

ဖြိုးမြတ်အောင် နဲ့ ချမ်းမြေ့မောင်ချို တို့ ပရိသတ် (၂) ဦးရဲ့ အလောင်းအစားစာချုပ် လူမှုကွန်ယက်ပေါ် နာမည်ကြီးနေ
မြန်မာအိုင်ဒေါပြိုင်ပွဲဟာ ဖိုင်နယ်ပွဲနီးလာတာနဲ့အမျှ ပရိသတ်တွေကြား အကြိတ်အနယ် ငြင်းခုန်မှုတွေပြင်းထန်လာပါတယ်။
ဖိုင်နယ်ပွဲမှာ (၂) ဦးတည်းပဲ ကျန်ရှိနေတော့တဲ့အချိန်မှာ ဘယ်သူဝင်းနားဖြစ်သင့်တယ်ဆိုတဲ့ မေးခွန်းတွေနဲ့ ပရိသတ်တွေကြား ဝေဖန်မှုတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။
နှစ်ဦးလုံးဟာ ပရိသတ်အခိုင်အမာရရှိထားသူတွေဖြစ်တဲ့အတွက်မို့ သူ့ပရိသတ် ကိုယ့်ပရိသတ်တွေက တစ်ဖက်နဲ့တစ်ဖက် စကားနာထိုး အပြန်အလှန် တိုက်ခိုက်နေမှုတွေကိုလည်း လူမှုကွန်ယက်ပေါ်မှာ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပါတယ်။
ယခုလည်း ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုနဲ့ပတ်သက်တဲ့ စာတစ်ရွက်က လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးပြန့်နှံ့လာပါတယ်။
ထိုစာရွက်ထဲမှာတော့ ဖြိုးမြတ်အောင် ပရိသတ်နဲ့ ချမ်းမြေ့မောင်ချိုပရိသတ်တို့က သူတို့နှစ်ယောက်လုံးရဲ့ ဝင်းနားဆုကို စိန်ခေါ်ပြီး သူတို့ရတဲ့လစာနှင့် အလဲအလှယ်လုပ်ထားတဲ့ လက်မှတ်ထိုးစာတစ်စောင်ဖြစ်ပါတယ်။
ဒီစာတစ်စောင်ဟာ အရမ်းအံ့သြဖို့ကောင်းနေပြီး မြန်မာအိုင်ဒေါပြိုင်ပွဲသက်တမ်းတစ်လျှောက် ပရိသတ်တွေကြား ဒီလို စာချုပ်မျိုးတစ်ကြိမ်မှ မမြင်တွေ့ခဲ့ဖူးပါဘူး။
Credit: Photos-Facebook & We Love Cele

Comments