သူမအသံကြားသူတိုင်း ဆွံ့အသွားရလောက်အောင် ရှေးဘဝကကုသိုလ်ကံကောင်းခဲ့လေတဲ့ ခင်ပိုးပန်းချီရဲ့ ဗီဒီယိုဖိုင်


သူမအသံကြားသူတိုင်း ဆွံ့အသွားရလောက်အောင် ရှေးဘဝကကုသိုလ်ကံကောင်းခဲ့လေတဲ့ ခင်ပိုးပန်းချီရဲ့ ဗီဒီယို
ခင်ပိုးပန်းချီ ဆိုတာနဲ့ သူမရဲ့ အသံချိုချိုလေးကို ပရိသတ်တွေပြေးမြင်မိမှာပါ။ ဓမ္မတေးတွေကို အသံချိုချိုလေးနဲ့ ဆိုလေ့ရှိတဲ့ သူမအသံကို ကြားလိုက်ရသူတိုင်း နှလုံးသားထဲကို အေးချမ်းသွားလောက်အောင် နူးညံ့ချိုသာလှပါတယ်။
တက္ကသိုလ်ဝင်တန်းကို ယခုလက်ရှိတက်ရောက်နေပြီးတော့ ယခုနှစ်မှာတော့ ပညာရေးဘက်ကိုပဲ ဦးစားပေးလေ့လာလျက်ရှိပါတယ်။ တစ်ကိုယ်တော် ဒုတိယခွေအတွက်ပြင်ဆင်နေပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးရင် အနုပညာလောကထဲကို ဝင်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။
သရုပ်ဆောင်အပိုင်းကိုတော့ စိတ်ဝင်စားပေမယ့် မငိုတတ်တဲ့ သူမအတွက် သရုပ်ဆောင်ရတာ အခက်အခဲရှိတယ်လို့ဆိုပါတယ်။ အကယ်လို့ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင်တော့ ဝတ်မှုန်ရွှေရည်နဲ့ တွဲဖက်သရုပ်ဆောင်ခွင့်ရချင်ပါတယ်လို့ ဆိုပါတယ်။
ရှေးဘဝက ကုသိုလ်ကံကောင်းခဲ့လေသလားလို့ထင်ရတဲ့ ခင်ပိုးပန်းချီရဲ့အသံလေးကို ပရိသတ်များနားဆင်လို့ရအောင် တစ်ခါတည်းဖော်ပြပေးလိုက်ပါတယ်နော်။
Photos-Khin Poe Pan Chi Facebook & We Love Cele

Comments