မွန္ခ်ဳိ Idol....


မွန္ခ်ဳိ Idol
ကိုယ့္ကိုယ္ကိုယ္ခ်မ္းေျမ့ေမာင္မွန္လို႔ေတာင္ နာမည္ေျပာင္းလိုက္ခ်င္တာပဲ။ ခ်မ္းေျမ့ေမာင္ခ်ဳိကေလးကို အားေပးတဲ့အေနနဲ႔ေလ။ Myanmar Idol မယ္ ဒီကေလးမေလးကို မတရားသျဖင့္ ေ၀ဖန္သူေတြ အေတာ္ ေပါတာကလား၊ စာသားေတြေမ့တယ္တို႔၊ စကားလံုးမပီသဘူးတို႔ စသျဖင့္ေပါ့။ (ဒိုင္ေတြကေတာ့ သိပ္မေျပာ ရွာပါဘူး။ ၿပိဳင္ပဲြ၀င္အားလံုးနီးပါးကို ၈၀ ရာခိုင္ႏႈန္းေလာက္ ေကာင္းတယ္ခ်ည္းေျပာတာပါ။) ဂီတကို သိပ္သေဘာမေပါက္၊ နားမလည္ရွာၾကတဲ့ ပရိသတ္အခ်ဳိ႕ကသာ Online မွာ ေျပာၾကဆိုၾကတာမ်ားပါတယ္။
ေမာင္မွန္ကေတာ့ ခ်မ္းေျမ့ေမာင္ခ်ဳိကေလးကို စၾကည့္၊ စနားေထာင္မိကတည္းကစလို႔ အူရီဒူးနဲ႔မွ vote ေပးလို႔ရမယ္ဆိုလို႔ ကိုယ့္မွာမရိွတဲ့ အူရီအူး ဆင္း(မ)ကတ္ေျပး၀ယ္ၿပီး vote ေပးခဲ့ရသူရယ္ပါ။ ဟိုလိုဒီလိုေတြ မေတြးလိုက္ၾကနဲ႔ေနာ္။ ေမာင္မွန္က ႐ိုး႐ိုးသားသား ေမာင္ခ်ဳိ႕အႏုပညာကို အားေပးတာပါ။ ေမာင္ခ်ဳိေလး ရုပ္ရည္က လွပေျပျပစ္တယ္။ အသံကေလးကလည္း သာတယ္ေလ။ အထက္အညာက ၿမိဳ႕တၿမိဳ႕မွာမ်ား ႀကီးျပင္းခဲ့ရင္ အေမစုနဲ႔ စကား၀ိုင္းလုပ္ဖို႔ ေရြးခ်ယ္ခံရမွာေသခ်ာတယ္။
အဲဒီၿမိဳ႕က စကား၀ိုင္းအတြက္ ႐ုပ္ေခ်ာ သူေတြကို ဦးစားေပးေရြးသတဲ့။ ဒါမွန္ပါတယ္။ အေမစုစကား၀ိုင္းေတြဘာေတြဆိုတာ ႐ုပ္ျမင္သံၾကားကေန တိုက္႐ိုက္ထုတ္လႊင့္တာမဟုတ္လား။ အေမစုကေတာ့ လွၿပီးသား၊ ေခ်ာၿပီးသား ဘာမွသိပ္ေျပာစရာမရိွဘူး။ အေမစုနဲ႔အတူ ပါ၀င္မယ့္သူေတြက် မေခ်ာမလွေတြဆို အားေပးေနၾကတဲ့ ပရိသတ ႀကီးအဖို႔ မ်က္စိပသာဒ ဘယ္ျဖစ္ၾကပါ့မလဲ။ ေျပာၾကဆိုၾကမွာ လူငယ္ေတြျဖစ္ေလေတာ့ အေမစုနဲ႔ ႏိုင္ငံေရးခ်င္းမယွဥ္ႏိုင္တာ ေသခ်ာေနၿပီ။ ရုပ္ရည္ရူပကာအား ျဖင့္ေတာ့ ငယ္ဂုဏ္ကေလးနဲ့ မတိမ္းမယိမ္းေလး တင့္တယ္ေပမွ ၾကည့္ေကာင္းရႈေကာင္းရိွေတာ့မေပါ့။ ရုပ္ဆိုးႀကီးေတြကိုေတာ့ အသားလြတ္ထိုင္မၾကည့္ႏိုင္ေပါင္ဗ်ာ။
ေမာင္မွန္က ရုပ္ေခ်ာပါတယ္။ ေတာ္ေတာ္ႀကီး ကို ေခ်ာပါတယ္။ အခု အသက္ႀကီးသြားလို႔ ငယ္တုန္း မွာ ဒီလိုအခြင့္အေရးေပးလို႔မ်ားကေတာ့ အဲဒီၿမိဳ႕ကို အေရာက္သြားၿပီး လူငယ္စကား၀ိုင္းအတြက္ သြားအေရြးခံလိုက္မွာ။ (ေသခ်ာေပါက္လည္း အေရြးခံရမွာ၊ ေမာင္မွန္ႏိုင္ငံေရးအျမင္ေၾကာင့္ေရာ ႐ုပ္ရည္ေၾကာင့္ ေရာေပါ့။) ရန္ကုန္မွာလည္း သက္ႀကီးစကား၀ိုင္းေလးဘာေလး အေမစုလုပ္ေပးပါဦးလို႔ ေမာင္မွန္က ေတာင္းဆိုတိုက္တြန္းလိုက္ပါတယ္ခင္ဗ်ာ၊ ဒါမွသာ ေမာင္မွန္႐ူပါကို လူတကာက ေငးေမာအားက် ခြင့္ရပါ။ ေမာင္မွန္တို႔ဆရာ ျပည္သူ႕စာဆိုဗန္းေမာ္တင္ေအာင္ႀကီးကို ႐ႈမ၀ဦးေက်ာ္က ႐ုပ္ရွင္မင္းသားလုပ္ဖို႔ ကမ္းလွမ္းဖူးပါတယ္။ ဆရာကလည္း အေတာ္ေခ်ာတာကိုး။ မင္းသားလုပ္ေရးကိုေတာ့ ဆရာက ျငင္းခဲ့ပါတယ္။ ဒါေပမဲ့လို႔ ခုေနခါဆရာမ်ားရိွေသးရင္ သက္ႀကီးစကား၀ိုင္းလည္းလုပ္ျဖစ္ခဲ့ရင္ ဆရာဗန္းေမာ္ဟာ (ေမာင္မွန္႔ လိုပဲ) ႏိုင္ငံေရးအရေရာ၊ ႐ုပ္ရည္အရပါ အေမစုနဲ႔ တ၀ိုင္းတည္းထိုင္ရမွာ ေသခ်ာပါတယ္။
ဒီလိုမ်ဳိးေမာင္မွန္က အတြန္႔နည္းနည္းတက္လိုက္ခ်င္တယ္ခင္ဗ်။ ရန္ကုန္မွာမ်ား စကား၀ိုင္းလုပ္ မယ္ဆိုရင္ အသက္ကန္႔သတ္ခ်က္မထားပါနဲ႔လို႔ လူငယ္ေတြ၊ လူႀကီးေတြ မခဲြပါနဲ႔လို႔၊ Open လုပ္ေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္။ ဒါမွ ေမာင္မွန္လည္း အေရြးခံရ၊ ေမာင္ခ်ဳိေလးလည္း အေရြးခံရၿပီး အေမစုနဲ႔ တ၀ိုင္းတည္းေျပာရဆိုရမွာပါ။ ေနာက္ၿပီး မွန္ခ်ဳိေဆးေၾကာ္ျငာေတြဘာေတြလည္း ေမာင္မွန္နဲ႔ ေမာင္ခ်ဳိကို တဲြ႐ိုက္ဖို႔ ကမ္းလွမ္းတာေတြ ဘာေတြရိွလာႏိုင္တာ ေပါ့ခင္ဗ်ာ။ (နာမည္ေတြ၊ ႐ုပ္ရည္ေတြနဲ႔တင္ မွန္ခ်ဳိ ေၾကာ္ျငာေပါက္သြားမယ့္အေရး ျမင္ေယာင္မိေသး အေဟးေဟး)
ေၾသာ္ Myanmar Idol အေၾကာင္း အစခီ်ရင္း မွန္ခ်ဳိေဆးေၾကာ္ျငာအထိ ေရာက္သြားတာခြင့္လႊတ္ပါ။ Myanmar Idol ဆိုတာ အသံထြက္ကစလို႔ ၀ိ၀ါဒကဲြျပားေနတာ ေတြ႕ရပါတယ္။ ျမန္မာအိုင္ေဒါလို႔ ေျပာသူကေျပာၿပီး ျမန္မာအိုင္ဒယ္လို႔ ထြက္သူကထြက္ပါတယ္။ ဒီကဲြလဲြမႈဟာ ပရိသတ္ၾကားမွာျဖစ္ေနတာမ်ဳိးမဟုတ္ဘဲ အကဲျဖတ္ဒိုင္ေတြအခ်င္းခ်င္းနဲ႔ စီစဥ္တင္ဆက္သူၾကားမွာကို ႏွစ္မ်ဳိးကဲြေနတာပါ။
ဘယ္ဟာ မွန္သလဲဆိုတာ ေမာင္မွန္လည္း မသိပါဘူး။ (ဆရာ ေမာင္သာႏိုးတို႔၊ ဆရာေမာင္ဒီတို႔သာ ေသခ်ာဆံုးျဖတ္ႏိုင္လိမ့္မယ္ ထင္ပါတယ္။ သူတို႔ႏွစ္ေယာက္ကို အကဲျဖတ္ဒိုင္အျဖစ္ထားၿပီး ေဒါလား၊ ဒယ္လားဆိုတာ ပရိသတ္ႀကီးဆီက vote ေတာင္းမယ္ဆိုလည္း ရပါေသးတယ္။ ဖုန္းေအာ္ပေရတာေတြ ၀င္ေငြတိုးတာေပါ့ ခင္ဗ်ာ။) ေဒါေဒါ၊ ဒယ္ဒယ္ပါ။ ေမာင္မွန္ကေတာ့ သီခ်င္းဆိုၿပိဳင္ပဲြလို႔ပဲ သေဘာထားပါတယ္။ ေမာင္မွန္ ဦးစြာ ပထမစဥ္းစားမိ တာက သီခ်င္းဆိုတာ ဂီတ၊ ဂီတဆိုတာ အႏုပညာရယ္လို႔ပါ။ ေနာက္ေတြးမိတာက အႏုပညာဆိုတာ ၿပိဳင္လို႔ရ သလားေပါ့ေလ။ (အရမ္းကို ဒႆနဆန္သြားၿပီေပါ့ေလ)၊ ကမၻာတ၀န္း၊ ဗမာတ၀န္းေတာ့ အႀကီးအက်ယ္ကို ၿပိဳင္ေနၾကတာပဲ။
ေမာင္မွန္ကေတာ့ ၿပိဳင္လို႔ရတယ္ကို မထင္တာ။ အနုပညာဆိုတာ ၿပိဳင္ေကာင္းတဲ့အရာလို႔ကို မျမင္တာ။ ထားပါေတာ့။ ဗမာျပည္ TV လိုင္းေပါင္းစံုေပၚမွာ သီခ်င္းဆိုၿပိဳင္ပဲြေတြဆိုတာ နည္းတာမွမဟုတ္ဘဲ။ ဗမာတျပည္လံုး ဘာအလုပ္မွမလုပ္ေတာ့ဘဲ ဆိုတဲ့သူကဆို၊ ၾကည့္တဲ့သူကၾကည့္တဲ့ လုပ္ေနၾကသလားေတာင္ ေအာက္ေမ့ရတယ္။ (ဆိုလူတန္းစားနဲ႔ ၾကည့္လူတန္းစားႏွစ္ရပ္ေပါ့။) ဆိုၾကမယ္၊ ေပ်ာ္ၾကမယ္ကေန စလိုက္တာ ဒီကေန႔ Myanmar Idol တို႔၊ အိပ္မက္ဆံုရာတို႔၊ The Voice တို႔အထိပဲ။ က်န္တာေတြလည္း ရိွပါေသးတယ္။
ဂီတအႏုပညာကို ၿပိဳင္လို႔ရတယ္ပဲထားပါဦး။ အကဲျဖတ္ၾကပံုေတြလည္း အမ်ဳိးမ်ဳိးေတြ႕ရတယ္။ ေတြ႕ရတဲ့အထဲမွာ Myanmar Idol က ပရိသတ္ရဲ႕ vote ေတြပါ ပါတယ္။ ပရိသတ္ဆိုတာက လူတန္းစားအစံုကမို႔လား။ ဂီတပညာရွင္ေတြခ်ည္း မဟုတ္ဘူးေလ။ သူတို႔အာ႐ံုက်ရာသူတို႔ vote လုပ္ၾကမွာေပါ့။ ဂီတပညာရွင္ေတြ (အကဲျဖတ္ဒိုင္ေတြ)ကေတာ့ ဘယ္ေနရာမွာ အသံထြက္လဲြေနတယ္။ tone က်ေနတယ္။
အနိမ့္သံ၊ အျမင့္သံ ေရာက္တယ္၊ မေရာက္ဘူးဆိုတာေတြကို ေသခ်ာသိၿပီး ေသခ်ာအမွတ္ေပးႏိုင္မွာျဖစ္ေပမဲ့ ေမာင္မွန္တို႔လို သာမန္ပရိသတ္ကေတာ့ ကိုယ္ၿငိရာကိုယ္ vote မွာပဲေလ။ ဒါေတာင္ ေမာင္မွန္ဟာ သီခ်င္းရွင္စာသားေတြေမ့ၿပီး မဆိုတာကိုသိတယ္။ အသံထြက္မပီတာကိုလည္းသိတယ္။ ဒါေပမဲ့ ေမာင္မွန္က ခ်မ္းေျမ့ေမာင္မွန္ပဲေလ။ မွားတာလဲြတာ ေမ့တာေလးကိုက ခ်စ္စရာေကာင္းေနတာ။ မပီတာမ်ားေတာ့ ေျပာမေနနဲ႔။ တခ်ဳိ႕ ပီပီသသ အသံထြက္တတ္တဲ့ အဆိုေတာ္ေတြေတာင္မွ မပီေအာင္လုပ္ဆိုေနၾကတာ ေအာ္ရီဂ်င္နယ္ကို မပီတာက ပိုအထာက်ပါတယ္။
ဒီလိုနဲ႔ပဲ ခ်မ္းေျမ့ေမာင္ခ်ဳိဟာ Grand Final ေရာက္လာတယ္။ အႏုပညာကို ၿပိဳင္မရဘူးဆိုတာ ဒါပဲေလ။ အႏုပညာစန္းဆိုတာလည္းဒါပဲ။ ေသေလာက္ေအာင္ေကာင္းေနပါေစ။ စန္းမရိွရင္ ဘာမွလုပ္မရဘူး။ ဒါေပမဲ့ ၿပိဳင္ပဲြဆိုၿပီး ၿပိဳင္ပဲြေခါင္းစဥ္ေအာက္မွာ စန္းက ပါလာအက်ဳံး၀င္ေနတယ္။ vote ေပးဖို႔ ေငြေၾကးလည္း လိုေသးတယ္။ စန္းေရာ၊ ေငြေရာေပါ့။ (ဒဂုန္ဦးစန္းေငြႀကီးကိုေတာင္ သတိရစရာ) ဒါဆိုရင္ ဒီၿပိဳင္ပဲြဟာ တရားမွ်တပါဦးေတာ့မလား။ ဘာပဲျဖစ္ျဖစ္ ေမာင္မွန္ဟာ ခ်မ္းေျမ့ေမာင္ခ်ဳိမွ ခ်မ္းေျမ့ေမာင္ခ်ဳိပါခင္ဗ်ာ။
ေမာင္မွန္
News Watch
credit ကုိေဖေအာင္
================

မှန်ချို Idol

ကိုယ့်ကိုယ်ကိုယ်ချမ်းမြေ့မောင်မှန်လို့တောင် နာမည်ပြောင်းလိုက်ချင်တာပဲ။ ချမ်းမြေ့မောင်ချိုကလေးကို အားပေးတဲ့အနေနဲ့လေ။ Myanmar Idol မယ် ဒီကလေးမလေးကို မတရားသဖြင့် ဝေဖန်သူတွေ အတော် ပေါတာကလား၊ စာသားတွေမေ့တယ်တို့၊ စကားလုံးမပီသဘူးတို့ စသဖြင့်ပေါ့။ (ဒိုင်တွေကတော့ သိပ်မပြော ရှာပါဘူး။ ပြိုင်ပွဲဝင်အားလုံးနီးပါးကို ၈၀ ရာခိုင်နှုန်းလောက် ကောင်းတယ်ချည်းပြောတာပါ။) ဂီတကို သိပ်သဘောမပေါက်၊ နားမလည်ရှာကြတဲ့ ပရိသတ်အချို့ကသာ Online မှာ ပြောကြဆိုကြတာများပါတယ်။
မောင်မှန်ကတော့ ချမ်းမြေ့မောင်ချိုကလေးကို စကြည့်၊ စနားထောင်မိကတည်းကစလို့ အူရီဒူးနဲ့မှ vote ပေးလို့ရမယ်ဆိုလို့ ကိုယ့်မှာမရှိတဲ့ အူရီအူး ဆင်း(မ)ကတ်ပြေးဝယ်ပြီး vote ပေးခဲ့ရသူရယ်ပါ။ ဟိုလိုဒီလိုတွေ မတွေးလိုက်ကြနဲ့နော်။ မောင်မှန်က ရိုးရိုးသားသား မောင်ချို့အနုပညာကို အားပေးတာပါ။ မောင်ချိုလေး ရုပ်ရည်က လှပပြေပြစ်တယ်။ အသံကလေးကလည်း သာတယ်လေ။ အထက်အညာက မြို့တမြို့မှာများ ကြီးပြင်းခဲ့ရင် အမေစုနဲ့ စကားဝိုင်းလုပ်ဖို့ ရွေးချယ်ခံရမှာသေချာတယ်။

အဲဒီမြို့က စကားဝိုင်းအတွက် ရုပ်ချော သူတွေကို ဦးစားပေးရွေးသတဲ့။ ဒါမှန်ပါတယ်။ အမေစုစကားဝိုင်းတွေဘာတွေဆိုတာ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တာမဟုတ်လား။ အမေစုကတော့ လှပြီးသား၊ ချောပြီးသား ဘာမှသိပ်ပြောစရာမရှိဘူး။ အမေစုနဲ့အတူ ပါဝင်မယ့်သူတွေကျ မချောမလှတွေဆို အားပေးနေကြတဲ့ ပရိသတ ကြီးအဖို့ မျက်စိပသာဒ ဘယ်ဖြစ်ကြပါ့မလဲ။ ပြောကြဆိုကြမှာ လူငယ်တွေဖြစ်လေတော့ အမေစုနဲ့ နိုင်ငံရေးချင်းမယှဉ်နိုင်တာ သေချာနေပြီ။ ရုပ်ရည်ရူပကာအား ဖြင့်တော့ ငယ်ဂုဏ်ကလေးနဲ့ မတိမ်းမယိမ်းလေး တင့်တယ်ပေမှ ကြည့်ကောင်းရှုကောင်းရှိတော့မပေါ့။ ရုပ်ဆိုးကြီးတွေကိုတော့ အသားလွတ်ထိုင်မကြည့်နိုင်ပေါင်ဗျာ။

မောင်မှန်က ရုပ်ချောပါတယ်။ တော်တော်ကြီး ကို ချောပါတယ်။ အခု အသက်ကြီးသွားလို့ ငယ်တုန်း မှာ ဒီလိုအခွင့်အရေးပေးလို့များကတော့ အဲဒီမြို့ကို အရောက်သွားပြီး လူငယ်စကားဝိုင်းအတွက် သွားအရွေးခံလိုက်မှာ။ (သေချာပေါက်လည်း အရွေးခံရမှာ၊ မောင်မှန်နိုင်ငံရေးအမြင်ကြောင့်ရော ရုပ်ရည်ကြောင့် ရောပေါ့။) ရန်ကုန်မှာလည်း သက်ကြီးစကားဝိုင်းလေးဘာလေး အမေစုလုပ်ပေးပါဦးလို့ မောင်မှန်က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ၊ ဒါမှသာ မောင်မှန်ရူပါကို လူတကာက ငေးမောအားကျ ခွင့်ရပါ။ မောင်မှန်တို့ဆရာ ပြည်သူ့စာဆိုဗန်းမော်တင်အောင်ကြီးကို ရှုမဝဦးကျော်က ရုပ်ရှင်မင်းသားလုပ်ဖို့ ကမ်းလှမ်းဖူးပါတယ်။ ဆရာကလည်း အတော်ချောတာကိုး။ မင်းသားလုပ်ရေးကိုတော့ ဆရာက ငြင်းခဲ့ပါတယ်။ ဒါပေမဲ့လို့ ခုနေခါဆရာများရှိသေးရင် သက်ကြီးစကားဝိုင်းလည်းလုပ်ဖြစ်ခဲ့ရင် ဆရာဗန်းမော်ဟာ (မောင်မှန့် လိုပဲ) နိုင်ငံရေးအရရော၊ ရုပ်ရည်အရပါ အမေစုနဲ့ တဝိုင်းတည်းထိုင်ရမှာ သေချာပါတယ်။

ဒီလိုမျိုးမောင်မှန်က အတွန့်နည်းနည်းတက်လိုက်ချင်တယ်ခင်ဗျ။ ရန်ကုန်မှာများ စကားဝိုင်းလုပ် မယ်ဆိုရင် အသက်ကန့်သတ်ချက်မထားပါနဲ့လို့ လူငယ်တွေ၊ လူကြီးတွေ မခွဲပါနဲ့လို့၊ Open လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒါမှ မောင်မှန်လည်း အရွေးခံရ၊ မောင်ချိုလေးလည်း အရွေးခံရပြီး အမေစုနဲ့ တဝိုင်းတည်းပြောရဆိုရမှာပါ။ နောက်ပြီး မှန်ချိုဆေးကြော်ငြာတွေဘာတွေလည်း မောင်မှန်နဲ့ မောင်ချိုကို တွဲရိုက်ဖို့ ကမ်းလှမ်းတာတွေ ဘာတွေရှိလာနိုင်တာ ပေါ့ခင်ဗျာ။ (နာမည်တွေ၊ ရုပ်ရည်တွေနဲ့တင် မှန်ချို ကြော်ငြာပေါက်သွားမယ့်အရေး မြင်ယောင်မိသေး အဟေးဟေး)

သြော် Myanmar Idol အကြောင်း အစချီရင်း မှန်ချိုဆေးကြော်ငြာအထိ ရောက်သွားတာခွင့်လွှတ်ပါ။ Myanmar Idol ဆိုတာ အသံထွက်ကစလို့ ၀ိ၀ါဒကွဲပြားနေတာ တွေ့ရပါတယ်။ မြန်မာအိုင်ဒေါလို့ ပြောသူကပြောပြီး မြန်မာအိုင်ဒယ်လို့ ထွက်သူကထွက်ပါတယ်။ ဒီကွဲလွဲမှုဟာ ပရိသတ်ကြားမှာဖြစ်နေတာမျိုးမဟုတ်ဘဲ အကဲဖြတ်ဒိုင်တွေအချင်းချင်းနဲ့ စီစဉ်တင်ဆက်သူကြားမှာကို နှစ်မျိုးကွဲနေတာပါ။

ဘယ်ဟာ မှန်သလဲဆိုတာ မောင်မှန်လည်း မသိပါဘူး။ (ဆရာ မောင်သာနိုးတို့၊ ဆရာမောင်ဒီတို့သာ သေချာဆုံးဖြတ်နိုင်လိမ့်မယ် ထင်ပါတယ်။ သူတို့နှစ်ယောက်ကို အကဲဖြတ်ဒိုင်အဖြစ်ထားပြီး ဒေါလား၊ ဒယ်လားဆိုတာ ပရိသတ်ကြီးဆီက vote တောင်းမယ်ဆိုလည်း ရပါသေးတယ်။ ဖုန်းအော်ပရေတာတွေ ဝင်ငွေတိုးတာပေါ့ ခင်ဗျာ။) ဒေါဒေါ၊ ဒယ်ဒယ်ပါ။ မောင်မှန်ကတော့ သီချင်းဆိုပြိုင်ပွဲလို့ပဲ သဘောထားပါတယ်။ မောင်မှန် ဦးစွာ ပထမစဉ်းစားမိ တာက သီချင်းဆိုတာ ဂီတ၊ ဂီတဆိုတာ အနုပညာရယ်လို့ပါ။ နောက်တွေးမိတာက အနုပညာဆိုတာ ပြိုင်လို့ရ သလားပေါ့လေ။ (အရမ်းကို ဒဿနဆန်သွားပြီပေါ့လေ)၊ ကမ္ဘာတဝန်း၊ ဗမာတဝန်းတော့ အကြီးအကျယ်ကို ပြိုင်နေကြတာပဲ။

မောင်မှန်ကတော့ ပြိုင်လို့ရတယ်ကို မထင်တာ။ အနုပညာဆိုတာ ပြိုင်ကောင်းတဲ့အရာလို့ကို မမြင်တာ။ ထားပါတော့။ ဗမာပြည် TV လိုင်းပေါင်းစုံပေါ်မှာ သီချင်းဆိုပြိုင်ပွဲတွေဆိုတာ နည်းတာမှမဟုတ်ဘဲ။ ဗမာတပြည်လုံး ဘာအလုပ်မှမလုပ်တော့ဘဲ ဆိုတဲ့သူကဆို၊ ကြည့်တဲ့သူကကြည့်တဲ့ လုပ်နေကြသလားတောင် အောက်မေ့ရတယ်။ (ဆိုလူတန်းစားနဲ့ ကြည့်လူတန်းစားနှစ်ရပ်ပေါ့။) ဆိုကြမယ်၊ ပျော်ကြမယ်ကနေ စလိုက်တာ ဒီကနေ့ Myanmar Idol တို့၊ အိပ်မက်ဆုံရာတို့၊ The Voice တို့အထိပဲ။ ကျန်တာတွေလည်း ရှိပါသေးတယ်။

ဂီတအနုပညာကို ပြိုင်လို့ရတယ်ပဲထားပါဦး။ အကဲဖြတ်ကြပုံတွေလည်း အမျိုးမျိုးတွေ့ရတယ်။ တွေ့ရတဲ့အထဲမှာ Myanmar Idol က ပရိသတ်ရဲ့ vote တွေပါ ပါတယ်။ ပရိသတ်ဆိုတာက လူတန်းစားအစုံကမို့လား။ ဂီတပညာရှင်တွေချည်း မဟုတ်ဘူးလေ။ သူတို့အာရုံကျရာသူတို့ vote လုပ်ကြမှာပေါ့။ ဂီတပညာရှင်တွေ (အကဲဖြတ်ဒိုင်တွေ)ကတော့ ဘယ်နေရာမှာ အသံထွက်လွဲနေတယ်။ tone ကျနေတယ်။

အနိမ့်သံ၊ အမြင့်သံ ရောက်တယ်၊ မရောက်ဘူးဆိုတာတွေကို သေချာသိပြီး သေချာအမှတ်ပေးနိုင်မှာဖြစ်ပေမဲ့ မောင်မှန်တို့လို သာမန်ပရိသတ်ကတော့ ကိုယ်ငြိရာကိုယ် vote မှာပဲလေ။ ဒါတောင် မောင်မှန်ဟာ သီချင်းရှင်စာသားတွေမေ့ပြီး မဆိုတာကိုသိတယ်။ အသံထွက်မပီတာကိုလည်းသိတယ်။ ဒါပေမဲ့ မောင်မှန်က ချမ်းမြေ့မောင်မှန်ပဲလေ။ မှားတာလွဲတာ မေ့တာလေးကိုက ချစ်စရာကောင်းနေတာ။ မပီတာများတော့ ပြောမနေနဲ့။ တချို့ ပီပီသသ အသံထွက်တတ်တဲ့ အဆိုတော်တွေတောင်မှ မပီအောင်လုပ်ဆိုနေကြတာ အော်ရီဂျင်နယ်ကို မပီတာက ပိုအထာကျပါတယ်။

ဒီလိုနဲ့ပဲ ချမ်းမြေ့မောင်ချိုဟာ Grand Final ရောက်လာတယ်။ အနုပညာကို ပြိုင်မရဘူးဆိုတာ ဒါပဲလေ။ အနုပညာစန်းဆိုတာလည်းဒါပဲ။ သေလောက်အောင်ကောင်းနေပါစေ။ စန်းမရှိရင် ဘာမှလုပ်မရဘူး။ ဒါပေမဲ့ ပြိုင်ပွဲဆိုပြီး ပြိုင်ပွဲခေါင်းစဉ်အောက်မှာ စန်းက ပါလာအကျုံးဝင်နေတယ်။ vote ပေးဖို့ ငွေကြေးလည်း လိုသေးတယ်။ စန်းရော၊ ငွေရောပေါ့။ (ဒဂုန်ဦးစန်းငွေကြီးကိုတောင် သတိရစရာ) ဒါဆိုရင် ဒီပြိုင်ပွဲဟာ တရားမျှတပါဦးတော့မလား။ ဘာပဲဖြစ်ဖြစ် မောင်မှန်ဟာ ချမ်းမြေ့မောင်ချိုမှ ချမ်းမြေ့မောင်ချိုပါခင်ဗျာ။

မောင်မှန်

News Watch

credit ကိုဖေအောင်

Comments