ကုသိုလ္ျပဳရင္ ေကာင္းက်ဳိးခံစားရပါေစ…အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ…



ကိုယ္ျပဳတဲ႔ ကံ ကိုယ့္ထံ

******************

ဖတ္ၾကည့္ေနာ္…

အမ်ဳိးသမီးတစ္ေယာက္ဟာ…မိသားစုဝမ္းေရး အတြက္ မနက္တိုင္း ဘိန္းမုန္႔ဖုတ္ေရာင္းပါတယ္။မိသားစုဝင္ေတြကလည္း နံနက္စာအျဖစ္ဘိန္းမုန္႔ပဲ စားၾကတယ္တဲ႔။

ေနာက္ၿပီး...မနက္တိုင္း မနက္တိုင္းမွာ…ဘိန္းမုန္႔တစ္ခ်ပ္ကို အပိုဖုတ္ထားေပးၿပီး ျပတင္းေပါက္မွာ တင္ထားေပးေလ့ ရွိပါတယ္။

အဲဒါကေတာ့ ေနတိုင္း မုန္႔လာယူေနတဲ႔ အဖိုးႀကီး အတြက္ေပါ့။

သူမ အလုပ္မအားလပ္တဲ့အခ်ိန္ ေရာက္လာရင္ သူ႔ဘာသာ ယူသြားႏိုင္ေအာင္လို႔ပါ။

သူမ သတိထားမိတာက…ထိုအဖိုးႀကီးဟာ မုန္႔လာယူတိုင္းေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားေလးတစ္ခြန္းေတာင္မေျပာပဲ မုန္႔ယူၿပီး ျပန္ထြက္သြားတဲ႔အခါ ေအာက္ပါအတိုင္းေရရြတ္ ေျပာဆိုသြားပါတယ္။

အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ…

ကုသိုလ္ျပဳရင္ ေကာင္းက်ဳိးခံစားရပါေစ…

ေန႔စဥ္ေန႔တိုင္း အဖိုးႀကီး မုန္႔လာယူတဲ့အခါ အဲဒီလိုပဲ ရြတ္ဆိုသြားတဲ့ အတြက္ မုန္႔ေက်ြးရတဲ့ မိန္းမႀကီးလည္း ေဒါကန္လာတာေပါ့။

ဟြန္း… ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားတစ္လံုးေတာင္ မေျပာပဲ...ဒီစကားေတြပဲ ထပ္ခါထပ္ခါ ရြတ္ဆိုေနတယ္။

ဒါ…ဘာအဓိပၸါယ္လဲ မသိဘူးလို႔ သူမတစ္ေယာက္ထဲ ေရရြတ္ေနမိတယ္။

တစ္ေန႔မွာေတာ့…စိတ္အလိုမက်မႈေတြနဲ႔ ေသာကေပြေနရတဲ့အခ်ိန္မွာအလိုက္မသိတဲ့ အဖိုးႀကီးကို ရွင္းပစ္ဖုိ႔ ဆံုးျဖတ္လိုက္ပါတယ္။

ဒီအဖိုးႀကီးကို ရွင္းပစ္မွ နားေအးမယ္လို႔  သူမတစ္ေယာက္ထဲ ေရရြတ္လိုက္တယ္။

ေနာက္တစ္ေန႔မွာေတာ့…အဖိုးႀကီးအတြက္ သီးသန္႔ ျပင္ဆင္ထားတဲ့ ဘိန္းမုန္႔မွာအဆိပ္ခပ္လိုက္တယ္တဲ႔။

အဆိပ္ခပ္ၿပီး ျပတင္းေပါက္ေပၚတင္ဖို႔ ဟန္ျပင္ေနစဥ္မွာပဲ သူမရဲ႕ လက္ေတြ တုန္ရီလာတယ္ေလ…

ဟင္…ငါဘာေတြ လုပ္မိေနပါလိမ့္-?

သူမဟာ ခ်က္ခ်င္းပဲ ဘိန္းမုန္႔ကို မီးဖိုထဲ ပစ္ထည့္လိုက္ၿပီး အဖိုးႀကီးအတြက္ အသစ္တစ္ခု ထပ္ဖုတ္ၿပီး ျပတင္းေပါက္မွာတင္ေပးထားလိုက္ပါတယ္။

အဲဒီမနက္မွာလည္း အရင္လိုပဲ အဖိုးႀကီးေရာက္လာၿပီးဘိန္းမုန္႔ ယူသြားပါတယ္။ ပါးစပ္ကလည္း အရင္လိုပဲ ရြတ္သြားျပန္တယ္ေလ။

အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ…

ကုသိုလ္ျပဳရင္ ေကာင္းက်ဳိးခံစားရပါေစ…

အဖိုးႀကီးလည္း အမ်ဳိးသမီးရဲ႕ ႀကိဳတင္ ႀကံစည္ခဲ့မႈကို မသိရွာပဲ ဘိန္းမုန္႔ေလးယူၿပီး ဝမ္းေျမာက္စြာနဲ႔ ျပန္ထြက္သြားပါတယ္။

အဲဒီညေနမွာေတာ့… တံခါးေခါက္သံၾကားလို႔ သူမ သြားဖြင့္ၾကည့္လိုက္တယ္။

သူမဟာ အရမ္းကို အံ့ၾသသြားတာေပါ့။ပိန္လွီၿပီး နံရံကိုမွီေနတဲ့ သားျဖစ္သူကို သူမ ေတြ႔လိုက္ရလို႔ေလ။

သူ႔ရဲ႕ အဝတ္အစားေတြကလည္း စုတ္ၿပဲေနတယ္။ ၿပီးေတာ့ ဆာေလာင္မြတ္သိပ္မႈေတြနဲ႔ ခ်ည့္နဲ႔ေနတယ္။

တစ္ရြာမေျပာင္း သူေကာင္းမျဖစ္ ဆိုၿပီးရပ္ေဝးတစ္ေနရာကို ပိုက္ဆံသြားရွာတာ လေတြသာၾကာလာခဲ့ေပမယ့္ သတင္းအစအနေလးေတာင္ မရခဲ့တဲ့ သားေလးခုအိမ္ေရွ႕မွာ ျပန္ေရာက္ေနၿပီ။

မနက္တိုင္း မနက္တိုင္းမွာ…အဖိုးႀကီးအတြက္ ျပတင္းေပါက္ေပၚ ဘိန္းမုန္႔တင္ၿပီးတိုင္း ဒီလွဴ ရတဲ့ကုသိုလ္ေၾကာင့္…..

အေဝးတစ္ေနရာကို စီးပြားရွာသြားတဲ့ သားျဖစ္သူ အိမ္ကို ေခ်ာေခ်ာေမြ႔ေမြ႔ ျပန္ေရာက္ပါေစလို႔  ဆုေတာင္းခဲ့တာေၾကာင့္ အခု သားေလး အိမ္ျပန္ေရာက္လာတာ ေနမွာေပါ့။

အိမ္ထဲကို ေရာက္တယ္ဆိုရင္ပဲ သားျဖစ္သူက အေမကိုၾကည့္ၿပီး ေျပာျပတယ္။

ေမေမ…သားဒီေန႔ ဒီကိုေရာက္လာတာ ဘုရားသိၾကား မတာပဲ။ဒီေနရာကေန တစ္မိုင္ေလာက္ အေဝးမွာဆာေလာင္မြတ္သိပ္လြန္းလို႔ သား လဲက်သြားေသးတယ္။

သား ေသသြားႏိုင္တဲ့ အေနအထားမွာ ခါးကုန္းကုန္း အဖိုးႀကီးတစ္ေယာက္ ျဖတ္သြားတာေတြ႔လို႔ စားစရာေလးမ်ားရွိရင္ နဲနဲေက်ြးပါလို႔ ေတာင္းလိုက္ေတာ့အဖိုးႀကီးကသူ႔ရဲ႕ လက္ထဲက ဘိန္းမုန္႔ တစ္ခုလံုး သားကိုေပးခဲ့တယ္ေလ။

ဘိန္းမုန္႔ေပးၿပီး သူကေျပာေသးတယ္။

ဒီမုန္႔ဟာ…ငါေန႔တိုင္းစားတဲ့ မုန္႔ေပါ့။ဒီေန႔ေတာ့ မင္းက ငါ့ထက္ ပိုၿပီး အစာစားဖုိ႔လိုအပ္တာေၾကာင့္မင္းကိုပဲ ေပးပါတယ္ တဲ့။

သားျဖစ္သူရဲ႕ စကားေတြကို ၾကားလိုက္ရတဲ႔အခ်ိန္မွာအေမျဖစ္သူ မ်က္ႏွာမွာလဲက်မတတ္ ဝမ္းနည္းညိွဳးေရာ္သြားခဲ႔ပါတယ္။

အိမ္နံရံေလးကို အမွီျပဳရင္းမနက္က သူမ အဆိပ္ခပ္ဖို႔ ႀကိဳးစားတာကိုျပန္သတိရလာတယ္။

အဲဒီအဆိပ္ခပ္ထားတဲ့ ဘိန္းမုန္႔သာ မီးဖိုထဲမပစ္လိုက္မိရင္သူမရဲ႕ သားကို သူမကိုယ္တိုင္ သတ္မိမွာပါလား လို႔ ေနာင္တေတြ ရလာပါတယ္။

အဖိုးႀကီးေျပာသြားတဲ့ စကားလံုးေတြရဲ႕ အဓိပၸါယ္ကို ခုေတာ့…သူမ ေကာင္းေကာင္း နားလည္သေဘာေပါက္သြားခဲ႔ပါၿပီ။

အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ…

ကုသိုလ္ျပဳရင္ ေကာင္းက်ဳိးခံစားရပါေစ…

ဒါေၾကာင့္ ေကာင္းမႈကုသိုလ္ လုပ္ၿပီဆိုရင္ဦးတည္ခ်က္ ခိုင္ခိုင္မာမာနဲ႕ မကြက္ မေစာင္းပဲ ဆက္လုပ္ သြားပါ။

ဒီေန႔ အက်ဳိးမေပးရင္ ေနာက္ေန႔ အက်ဳိးေပးပါလိမ့္မယ္။

ေနာက္ေန႔ အက်ဳိးမေပးရင္ေနာင္ဘဝတြင္ အက်ဳိးေပးပါလိမ့္မယ္ေနာ္…

Credit

ေမတၱာျဖင့္…

===============

ကိုယ်ပြုတဲ့ ကံ ကိုယ့်ထံ

******************

ဖတ်ကြည့်နော်…

အမျိုးသမီးတစ်ယောက်ဟာ…မိသားစုဝမ်းရေး အတွက် မနက်တိုင်း ဘိန်းမုန့်ဖုတ်ရောင်းပါတယ်။မိသားစုဝင်တွေကလည်း နံနက်စာအဖြစ်ဘိန်းမုန့်ပဲ စားကြတယ်တဲ့။

နောက်ပြီး...မနက်တိုင်း မနက်တိုင်းမှာ…ဘိန်းမုန့်တစ်ချပ်ကို အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးလေ့ ရှိပါတယ်။

အဲဒါကတော့ နေတိုင်း မုန့်လာယူနေတဲ့ အဖိုးကြီး အတွက်ပေါ့။

သူမ အလုပ်မအားလပ်တဲ့အချိန် ရောက်လာရင် သူ့ဘာသာ ယူသွားနိုင်အောင်လို့ပါ။

သူမ သတိထားမိတာက…ထိုအဖိုးကြီးဟာ မုန့်လာယူတိုင်းကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောပဲ မုန့်ယူပြီး ပြန်ထွက်သွားတဲ့အခါ အောက်ပါအတိုင်းရေရွတ် ပြောဆိုသွားပါတယ်။

အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ…

ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ…

နေ့စဉ်နေ့တိုင်း အဖိုးကြီး မုန့်လာယူတဲ့အခါ အဲဒီလိုပဲ ရွတ်ဆိုသွားတဲ့ အတွက် မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။

ဟွန်း… ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင် မပြောပဲ...ဒီစကားတွေပဲ ထပ်ခါထပ်ခါ ရွတ်ဆိုနေတယ်။

ဒါ…ဘာအဓိပ္ပါယ်လဲ မသိဘူးလို့ သူမတစ်ယောက်ထဲ ရေရွတ်နေမိတယ်။

တစ်နေ့မှာတော့…စိတ်အလိုမကျမှုတွေနဲ့ သောကပွေနေရတဲ့အချိန်မှာအလိုက်မသိတဲ့ အဖိုးကြီးကို ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအဖိုးကြီးကို ရှင်းပစ်မှ နားအေးမယ်လို့  သူမတစ်ယောက်ထဲ ရေရွတ်လိုက်တယ်။

နောက်တစ်နေ့မှာတော့…အဖိုးကြီးအတွက် သီးသန့် ပြင်ဆင်ထားတဲ့ ဘိန်းမုန့်မှာအဆိပ်ခပ်လိုက်တယ်တဲ့။

အဆိပ်ခပ်ပြီး ပြတင်းပေါက်ပေါ်တင်ဖို့ ဟန်ပြင်နေစဉ်မှာပဲ သူမရဲ့ လက်တွေ တုန်ရီလာတယ်လေ…

ဟင်…ငါဘာတွေ လုပ်မိနေပါလိမ့်-?

သူမဟာ ချက်ချင်းပဲ ဘိန်းမုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ပြီး အဖိုးကြီးအတွက် အသစ်တစ်ခု ထပ်ဖုတ်ပြီး ပြတင်းပေါက်မှာတင်ပေးထားလိုက်ပါတယ်။

အဲဒီမနက်မှာလည်း အရင်လိုပဲ အဖိုးကြီးရောက်လာပြီးဘိန်းမုန့် ယူသွားပါတယ်။ ပါးစပ်ကလည်း အရင်လိုပဲ ရွတ်သွားပြန်တယ်လေ။

အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ…

ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ…

အဖိုးကြီးလည်း အမျိုးသမီးရဲ့ ကြိုတင် ကြံစည်ခဲ့မှုကို မသိရှာပဲ ဘိန်းမုန့်လေးယူပြီး ဝမ်းမြောက်စွာနဲ့ ပြန်ထွက်သွားပါတယ်။

အဲဒီညနေမှာတော့… တံခါးခေါက်သံကြားလို့ သူမ သွားဖွင့်ကြည့်လိုက်တယ်။

သူမဟာ အရမ်းကို အံ့သြသွားတာပေါ့။ပိန်လှီပြီး နံရံကိုမှီနေတဲ့ သားဖြစ်သူကို သူမ တွေ့လိုက်ရလို့လေ။

သူ့ရဲ့ အဝတ်အစားတွေကလည်း စုတ်ပြဲနေတယ်။ ပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ချည့်နဲ့နေတယ်။

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုပြီးရပ်ဝေးတစ်နေရာကို ပိုက်ဆံသွားရှာတာ လတွေသာကြာလာခဲ့ပေမယ့် သတင်းအစအနလေးတောင် မရခဲ့တဲ့ သားလေးခုအိမ်ရှေ့မှာ ပြန်ရောက်နေပြီ။

မနက်တိုင်း မနက်တိုင်းမှာ…အဖိုးကြီးအတွက် ပြတင်းပေါက်ပေါ် ဘိန်းမုန့်တင်ပြီးတိုင်း ဒီလှူ ရတဲ့ကုသိုလ်ကြောင့်…..

အဝေးတစ်နေရာကို စီးပွားရှာသွားတဲ့ သားဖြစ်သူ အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်ပါစေလို့  ဆုတောင်းခဲ့တာကြောင့် အခု သားလေး အိမ်ပြန်ရောက်လာတာ နေမှာပေါ့။

အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သားဖြစ်သူက အမေကိုကြည့်ပြီး ပြောပြတယ်။

မေမေ…သားဒီနေ့ ဒီကိုရောက်လာတာ ဘုရားသိကြား မတာပဲ။ဒီနေရာကနေ တစ်မိုင်လောက် အဝေးမှာဆာလောင်မွတ်သိပ်လွန်းလို့ သား လဲကျသွားသေးတယ်။

သား သေသွားနိုင်တဲ့ အနေအထားမှာ ခါးကုန်းကုန်း အဖိုးကြီးတစ်ယောက် ဖြတ်သွားတာတွေ့လို့ စားစရာလေးများရှိရင် နဲနဲကျွေးပါလို့ တောင်းလိုက်တော့အဖိုးကြီးကသူ့ရဲ့ လက်ထဲက ဘိန်းမုန့် တစ်ခုလုံး သားကိုပေးခဲ့တယ်လေ။

ဘိန်းမုန့်ပေးပြီး သူကပြောသေးတယ်။

ဒီမုန့်ဟာ…ငါနေ့တိုင်းစားတဲ့ မုန့်ပေါ့။ဒီနေ့တော့ မင်းက ငါ့ထက် ပိုပြီး အစာစားဖို့လိုအပ်တာကြောင့်မင်းကိုပဲ ပေးပါတယ် တဲ့။

သားဖြစ်သူရဲ့ စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာအမေဖြစ်သူ မျက်နှာမှာလဲကျမတတ် ဝမ်းနည်းညှိုးရော်သွားခဲ့ပါတယ်။

အိမ်နံရံလေးကို အမှီပြုရင်းမနက်က သူမ အဆိပ်ခပ်ဖို့ ကြိုးစားတာကိုပြန်သတိရလာတယ်။

အဲဒီအဆိပ်ခပ်ထားတဲ့ ဘိန်းမုန့်သာ မီးဖိုထဲမပစ်လိုက်မိရင်သူမရဲ့ သားကို သူမကိုယ်တိုင် သတ်မိမှာပါလား လို့ နောင်တတွေ ရလာပါတယ်။

အဖိုးကြီးပြောသွားတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ခုတော့…သူမ ကောင်းကောင်း နားလည်သဘောပေါက်သွားခဲ့ပါပြီ။

အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ…

ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ…

ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်ပြီဆိုရင်ဦးတည်ချက် ခိုင်ခိုင်မာမာနဲ့ မကွက် မစောင်းပဲ ဆက်လုပ် သွားပါ။

ဒီနေ့ အကျိုးမပေးရင် နောက်နေ့ အကျိုးပေးပါလိမ့်မယ်။

နောက်နေ့ အကျိုးမပေးရင်နောင်ဘဝတွင် အကျိုးပေးပါလိမ့်မယ်နော်…

Credit

မေတ္တာဖြင့်…

Comments