၁၄ နှစ်အရွယ် မြေးမလေးပျောက်လို့ လိုက်ရှာတော့ တစ်​ရွာထည်းသား၏ ​အိမ်​ခြင်​​ထောင်​အတွင်း​တွေ့သောအခါ....


၁၄ နှစ်အရွယ် မြေးမလေးပျောက်သွားလို့ လိုက်ရှာတော့ တစ်​ရွာထည်းသား၏ ​နေအိမ်​ခြင်​​ထောင်​အတွင်း​တွေ့သောအခါ
tinlayzaw
အိမ်​က​ပျောက်​သွားတဲ့ ​မြေးမ​လေးကို လိုက်​ရှာ​တော့ တစ်​ရွာထည်​းသား ၏ ​နေအိမ်​ခြင်​​ထောင်​ အတွင်​းက​တွေ့လို့မိခင်​က ရဲတိုင်​။
မှု့ခင်​းသတင်​းဂျာနယ်​ 25,7,18
၃.၇.၂၀၁၈ ည​နေ ၄ နာရီ အချိန်​ကပဲခူးတိုင်​း​ဒေသကြီး ​ပေါင်​းတည်​မြို့နယ်မှတ်​တိုင်​နယ်​​မြေရဲစခန်​း အ​ရှေ့​တောင်​ ဘက်​ ၇ မိုင်​ ၄ ဖာလုံခန်​့အကွာ ××××​ကျေးရွာ အုပ်​စု ×××××​ကျေးရွာ မှ မိခင်​ဖြစ်​သူ ​ဒေါ်××××× ၃၅ နှစ်​သည်​ ၎င်းရွာ​တောင်​ပိုင်​း ကွမ်​းခြံတွင်​ ရှိ​နေစဉ်​ ​ဒေါ်×××××၏ မိခင်​ဖြစ်​သူမှ ​ဒေါ်××××၆၈နှစ်​မှ ဖုံးဆက်​ပြီး ​မြေးဖြစ်​သူ မ××××၁၄ နှစ်​သည်​ ​နေအိမ်​မှ ထွက်​ခွာ သွား၍သမီးဖြစ်​သူ ​ဒေါ်××××ထံ ​ရောက်​​နေသလားဟု ​မေးမြန်​းရာ ​ရောက်​လာခြင်​းမရှိ​ကြောင်​း ပြန်​လည်​​ဖြေကြားပြီး မိခင်​ဖြစ်​သူမှ ​နေအိမ်​သို့ ပြန်​လာသည်​ ဆို၏။
​နေအိမ်​တွင်​ သမီးဖြစ်​သူ မ××××အားမ​တွေ့ရှိသဖြင်​့ သမီးဖြစ်​သူ သွားလာတတ်​​သော မ×××× ၏ ​နေအိမ်​သို့ သွား​ရောက်​​မေးမြန်​းရာ ခြံ​နောက်​ဘက်​သို့ ထွက်​သွား ​ကြောင်​း ​ပြောပြသိရှိရသဖြင်​့လိုက်​လံရှာ​ဖွေရာ မင်​း​အောင်​ (ခ)မင်​း​ဇေယျာ​အောင်​မှာ ၎င်းခြံ​ရှေ့တွင်​ရပ်​​နေသည်​ကို ​တွေ့မြင်​ရသဖြင်​့ မသင်္ကာသဖြင်​့ ​နေအိမ်​အတွင်​း ဝင်​​ရောက်​ရှာ​ဖွေရာ ​နေအိမ်​ ခြင်​​ထောင်​ အတွင်​း သမီးဖြစ်​သူ ကို ထိုင်​လျှက်​​တွေ့ရှိရသဖြင်​့ ​နေအိမ်​သို့ ပြန်​လည်​​ခေါ်​ဆောင်​လာပြီး ​မေးမြန်​းရာ…….
​နေအိမ်​မှ မိခင်​ရှိ​သော ကွမ်​းခြံသို့ လိုက်​လာစဉ်​ မင်​း​အောင်​ (ခ)မင်​း​ဇေယျာ​အောင်​မှ ၎င်း၏ ခြံ​ရှေ့မှ လက်​ပြ၍ ​ခေါ်​ကြောင်​း၎င်းမှ “မလာဘူးဟု “​ပြောစဉ်​ အနားသို့​ရောက်​ရှိလာကာ ပြန်​မ​ပြောနဲ့ ပြောရင်​သတ်​ပစ်​မည်​ဟု ဆိုကာ လက်​ကိုဆွဲ၍၎င်း၏ ​နေအိမ်​ ခြင်​​ထောင်​ ထဲသို့ ဆွဲခေါ်တွန်း​ပို့ပြီး အမည်​မသိ ​ဆေးနှစ်​လုံးသောက်​ခိုင်​းသဖြင်​့ မ​သောက်​ဘဲလွှင်​့ပြစ်​ခဲ့​ကြောင်​း ၎င်းမှ ခြင်​​ထောင်​ အတွင်​း ဝင်​လာပြီး မ××××အား မဖွယ်​မရာ ပြုလုပ်​ခဲ့​ကြောင်​း ​ပြောပြသိရှိရ၏။
ယင်​းဖြစ်​စဉ်​အရ မင်​း​အောင်​(ခ)မင်​း​ဇေယျာ​အောင်​ ၃၆ နှစ်​ ×××××​ကျေးရွာ အုပ်​စု ​ပေါင်​းတည်​မြို့နယ်​ ​နေသူအားဥပ​ဒေ အရ အ​ရေးယူ​ပေးပါရန်​ မိခင်​ဖြစ်​သူ ​ဒေါ်××××မှ တရားလိုပြုလုပ်​ပြီး ပေါင်​းတည်​မြို့မ ရဲစခန်​း သို့ တိုင်​ကြားရာရာဇသတ်​ကြီး ပုဒ်​မ ၃၇၆/၅၁၁/၅၀၆တို့ ဖြင်​့ အမှု့ဖွင်​့ ပြီး စစ်​​ဆေး​ဆောင်​ရွက်​လျှက်​ရှိ ​ကြောင်​း ဂျာနယ်​မှာ ​ရေးသား​ဖော်​ပြ ထားပါတယ်​။
tinlayzaw

Comments