ဖခင္ႏွင့္ မိေထြး ေပါင္းျပီး လူမဆန္စြာ ရက္ရက္စက္စက္ ခံခဲ့ရတဲ့ ၁၃ ႏွစ္သမီးေလးရဲ႕ ျဖစ္ရပ္ဆိုး...



ဖခင္ႏွင့္ မိေထြး ေပါင္းျပီး ကိုယ္တံုးလံုးခ်ြတ္ ညွင္းပန္းႏွိပ္စက္ခံရျပီး ေသဆံုးသြားရတဲ႔ ၁၃ ႏွစ္အရြယ္ ေကာင္မေလး ရဲ႕ ေၾကကြဲစရာ ဘဝ

၂၀၁၅ ခုႏွစ္ ၃ လပိုင္း ၁၆ ရက္ေန႔ ေတာင္ကိုရီးယား- ဘူခြၽန္းၿမိဳ႕ ( Bucheon, Gyeonggi-do,South Korea )

အသက္ ၁၃ ႏွစ္အ႐ြယ္ မိန္းမငယ္ေလးတစ္ေယာက္ဟာ တံခါးပိတ္ထားတဲ့ အိမ္အေရွ႕မွာေၾကာက္လန႔္ အားငယ္စြာ ရပ္ေနပါတယ္။

သူမဟာ ေၾကာက္လြန္းလို႔ တစ္ကိုယ္လုံးတုန္ရင္ေနတယ္…။ အိမ္ထဲကို မဝင္ရဲလို႔ပါ..။ အႀကိမ္ႀကိမ္အားေမြးေပမယ့္လည္း သူမ အိမ္ထဲဝင္ဖို႔ သတၱိရွိမလာ…။

အခ်ိန္ေတြၾကာလာတယ္။ ေနာက္ဆုံးေတာ့ သူမ ဆုံးျဖတ္လိုက္တယ္…။

‘ငါ့ ဘဝမွာ ဒီအိမ္ထဲဝင္ဖို႔ကလြဲၿပီး ေ႐ြးစရာလမ္းမရွိေတာ့တာပဲ… ျဖစ္ခ်င္ရာျဖစ္…’ သူမေလးလံစြာေတြးလိုက္တယ္။

လူေတြဟာ သူမကို အိမ္ေျပးဆိုတဲ့ နာမည္ဆိုးတတ္လိုက္ၾကၿပီး မကူညီေတာ့ဘူးေလ….။

သူမၾကားရတဲ့စကားလုံးေတြကေတာ့… “မိဘေတြ စိတ္ပူေနမယ္… အိမ္ျပန္…”

သူမဟာ ေလးလံတဲ့ေျခလွမ္းေတြနဲ႔ သူမအိမ္ဖက္ကို ေလွ်ာက္လာခဲ့တယ္။ အိမ္ေရွ႕ေရာက္ေတာ့လည္း အိမ္ထဲမဝင္ရဲတဲ့ဘဝ…။ ေနာက္ဆုံး …သူမ အရဲစြန႔္ၿပီး အိမ္ထဲဝင္လိုက္တယ္..။

၂၀၀၇ ခုႏွစ္မွာ သူမရဲ႕မိခင္ဟာ ရင္သားကင္ဆာနဲ႔ ကြယ္လြန္ခဲ့တယ္။ အေမရွိစဥ္ကတည္းက ေဒါသတႀကီး ႐ိုက္ႏွက္ဆုံးမေလ့ရွိတဲ့ အေဖ… အခုအေမမရွိေတာ့ပိုဆိုးလာတယ္..။

အေမမဲ့ကေလး ၃ ေယာက္ဟာ မ်က္ႏွာငယ္ငယ္နဲ႔ ေလာကအလယ္မွာ က်န္ရစ္ခဲ့တယ္။ သူမက အငယ္ဆုံးေပါ့ … သူမမွာ အစ္မတစ္ေယာက္ အစ္ကိုတစ္ေယာက္ရွိပါတယ္။

၂၀၀၉ ခုႏွစ္မွာ ဖခင္ ‘ရီ’ဟာ ‘ဘက္ခ္’ ဆိုတဲ့အမ်ိဳးသမီးနဲ႔ ေနာက္အိမ္ေထာင္ျပဳခဲ့တယ္။ ကေလး ၃ ေယာက္အေဖကို ယူလိုက္တဲ့ မိေထြး ဘက္ခ္ဟာ အေဖကိုပဲလက္ထပ္ခ်င္တာ… ကေလးေတြကို သိပ္ၿပီး မုန္းတယ္။

ကေလး ၃ ေယာက္နဲ႔မိေထြးၾကား ျပႆနာကႀကီးမားလာတယ္။ ၂၀၁၁ ခုႏွစ္ေရာက္ေတာ့ အသက္ ၂၀ ရွိၿပီျဖစ္တဲ့ အစ္ကိုအႀကီးဆုံးဟာ အိမ္ကထြက္ၿပီး အေဆာင္မွာေနလိုက္ေတာ့တယ္။

အသက္ ၁၈ အ႐ြယ္ရွိတဲ့ အစ္မလတ္ကေတာ့ ဂ်ာမနီကို ပညာသင္ဖို႔ ဖခင္ကလႊတ္ခဲ့တယ္။ သူမဖခင္နဲ႔မိေထြးဟာ ႏွစ္ေယာက္ထဲလြတ္လြတ္လပ္လပ္ေနခ်င္လို႔ သူမကို မိေထြးရဲ႕ ညီမအရင္းအိမ္ပို႔လိုက္ၾကတယ္။

မိေထြးညီမမွာ သားသမီးေတြနဲ႔… သူတို႔အားလုံးေပါင္းၿပီး ကေလးမေလးကို ႏွိပ္စက္ၾကတယ္။ သူမ အၿမဲအ႐ိုက္ခံရတယ္…။ သူမ်ားအိမ္မွာ သူမ်ားမ်က္ႏွာၾကည့္ၿပီး ေၾကာက္လန႔္စြာနဲ႔ ေနထိုင္ခဲ့ရတယ္။

အဲဒီအခ်ိန္မွာ သူမ အေဖနဲ႔ မိေထြးဟာ ႏွစ္ေယာက္ထဲက်န္ခဲ့ၿပီး အေပ်ာ္ဆုံးပ်ားရည္ဆမ္းတဲ့ေန႔ေတြကို ပိုင္ဆိုင္ေနခဲ့တာေပါ့…။၂၀၁၅…မွာ သူမဟာ အခု အသက္ ၁၃ ႏွစ္ … မူလတန္းေက်ာင္းၿပီးလို႔ အလယ္တန္းတက္ဖို႔ တစ္ပတ္ပဲလိုေတာ့တဲ့အခ်ိန္…။

သူမဘဝရဲ႕ ႀကီးမားတဲ့ေျပာင္းလဲခ်ိန္… သူမ အလယ္တန္းေက်ာင္းသူႀကီးျဖစ္ေတာ့မယ္..။ ဒါေပမဲ့ သူမမွာ ဘာတစ္ခုမွ ျပင္ဆင္မႈမရွိခဲ့။သူမအတြက္ စိတ္လႈပ္ရွားစရာ အလယ္တန္းေက်ာင္းႀကီးကို တက္ရမယ့္အခ်ိန္ သူမရဲ႕နံေဘးမွာ အားေပးကူညီမယ့္သူ တစ္ေယာက္မွမရွိခဲ့…။

“အန္တီ .. ကြၽန္မ ေက်ာပိုးအိတ္ အသစ္ေလး လိုခ်င္လို႔…” မိေထြးရဲ႕ညီမက သူမကို ႏွိပ္စက္တယ္…။ ဒီတစ္ခါေတာ့ သူမ ေတာ္ေတာ္ ဒါဏ္ရာရသြားတယ္။ေနာက္ဆုံး ဒီလိုႏွိပ္စက္တာ မခံႏိုင္လြန္းလို႔ သူမဟာ မိေထြးရဲ႕ညီမအိမ္ကထြက္ေျပးခဲ့တယ္။

အဲဒီေန႔ဟာ ၂၀၁၅ ခုႏွစ္ ၃ လပိုင္း ၁၅ ရက္ေန႔ျဖစ္တယ္။သူမ အခင္ဆုံးသူငယ္ခ်င္းဆီသြားၿပီး တစ္ညေလာက္အိပ္ခြင့္ျပဳဖို႔ ေတာင္းဆိုလိုက္တယ္။ သူမတကိုယ္လုံးရေနတဲ့ဒါဏ္ရာေတြ ၊ အညိဳအမည္းစြဲေနတာေတြသူငယ္ခ်င္းကို ျပ…သူမငိုတယ္..။

“ငါဘာဆက္လုပ္ရင္ ေကာင္းမလဲသူငယ္ခ်င္း..?” သူငယ္ခ်င္းမေလးက“ငါ အႀကံရၿပီ… ငါတို႔တေတြ မူလတန္းတုန္းက အတန္းပိုင္ ဆရာမကိုသြားေျပာရင္ေကာင္းမလား..” ရဲစခန္းတိုင္ရမွာကိုေတာင္ မေတြးတတ္ၾကေသးတဲ့ အ႐ြယ္ေတြမို႔ အားကိုးစရာဆိုတာ ဆရာမပဲေလ..။

၂၀၁၅ ခုႏွစ္ ၃ လပိုင္း ၁၆ ရက္ေန႔ ကေလးမႏွစ္ေယာက္ဟာ အတန္းပိုင္ဆရာမဆီ အားကိုးတႀကီးသြားၿပီး ျဖစ္သမွ် အေၾကာင္းစုံကို တိုင္ၾကားလိုက္တယ္။ ဆရာမဟာ သူမ ေရာက္ေနတဲ့အေၾကာင္းကို သူမ အေဖကို ဖုန္းဆက္အေၾကာင္းၾကားလိုက္ေတာ့တာပါပဲ…။

” မင္းအေဖကို ဖုန္းဆက္ၿပီးၿပီ.. မင္းအေဖ စိတ္ဆိုးေနတယ္… အိမ္ျပန္ပါ…မင္းအေဖက မ႐ိုက္ေတာ့ပါဘူး .. ဆရာမ စကားကိုနားေထာင္ေနာ္..အေဖထပ္႐ိုက္ရင္ ဆရာမကိုေျပာျပ…

”ရက္စက္လိုက္တာ… လို႔ေတြး႐ုံမွတပါး သူမ ဘာမွ ဆက္မေျပာႏိုင္ရွာ…။ ဖခင္က သူမကိုလာေခၚသြားတယ္။ ဖခင္ဟာ သူမကို ေဒါသတႀကီး႐ိုက္ႏွက္တယ္။

“ငါ့ကို အရွက္ခြဲတာေပါ့ေလ..!!”

ေၾကာက္လြန္းလို႔ သူမဟာ ဖခင္လစ္တာနဲ႔ အိမ္အျပင္ကို ေျပးထြက္လာခဲ့ေတာ့တယ္။ သူမဟာ ဆရာမအိမ္ကို အားကိုးတႀကီးေျပးလာခဲ့ျပန္တယ္။ ဆရာမက အိမ္မွာမရွိ…။

သူမ တစ္ေယာက္တည္း တံခါးအျပင္ဖက္မွာ ထိုင္ငိုေနတုန္း အေဆာက္အဦ အေစာင့္ႀကီးက ေရာက္လာတယ္…။

” အဘရယ္.. သမီးကို ကယ္ပါ.. သမီး အိမ္ကေျပးလာခဲ့တာပါ.. အိမ္ျပန္ရင္ သမီးကိုအေဖက သတ္လိမ့္မယ္… သမီးကို တစ္ညေလာက္ အဘတို႔အိမ္မွာ အိပ္ခြင့္ေပးပါ..”

အေစာင့္အဘိုးႀကီးက သူမကို မယုံသကၤာနဲ႔ၾကည့္လိုက္တယ္။ သူမ ဘယ္မွာေနလဲ ေခ်ာ့ေမးၿပီး မိေထြးရဲ႕ညီမအိမ္အထိလိုက္ပို႔လိုက္ျပန္တယ္..။အေစာင့္အဘိုးႀကီးဟာ သူမ ေနာက္ဆုံးအေနနဲ႔ အားကိုးတႀကီး အကူအညီေတာင္းခဲ့သူျဖစ္တယ္။

အေစာင့္အဘိုးႀကီးသာ သူမကို အိမ္ျပန္မပို႔ပဲ ရဲစခန္းပို႔ခဲ့ရင္….သူမ ဒီလိုအျဖစ္ဆိုးခဲ့မလားပဲ…။မိေထြးရဲ႕ညီမဟာ သူမကို ညတြင္းခ်င္း သူမရဲ႕ ဖခင္ အိမ္နားမွာခ်ထားခဲ့ျပန္တယ္။

” နင္ အိမ္ထဲဝင္ခ်င္ဝင္ .. မဝင္ခ်င္ ႀကိဳက္တဲ့ေနရာသြား..ငါ့တာဝန္ၿပီးၿပီ..”

မိုးလင္းခါနီးၿပီ…အိမ္နီးနားခ်င္းေတြေတြ႕ရင္ အေဖပိုေဒါသထြက္ေတာ့မယ္…လို႔ေတြးၿပီးေနာက္ဆုံးေတာ့ သူမ အိမ္ထဲဝင္သြားလိုက္တယ္။သူမ ထမင္းမစားရတာလဲ မေန႔က ေန႔လယ္ကတည္းက…။

သူမ ဖခင္နဲ႔မိေထြးဟာ သူမကို ေဒါသတႀကီးစိုက္ၾကည့္ေနၾကတယ္။ၿပီးေတာ့ ဖခင္နဲ႔မိေထြးဟာ သူမ တကိုယ္လုံးမွာရွိတဲ့ အဝတ္အစားေတြကို ဝိုင္းခြၽတ္ပစ္လိုက္တယ္။

“ကဲ… ဒီေလာက္ထြက္ေျပးခ်င္ရင္ ကိုယ္လုံးတီးထြက္ေျပးေလ..!!”…တဲ့သူမ တစ္ေန႔လုံးလုံး (၁၅ နာရီ ခန႔္ )ဖခင္အရင္းနဲ႔မိေထြးတို႔ရဲ႕ ႐ိုက္ႏွက္ျခင္းကိုခံခဲ့ရတယ္…။

စိတ္ပညာအရ ကိုယ္တုံးလုံးခြၽတ္ အ႐ိုက္ခံရတဲ့ လူတစ္ေယာက္ဟာ ဘာနဲ႔မွမတူတဲ့ ေၾကာက္႐ြံ႕မႈကို ဆက္တိုက္ခံစားရတယ္တဲ့…။ သူမ ေသြးပ်က္မတတ္ သိပ္ေၾကာက္ေနခဲ့တယ္။

အဝတ္အစားမရွိတဲ့သူမဟာ အိမ္အျပင္ကို မထြက္ဝံ့ေတာ့ပဲ နာက်င္တဲ့ဒါဏ္ရာေတြနဲ႔ေပါ့….။ ညဖက္ေရာက္ေတာ့ အိပ္ယာထဲကိုဝင္လိုက္တယ္။အဲဒီေန႔ကစၿပီး သူမဟာ အိမ္အျပင္ျပန္မထြက္ႏိုင္ေတာ့ပါဘူး..။

အိပ္ယာထဲဝင္ၿပီး နာရီပိုင္းအတြင္းမွာ သူမဟာ အ႐ိုက္ခံရတဲ့ဒါဏ္ရာေတြေၾကာင့္ အသက္႐ူလို႔မရေတာ့ပဲ ေလာကႀကီးကို နာက်ည္းစြာနဲ႔… နာက်င္စြာနဲ႔ ႏႈတ္ဆက္ထြက္ခြာသြားတာေၾကာင့္ျဖစ္ပါတယ္…။

မနက္ ၇ နာရီမွာ ေဒါသမေျပေသးတဲ့ လင္မယားႏွစ္ေယာက္က ဆက္ၿပီး အျပစ္ေပးဖို႔ သူမရဲ႕အိပ္ခန္းတံခါးကို ေဒါသတႀကီးဆြဲဖြင့္လိုက္ၾကတယ္။

လူယုတ္မာ လင္မယားႏွစ္ေယာက္ သူမကို ထပ္ၿပီး႐ိုက္ခြင့္မရွိေတာ့ၿပီ… ကိုယ္လုံးတီးနဲ႔သူမဟာ အသက္ကင္းမဲ့ေနပါၿပီ…။အဲဒီ လူယုတ္မာ ဖခင္နဲ႔မိေထြးဟာ သူမ အေလာင္းကို ေစာင္နဲ႔ပတ္ၿပီး အနံမထြက္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ေဆးစီရင္ခဲ့ၾကတယ္…။

ေစာင္ထဲက ကေလးမေလးဟာ သူမကို ကယ္ဖို႔ “ကြၽန္မ ဒီမွာရွိပါတယ္..”လို႔ ဘယ္သူ႔ကိုမွ အကူအညီမေတာင္းႏိုင္ေတာ့ၿပီ..။၁၁ လၾကာသြားတယ္။ေနာက္ဆုံး ရဲတပ္ဖြဲ႕ဝင္အကူအညီနဲ႔ သူမရဲ႕အေလာင္းဟာ အိမ္အျပင္ကိုထြက္ႏိုင္ခဲ့တယ္…။

အိမ္ဆိုတာ သူမအတြက္ငရဲျပည္…။ငရဲျပည္ထဲကို သူမကိုယ္တိုင္ ေျခလွမ္းၿပီး ဝင္ခဲ့ရတဲ့အျဖစ္..။သူမဟာ အိမ္ထဲဝင္ ဝင္ၿပီးခ်င္း ေနာက္တေန႔မွာ အသက္ေသဆုံးခဲ့ရပါတယ္။၁၁ လ လုံးလုံး သူမရဲ႕ အေလာင္းဟာ သူမ မေနခ်င္တဲ့ အဲဒီအိမ္ထဲမွာပိတ္မိေနခဲ့တယ္…။

ပိုၿပီး အံ့ၾသရတာက သူမကို သတ္ပစ္ခဲ့တဲ့ သူမရဲ႕အေဖအရင္းဟာ ဘူခြၽန္းရဲ႕ ( Holiness Church ) ခရစ္ယာန္ ေက်ာင္းတစ္ခုရဲ႕ လူတကာၾကည္ညိဳျခင္းခံရတဲ့ ခရစ္ယာန္ ဘုန္းႀကီးတစ္ေယာက္ျဖစ္တယ္…။

သူမရဲ႕ ဖခင္ဟာ ဆိုလ္းၿမိဳ႕ရဲ႕ နည္းပညာ တကၠသိုလ္ (Seoul Technology University )မွာ လူတကာေလးစားရတဲ့ ပါေမာကၡ တစ္ေယာက္လည္းျဖစ္တယ္။

ကေလးမေလး အေလာင္းကို ရဲေတြ ရွာေဖြႏိုင္ခဲ့တာကေတာ့ အလယ္တန္းဆရာမနဲ႔ ကေလးမေလးရဲ႕ သူငယ္ခ်င္းမေၾကာင့္ပါ။သူမကို ေက်ာင္းလာမအပ္တာေၾကာင့္ အလယ္တန္း ေက်ာင္းဆရာမဟာ သူမရဲ႕အေဖကို ဖုန္းေခၚလာတယ္..။

” ကေလးမေလးကို ဘာလို႔ ေက်ာင္းမပို႔တာလဲရွင့္..?”

” အိမ္ကထြက္ေျပးသြားလို႔ခင္ဗ်ာ..”

“ဒါဆို ဘာလို႔ ရဲစခန္းမွာ လူေပ်ာက္မႈ အမႈမဖြင့္တာလဲရွင့္.. ကြၽန္မ အမႈဖြင့္ရမလား…?”ကေလးမအေဖ ရီ ဟာ မတတ္သာလို႔ ေနာက္ဆုံး လူေပ်ာက္မႈဖြင့္လိုက္ရတယ္…။ ရဲစခန္းမွာ သူမအေဖဟာ ဒီလိုေရးတယ္။

ကေလးမေလးေပ်ာက္သြားေန႔- ၂၀၁၅ ခုႏွစ္ ၃ လပိုင္း ၁၇ ရက္ေန႔ ကေလးမေလး ေလာကႀကီးကိုထြက္ခြာသြားတဲ့ေန႔…။

” အာ..,သမီးက ေငြေတြ အမ်ားႀကီးယူၿပီး အိမ္ကထြက္ေျပးသြားတာဗ်.. သိပ္ေတာ့ စိတ္ပူစရာမလိုဘူး…”

ေလာကႀကီးထဲက ဘယ္လို မိဘမ်ိဳးက ၁၃ ႏွစ္အ႐ြယ္မိန္းကေလး အိမ္ကထြက္ေျပးသြားတာကို ေငြေတြပါသြားလို႔ စိတ္မပူတာပါလိမ့္…။သာမာန္လူတစ္ေယာက္ေတာင္ ဒီလိုေတြးတတ္ေပမဲ့ ရဲစခန္းကေတာ့ အလုပ္သေဘာအရပါပဲ…။ “ဪ.. ဟုတ္တာေပါ့ဗ်ာ..”

” ဒီေကာင္မေလး ခဏခဏအိမ္ကထြက္ေျပးေတာ့ ကြၽန္ေတာ့္အဖို႔ မထူးဆန္းသလိုပါပဲဗ်ာ..” ေလာကႀကီးမွာ လူေတြဟာ ဒီလို စာနာစိတ္မဲ့ကုန္ၾကၿပီ…။ကေလးမေလးကို လူေတြအားလုံး ေမ့သြားၾကျပန္ေရာ…။

ဒါနဲ႔ပဲ ၂၀၁၆ ခုႏွစ္ကိုေရာက္လာၿပီ..။ ကေလးမေလး ေပ်ာက္ဆုံးသြားတာကို မေမ့ပဲ ဝမ္းနည္းေနတဲ့သူတစ္ေယာက္ရွိတယ္။ကေလးမေလးရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းမေလးေပါ့…။ သူငယ္ခ်င္းမေလးဟာ သူမမိခင္ကို ရဲစခန္းပို႔ေပးဖို႔ ပူဆာတယ္။

” ကြၽန္မ သူငယ္ခ်င္းနဲ႔ေနာက္ဆုံးေတြ႕တဲ့ေန႔က သူငယ္ခ်င္းဟာ အ႐ိုက္ခံထားရတာ တစ္ကိုယ္လုံး အညိဳအမည္းစြဲေနပါတယ္..”

သူငယ္ခ်င္းမေလး တိုင္ၾကားခ်က္အရ ဒါဟာ ကေလးႏွိပ္စက္ညႇင္းပန္းမႈ.. ။ရဲေတြဟာ ဝရမ္းမပါ အိမ္ထဲဝင္ရွာရလို႔ရခဲ့တယ္။

အခုမွရဲေတြသတိျပဳမိတာက ကေလးမရဲ႕အေဖကို ခ်ိန္းတိုင္း အိမ္မွာ အေတြ႕မခံခဲ့…။ မသကၤာစရာ…။ ရဲေတြဟာ ရီနဲ႔ ဘက္ခ္ လင္မယားေနတဲ့အိမ္ထဲကို ခြင့္မေတာင္းပဲ ႐ုတ္တရက္ဝင္လိုက္တယ္..။

အနံ႔တစ္မ်ိဳး လႈိင္တက္လာတယ္… အေမႊးနံ႔လိုလို…။ အိပ္ခန္းတံခါးကိုတြန္းဖြင့္လိုက္ေတာ့ ေစာင္နဲ႔ပတ္ထားတဲ့ မမ္မီ႐ုပ္အေလာင္းတစ္ခု … ။

သူမ အေလာင္းကို အနံ႔မထြက္ေအာင္ ေဆးနဲ႔စိမ္.., ေရေမြး .. စပေရးအစုံအလင္ အမ်ိဳးမ်ိဳး လုပ္ထားၾကတာကို အံ့ဩတႀကီးေတြ႕လိုက္ရေတာ့တယ္..။

“သမီးေလးကို ဆုေတာင္းေပးရင္ အသက္ျပန္ရွင္မယ္ထင္လို႔ ေန႔တိုင္းဆုေတာင္းေပးေနခဲ့တာပါ…” ခရစ္ယာန္ဘုန္းႀကီး အေရၿခဳံ ပါေမာကၡႀကီး ရီ ဟာ ႐ူးခ်င္ေယာင္ေဆာင္တယ္။

ပထမေတာ့ ရဲေတြက ” စိတ္မ်ားမႏွံ႔လို႔လား..?” ဆိုၿပီးေတြးၾကေသးတယ္။ သမီးေလးဆုံးတဲ့ေန႔ကို စစ္ေဆးလိုက္ေတာ့ ဘဏ္ကဒ္သုံးထားတာေတြ႕ရတယ္…။

သမီးေလးဆုံးတဲ့ေန႔မွာ ၾကက္ေၾကာ္နဲ႔ ဘီယာေတြ ဝယ္ၿပီး လင္မယားႏွစ္ေယာက္ ေသာက္စားေနၾကတာကို သိသြားၾကတယ္…။ ရက္စက္လိုက္တာ…။ ဒါဟာ ဆုေတာင္းေပးတာလား…။

လူသားတစ္ေယာက္ကေတာ့ ဆာေလာင္ နာက်င္စြာနဲ႔ မ်က္ရည္စက္လက္ အသက္ဆုံးရႈံးခဲ့ရ….။ဖခင္ဆိုေပမဲ့ တိရိစာၦန္စိတ္ဝင္ေနသူႀကီးကေတာ့ ၾကက္ေၾကာ္နဲ႔ ဘီယာ…။

ေလာကႀကီးဟာ တစ္ခါတစ္ေလ ဒီလို သိပ္ေၾကာက္ဖို႔ေကာင္းတယ္…။ ေနာက္ဆုံး အခ်ိန္ အထိ ရီ ဟာ သူ ခရစ္ယာန္ဘုန္းႀကီး ဆိုတာကို အသုံးခ်ခ်င္ခဲ့ေသးတယ္။

ဘာတဲ့..? ဆုေတာင္းရင္ အသက္ျပန္ရွင္မတဲ့လား..? ရီ နဲ႔ ဘက္ခ္ကို အမႈစစ္ၾကတယ္။ေသဆုံးသြားတဲ့ သူမဟာ အစာေရစာေတာင္ ဝ လင္ေအာင္မစားခဲ့ရဘူးဆိုတာ သူငယ္ခ်င္းကတဆင့္ ေဖၚထုတ္ႏိုင္ခဲ့တယ္..။

မိေထြးက သူမ တစ္ခါမွ မႏွိပ္စက္ခဲ့ပါဘူးလို႔လိမ္တယ္။ ဒါေပမဲ့ မိေထြးညီမက အျပစ္က်မွာစိုးေတာ့ အစ္မ မေကာင္းေၾကာင္းေတြ ေဖာ္ထုတ္ေတာ့တယ္…။

ေနာက္ဆုံး မိေထြးနဲ႔ ဖခင္ စိတ္တူ ကိုယ္တူ စိတ္တိုင္းက်ႏွိပ္စက္ခဲ့တာ အကုန္ေပၚေတာ့တာပါပဲ…။ဖခင္နဲ႔ မိေထြးဟာ ကေလးမေလးကို ညီမအိမ္မွာထားတယ္ဆိုေပမဲ့ ညီမ စိတ္တိုင္းမက် ျပန္တိုင္တန္းရင္ သမီးေလးကို သူတို႔လင္မယားအိမ္ေခၚၿပီး ႏွိပ္စက္ေနက်…။

ျပႆနာက သူတို႔ႏွစ္ေယာက္ ဟာသမီးေလးကို တတိတိနဲ႔ သတ္ခဲ့ၾကတာမွန္ေပမဲ့ လူသတ္မႈလို႔ တရားစြဲရေအာင္ သက္ေသမလုံေလာက္ခဲ့..။၁၁ လၾကာၿပီျဖစ္တဲ့ အေလာင္းမွာ သက္ေသရယ္လို႔ သိပ္မရွိေတာ့ပါဘူး..။႐ိုက္ႏွက္လို႔ ေသသြားတာ မွန္တယ္.. ။

ဒါေပမဲ့ ႐ိုက္ရင္းနဲ႔ ကေလးမေလးက အသက္ထြက္သြားတာမဟုတ္ဘူး။ သက္ေသမရွိဘူး။ ဒါေၾကာင့္ကေလးႏွိပ္စက္မႈနဲ႔ပဲ တရားစြဲႏိုင္ေတာ့တယ္။

ဒါေၾကာင့္ ရဲေထာက္လွမ္းေရးအဖြဲ႕က ဖခင္-ရီ ကို ေထာင္ဒါဏ္ ၁၅ ႏွစ္ ေပးၿပီး မိေထြး-ဘက္ခ္ကို ေထာင္ဒါဏ္ ၁၂ ႏွစ္က်ခံေစဖို႔ တရားသူႀကီးဆီ အဆို တင္သြင္းၾကတယ္။

ဒါ ရဲေထာက္လွမ္းေရးဖက္ကလုပ္ႏိုင္တဲ့ တရား ဥပေဒေဘာင္အတြင္းက အျမင့္ဆုံး အျပစ္ေပးႏိုင္မႈ…။

ေယဘုယ်အားျဖင့္ ရဲ ေထာက္လွမ္းေရးအဖြဲ႕ေတြဟာ သူတို႔ တတ္ႏိုင္သေလာက္အျမင့္ဆုံးစြဲခ်က္တင္ၿပီး အျမင့္ဆုံး အျပစ္ဒါဏ္ေပးေအာင္ ေတာင္းဆိုေလ့ရွိတယ္။

တရားသူႀကီးက ရဲေထာက္လွမ္းေရးဖက္က အဆိုတင္သြင္းတာထက္ ေလွ်ာ့ၿပီး အျပစ္ေပးေလ့ရွိတယ္။

ဒီတစ္ခါေတာ့ တရားသူႀကီးဟာ ယုတ္မာတဲ့လင္မယားကို ရဲေထာက္လွမ္းေရးေတြ တင္သြင္းတဲ့ အဆိုထက္ ပိုၿပီး အျပစ္ေပးခဲ့တယ္။

ဖခင္ ရီ ကို ေထာင္ဒါဏ္ ၂၀ ႏွစ္…. မိေထြး ဘက္ခ္ကို ေထာင္ဒါဏ္ ၁၅ ႏွစ္….။လင္မယားႏွစ္ေယာက္ဟာ ဒီလိုႀကီးမားတဲ့အျပစ္ဒါဏ္နဲ႔ သူတို႔ႏွစ္ေယာက္ မတန္ပါဘူးတဲ့… အျပစ္ဒါဏ္ေလွ်ာ့ေပါ့ဖို႔ အယူခံဝင္ၾကတယ္..။ ဖခင္ျဖစ္သူက ဒီလိုေျပာပါတယ္…။

“ကြၽန္ေတာ့္ သမီးဟာ အ႐ိုက္ခံရထိုက္လို႔ ႐ိုက္ခဲ့တာပါ… သူ႔အျပစ္သူခံရတာပါ…”…တဲ့..။ ဒါ ဖခင္ တဲ့လား..?

ဒီလူကို ေတာင္ကိုရီးယားျပည္သူေတြဟာ နာက်ည္း႐ြံရွာလြန္းလို႔ ေသဒါဏ္ေတာင္ ေပးေစခ်င္ၾကတယ္…။

ကေလးမေလးရဲ႕ မူလတန္းေက်ာင္း မွတ္တမ္းမွာ ကေလးမေလးဟာ စာႀကိဳးစားသူ…႐ိုးသားသူ… ၾကင္နာတတ္သူ… သူ႔တာဝန္သူယူလိုစိတ္ႀကီးမားသူ ..လို႔ အတိအက်ေရးထားတယ္။

သူမဟာ အ႐ိုက္ခံထိုက္တဲ့မိန္းကေလးမဟုတ္ဘူးဆိုတာ သက္ေသပဲေလ…။ဒါေၾကာင့္ အေဖယုတ္ရဲ႕ အယူခံကို တရားသူႀကီးက ပယ္လိုက္ပါတယ္။

ဒီကေလးမေလး သတင္းကိုၾကားရတဲ့ ေတာင္ကိုရီးယားျပည္သူ ျပည္သားေတြဟာ ပူေဆြး ဝမ္းနည္းရတယ္…။ သူတို႔ေတြအထဲက ဝမ္းအနည္းဆုံးသူတစ္ေယာက္ရွိေနပါတယ္…။

အေစာင့္အဘိုးႀကီးပါ….။ အဘိုးႀကီး မ်က္ရည္က်ေနခဲ့တယ္။ ဒီေလာကႀကီးက လူႀကီးေတြဟာ ကေလးေတြ စကားေျပာရင္ အစ အဆုံးနားေထာင္ေပးၾကရင္..။

ဘဝမွာ ကိုယ့္အပူနဲ႔ကိုယ္ အလုပ္ရႈပ္ေနၾကေပမဲ့ တပါးသူကို ကူညီဖို႔ အခ်ိန္ေလး နည္းနည္းဖဲ့ေပးႏိုင္ခဲ့ၾကရင္…။ တာဝန္အရပဲ အလုပ္လုပ္တဲ့ ရဲအရာရွိေတြ ေစတနာအနည္းငယ္ပိုထားၿပီး အလုပ္နည္းနည္းပိုလုပ္ၾကရင္…။

ေနာက္ဆုံး ကိုယ္ေမြးထားတဲ့ သားသမီးေတြကို ကိုယ္တာဝန္ယူစိတ္ေလးရွိၾကရင္…။တာဝန္မယူခ်င္ရင္ေတာင္ မရက္စက္ၾကရင္…။

သမီးေလးဟာ အခုအခ်ိန္ဆို အထက္တန္းေက်ာင္းသူႀကီးျဖစ္ဖို႔ ျပင္ဆင္ေနၿပီေပါ့…။သမီးေလး တစ္ေယာက္ ဝဋၬ္ေႂကြးရွိခဲ့ရင္ ဒီဘဝမွာပဲေၾကပါေစေလ…။

( Bucheon, Gyeonggi-do,South Korea )

Credit…

================

ဖခင်နှင့် မိထွေး ပေါင်းပြီး ကိုယ်တုံးလုံးချွတ် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားရတဲ့ ၁၃ နှစ်အရွယ် ကောင်မလေး ရဲ့ ကြေကွဲစရာ ဘဝ

၂၀၁၅ ခုနှစ် ၃ လပိုင်း ၁၆ ရက်နေ့ တောင်ကိုရီးယား- ဘူချွန်းမြို့ ( Bucheon, Gyeonggi-do,South Korea )

အသက် ၁၃ နှစ်အရွယ် မိန်းမငယ်လေးတစ်ယောက်ဟာ တံခါးပိတ်ထားတဲ့ အိမ်အရှေ့မှာကြောက်လန့် အားငယ်စွာ ရပ်နေပါတယ်။

သူမဟာ ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်ရင်နေတယ်…။ အိမ်ထဲကို မဝင်ရဲလို့ပါ..။ အကြိမ်ကြိမ်အားမွေးပေမယ့်လည်း သူမ အိမ်ထဲဝင်ဖို့ သတ္တိရှိမလာ…။

အချိန်တွေကြာလာတယ်။ နောက်ဆုံးတော့ သူမ ဆုံးဖြတ်လိုက်တယ်…။

‘ငါ့ ဘဝမှာ ဒီအိမ်ထဲဝင်ဖို့ကလွဲပြီး ရွေးစရာလမ်းမရှိတော့တာပဲ… ဖြစ်ချင်ရာဖြစ်…’ သူမလေးလံစွာတွေးလိုက်တယ်။

လူတွေဟာ သူမကို အိမ်ပြေးဆိုတဲ့ နာမည်ဆိုးတတ်လိုက်ကြပြီး မကူညီတော့ဘူးလေ….။

သူမကြားရတဲ့စကားလုံးတွေကတော့… “မိဘတွေ စိတ်ပူနေမယ်… အိမ်ပြန်…”

သူမဟာ လေးလံတဲ့ခြေလှမ်းတွေနဲ့ သူမအိမ်ဖက်ကို လျှောက်လာခဲ့တယ်။ အိမ်ရှေ့ရောက်တော့လည်း အိမ်ထဲမဝင်ရဲတဲ့ဘဝ…။ နောက်ဆုံး …သူမ အရဲစွန့်ပြီး အိမ်ထဲဝင်လိုက်တယ်..။

၂၀၀၇ ခုနှစ်မှာ သူမရဲ့မိခင်ဟာ ရင်သားကင်ဆာနဲ့ ကွယ်လွန်ခဲ့တယ်။ အမေရှိစဉ်ကတည်းက ဒေါသတကြီး ရိုက်နှက်ဆုံးမလေ့ရှိတဲ့ အဖေ… အခုအမေမရှိတော့ပိုဆိုးလာတယ်..။

အမေမဲ့ကလေး ၃ ယောက်ဟာ မျက်နှာငယ်ငယ်နဲ့ လောကအလယ်မှာ ကျန်ရစ်ခဲ့တယ်။ သူမက အငယ်ဆုံးပေါ့ … သူမမှာ အစ်မတစ်ယောက် အစ်ကိုတစ်ယောက်ရှိပါတယ်။

၂၀၀၉ ခုနှစ်မှာ ဖခင် ‘ရီ’ဟာ ‘ဘက်ခ်’ ဆိုတဲ့အမျိုးသမီးနဲ့ နောက်အိမ်ထောင်ပြုခဲ့တယ်။ ကလေး ၃ ယောက်အဖေကို ယူလိုက်တဲ့ မိထွေး ဘက်ခ်ဟာ အဖေကိုပဲလက်ထပ်ချင်တာ… ကလေးတွေကို သိပ်ပြီး မုန်းတယ်။

ကလေး ၃ ယောက်နဲ့မိထွေးကြား ပြဿနာကကြီးမားလာတယ်။ ၂၀၁၁ ခုနှစ်ရောက်တော့ အသက် ၂၀ ရှိပြီဖြစ်တဲ့ အစ်ကိုအကြီးဆုံးဟာ အိမ်ကထွက်ပြီး အဆောင်မှာနေလိုက်တော့တယ်။

အသက် ၁၈ အရွယ်ရှိတဲ့ အစ်မလတ်ကတော့ ဂျာမနီကို ပညာသင်ဖို့ ဖခင်ကလွှတ်ခဲ့တယ်။ သူမဖခင်နဲ့မိထွေးဟာ နှစ်ယောက်ထဲလွတ်လွတ်လပ်လပ်နေချင်လို့ သူမကို မိထွေးရဲ့ ညီမအရင်းအိမ်ပို့လိုက်ကြတယ်။

မိထွေးညီမမှာ သားသမီးတွေနဲ့… သူတို့အားလုံးပေါင်းပြီး ကလေးမလေးကို နှိပ်စက်ကြတယ်။ သူမ အမြဲအရိုက်ခံရတယ်…။ သူများအိမ်မှာ သူများမျက်နှာကြည့်ပြီး ကြောက်လန့်စွာနဲ့ နေထိုင်ခဲ့ရတယ်။

အဲဒီအချိန်မှာ သူမ အဖေနဲ့ မိထွေးဟာ နှစ်ယောက်ထဲကျန်ခဲ့ပြီး အပျော်ဆုံးပျားရည်ဆမ်းတဲ့နေ့တွေကို ပိုင်ဆိုင်နေခဲ့တာပေါ့…။၂၀၁၅…မှာ သူမဟာ အခု အသက် ၁၃ နှစ် … မူလတန်းကျောင်းပြီးလို့ အလယ်တန်းတက်ဖို့ တစ်ပတ်ပဲလိုတော့တဲ့အချိန်…။

သူမဘဝရဲ့ ကြီးမားတဲ့ပြောင်းလဲချိန်… သူမ အလယ်တန်းကျောင်းသူကြီးဖြစ်တော့မယ်..။ ဒါပေမဲ့ သူမမှာ ဘာတစ်ခုမှ ပြင်ဆင်မှုမရှိခဲ့။သူမအတွက် စိတ်လှုပ်ရှားစရာ အလယ်တန်းကျောင်းကြီးကို တက်ရမယ့်အချိန် သူမရဲ့နံဘေးမှာ အားပေးကူညီမယ့်သူ တစ်ယောက်မှမရှိခဲ့…။

“အန်တီ .. ကျွန်မ ကျောပိုးအိတ် အသစ်လေး လိုချင်လို့…” မိထွေးရဲ့ညီမက သူမကို နှိပ်စက်တယ်…။ ဒီတစ်ခါတော့ သူမ တော်တော် ဒါဏ်ရာရသွားတယ်။နောက်ဆုံး ဒီလိုနှိပ်စက်တာ မခံနိုင်လွန်းလို့ သူမဟာ မိထွေးရဲ့ညီမအိမ်ကထွက်ပြေးခဲ့တယ်။

အဲဒီနေ့ဟာ ၂၀၁၅ ခုနှစ် ၃ လပိုင်း ၁၅ ရက်နေ့ဖြစ်တယ်။သူမ အခင်ဆုံးသူငယ်ချင်းဆီသွားပြီး တစ်ညလောက်အိပ်ခွင့်ပြုဖို့ တောင်းဆိုလိုက်တယ်။ သူမတကိုယ်လုံးရနေတဲ့ဒါဏ်ရာတွေ ၊ အညိုအမည်းစွဲနေတာတွေသူငယ်ချင်းကို ပြ…သူမငိုတယ်..။

“ငါဘာဆက်လုပ်ရင် ကောင်းမလဲသူငယ်ချင်း..?” သူငယ်ချင်းမလေးက“ငါ အကြံရပြီ… ငါတို့တတွေ မူလတန်းတုန်းက အတန်းပိုင် ဆရာမကိုသွားပြောရင်ကောင်းမလား..” ရဲစခန်းတိုင်ရမှာကိုတောင် မတွေးတတ်ကြသေးတဲ့ အရွယ်တွေမို့ အားကိုးစရာဆိုတာ ဆရာမပဲလေ..။

၂၀၁၅ ခုနှစ် ၃ လပိုင်း ၁၆ ရက်နေ့ ကလေးမနှစ်ယောက်ဟာ အတန်းပိုင်ဆရာမဆီ အားကိုးတကြီးသွားပြီး ဖြစ်သမျှ အကြောင်းစုံကို တိုင်ကြားလိုက်တယ်။ ဆရာမဟာ သူမ ရောက်နေတဲ့အကြောင်းကို သူမ အဖေကို ဖုန်းဆက်အကြောင်းကြားလိုက်တော့တာပါပဲ…။

” မင်းအဖေကို ဖုန်းဆက်ပြီးပြီ.. မင်းအဖေ စိတ်ဆိုးနေတယ်… အိမ်ပြန်ပါ…မင်းအဖေက မရိုက်တော့ပါဘူး .. ဆရာမ စကားကိုနားထောင်နော်..အဖေထပ်ရိုက်ရင် ဆရာမကိုပြောပြ…

”ရက်စက်လိုက်တာ… လို့တွေးရုံမှတပါး သူမ ဘာမှ ဆက်မပြောနိုင်ရှာ…။ ဖခင်က သူမကိုလာခေါ်သွားတယ်။ ဖခင်ဟာ သူမကို ဒေါသတကြီးရိုက်နှက်တယ်။

“ငါ့ကို အရှက်ခွဲတာပေါ့လေ..!!”

ကြောက်လွန်းလို့ သူမဟာ ဖခင်လစ်တာနဲ့ အိမ်အပြင်ကို ပြေးထွက်လာခဲ့တော့တယ်။ သူမဟာ ဆရာမအိမ်ကို အားကိုးတကြီးပြေးလာခဲ့ပြန်တယ်။ ဆရာမက အိမ်မှာမရှိ…။

သူမ တစ်ယောက်တည်း တံခါးအပြင်ဖက်မှာ ထိုင်ငိုနေတုန်း အဆောက်အဦ အစောင့်ကြီးက ရောက်လာတယ်…။

” အဘရယ်.. သမီးကို ကယ်ပါ.. သမီး အိမ်ကပြေးလာခဲ့တာပါ.. အိမ်ပြန်ရင် သမီးကိုအဖေက သတ်လိမ့်မယ်… သမီးကို တစ်ညလောက် အဘတို့အိမ်မှာ အိပ်ခွင့်ပေးပါ..”

အစောင့်အဘိုးကြီးက သူမကို မယုံသင်္ကာနဲ့ကြည့်လိုက်တယ်။ သူမ ဘယ်မှာနေလဲ ချော့မေးပြီး မိထွေးရဲ့ညီမအိမ်အထိလိုက်ပို့လိုက်ပြန်တယ်..။အစောင့်အဘိုးကြီးဟာ သူမ နောက်ဆုံးအနေနဲ့ အားကိုးတကြီး အကူအညီတောင်းခဲ့သူဖြစ်တယ်။

အစောင့်အဘိုးကြီးသာ သူမကို အိမ်ပြန်မပို့ပဲ ရဲစခန်းပို့ခဲ့ရင်….သူမ ဒီလိုအဖြစ်ဆိုးခဲ့မလားပဲ…။မိထွေးရဲ့ညီမဟာ သူမကို ညတွင်းချင်း သူမရဲ့ ဖခင် အိမ်နားမှာချထားခဲ့ပြန်တယ်။

” နင် အိမ်ထဲဝင်ချင်ဝင် .. မဝင်ချင် ကြိုက်တဲ့နေရာသွား..ငါ့တာဝန်ပြီးပြီ..”

မိုးလင်းခါနီးပြီ…အိမ်နီးနားချင်းတွေတွေ့ရင် အဖေပိုဒေါသထွက်တော့မယ်…လို့တွေးပြီးနောက်ဆုံးတော့ သူမ အိမ်ထဲဝင်သွားလိုက်တယ်။သူမ ထမင်းမစားရတာလဲ မနေ့က နေ့လယ်ကတည်းက…။

သူမ ဖခင်နဲ့မိထွေးဟာ သူမကို ဒေါသတကြီးစိုက်ကြည့်နေကြတယ်။ပြီးတော့ ဖခင်နဲ့မိထွေးဟာ သူမ တကိုယ်လုံးမှာရှိတဲ့ အဝတ်အစားတွေကို ဝိုင်းချွတ်ပစ်လိုက်တယ်။

“ကဲ… ဒီလောက်ထွက်ပြေးချင်ရင် ကိုယ်လုံးတီးထွက်ပြေးလေ..!!”…တဲ့သူမ တစ်နေ့လုံးလုံး (၁၅ နာရီ ခန့် )ဖခင်အရင်းနဲ့မိထွေးတို့ရဲ့ ရိုက်နှက်ခြင်းကိုခံခဲ့ရတယ်…။

စိတ်ပညာအရ ကိုယ်တုံးလုံးချွတ် အရိုက်ခံရတဲ့ လူတစ်ယောက်ဟာ ဘာနဲ့မှမတူတဲ့ ကြောက်ရွံ့မှုကို ဆက်တိုက်ခံစားရတယ်တဲ့…။ သူမ သွေးပျက်မတတ် သိပ်ကြောက်နေခဲ့တယ်။

အဝတ်အစားမရှိတဲ့သူမဟာ အိမ်အပြင်ကို မထွက်ဝံ့တော့ပဲ နာကျင်တဲ့ဒါဏ်ရာတွေနဲ့ပေါ့….။ ညဖက်ရောက်တော့ အိပ်ယာထဲကိုဝင်လိုက်တယ်။အဲဒီနေ့ကစပြီး သူမဟာ အိမ်အပြင်ပြန်မထွက်နိုင်တော့ပါဘူး..။

အိပ်ယာထဲဝင်ပြီး နာရီပိုင်းအတွင်းမှာ သူမဟာ အရိုက်ခံရတဲ့ဒါဏ်ရာတွေကြောင့် အသက်ရူလို့မရတော့ပဲ လောကကြီးကို နာကျည်းစွာနဲ့… နာကျင်စွာနဲ့ နှုတ်ဆက်ထွက်ခွာသွားတာကြောင့်ဖြစ်ပါတယ်…။

မနက် ၇ နာရီမှာ ဒေါသမပြေသေးတဲ့ လင်မယားနှစ်ယောက်က ဆက်ပြီး အပြစ်ပေးဖို့ သူမရဲ့အိပ်ခန်းတံခါးကို ဒေါသတကြီးဆွဲဖွင့်လိုက်ကြတယ်။

လူယုတ်မာ လင်မယားနှစ်ယောက် သူမကို ထပ်ပြီးရိုက်ခွင့်မရှိတော့ပြီ… ကိုယ်လုံးတီးနဲ့သူမဟာ အသက်ကင်းမဲ့နေပါပြီ…။အဲဒီ လူယုတ်မာ ဖခင်နဲ့မိထွေးဟာ သူမ အလောင်းကို စောင်နဲ့ပတ်ပြီး အနံမထွက်အောင် နည်းအမျိုးမျိုးနဲ့ ဆေးစီရင်ခဲ့ကြတယ်…။

စောင်ထဲက ကလေးမလေးဟာ သူမကို ကယ်ဖို့ “ကျွန်မ ဒီမှာရှိပါတယ်..”လို့ ဘယ်သူ့ကိုမှ အကူအညီမတောင်းနိုင်တော့ပြီ..။၁၁ လကြာသွားတယ်။နောက်ဆုံး ရဲတပ်ဖွဲ့ဝင်အကူအညီနဲ့ သူမရဲ့အလောင်းဟာ အိမ်အပြင်ကိုထွက်နိုင်ခဲ့တယ်…။

အိမ်ဆိုတာ သူမအတွက်ငရဲပြည်…။ငရဲပြည်ထဲကို သူမကိုယ်တိုင် ခြေလှမ်းပြီး ဝင်ခဲ့ရတဲ့အဖြစ်..။သူမဟာ အိမ်ထဲဝင် ဝင်ပြီးချင်း နောက်တနေ့မှာ အသက်သေဆုံးခဲ့ရပါတယ်။၁၁ လ လုံးလုံး သူမရဲ့ အလောင်းဟာ သူမ မနေချင်တဲ့ အဲဒီအိမ်ထဲမှာပိတ်မိနေခဲ့တယ်…။

ပိုပြီး အံ့သြရတာက သူမကို သတ်ပစ်ခဲ့တဲ့ သူမရဲ့အဖေအရင်းဟာ ဘူချွန်းရဲ့ ( Holiness Church ) ခရစ်ယာန် ကျောင်းတစ်ခုရဲ့ လူတကာကြည်ညိုခြင်းခံရတဲ့ ခရစ်ယာန် ဘုန်းကြီးတစ်ယောက်ဖြစ်တယ်…။

သူမရဲ့ ဖခင်ဟာ ဆိုလ်းမြို့ရဲ့ နည်းပညာ တက္ကသိုလ် (Seoul Technology University )မှာ လူတကာလေးစားရတဲ့ ပါမောက္ခ တစ်ယောက်လည်းဖြစ်တယ်။

ကလေးမလေး အလောင်းကို ရဲတွေ ရှာဖွေနိုင်ခဲ့တာကတော့ အလယ်တန်းဆရာမနဲ့ ကလေးမလေးရဲ့ သူငယ်ချင်းမကြောင့်ပါ။သူမကို ကျောင်းလာမအပ်တာကြောင့် အလယ်တန်း ကျောင်းဆရာမဟာ သူမရဲ့အဖေကို ဖုန်းခေါ်လာတယ်..။

” ကလေးမလေးကို ဘာလို့ ကျောင်းမပို့တာလဲရှင့်..?”

” အိမ်ကထွက်ပြေးသွားလို့ခင်ဗျာ..”

“ဒါဆို ဘာလို့ ရဲစခန်းမှာ လူပျောက်မှု အမှုမဖွင့်တာလဲရှင့်.. ကျွန်မ အမှုဖွင့်ရမလား…?”ကလေးမအဖေ ရီ ဟာ မတတ်သာလို့ နောက်ဆုံး လူပျောက်မှုဖွင့်လိုက်ရတယ်…။ ရဲစခန်းမှာ သူမအဖေဟာ ဒီလိုရေးတယ်။

ကလေးမလေးပျောက်သွားနေ့- ၂၀၁၅ ခုနှစ် ၃ လပိုင်း ၁၇ ရက်နေ့ ကလေးမလေး လောကကြီးကိုထွက်ခွာသွားတဲ့နေ့…။

” အာ..,သမီးက ငွေတွေ အများကြီးယူပြီး အိမ်ကထွက်ပြေးသွားတာဗျ.. သိပ်တော့ စိတ်ပူစရာမလိုဘူး…”

လောကကြီးထဲက ဘယ်လို မိဘမျိုးက ၁၃ နှစ်အရွယ်မိန်းကလေး အိမ်ကထွက်ပြေးသွားတာကို ငွေတွေပါသွားလို့ စိတ်မပူတာပါလိမ့်…။သာမာန်လူတစ်ယောက်တောင် ဒီလိုတွေးတတ်ပေမဲ့ ရဲစခန်းကတော့ အလုပ်သဘောအရပါပဲ…။ “ဪ.. ဟုတ်တာပေါ့ဗျာ..”

” ဒီကောင်မလေး ခဏခဏအိမ်ကထွက်ပြေးတော့ ကျွန်တော့်အဖို့ မထူးဆန်းသလိုပါပဲဗျာ..” လောကကြီးမှာ လူတွေဟာ ဒီလို စာနာစိတ်မဲ့ကုန်ကြပြီ…။ကလေးမလေးကို လူတွေအားလုံး မေ့သွားကြပြန်ရော…။

ဒါနဲ့ပဲ ၂၀၁၆ ခုနှစ်ကိုရောက်လာပြီ..။ ကလေးမလေး ပျောက်ဆုံးသွားတာကို မမေ့ပဲ ဝမ်းနည်းနေတဲ့သူတစ်ယောက်ရှိတယ်။ကလေးမလေးရဲ့ အချစ်ဆုံးသူငယ်ချင်းမလေးပေါ့…။ သူငယ်ချင်းမလေးဟာ သူမမိခင်ကို ရဲစခန်းပို့ပေးဖို့ ပူဆာတယ်။

” ကျွန်မ သူငယ်ချင်းနဲ့နောက်ဆုံးတွေ့တဲ့နေ့က သူငယ်ချင်းဟာ အရိုက်ခံထားရတာ တစ်ကိုယ်လုံး အညိုအမည်းစွဲနေပါတယ်..”

သူငယ်ချင်းမလေး တိုင်ကြားချက်အရ ဒါဟာ ကလေးနှိပ်စက်ညှင်းပန်းမှု.. ။ရဲတွေဟာ ဝရမ်းမပါ အိမ်ထဲဝင်ရှာရလို့ရခဲ့တယ်။

အခုမှရဲတွေသတိပြုမိတာက ကလေးမရဲ့အဖေကို ချိန်းတိုင်း အိမ်မှာ အတွေ့မခံခဲ့…။ မသင်္ကာစရာ…။ ရဲတွေဟာ ရီနဲ့ ဘက်ခ် လင်မယားနေတဲ့အိမ်ထဲကို ခွင့်မတောင်းပဲ ရုတ်တရက်ဝင်လိုက်တယ်..။

အနံ့တစ်မျိုး လှိုင်တက်လာတယ်… အမွှေးနံ့လိုလို…။ အိပ်ခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ စောင်နဲ့ပတ်ထားတဲ့ မမ်မီရုပ်အလောင်းတစ်ခု … ။

သူမ အလောင်းကို အနံ့မထွက်အောင် ဆေးနဲ့စိမ်.., ရေမွေး .. စပရေးအစုံအလင် အမျိုးမျိုး လုပ်ထားကြတာကို အံ့ဩတကြီးတွေ့လိုက်ရတော့တယ်..။

“သမီးလေးကို ဆုတောင်းပေးရင် အသက်ပြန်ရှင်မယ်ထင်လို့ နေ့တိုင်းဆုတောင်းပေးနေခဲ့တာပါ…” ခရစ်ယာန်ဘုန်းကြီး အရေခြုံ ပါမောက္ခကြီး ရီ ဟာ ရူးချင်ယောင်ဆောင်တယ်။

ပထမတော့ ရဲတွေက ” စိတ်များမနှံ့လို့လား..?” ဆိုပြီးတွေးကြသေးတယ်။ သမီးလေးဆုံးတဲ့နေ့ကို စစ်ဆေးလိုက်တော့ ဘဏ်ကဒ်သုံးထားတာတွေ့ရတယ်…။

သမီးလေးဆုံးတဲ့နေ့မှာ ကြက်ကြော်နဲ့ ဘီယာတွေ ဝယ်ပြီး လင်မယားနှစ်ယောက် သောက်စားနေကြတာကို သိသွားကြတယ်…။ ရက်စက်လိုက်တာ…။ ဒါဟာ ဆုတောင်းပေးတာလား…။

လူသားတစ်ယောက်ကတော့ ဆာလောင် နာကျင်စွာနဲ့ မျက်ရည်စက်လက် အသက်ဆုံးရှုံးခဲ့ရ….။ဖခင်ဆိုပေမဲ့ တိရိစ္ဆာန်စိတ်ဝင်နေသူကြီးကတော့ ကြက်ကြော်နဲ့ ဘီယာ…။

လောကကြီးဟာ တစ်ခါတစ်လေ ဒီလို သိပ်ကြောက်ဖို့ကောင်းတယ်…။ နောက်ဆုံး အချိန် အထိ ရီ ဟာ သူ ခရစ်ယာန်ဘုန်းကြီး ဆိုတာကို အသုံးချချင်ခဲ့သေးတယ်။

ဘာတဲ့..? ဆုတောင်းရင် အသက်ပြန်ရှင်မတဲ့လား..? ရီ နဲ့ ဘက်ခ်ကို အမှုစစ်ကြတယ်။သေဆုံးသွားတဲ့ သူမဟာ အစာရေစာတောင် ဝ လင်အောင်မစားခဲ့ရဘူးဆိုတာ သူငယ်ချင်းကတဆင့် ဖေါ်ထုတ်နိုင်ခဲ့တယ်..။

မိထွေးက သူမ တစ်ခါမှ မနှိပ်စက်ခဲ့ပါဘူးလို့လိမ်တယ်။ ဒါပေမဲ့ မိထွေးညီမက အပြစ်ကျမှာစိုးတော့ အစ်မ မကောင်းကြောင်းတွေ ဖော်ထုတ်တော့တယ်…။

နောက်ဆုံး မိထွေးနဲ့ ဖခင် စိတ်တူ ကိုယ်တူ စိတ်တိုင်းကျနှိပ်စက်ခဲ့တာ အကုန်ပေါ်တော့တာပါပဲ…။ဖခင်နဲ့ မိထွေးဟာ ကလေးမလေးကို ညီမအိမ်မှာထားတယ်ဆိုပေမဲ့ ညီမ စိတ်တိုင်းမကျ ပြန်တိုင်တန်းရင် သမီးလေးကို သူတို့လင်မယားအိမ်ခေါ်ပြီး နှိပ်စက်နေကျ…။

ပြဿနာက သူတို့နှစ်ယောက် ဟာသမီးလေးကို တတိတိနဲ့ သတ်ခဲ့ကြတာမှန်ပေမဲ့ လူသတ်မှုလို့ တရားစွဲရအောင် သက်သေမလုံလောက်ခဲ့..။၁၁ လကြာပြီဖြစ်တဲ့ အလောင်းမှာ သက်သေရယ်လို့ သိပ်မရှိတော့ပါဘူး..။ရိုက်နှက်လို့ သေသွားတာ မှန်တယ်.. ။

ဒါပေမဲ့ ရိုက်ရင်းနဲ့ ကလေးမလေးက အသက်ထွက်သွားတာမဟုတ်ဘူး။ သက်သေမရှိဘူး။ ဒါကြောင့်ကလေးနှိပ်စက်မှုနဲ့ပဲ တရားစွဲနိုင်တော့တယ်။

ဒါကြောင့် ရဲထောက်လှမ်းရေးအဖွဲ့က ဖခင်-ရီ ကို ထောင်ဒါဏ် ၁၅ နှစ် ပေးပြီး မိထွေး-ဘက်ခ်ကို ထောင်ဒါဏ် ၁၂ နှစ်ကျခံစေဖို့ တရားသူကြီးဆီ အဆို တင်သွင်းကြတယ်။

ဒါ ရဲထောက်လှမ်းရေးဖက်ကလုပ်နိုင်တဲ့ တရား ဥပဒေဘောင်အတွင်းက အမြင့်ဆုံး အပြစ်ပေးနိုင်မှု…။

ယေဘုယျအားဖြင့် ရဲ ထောက်လှမ်းရေးအဖွဲ့တွေဟာ သူတို့ တတ်နိုင်သလောက်အမြင့်ဆုံးစွဲချက်တင်ပြီး အမြင့်ဆုံး အပြစ်ဒါဏ်ပေးအောင် တောင်းဆိုလေ့ရှိတယ်။

တရားသူကြီးက ရဲထောက်လှမ်းရေးဖက်က အဆိုတင်သွင်းတာထက် လျှော့ပြီး အပြစ်ပေးလေ့ရှိတယ်။

ဒီတစ်ခါတော့ တရားသူကြီးဟာ ယုတ်မာတဲ့လင်မယားကို ရဲထောက်လှမ်းရေးတွေ တင်သွင်းတဲ့ အဆိုထက် ပိုပြီး အပြစ်ပေးခဲ့တယ်။

ဖခင် ရီ ကို ထောင်ဒါဏ် ၂၀ နှစ်…. မိထွေး ဘက်ခ်ကို ထောင်ဒါဏ် ၁၅ နှစ်….။လင်မယားနှစ်ယောက်ဟာ ဒီလိုကြီးမားတဲ့အပြစ်ဒါဏ်နဲ့ သူတို့နှစ်ယောက် မတန်ပါဘူးတဲ့… အပြစ်ဒါဏ်လျှော့ပေါ့ဖို့ အယူခံဝင်ကြတယ်..။ ဖခင်ဖြစ်သူက ဒီလိုပြောပါတယ်…။

“ကျွန်တော့် သမီးဟာ အရိုက်ခံရထိုက်လို့ ရိုက်ခဲ့တာပါ… သူ့အပြစ်သူခံရတာပါ…”…တဲ့..။ ဒါ ဖခင် တဲ့လား..?

ဒီလူကို တောင်ကိုရီးယားပြည်သူတွေဟာ နာကျည်းရွံရှာလွန်းလို့ သေဒါဏ်တောင် ပေးစေချင်ကြတယ်…။

ကလေးမလေးရဲ့ မူလတန်းကျောင်း မှတ်တမ်းမှာ ကလေးမလေးဟာ စာကြိုးစားသူ…ရိုးသားသူ… ကြင်နာတတ်သူ… သူ့တာဝန်သူယူလိုစိတ်ကြီးမားသူ ..လို့ အတိအကျရေးထားတယ်။

သူမဟာ အရိုက်ခံထိုက်တဲ့မိန်းကလေးမဟုတ်ဘူးဆိုတာ သက်သေပဲလေ…။ဒါကြောင့် အဖေယုတ်ရဲ့ အယူခံကို တရားသူကြီးက ပယ်လိုက်ပါတယ်။

ဒီကလေးမလေး သတင်းကိုကြားရတဲ့ တောင်ကိုရီးယားပြည်သူ ပြည်သားတွေဟာ ပူဆွေး ဝမ်းနည်းရတယ်…။ သူတို့တွေအထဲက ဝမ်းအနည်းဆုံးသူတစ်ယောက်ရှိနေပါတယ်…။

အစောင့်အဘိုးကြီးပါ….။ အဘိုးကြီး မျက်ရည်ကျနေခဲ့တယ်။ ဒီလောကကြီးက လူကြီးတွေဟာ ကလေးတွေ စကားပြောရင် အစ အဆုံးနားထောင်ပေးကြရင်..။

ဘဝမှာ ကိုယ့်အပူနဲ့ကိုယ် အလုပ်ရှုပ်နေကြပေမဲ့ တပါးသူကို ကူညီဖို့ အချိန်လေး နည်းနည်းဖဲ့ပေးနိုင်ခဲ့ကြရင်…။ တာဝန်အရပဲ အလုပ်လုပ်တဲ့ ရဲအရာရှိတွေ စေတနာအနည်းငယ်ပိုထားပြီး အလုပ်နည်းနည်းပိုလုပ်ကြရင်…။

နောက်ဆုံး ကိုယ်မွေးထားတဲ့ သားသမီးတွေကို ကိုယ်တာဝန်ယူစိတ်လေးရှိကြရင်…။တာဝန်မယူချင်ရင်တောင် မရက်စက်ကြရင်…။

သမီးလေးဟာ အခုအချိန်ဆို အထက်တန်းကျောင်းသူကြီးဖြစ်ဖို့ ပြင်ဆင်နေပြီပေါ့…။သမီးလေး တစ်ယောက် ဝဋ္ဋ်ကြွေးရှိခဲ့ရင် ဒီဘဝမှာပဲကြေပါစေလေ…။

( Bucheon, Gyeonggi-do,South Korea )

Credit…

Comments