

PannPwint
အမှားမခံနိုင်တော့တဲ့ အချိန်ရောက်နေပြီလို့ သတိပေးခံလိုက်ရတဲ့ ချမ်းမြေ့မောင်ချို
မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ ဒီည ပါဖောမင့်ရှိုးမှာတော့ ချမ်းမြေ့မောင်ချိုဟာ သီချင်းချွတ်ချော်မှုအချို့ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီအပေါ်မှာ အမှားမခံတော့တဲ့ အချိန်ရောက်နေပြီလို့ ဒိုင်တစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန်က ဝေဖန်လိုက်ပါတယ်။ တင်ဇာမော်ကလည်း စိတ်မကောင်းစွာနဲ့ အမှားကို ထောက်ပြခဲ့ပါတယ်။
သာမာန်လူတွေကတော့ ချမ်းမြေ့မောင်ချိုရဲ့ အမှားကို သိနိုင်မှာမဟုတ်ပဲ သီချင်းထဲမှာ စီးမျောပြီး ရသအပြည့်အဝရရှိစေမှာတော့ မလွဲခဲ့ပါဘူး။
မျိုးကျော့မြိုင်ကတော့ ဒီအမှာဟာ ပရိတ်သတ်တွေအတွက် ဘာမှမထိခိုက်နိုင်ဘူးလို့ ပြောသလို ရန်အောင်ကလည်း ချမ်းမြေ့မောင်ချိုကို နှစ်သိမ့်ခဲ့ပါတယ်။
PannPwint

Comments