စားေသာက္ဆုိင္ေ႐ွ႕က အေကာင္းစားဇိမ္ခံကားႀကီးတစ္စီး....



တစ္ေန ့ေတာ့ စားေသာက္ဆုိင္အေ႐ွ႕ကို အေကာင္းစားဇိမ္ခံကားႀကီးတစ္စီး ဆုိက္ေရာက္လာပါတယ္။

ကားေပၚက ႐ုပ္ရည္သန္႔ျပန္႔တဲ့ အသက္ ၃၀ ဝန္းက်င္ခန္႔ လူငယ္တစ္ေယာက္ တည္ၿငိမ္စြာ ဆင္းလာျပီး စားေသာက္ဆုိင္ထဲသုိ႔ ဝင္ေရာက္လာပါတယ္။

ထိုစဥ္ ဆိုင္နားရိွ႕႕ ဆိုင္ကယ္ေပၚတက္အံ႕ဆဲဆဲ႕႕႕

အသက္တူရြယ္တူ လူတစ္ေယာက္က ကားေပၚကဆင္းလာတဲ့လူကုိ မမွိတ္​မသုန္​ ၾကည့္ေနရင္း ႕႕႕

ခဏၾကာေတာ့ မရဲတရဲနဲ႔  ထိုကာေပၚက ဆင္းလာသူထံ အနားသြားျပီး႕႕႕

"မိတ္ေဆြ… စိတ္မ႐ွိပါနဲ႔ ကြၽန္ေတာ့္ သူငယ္ခ်င္းတစ္ေယာက္နဲ႔အရမ္းတူလုိ႔ပါ။ '' လို ့ေျပာလိုက္ေတာ့ ကားေပၚကဆင္းလာတဲ့ လူငယ္က ျပဳံး၍'' တူမွာေပါ့ကြ ငါမင္းသူငယ္ခ်င္းေလကြာ "တဲ႕။

ဒီေတာ့မွ သူငယ္ခ်င္းႏွစ္ေယာက္အားရဝမ္းသာစြာနဲ႔ စားပြဲတစ္ဝုိင္းတည္း ထုိင္လုိက္ၾကတယ္။

`မင္း ဘာေတြလုပ္လုိ႔ ခုလုိႀကီးပြားခ်မ္းသာလာတာလဲအရင္က မင္းဆယ္တန္းကထြက္လုိက္ရျပီး ဆုိကၠားနင္းေနတာေနာ္ေအး...

ငါလည္း ေဆးေက်ာင္းျပီးကတည္းက နယ္မွာတာဝန္က်တာသူငယ္ခ်င္းေတြနဲ႔ မေတြ႔ျဖစ္တာၾကာျပီကြ...လို႕ စေမးတဲ႕အခါ႕႕

ကားေပၚကဆင္းလာသူက " ေအးပါသူငယ္ခ်င္းရာ ငါ ႐ွင္းျပပါ့မယ္...

ငါ ဆယ္တန္းတုန္းက မိဘေတြ ေက်ာင္း ဆက္မထားႏူိင္လုိ႔ ေက်ာင္းထြက္ လုိက္ရျပီး ငါ့ အေဖ နင္းေနတဲ့ ဆုိကၠားကုိငါ ဆက္နင္းခဲ့ရတယ္။

ဆုိကၠားနင္းေနရင္း ငါ အျမဲေတြးတယ္ ။အဲ့ဒါက ဘာလဲဆုိေတာ့လူဆုိတာက ပညာမတတ္ရင္ ေငြ႐ွိမွလူရာဝင္မယ္ဆုိတာ။

ဆုိကၠားသမားဘဝက ခ်မ္းသာတဲ့သူျဖစ္ေအာင္ဘယ္လုိလုပ္ရမလဲငါ အျမဲေတြးတယ္။

ငါ့မွာလည္း လုပ္ငန္းႀကီးလုပ္ဖုိ႔အရင္​းအႏွီးကလည္းမ႐ွိေတာ့ လက္႐ွိလုပ္ေနတဲ့အလုပ္ကုိ ဘယ္တုိးခ်ဲ့ရမလဲဘဲအၾကံထုတ္ရတာေပါ့။

တစ္ေန႔ေတာ့ ငါ အၾကံတစ္ခုရတယ္အဲ့ဒါနဲ႔ ဆုိကၠားကုိ ေန႔ေရာညေရာ မနားဘဲငါ ၾကဳိးစားနင္းခဲ့တယ္။

ရလာတဲ့ ေငြေလးေတြစုျပီး ဆုိကၠားေနာက္စီးဝယ္ျပီး စိတ္ခ်ယုံၾကည္ရတဲ့သူတစ္ေယာက္ကုိ အငွါးေပးခဲ့တယ္။

ရလာတဲ့ အငွါးခေလးရယ္ငါ ၾကဳိးစားနင္းလုိ႔ရတဲ့ ေငြေတြေပါင္းျပီးဆုိကၠားေနာက္တစ္စီးထပ္ဝယ္တယ္။

အဲ့ဒီလုိနဲ႔ ဆုိကၠားတစ္စီးျပီးတစ္စီး ထပ္ထပ္ဝယ္ရင္းအငွါးေပးရင္းနဲ႔ ငါ့မွာ ဆုိကၠား(၁၀စီး)ေက်ာ္ေက်ာ္႐ွိလာတယ္။

ငါ ေတြးမိတယ္ `ငါ့ ဆုိကၠားေတြကခုိင္းေနေတာ့ ပ်က္လာတယ္။ငါကလည္း ကုိယ့္ဆုိကၠားကုိ အရင္တုန္းက ကုိယ့္ဘာကုိ ျပင္ျပငျ္ပီး နင္းေနေတာ့ ဆုိကၠားကုိေကာင္းေကာင္းျပင္တတ္လာတယ္။

အငွါးေပးေနတဲ့ ဆုိကၠားေတြကုိငါကုိယ္တုိင္ပဲ ျပင္ေပးေနရေတာ့ အပုိပစၥည္းေတြ ၾကဳိၾကဳိဝယ္ထားရင္းနဲ႔ အပုိပစၥည္းဆုိင္ျဖစ္မွန္းမသိျဖစ္လာတယ္။

ငါ ဆုိကၠားကုိယ္တုိင္မနင္းေတာ့ဘဲ ဆုိကၠားေတြတစ္စီးျပီးတစ္စီးဝယ္ရင္း ၊ အပုိပစၥည္းဆုိင္ကုိပါတုိးခ်ဲ့လာတယ္။

ပညာ႐ွင္ေတြ ေခၚျပီးဆုိကၠားဝပ္ေ႐ွာ့ႀကီးပါ တည္ေထာင္ခဲ့တယ္။ငါ့ စီးပြားေရးက တျဖည္​းျဖည္​းနဲ႔ အင္အားႀကီးလာခဲ့တယ္။

အဲ့ဒီလုိနဲ႔ ငါတုိ႔ျမဳိ့မွာ ဆုိင္ကယ္ေတြအစီးမ်ားလာေတာ့ ဆုိင္ကယ္အပုိပစၥည္းပါ တြဲေထာင္ခဲ့တယ္။

ငါကလည္း အလုပ္ကုိေစတနာထားသလုိငါ့လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႔ ဝယ္သူအားေပးသူေတြအေပၚ ေကာင္းေကာင္းမြန္မြန္ႏွိမ့္ခ်စြာဆက္ဆံတတ္ေတာ့ဆုိင္ကယ္ပစၥည္းဆုိင္ကလည္းေအာင္ျမင္လာခဲ့တယ္။

ခုက်ေတာ့ ငါတုိ႔ျမဳိ့မွာ ကားေတြ အစီးမ်ားလာျပီေလ။ဒါေၾကာင့္ကားအပုိပစၥည္းပါ တြဲေရာင္းခဲ့တယ္။

နဂုိကတည္းက မိတ္မ်ားတဲ့ငါ့ဆုိင္က ကားအပုိပစၥည္းဆုိင္ေထာင္ေတာ့လည္းအရမ္းေရာင္းေကာင္းခဲ့တယ္။

ဆုိကၠားကုိတစ္စီးျပီးတစ္စီးဝယျ္ပီး အငွါးခ်ခဲ့သလုိပဲကားတစ္စီးျပီးတစ္စီးဝယ္ပီး ကားဂိတ္ေတြမွာငါ့ကားေတြသြင္းျပီး လုိင္းစြဲခဲ့တယ္။

ေမာင္ျဖဴ ရဲ႕စကားဆုံးေတာ့ ေမာင္နီသည္ပါးစပ္အေဟာင္းသားနဲ႔ေမာင္ျဖဴ ရာ မင္းကေက်ာင္းတစ္ဝက္တစ္ပ်က္နဲ႔ ငါ့လုိဆရာဝန္တစ္ေယာက္ထက္ပျုိပီး ေအာင္ျမင္ေအာင္လုပ္ႏူိင္ခဲ့တယ္။

ငါ မင္းကုိ အရမ္းေလးစားအားက်မိတယ္။ငါက ပညာတတ္ရင္လူရာဝင္တယ္ ၊ဂုဏ္႐ွိတယ္လုိ႔ ထင္ထားခဲ့တာ။

ေလာကမွာ လူတစ္ေယာက္နဲ႔ ကံၾကမၼာမတူညီဘူး ဆုိေပမယ့္ပညာဆက္လက္မသင္ၾကားႏူိင္လည္း စီးပြားေရးကုိ တုိးတက္ေအာင္လုပ္ႏူိင္ရင္ ပညာတတ္ေတြထက္ ပုိျပီးလူရာဝင္တယ္ဆုိတာငါ လက္ခံသြားပါျပီ ေမာင္ျဖဴရာ… ။

ဘာလုိ႔လဲဆုိေတာ့ ဘြဲ႔လက္မွတ္က လူသိေအာင္ လည္ပင္းမွာခ်ိတ္ထားလုိ႔မရဘူးေလ။ ကားအေကာင္းစားႀကီးစီးေနတဲ့ မင္းနဲ႔ဆုိင္ကယ္ေလးစီးေနရတဲ့ ငါ ဆုိရင္ လူေတြက မင္းကုိ ပျုိပီးသတိထားမျိပီး ေလးစားအထင္ႀကီးၾကမွာ ေသခ်ာတယ္ေလ။

သာဓေလးကုိ ၾကည့္ျခင္းအားျဖင့္ ပညာဆက္လက္မသင္ၾကားႏူိင္လည္းလက္႐ွိကုိယ္လုပ္ေနရတဲ့ လုပ္ငန္းကုိ မဆုတ္မနစ္ မေလ်ာ့ေသာဇြဲနဲ႔ၾကဳိးစားမယ္ဆုိရင္ ကံ ၊ ဥာဏ္ ၊ဝီရိယအက်ဳိးကုိ ခံစားရမွာျဖစ္ျပီးပညာမတတ္လည္း အေတြးအေခၚ႐ွိရင္ ပညာတတ္တဲ့လူေတြထက္ေတာင္ ပုိျပီးေက်ာ္ၾကားေအာင္ျမင္ႏူိင္တယ္ဆုိတာ အမွန္တရားတစ္ခုပါ။

အေတြးအေခၚျမင့္တဲ့ လူတစ္ေယာက္မွာ တစ္ႏွစ္စာ plan႐ွိတယ္ဆုိရင္ၾကဳိးစားေနတဲ့လူတစ္ေယာက္မွာ တစ္ဘဝစာ plan ႐ွိပါတယ္……

ဒီစာေလးကို ဖတ္လိုက္ရလို႔ မိတ္ေဆြရင္ထဲကို တစ္ခုခုေရာက္သြားရင္ ေက်နပ္ပါၿပီ။

Credit to ဇင္းနစ္​ မေကြး

==============

တစ်နေ ့တော့ စားသောက်ဆိုင်အရှေ့ကို အကောင်းစားဇိမ်ခံကားကြီးတစ်စီး ဆိုက်ရောက်လာပါတယ်။

ကားပေါ်က ရုပ်ရည်သန့်ပြန့်တဲ့ အသက် ၃၀ ဝန်းကျင်ခန့် လူငယ်တစ်ယောက် တည်ငြိမ်စွာ ဆင်းလာပြီး စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာပါတယ်။

ထိုစဉ် ဆိုင်နားရှိ့့ ဆိုင်ကယ်ပေါ်တက်အံ့ဆဲဆဲ့့့

အသက်တူရွယ်တူ လူတစ်ယောက်က ကားပေါ်ကဆင်းလာတဲ့လူကို မမှိတ်​မသုန်​ ကြည့်နေရင်း ့့့

ခဏကြာတော့ မရဲတရဲနဲ့  ထိုကာပေါ်က ဆင်းလာသူထံ အနားသွားပြီး့့့

"မိတ်ဆွေ… စိတ်မရှိပါနဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့အရမ်းတူလို့ပါ။ '' လို ့ပြောလိုက်တော့ ကားပေါ်ကဆင်းလာတဲ့ လူငယ်က ပြုံး၍'' တူမှာပေါ့ကွ ငါမင်းသူငယ်ချင်းလေကွာ "တဲ့။

ဒီတော့မှ သူငယ်ချင်းနှစ်ယောက်အားရဝမ်းသာစွာနဲ့ စားပွဲတစ်ဝိုင်းတည်း ထိုင်လိုက်ကြတယ်။

`မင်း ဘာတွေလုပ်လို့ ခုလိုကြီးပွားချမ်းသာလာတာလဲအရင်က မင်းဆယ်တန်းကထွက်လိုက်ရပြီး ဆိုက္ကားနင်းနေတာနော်အေး...

ငါလည်း ဆေးကျောင်းပြီးကတည်းက နယ်မှာတာဝန်ကျတာသူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တာကြာပြီကွ...လို့ စမေးတဲ့အခါ့့

ကားပေါ်ကဆင်းလာသူက " အေးပါသူငယ်ချင်းရာ ငါ ရှင်းပြပါ့မယ်...

ငါ ဆယ်တန်းတုန်းက မိဘတွေ ကျောင်း ဆက်မထားနိူင်လို့ ကျောင်းထွက် လိုက်ရပြီး ငါ့ အဖေ နင်းနေတဲ့ ဆိုက္ကားကိုငါ ဆက်နင်းခဲ့ရတယ်။

ဆိုက္ကားနင်းနေရင်း ငါ အမြဲတွေးတယ် ။အဲ့ဒါက ဘာလဲဆိုတော့လူဆိုတာက ပညာမတတ်ရင် ငွေရှိမှလူရာဝင်မယ်ဆိုတာ။

ဆိုက္ကားသမားဘဝက ချမ်းသာတဲ့သူဖြစ်အောင်ဘယ်လိုလုပ်ရမလဲငါ အမြဲတွေးတယ်။

ငါ့မှာလည်း လုပ်ငန်းကြီးလုပ်ဖို့အရင်​းအနှီးကလည်းမရှိတော့ လက်ရှိလုပ်နေတဲ့အလုပ်ကို ဘယ်တိုးချဲ့ရမလဲဘဲအကြံထုတ်ရတာပေါ့။

တစ်နေ့တော့ ငါ အကြံတစ်ခုရတယ်အဲ့ဒါနဲ့ ဆိုက္ကားကို နေ့ရောညရော မနားဘဲငါ ကြိုးစားနင်းခဲ့တယ်။

ရလာတဲ့ ငွေလေးတွေစုပြီး ဆိုက္ကားနောက်စီးဝယ်ပြီး စိတ်ချယုံကြည်ရတဲ့သူတစ်ယောက်ကို အငှါးပေးခဲ့တယ်။

ရလာတဲ့ အငှါးခလေးရယ်ငါ ကြိုးစားနင်းလို့ရတဲ့ ငွေတွေပေါင်းပြီးဆိုက္ကားနောက်တစ်စီးထပ်ဝယ်တယ်။

အဲ့ဒီလိုနဲ့ ဆိုက္ကားတစ်စီးပြီးတစ်စီး ထပ်ထပ်ဝယ်ရင်းအငှါးပေးရင်းနဲ့ ငါ့မှာ ဆိုက္ကား(၁ဝစီး)ကျော်ကျော်ရှိလာတယ်။

ငါ တွေးမိတယ် `ငါ့ ဆိုက္ကားတွေကခိုင်းနေတော့ ပျက်လာတယ်။ငါကလည်း ကိုယ့်ဆိုက္ကားကို အရင်တုန်းက ကိုယ့်ဘာကို ပြင်ပြငြ်ပီး နင်းနေတော့ ဆိုက္ကားကိုကောင်းကောင်းပြင်တတ်လာတယ်။

အငှါးပေးနေတဲ့ ဆိုက္ကားတွေကိုငါကိုယ်တိုင်ပဲ ပြင်ပေးနေရတော့ အပိုပစ္စည်းတွေ ကြိုကြိုဝယ်ထားရင်းနဲ့ အပိုပစ္စည်းဆိုင်ဖြစ်မှန်းမသိဖြစ်လာတယ်။

ငါ ဆိုက္ကားကိုယ်တိုင်မနင်းတော့ဘဲ ဆိုက္ကားတွေတစ်စီးပြီးတစ်စီးဝယ်ရင်း ၊ အပိုပစ္စည်းဆိုင်ကိုပါတိုးချဲ့လာတယ်။

ပညာရှင်တွေ ခေါ်ပြီးဆိုက္ကားဝပ်ရှော့ကြီးပါ တည်ထောင်ခဲ့တယ်။ငါ့ စီးပွားရေးက တဖြည်​းဖြည်​းနဲ့ အင်အားကြီးလာခဲ့တယ်။

အဲ့ဒီလိုနဲ့ ငါတို့မြို့မှာ ဆိုင်ကယ်တွေအစီးများလာတော့ ဆိုင်ကယ်အပိုပစ္စည်းပါ တွဲထောင်ခဲ့တယ်။

ငါကလည်း အလုပ်ကိုစေတနာထားသလိုငါ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝယ်သူအားပေးသူတွေအပေါ် ကောင်းကောင်းမွန်မွန်နှိမ့်ချစွာဆက်ဆံတတ်တော့ဆိုင်ကယ်ပစ္စည်းဆိုင်ကလည်းအောင်မြင်လာခဲ့တယ်။

ခုကျတော့ ငါတို့မြို့မှာ ကားတွေ အစီးများလာပြီလေ။ဒါကြောင့်ကားအပိုပစ္စည်းပါ တွဲရောင်းခဲ့တယ်။

နဂိုကတည်းက မိတ်များတဲ့ငါ့ဆိုင်က ကားအပိုပစ္စည်းဆိုင်ထောင်တော့လည်းအရမ်းရောင်းကောင်းခဲ့တယ်။

ဆိုက္ကားကိုတစ်စီးပြီးတစ်စီးဝယြ်ပီး အငှါးချခဲ့သလိုပဲကားတစ်စီးပြီးတစ်စီးဝယ်ပီး ကားဂိတ်တွေမှာငါ့ကားတွေသွင်းပြီး လိုင်းစွဲခဲ့တယ်။

မောင်ဖြူ ရဲ့စကားဆုံးတော့ မောင်နီသည်ပါးစပ်အဟောင်းသားနဲ့မောင်ဖြူ ရာ မင်းကကျောင်းတစ်ဝက်တစ်ပျက်နဲ့ ငါ့လိုဆရာဝန်တစ်ယောက်ထက်ပြိုပီး အောင်မြင်အောင်လုပ်နိူင်ခဲ့တယ်။

ငါ မင်းကို အရမ်းလေးစားအားကျမိတယ်။ငါက ပညာတတ်ရင်လူရာဝင်တယ် ၊ဂုဏ်ရှိတယ်လို့ ထင်ထားခဲ့တာ။

လောကမှာ လူတစ်ယောက်နဲ့ ကံကြမ္မာမတူညီဘူး ဆိုပေမယ့်ပညာဆက်လက်မသင်ကြားနိူင်လည်း စီးပွားရေးကို တိုးတက်အောင်လုပ်နိူင်ရင် ပညာတတ်တွေထက် ပိုပြီးလူရာဝင်တယ်ဆိုတာငါ လက်ခံသွားပါပြီ မောင်ဖြူရာ… ။

ဘာလို့လဲဆိုတော့ ဘွဲ့လက်မှတ်က လူသိအောင် လည်ပင်းမှာချိတ်ထားလို့မရဘူးလေ။ ကားအကောင်းစားကြီးစီးနေတဲ့ မင်းနဲ့ဆိုင်ကယ်လေးစီးနေရတဲ့ ငါ ဆိုရင် လူတွေက မင်းကို ပြိုပီးသတိထားမြိပီး လေးစားအထင်ကြီးကြမှာ သေချာတယ်လေ။

သာဓလေးကို ကြည့်ခြင်းအားဖြင့် ပညာဆက်လက်မသင်ကြားနိူင်လည်းလက်ရှိကိုယ်လုပ်နေရတဲ့ လုပ်ငန်းကို မဆုတ်မနစ် မလျော့သောဇွဲနဲ့ကြိုးစားမယ်ဆိုရင် ကံ ၊ ဉာဏ် ၊ဝီရိယအကျိုးကို ခံစားရမှာဖြစ်ပြီးပညာမတတ်လည်း အတွေးအခေါ်ရှိရင် ပညာတတ်တဲ့လူတွေထက်တောင် ပိုပြီးကျော်ကြားအောင်မြင်နိူင်တယ်ဆိုတာ အမှန်တရားတစ်ခုပါ။

အတွေးအခေါ်မြင့်တဲ့ လူတစ်ယောက်မှာ တစ်နှစ်စာ planရှိတယ်ဆိုရင်ကြိုးစားနေတဲ့လူတစ်ယောက်မှာ တစ်ဘဝစာ plan ရှိပါတယ်……

ဒီစာလေးကို ဖတ်လိုက်ရလို့ မိတ်ဆွေရင်ထဲကို တစ်ခုခုရောက်သွားရင် ကျေနပ်ပါပြီ။

Credit to ဇင်းနစ်​ မကွေး

Comments