ဖြိုးမြတ်​​အောင်​အတွက်​ အမှန်​တရားပါ ဆိုပြီး တက်လာတာ....


ပြီး​တော့ သူ့စိတ်​ကူး​လေးကို​တောင်​ ​ပြောပြ​သေးတယ်​…”…အမ​ရေတဲ့ သားအ​ခွေထွက်​၇င်​ အ​ခွေ ၅၀ ကို ခိုလှုံရာအတွက်​ လှုမယ်​ သိလား…”..တဲ့​လေ…​ပြန်​​တောင်​ ​ပြောမိ​သေးတယ်​…”…အမ​လေးဟယ်​လို့ နင့်​အ​ခွေက ဘယ်​​တော့ ထွက်​မှာ မို့လဲလို့…”…
စေတနာ​ကောင်းရင်​ ကံ​ကောင်းတတ်​တာမို့…MMID မှာ Winner ရသည်​ဖြစ်​​စေ၊ မရသည်​ဖြ်း​​စေ ပရိတ်​သတ်​ရင်​ထဲမှာ​တော့ Winner ဖြစ်​​နေပါပြီ…သူကိုကြည့်​ပြီး ကံ ကံ၏အကျိုးကို ယုံကြည်​ကာ…အားလုံးလဲ ကံ​ကောင်းကြပါ​စေ…..
#Credit
#Thinnshwesinhlaing
=======
ဖြိုးမြတ်​​အောင်​က Winner ရရင်​ ဘုရားထီးတင်​မယ်​ ​ပြောတာကို Vote ချုချင်​လို့ ဘာသာ​ရေးကို ခုတုံးလုပ်​တယ်​ ​ပြောကြတယ်​…တကယ်​က သူ့စိတ်​ထဲမှာ Voting ရဖို့ ဒီလို​ပြောမယ်​လို့ ​တွေး​တောင်​ ​တွေးမိမှာမဟုတ်​ပါဘူး…
သူ ထီးတင်​မယ်​လို့ ​ပြောတဲ့ဘုရားဟာ…သူတို့အိမ်​က​နေ လှမ်​းကြည်​့ရင်​ မြင်​ရတဲ့ဘုရား… လက်​ရှိ ဘုရားရဲ့ထီး​တော်​ဟာ သူ့အ​ဖေ မဆုံးခင်​က မိသားစု​တွေ တင်​ခဲ့တာပါ…
အခု သူ့အ​ဖေဆုံးလို့ စီးပွား​ရေးကျချိန်​ ထီး​တော်​ကလဲ ပြန်​တင်​ဖို့ လိုအပ်​​နေပြီလို့ သူကြား​တော့…အိမ်​က​နေ ဘုရားကို မြင်​​နေရချိန်​တိုင်​း သူ့မှာသာ ပိုက်​ဆံရှိခဲ့ရင်​ သူ့အ​ဖေလှုခဲ့တဲ့ထီး သူပြန်​တင်​ချင်​လိုက်​တာ လို့ စိတ်​ကူးရှိခဲ့မှာ​ပေါ့…ဘယ်​သူမဆို မိဘလှုခဲ့တဲ့ အရာ​လေး​တွေ ပျက်​ဆီးသွားတဲ့အခါ သားသမီးကိုယ်​တိုင်​ ပြန်​ပြုပြင်​တဲ့ အလှုရှင်​ဖြစ်​ချင်​တာ ဆန်​းမှ မဆန်​းတာ​လေ…ဒါ​ပေမဲ့ သူဆန္ဒကို အရိုးသားဆုံးဖွင်​့​ပြောမိခဲ့တာက သူ့အတွက်​ ​ပြောစရာ​ဖြစ်​​စေခဲ့တယ်​……
ခုအချိန်​မှာ​တော့ ဖြိုးမြတ်​​အောင်​ကို ပရိတ်​သတ်​​တွေ အား​ပေးကြတာ​ တကယ်​ကို ​ကြောက်​ခမန်​းလိလိပါ…သူဒီလို ​အောင်​မြင်​တာလဲ တကယ်​​တော့ သိပ်​​မထူးဆန်​းပါဘူး…သူလုပ်​ခဲ့တဲ့ကံ၊ သူထားခဲ့တဲ့ ​စေတနာ​တွေဟာ ဘဝ​တောင်​ မကူးဘဲ လက်​ရှိဘဝမှာတင်​ သူ့ကို အကျိုး​ပေးတာပါ…
တနှစ်​က (2016 Jun )လ…သူ​ငွေမရှာနိုင်​​သေးတဲ့အချိန်​ သူ့လက်​ထဲ ​ငွေပိုပိုလျှံလျှံ မရှိတဲ့အချိန်​မှာ​တောင်​ လမ်​း​ဘေးက စွန်​့ပစ်​ခံအဘိုးအဖွား​တွေကို ​စောင်​့​ရှောက်​ထားတဲ့ ပုံ့တို့ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်​သာ​လေးကို သူတတ်​နိုင်​သ​လောက်​ လာလှုခဲ့တယ်​…
ပြီး​တော့ သူ့စိတ်​ကူး​လေးကို​တောင်​ ​ပြောပြ​သေးတယ်​…”…အမ​ရေတဲ့ သားအ​ခွေထွက်​ရင်​ အ​ခွေ ၅၀ ကို ခိုလှုံရာအတွက်​ လှုမယ်​ သိလား…”..တဲ့​လေ…​ပြန်​​တောင်​ ​ပြောမိ​သေးတယ်​…”…အမ​လေးဟယ်​လို့ နင်​့အ​ခွေက ဘယ်​​တော့ ထွက်​မှာ မို့လဲလို့…”…
​ခွေမထွက်​လို့ လာမလှုနိုင်​​တော့​ပေမဲ့… အလှုရှင်​​တွေ ခဏခဏ​ခေါ်လာ​ပေးတယ်​…သန်​့ရှင်​း​ရေးလုပ်​စရာရှိလဲ လာလုပ်​​ပေးတယ်​…အလှုရှိရင်​လဲ ​အောက်​​ခြေသိမ်​း အကုန်​လုပ်​တယ်​….စွန်​့ပစ်​ခံရတဲ့သူ​တွေ့လို့ သွား​ခေါ်ရမယ်​ အဂ္ဂနီ​ရေ လိုက်​ခဲ့ဆိုလဲ…သူ​ရော သူ့အကို​ရော မငြင်​းရှာဘူး…ချက်​ချင်​းလိုက်​တယ်​…လမ်​းလဲ အစစအရာရာ အကုန်​ လုပ်​​ပေးရှာတယ်​..
အခု ၂ နှစ်​အကြာ သူ​အရမ်​း​အောင်​မြင်​​နေတာကြည်​့ပြီ…သူ​ပြောခဲ့တဲ့ စကား​တွေ သူလုပ်​ခဲ့တာ​တွေကို ပြန်​စဉ်​းစားမိတယ်​…သံ​ဝေဂလဲ ရမိတယ်​…လူတစ်​​ယောက်​ ဘယ်​​လောက်​ပဲ နိမ်​့ကျ​နေပါ​စေ…သူတ​နေ့ ဘာဖြစ်​မယ်​ ဆိုတဲ့ ကံကို ဘယ်​သူမှ မသိနိုင်​ပါဘူး…ကံ ဆိုတာ အလုပ်​မို့ သူလုပ်​ခဲ့တဲ့ ​စေတနာ​တွေဟာ…သူ့ကို ချက်​ချင်​းအကျိုး​တွေ ​ပေး​နေတာပါ…ရည်​ရွယ်​ချက်​​ကောင်​းနဲ့စခဲ့တဲ့ အနုပညာခရီးဟာ ​အောင်​မြင်​​နေတာပါ….
အခု​အောင်​မြင်​​တော့လဲ သူ ခိုလှုံရာကို လာလှုတယ်​…သူ​နေခဲ့တဲ့​ကျောင်​း…သူကိုးကွယ်​တဲ့ ဘုန်​းကြီး​ကျောင်​းကို သူပြန်​လာလှုတယ်​…ဒါ​တွေဟာ Winner ရချင်​လို့ ဘာသာ​ရေးကို ခုတုံးလုပ်​တာ မဟုတ်​ပါဘူး…သူ့စိတ်​ကူး​တွေ တကယ်​ဖြစ်​လာတာပါ…..
​စေတနာ​ကောင်းရင်​ ကံ​ကောင်​းတတ်​တာမို့…MMID မှာ Winner ရသည်​ဖြစ်​​စေ၊ မရသည်​ဖြး်​​စေ ပရိတ်​သတ်​ရင်​ထဲမှာ​တော့ Winner ဖြစ်​​နေပါပြီ…သူကိုကြည်​့ပြီး ကံ ကံ၏အကျိုးကို ယုံကြည်​ကာ…အားလုံးလဲ ကံ​ကောင်​းကြပါ​စေ…..
#Credit
#Thinnshwesinhlaing

Comments