကျောင်းချိန်ဖျက်ကျင်းပခွင့်ပေးတဲ့  တာဝန်ရှိသူများကို အပြင်းအထန်ရှုံ့ချတယ် ။ အံသြဒေါသဖြစ်မိတယ်။
ပညာရေးစနစ်ကြီးတစ်ခုကို တည်ဆောက်မဲ့ ပညာရေးတက္ကသိုလ်ရဲ့ လေ့ကျင့်ရေးကျောင်းဖြစ်တာမို့ ပိုလို့တောင် သိနားလည်ရမယ် ။ လမ်းပြကောင်း စံနမူနာကောင်းတွေ လုပ်ရမဲ့ နေရာတစ်ခုက တာဝန်ရှိသူမို့ အရမ်းလည်းစိတ်ပျက်ဒေါသထွက်မိတယ် ။
မိတ်ဆွေနှစ်ယောက်က ပြောတယ် ။ တို့ငယ်ငယ်ကလည်း ကျောင်းတွေမှာ ကာယဗလမောင် တွေ လူရည်ချွန်တွေဟောပြောပွဲ လုပ်တာပဲတဲ့ ။
ဟုတ်ကဲ့  ငယ်ငယ်က ကျောင်းတွေမှာ လူရည်ချွန်တွေ စံပြကြက်ခြေနီတွေ လေကြောင်းလူငယ် စသဖြင့် ထူးချွန်လူငယ်ကျောင်းသားတွေ နွေရာသီစခန်းသွင်း အတွေ့အကြုံတွေ ရှင်းလင်းဟောပြောတာ ကျမတို့ နားထောင်ခဲ့ ကြပြီး သူတို့လို ထူးချွန်အောင် အများအကျိုး သယ်ပိုးတတ်အောင် တိုင်းပြည်အကျိုး ဆောင်ရွက်တတ်အောင် ပရဟိတစိတ်ထားတတ်အောင် အတုယူကြိုးစား ကြတာလေ ။
ကာယဗလ မောင် ကြီးကလည်း ကြွက်သားတွေ ညှစ်ပြပြီး ကျန်းမားရေးလိုက်စားတတ်လာအောင် အားကျအတုယူအောင်ဟောပြောပြီး စာတော်ယုံနဲ့ မပြီး ကျန်းမာမှ အဖိုးထိုက်တန်တဲ့ လူငယ်လေးတွေဖြစ်လာအောင်လမ်းညွှန်တာပါ ။ ဘယ်သူနဲ့ မှ ဓာတ်ပုံတွဲမရိုက်ဘူး လက်ဆွဲနုတ်ဆက်လက်မှတ်ထိုးပေးမနေဘူး ။ ကျောင်းစာသင်ချိန် တစ်ခုလုံးဖျက် အုန်းအုန်းထ မနေခဲ့ ဘူး ။တစ်တန်း ကိုဟောပြောနေချိန် ကျန်အတန်းတွေစာသင်မပျက်ဘူး ။
ကျမဆိုလိုချင်တာ စာသင်ချိန်ဖျက် တစ်ကျောင်းလုံး ဘုရားပွဲဈေးလို ကလပ်တစ်ခုလို ဖန်တီးခွင့်ပြုခဲ့ တဲ့  တာဝန်ရှိသူတွေကို သြချတာ လက်ဖျားခါတာ ။
Status Credit. Hnin Hnin Yu .

Comments