ျမန္မာ Idol Season 3 ရဲ႕ အလြဲေတြကို ေထာက္ျပလိုက္တဲ့ ျပည္ပက စာတေစာင္...


ျမန္မာ Idol Season 3 ရဲ႕ အလြဲေတြကို ေထာက္ျပလိုက္တဲ့ ျပည္ပက စာတေစာင္
စည္းမ်ဥ္းနဲ႔သတ္မွတ္ခ်က္ေတြကိုလိုသလိုေျပာင္းလို႔ရတဲ့ ႏိုင္ငံမွာအေနၾကာေနလို႔လား မသိဘူး။
ဒီညMyanmar Idol ကို ၾကည့္ၿပီး ျပံဳးမိတယ္။
ကိုယ္ျမင္တာက ဒါဟာ ၿပိဳင္ပြဲတစ္ခု၊ voting စနစ္နဲ႔ သြားတဲ့ၿပိဳင္ပြဲမို႔ ဘယ္သူရရ Vote မ်ားတဲ့သူ ၊ ၿပိဳင္ပြဲကို အဆံုးထိၿပိဳင္ႏိုင္တဲ့သူက winner ပဲ။
ကိုယ္ထင္ထားက ပြဲအစကေနအဆံုးထိ အဆိုၿပိဳင္ပြဲ။ ကိုရီးယားဇာတ္ကား မဟုတ္ဘူး။
က်န္းမာေရးေၾကာင့္ျဖစ္ျဖစ္၊ လူမႈေရးေၾကာင့္ျဖစ္ျဖစ္၊သတ္မွတ္ခ်က္အတိုင္း မၿပိဳင္ႏိုင္ရင္ ၿပိဳင္ခြင့္မ႐ွိ။
ၿပိဳင္ခြင့္မ႐ွိဆိုတာက winner ကိုေၾကညာၿပီးတဲ့အခ်ိန္အထိၿပိဳင္ပြဲဝင္တိုင္း လုပ္သလိုမလုပ္ႏိုင္ရင္၊စင္ေပၚကို တက္ခြင့္မ႐ွိတာကို ဆိုလိုတာ။
ခုေတာ့ အဆိုၿပိဳင္ပြဲဝင္ေတြရဲ႕ ေရႊေရာင္တလက္လက္ ဝတ္စံုေတြၾကားမွာ ေဆးရံုကေနျဖစ္သလိုဝတ္လာတဲ့တစ္ေယာက္က ဒရမ္မာဆန္ဆန္ေရာက္လာ၊သီခ်င္းဆို၊ လူေတြ ဝိုင္းငို။
အဆိုၿပိဳင္ပြဲကေန ကိုရီးယားဒရမ္မာ ျဖစ္ပါေလေရာ။
ပြဲအစကအဆံုး အေကာင္းဆံုးလုပ္ႏိုင္တဲ့သူကို ဂုဏ္ျပဳ ရမယ့္ အစား ႏွစ္သိမ့္စကားေတြကပဲ ပလူကိုပ်ံလို႔။
စင္ေပၚမွာ႐ွိေနတဲ့ တစ္ျခားအဆင့္ဆင့္ႀကိဳးစားခဲ့သူေတြအားလံုး ေမွးမိွန္သြားတဲ့အထိပဲ။
ကိုယ္သာပြဲစီစဥ္သူဆိုရင္၊ဒီဝတ္စံု၊ ဒီပံုနဲ႔လာတဲ့သူဟာ စင္ေအာက္မွာထိုင္ၿပီးအားေပးခြင့္ထက္ ပိုလိမ့္မယ္ မထင္ဘူး။
ဦးတိမ္ – All Credit goes to Myo Zaw Aye
==========
မြန်မာ Idol Season 3 ရဲ့ အလွဲတွေကို ထောက်ပြလိုက်တဲ့ ပြည်ပက စာတစောင်
စည်းမျဉ်းနဲ့သတ်မှတ်ချက်တွေကိုလိုသလိုပြောင်းလို့ရတဲ့ နိုင်ငံမှာအနေကြာနေလို့လား မသိဘူး။
ဒီညMyanmar Idol ကို ကြည့်ပြီး ပြုံးမိတယ်။
ကိုယ်မြင်တာက ဒါဟာ ပြိုင်ပွဲတစ်ခု၊ voting စနစ်နဲ့ သွားတဲ့ပြိုင်ပွဲမို့ ဘယ်သူရရ Vote များတဲ့သူ ၊ ပြိုင်ပွဲကို အဆုံးထိပြိုင်နိုင်တဲ့သူက winner ပဲ။
ကိုယ်ထင်ထားက ပွဲအစကနေအဆုံးထိ အဆိုပြိုင်ပွဲ။ ကိုရီးယားဇာတ်ကား မဟုတ်ဘူး။
ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ လူမှုရေးကြောင့်ဖြစ်ဖြစ်၊သတ်မှတ်ချက်အတိုင်း မပြိုင်နိုင်ရင် ပြိုင်ခွင့်မရှိ။
ပြိုင်ခွင့်မရှိဆိုတာက winner ကိုကြေညာပြီးတဲ့အချိန်အထိပြိုင်ပွဲဝင်တိုင်း လုပ်သလိုမလုပ်နိုင်ရင်၊စင်ပေါ်ကို တက်ခွင့်မရှိတာကို ဆိုလိုတာ။
ခုတော့ အဆိုပြိုင်ပွဲဝင်တွေရဲ့ ရွှေရောင်တလက်လက် ဝတ်စုံတွေကြားမှာ ဆေးရုံကနေဖြစ်သလိုဝတ်လာတဲ့တစ်ယောက်က ဒရမ်မာဆန်ဆန်ရောက်လာ၊သီချင်းဆို၊ လူတွေ ဝိုင်းငို။
အဆိုပြိုင်ပွဲကနေ ကိုရီးယားဒရမ်မာ ဖြစ်ပါလေရော။
ပွဲအစကအဆုံး အကောင်းဆုံးလုပ်နိုင်တဲ့သူကို ဂုဏ်ပြု ရမယ့် အစား နှစ်သိမ့်စကားတွေကပဲ ပလူကိုပျံလို့။
စင်ပေါ်မှာရှိနေတဲ့ တစ်ခြားအဆင့်ဆင့်ကြိုးစားခဲ့သူတွေအားလုံး မှေးမှိန်သွားတဲ့အထိပဲ။
ကိုယ်သာပွဲစီစဉ်သူဆိုရင်၊ဒီဝတ်စုံ၊ ဒီပုံနဲ့လာတဲ့သူဟာ စင်အောက်မှာထိုင်ပြီးအားပေးခွင့်ထက် ပိုလိမ့်မယ် မထင်ဘူး။
ဦးတိမ် – All Credit goes to Myo Zaw Aye

Comments