သူခိုးမရွိေသာ ႏိုင္ငံ—



ကမာၻေပၚမွာ သူခိုးတစ္ေယာက္ေတာင္မရွိတဲ့ ႏိုင္ငံဟာ ျမန္မာႏိုင္ငံျဖစ္ခဲ့ဖူးတယ္ဆိုရင္ သင္အံ့ၾသသြားမလား? မယံုရင္ ေအာက္မွာ ဖတ္ၾကည့္ပါ။

သူခိုးမရွိေသာ ႏိုင္ငံ—

“ကမာၻေပၚတြင္ သူခိုးမရွိေသာ ႏိုင္ငံ တစ္ႏိုင္ငံ ရွိခဲ့ဖူးသည္။ ထိုသည္မွာ ၿမန္မာႏိုင္ငံပင္။”

ထိုစကား ကို ေၿပာခဲ့သူမွာ အိႏၵိယႏိုင္ငံသား ဟိႏၵဴဘာသာဝင္ ဘေဆဆ္လာလ္ဂ်ီပင္ ၿဖစ္သည္။ အီဂတ္ပူရီၿပည္နယ္၌ ဗုဒၶ၏ ဝိပႆနာ တရားေတာ္မ်ားကို ကမာၻသို႔ ၿဖန္႔ေဝလ်က္ရွိေသာ ဂုရုၾကီး ဦးဂိုအင္ကာ ၏ အဘိုးေတာ္သူပင္ၿဖစ္သည္။

အေရာင္းအဝယ္ကုန္သည္ အလုပ္ၿဖင့္ ကမာၻအႏွ႔ံ ေၿခဆန္႔ခဲ့ဖူးေသာ ဘေဆဆ္လာလ္ဂ်ီသည္ သူအၿမတ္ႏိုးဆံုးၿဖစ္ေသာ မႏၱေလးရတနာပံု ေနၿပည့္ေတာ္တြင္ အေၿခခ် ေနထိုင္ခဲ့သည္။

ထိုခ်ိန္က အထက္ ၿမန္မာၿပည္ သည္ ၿမန္မာဘုရင္၏ လက္ထဲမွာသာ ရွိေသးေသာေၾကာင့္ သူခိုးလူလိမ္ ဆိုသည္မွာ ခ်ိဳႏွင့္လား ဟု ေမးရေလာက္ေအာင္ ၿမန္မာတိုင္း စာရိတၱ သတၱိ အၿပည့္ရွိေနခ်ိန္ ၿဖစ္ပါ၏။

ထိုသူသည္ ကုန္သည္ၾကီး တစ္ဦးၿဖစ္ရာ အထက္ၿမန္မာၿပည္ရွိ ၿမိဳ႕ၾကီး အသီးသီးသို႔ သြားေရာက္ ေရာင္းဝယ္ရသည္။ ပစၥည္းပစၥယမ်ား သယ္ရန္အတြက္ ၿမင္းငါးေကာင္ ႏွင့္ အတူ ၿမန္မာ ၿမင္းစီးသမား ငါးေယာက္ ကိုလည္း တစ္ခါတည္း အသြားအၿပန္ ငွားလာခဲ့ရသည္။

အေရာင္းအဝယ္ ပစၥည္းမ်ားေသာေၾကာင့္ ရက္ၾကာလာသည္ႏွင့္အမွ် ဘေဆဆ္လာလ္ဂ်ီ ၏ ပိုက္ဆံထည့္သည့္ အိတ္ၾကီးမွာလည္း ေငြဒဂၤါးမ်ားႏွင့္ ၿပည့္ၿပည့္ လာခဲ့သည္။

ေနာက္ထပ္ ၿမိဳ႕သံုးၿမိဳ႔ ငါးရက္ ခရီးႏွင္ၿပီးလွ်င္ သည္တစ္ေခါက္ အေရာင္းအဝယ္ၿပီးဆံုးၿပီၿဖစ္၍ ဘေဆဆ္လာလ္ဂ်ီသည္ အိမ္ၿပန္ရေတာ့မည္ကို ေတြးၿပီး ၀မ္းေၿမာက္၀မ္းသာ ၿဖစ္ေနေလသည္။

ေနဝင္စၿပဳေနၿပီ ၿဖစ္သည့္အတြက္ လွမ္းၿမင္ေနရေသာ ဇရပ္တစ္ခုေပၚတြင္ တစ္ည အိပ္ရန္ ၿမင္းသမားမ်ား ကို အခ်က္ၿပလိုက္သည္။

ေရွးေခတ္က ဇရပ္ဆိုသည္မွာ ညအိပ္ညေန ခရီးသည္မ်ားအတြက္ လမ္းဆံု လမ္းခြတြင္ ေဆာက္ထားေသာ ဇရပ္မ်ိဳးသာ ၿဖစ္သည္။ အမိုးႏွင့္အခင္းကို အေကာင္းဆံုး လုပ္ထားေသာ္လည္း အကာ မရွိေသာေၾကာင့္ အရပ္ ေလးမ်က္ႏွာမွ ခရီးသြားမ်ား တံခါးမရွိ။

ဓားမရွိ လြတ္လပ္ခ်မ္းသာစြာ တည္းခိုႏိုင္သည္ ဟူေသာ အဓိပၸါယ္ကို ေဆာင္သည္ဟု ယူဆရသည္။တတ္ႏိုင္ေသာ ဇရပ္အလွဴရွင္ အခ်ိဳ႕သည္ ခရီးသြားမ်ားအတြက္ ဆန္ ဆီ စေသာ စားေသာက္ဖြယ္ရာ မ်ားကိုပင္ ထားေပးေၾကာင္း သိရသည္။

ခ်က္ၿပဳတ္စားေသာက္ၿပီး ေနလည္း မရွိေတာ့ၿပီၿဖစ္၍ ဘေဆဆ္လာလ္ဂ်ီတို႔ ထိုဇရပ္မွာပင္ ညအိပ္လိုက္ၾကသည္။ ေနာင္တစ္ေန႔ မိုးမလင္မီ မနက္ေစာေစာ ခရီးဆက္ၾကရန္ ၿမင္းသမားတို႔ကို ေဆာ္ၾသ ထားလိုက္သည္။

အေရးအၾကီးဆံုးၿဖစ္သည့္ ေငြဒဂၤါးအိတ္ၾကီးကို ေမ့က်န္ေနခဲ့မွာ စိုးေသာေၾကာင့္ ေခါင္းအံုး အိပ္လိုက္သည္။

မနက္ ေလးနာရီ ေလာက္ထၿပီး ၿမန္ၿမန္ထက္ထက္ ၿပင္ဆင္ကာ ေရွ႕ခရီးကို ဆက္လာခဲ့ၾကသည္။ ေၿခာက္နာရီခန္႔ ခရီးေပါက္ၿပီးေသာအခါမွ ေခါင္းအံုး အိပ္ခဲ့သည့္ ေငြအိတ္ၾကီး ပါမလာမွန္း ဘေဆဆ္လာလ္ဂ်ီ သိသြားသည္။

ၿပင္းထန္ေသာ စိုးရိမ္ေသာက စိတ္ေၾကာင့္ ႏွလံုးသားမွာ တဒိန္းဒိန္းခုန္လာၿပီး အေမာဆို႔သလိုပင္ ၿဖစ္လာသည္။ ထို႔ေၾကာင့္ – “ေဟ့ . . အားလံုးရပ္လိုက္ၾကဦး။”

“ကၽြန္ေတာ့ ေငြဒဂၤါးအိတ္ၾကီး ညအိပ္ခဲ့တဲ့ ဇရပ္ေပၚမွာ က်န္ေနခဲ့တယ္။ ဒါ့ေၾကာင့္ ေနာက္လွည့္ၿပန္ ၾကရမယ္”ဟု ေၿပာလိုက္ေသာ္လည္း ၿမန္မာလူမ်ိဳး ၿမင္းသမား ငါးေယာက္လံုး တစ္ေယာက္မွ တအံ့တၾသ တထိတ္တလန္႔ ၿဖစ္မသြားၾက။

သြားယူေပးမည့္ အမူအရာလည္း မၿပၾကသၿဖင့္ ဘေဆဆ္လာလ္ဂ်ီ မေနႏိုင္ေတာ့ –“ကဲ. . . ၿမန္ၿမန္သြားယူဘို႔ ၿပင္ၾကေလ။

ဘာလို႔ ေအးတိ ေအးစက္ ၿဖစ္ေနၾက တာတုန္း”ဟု ေၿပာလိုက္ေသာ အခါတြင္မွအသက္ခပ္ၾကီးၾကီး ၿမင္းသမားတစ္ဦးက –

“မိတ္ေဆြၾကီး ဘာမွစိတ္မပူပါနဲ႔။ ကိုယ့္ခရီးကိုသာ ၿပီးဆံုးေအာင္ ဆက္သြားပါ။ အၿပန္က်မွ ေငြအိတ္ကို၀င္ယူပါ။ မိတ္ေဆြၾကီးေငြအိတ္ ဘယ္မွ ထြက္မေၿပး ပါဘူး။ဘယ္သူမွလည္း မယူပါဘူး။”ဟု ေၿပာလိုက္သၿဖင့္ ဘေဆဆ္လာလ္ဂ်ီ တစ္ေယာက္ ေဒါသထြက္သြားသည္။

“လြယ္ရင္ သူၾကြယ္ေတာင္မေနဘူး” ဟူေသာ စကားရွိေနရာ အဆင္သင့္ ေတြ႔ရေသာ ေငြဒဂၤါးအိတ္ၾကီးကို ဘယ္လို လူသည္ မယူဘဲ ေနႏိုင္ပါအံ့နည္း။

ဘယ္သူမွ မယူဘူး ဟု တာ၀န္ခံႏိုင္ ေလာက္ေအာင္ သူတို႔ ၿမန္မာလူမ်ိဳးေတြက ဘယ္ေလာက္မ်ားစာရိတၱ ေကာင္းေနၾကလို႔ နည္းဟု ေတြးေနမိသည္။

ထိုအေတြးႏွင့္အတူ –

“ေအးေလ . .. ငါတို႔ ထြက္လာၾကတာလဲ ေၿခာက္နာရီ ေက်ာ္သြားၿပီးဆိုေတာ့ ဒီေငြအိတ္ၾကီးကို ခရီးသြား တစ္ေယာက္ေယာက္ကရၿပီး ယူသြားေရာေပါ့။ငါသြားေနလည္း ပင္ပန္းတာ အဖတ္တင္မွာပ”ဲဟု စိတ္ပ်က္စြာႏွင့္ ဆက္ကာ ေတြးၿပီး ေရွ႕မွာရွိသည့္ ၿမိဳ႕ေစ်းမ်ားသို႔သာ ဆက္သြားလုိက္ ၾကသည္။

ငါးရက္ခန္႔ရွိမွ ၿပန္လာၾကေသာအခါ ဘေဆဆ္လာလ္ဂ်ီ ထားခဲ့ေသာ ေငြဒဂၤါးၾကီမွာ ေခါင္းအံုးၿပီး အိပ္ခဲ့စဥ္က အတုိင္းပင္ လက္ရာမပ်က္ ၿပန္ေတြ႔ရသည္။ ေရတြက္ၾကည့္ေသာ အခါတြင္လည္း တစ္ၿပားတစ္ခ်ပ္မွ် မေလ်ာ့။

ထို႔ေၾကာင့္လည္း ဘေဆဆ္လာလ္ဂ်ီက ကမာၻ႕၀ိပႆနာတရားၿပဆရာၾကီး ၿဖစ္လာမည့္ ဦးဂိုအင္ကာ အေလာင္းအလ်ာ သူ႔ေၿမးေလး ကို“ငါ့ေၿမးေရ၊ အဘိုးတို႔ ဒီၿမန္မာၿပည္မွာ ေနခြင့္ရတာ သိပ္ကံေကာင္းတယ္။ ဘာၿဖစ္လို႔လည္း ဆိုေတာ့ တစ္ကမာၻလံုးမွာ သူခိုးမရွိတဲ့ ႏိုင္ငံဆိုလို႔ ၿမန္မာႏိုင္ငံ တစ္ခုပဲ ရွိတယ္။”

ေနာက္တစ္ခုက မႏၱေလး ရတနာပံု ေစ်းခိ်ဳေတာ္ၾကီး လမ္းအလယ္မွာ အမ်ိဳးသမီး တစ္ေယာက္ အဖိုးတန္ စိန္နားကပ္တစ္ဖက္ ၿပဳတ္က် က်န္ေန ခဲ့တယ္။ ေစ်းလယ္ဆိုေတာ့ ေစ်းေရာင္းသည္၊ ေစ်း၀ယ္သည္ တစ္ေယာက္မွ တစ္ေယာက္ေတာ့ ေတြ႔မွာပဲ။ သို႔ေသာ္ တစ္ေယာက္မွ ယေကာက္မယူၾကဘူး။

အလြယ္တကူ ေတြ႔ရတဲ့ အဖိုးတန္ ပစၥည္းကိုေတာင္ ေကာက္မယူတဲ့ ၿမန္မာ လူမ်ိဳးေတြဟာ သူတစ္ပါးအိမ္ကပစၥည္း မသိေအာင္ယူဖို႔ ဆိုတာကေတာ့ ပိုၿပီး ေဝးေသးတာေပါ့။

ဒါနဲ႔ ေစ်းခ်ိဳသာ ပိတ္သြားတယ္ စိန္နားကပ္ၾကီးကေတာ့လမ္းေပၚမွာ ဒီအတုိင္းပါပဲ။ေနာက္တစ္ေန႔မနက္ ေစ်းခ်ိဳဖြင့္ခါနီးမွာ အလုပ္သမေလး တစ္ေယာက္ စိန္နား ကပ္ၾကီးကို ေတြ႔သြားတယ္။

“ဥစၥာဆင္းရဲေသာ္လည္း စာရိတၱ မဆင္းရဲတဲ့ သူေတြကို ၿမင္ဖူးခ်င္ရင္” ၿမန္မာၿပည္ကို လာခဲ့ပါလို႔ ေၿပာရေတာ့မွာပဲ။

အလုပ္ သမေလးဟာ စိိန္နားကပ္ကို ေကာက္ယူ လိုက္တယ္။ ယူဖို႔မဟုတ္ဘူး။ စိန္နားကပ္ေအာက္က ဖုန္ေတြ အမိွဳက္သရိုက္ေတြ လွဲပစ္ဖို႔အတြက္ပါ။

လွဲက်င္းၿပီး တဲ့အခါ ေတြ႔တဲ့ေနရာမွာပဲ အတိအက် ၿပန္ထားလုိက္တယ္။ ပိုင္ရွင္က သူက် ေပ်ာက္တဲ့ေနရာ ၿပန္လာရွာရင္ ၿမန္ၿမန္ေတြ႔ပါေစဆိုတဲ့ ေစတနာေပါ့။

ေနာက္ဆံုး ေစ်းရံုးတာ၀န္ခံ ကိုယ္တုိင္ၿမိဳ႕ထဲ “ေမာင္းထု ပိုင္ရွင္ရွာၿပီး ေပးလိုက္ရတယ္” ဟု ေၿပာခဲ့ဖူးသည္။

ကဲ စဥ္းစားၾကည့္ၾက ေပေတာ့။ အရင္တုန္းက ၿမန္မာႏိုင္ငံႏွင့္ ယခုၿမန္မာႏိုင္ငံ ဘယ္ေလာက္ ကြာၿခားသြားၿပီလဲ။ ဒါကို ၾကည့္ၿပီး စိတ္မပ်က္ၾကပါနဲ႔။

“ပ်က္အစဥ္ ၿပင္ခဏ” ဆိုသလို မိမိကုိယ္ ကိုသာ ငါးပါးသီလ လံုၿခံဳေအာင္ (စာရိတၱပိုင္းသာ) တာဝန္ယူပါက ၿမန္မာႏိုင္ငံမွ မဟုတ္ တစ္ကမာၻလံုး ဘယ္ေလာက္ ၿငိမ္းခ်မ္းမလဲ။

ေမတၱာရွင္(ေရႊျပည္သာ)

===============

ကမ္ဘာပေါ်မှာ သူခိုးတစ်ယောက်တောင်မရှိတဲ့ နိုင်ငံဟာ မြန်မာနိုင်ငံဖြစ်ခဲ့ဖူးတယ်ဆိုရင် သင်အံ့သြသွားမလား? မယုံရင် အောက်မှာ ဖတ်ကြည့်ပါ။

သူခိုးမရှိသော နိုင်ငံ—

“ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံပင်။”

ထိုစကား ကို ပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏ ဝိပဿနာ တရားတော်များကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီး ဦးဂိုအင်ကာ ၏ အဘိုးတော်သူပင်ဖြစ်သည်။

အရောင်းအဝယ်ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှ့ံ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူအမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချ နေထိုင်ခဲ့သည်။

ထိုချိန်က အထက် မြန်မာပြည် သည် မြန်မာဘုရင်၏ လက်ထဲမှာသာ ရှိသေးသောကြောင့် သူခိုးလူလိမ် ဆိုသည်မှာ ချိုနှင့်လား ဟု မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တ သတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။

ထိုသူသည် ကုန်သည်ကြီး တစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ကြီး အသီးသီးသို့ သွားရောက် ရောင်းဝယ်ရသည်။ ပစ္စည်းပစ္စယများ သယ်ရန်အတွက် မြင်းငါးကောင် နှင့် အတူ မြန်မာ မြင်းစီးသမား ငါးယောက် ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။

အရောင်းအဝယ် ပစ္စည်းများသောကြောင့် ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်လာလ်ဂျီ ၏ ပိုက်ဆံထည့်သည့် အိတ်ကြီးမှာလည်း ငွေဒင်္ဂါးများနှင့် ပြည့်ပြည့် လာခဲ့သည်။

နောက်ထပ် မြို့သုံးမြို့ ငါးရက် ခရီးနှင်ပြီးလျှင် သည်တစ်ခေါက် အရောင်းအဝယ်ပြီးဆုံးပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီသည် အိမ်ပြန်ရတော့မည်ကို တွေးပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။

နေဝင်စပြုနေပြီ ဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ည အိပ်ရန် မြင်းသမားများ ကို အချက်ပြလိုက်သည်။

ရှေးခေတ်က ဇရပ်ဆိုသည်မှာ ညအိပ်ညနေ ခရီးသည်များအတွက် လမ်းဆုံ လမ်းခွတွင် ဆောက်ထားသော ဇရပ်မျိုးသာ ဖြစ်သည်။ အမိုးနှင့်အခင်းကို အကောင်းဆုံး လုပ်ထားသော်လည်း အကာ မရှိသောကြောင့် အရပ် လေးမျက်နှာမှ ခရီးသွားများ တံခါးမရှိ။

ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည် ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ဟု ယူဆရသည်။တတ်နိုင်သော ဇရပ်အလှူရှင် အချို့သည် ခရီးသွားများအတွက် ဆန် ဆီ စသော စားသောက်ဖွယ်ရာ များကိုပင် ထားပေးကြောင်း သိရသည်။

ချက်ပြုတ်စားသောက်ပြီး နေလည်း မရှိတော့ပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတို့ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။ နောင်တစ်နေ့ မိုးမလင်မီ မနက်စောစော ခရီးဆက်ကြရန် မြင်းသမားတို့ကို ဆော်သြ ထားလိုက်သည်။

အရေးအကြီးဆုံးဖြစ်သည့် ငွေဒင်္ဂါးအိတ်ကြီးကို မေ့ကျန်နေခဲ့မှာ စိုးသောကြောင့် ခေါင်းအုံး အိပ်လိုက်သည်။

မနက် လေးနာရီ လောက်ထပြီး မြန်မြန်ထက်ထက် ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်လာခဲ့ကြသည်။ ခြောက်နာရီခန့် ခရီးပေါက်ပြီးသောအခါမှ ခေါင်းအုံး အိပ်ခဲ့သည့် ငွေအိတ်ကြီး ပါမလာမှန်း ဘဆေဆ်လာလ်ဂျီ သိသွားသည်။

ပြင်းထန်သော စိုးရိမ်သောက စိတ်ကြောင့် နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင် ဖြစ်လာသည်။ ထို့ကြောင့် – “ဟေ့ . . အားလုံးရပ်လိုက်ကြဦး။”

“ကျွန်တော့ ငွေဒင်္ဂါးအိတ်ကြီး ညအိပ်ခဲ့တဲ့ ဇရပ်ပေါ်မှာ ကျန်နေခဲ့တယ်။ ဒါ့ကြောင့် နောက်လှည့်ပြန် ကြရမယ်”ဟု ပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမား ငါးယောက်လုံး တစ်ယောက်မှ တအံ့တသြ တထိတ်တလန့် ဖြစ်မသွားကြ။

သွားယူပေးမည့် အမူအရာလည်း မပြကြသဖြင့် ဘဆေဆ်လာလ်ဂျီ မနေနိုင်တော့ –“ကဲ. . . မြန်မြန်သွားယူဘို့ ပြင်ကြလေ။

ဘာလို့ အေးတိ အေးစက် ဖြစ်နေကြ တာတုန်း”ဟု ပြောလိုက်သော အခါတွင်မှအသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက –

“မိတ်ဆွေကြီး ဘာမှစိတ်မပူပါနဲ့။ ကိုယ့်ခရီးကိုသာ ပြီးဆုံးအောင် ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကိုဝင်ယူပါ။ မိတ်ဆွေကြီးငွေအိတ် ဘယ်မှ ထွက်မပြေး ပါဘူး။ဘယ်သူမှလည်း မယူပါဘူး။”ဟု ပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီ တစ်ယောက် ဒေါသထွက်သွားသည်။

“လွယ်ရင် သူကြွယ်တောင်မနေဘူး” ဟူသော စကားရှိနေရာ အဆင်သင့် တွေ့ရသော ငွေဒင်္ဂါးအိတ်ကြီးကို ဘယ်လို လူသည် မယူဘဲ နေနိုင်ပါအံ့နည်း။

ဘယ်သူမှ မယူဘူး ဟု တာဝန်ခံနိုင် လောက်အောင် သူတို့ မြန်မာလူမျိုးတွေက ဘယ်လောက်များစာရိတ္တ ကောင်းနေကြလို့ နည်းဟု တွေးနေမိသည်။

ထိုအတွေးနှင့်အတူ –

“အေးလေ . .. ငါတို့ ထွက်လာကြတာလဲ ခြောက်နာရီ ကျော်သွားပြီးဆိုတော့ ဒီငွေအိတ်ကြီးကို ခရီးသွား တစ်ယောက်ယောက်ကရပြီး ယူသွားရောပေါ့။ငါသွားနေလည်း ပင်ပန်းတာ အဖတ်တင်မှာပ”ဲဟု စိတ်ပျက်စွာနှင့် ဆက်ကာ တွေးပြီး ရှေ့မှာရှိသည့် မြို့စျေးများသို့သာ ဆက်သွားလိုက် ကြသည်။

ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီ ထားခဲ့သော ငွေဒင်္ဂါးကြီမှာ ခေါင်းအုံးပြီး အိပ်ခဲ့စဉ်က အတိုင်းပင် လက်ရာမပျက် ပြန်တွေ့ရသည်။ ရေတွက်ကြည့်သော အခါတွင်လည်း တစ်ပြားတစ်ချပ်မျှ မလျော့။

ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီက ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး ဖြစ်လာမည့် ဦးဂိုအင်ကာ အလောင်းအလျာ သူ့မြေးလေး ကို“ငါ့မြေးရေ၊ အဘိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တစ်ခုပဲ ရှိတယ်။”

နောက်တစ်ခုက မန္တလေး ရတနာပုံ စျေးချိုတော်ကြီး လမ်းအလယ်မှာ အမျိုးသမီး တစ်ယောက် အဖိုးတန် စိန်နားကပ်တစ်ဖက် ပြုတ်ကျ ကျန်နေ ခဲ့တယ်။ စျေးလယ်ဆိုတော့ စျေးရောင်းသည်၊ စျေးဝယ်သည် တစ်ယောက်မှ တစ်ယောက်တော့ တွေ့မှာပဲ။ သို့သော် တစ်ယောက်မှ ယကောက်မယူကြဘူး။

အလွယ်တကူ တွေ့ရတဲ့ အဖိုးတန် ပစ္စည်းကိုတောင် ကောက်မယူတဲ့ မြန်မာ လူမျိုးတွေဟာ သူတစ်ပါးအိမ်ကပစ္စည်း မသိအောင်ယူဖို့ ဆိုတာကတော့ ပိုပြီး ဝေးသေးတာပေါ့။

ဒါနဲ့ စျေးချိုသာ ပိတ်သွားတယ် စိန်နားကပ်ကြီးကတော့လမ်းပေါ်မှာ ဒီအတိုင်းပါပဲ။နောက်တစ်နေ့မနက် စျေးချိုဖွင့်ခါနီးမှာ အလုပ်သမလေး တစ်ယောက် စိန်နား ကပ်ကြီးကို တွေ့သွားတယ်။

“ဥစ္စာဆင်းရဲသော်လည်း စာရိတ္တ မဆင်းရဲတဲ့ သူတွေကို မြင်ဖူးချင်ရင်” မြန်မာပြည်ကို လာခဲ့ပါလို့ ပြောရတော့မှာပဲ။

အလုပ် သမလေးဟာ စိိန်နားကပ်ကို ကောက်ယူ လိုက်တယ်။ ယူဖို့မဟုတ်ဘူး။ စိန်နားကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေ လှဲပစ်ဖို့အတွက်ပါ။

လှဲကျင်းပြီး တဲ့အခါ တွေ့တဲ့နေရာမှာပဲ အတိအကျ ပြန်ထားလိုက်တယ်။ ပိုင်ရှင်က သူကျ ပျောက်တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့ စေတနာပေါ့။

နောက်ဆုံး စျေးရုံးတာဝန်ခံ ကိုယ်တိုင်မြို့ထဲ “မောင်းထု ပိုင်ရှင်ရှာပြီး ပေးလိုက်ရတယ်” ဟု ပြောခဲ့ဖူးသည်။

ကဲ စဉ်းစားကြည့်ကြ ပေတော့။ အရင်တုန်းက မြန်မာနိုင်ငံနှင့် ယခုမြန်မာနိုင်ငံ ဘယ်လောက် ကွာခြားသွားပြီလဲ။ ဒါကို ကြည့်ပြီး စိတ်မပျက်ကြပါနဲ့။

“ပျက်အစဉ် ပြင်ခဏ” ဆိုသလို မိမိကိုယ် ကိုသာ ငါးပါးသီလ လုံခြုံအောင် (စာရိတ္တပိုင်းသာ) တာဝန်ယူပါက မြန်မာနိုင်ငံမှ မဟုတ် တစ်ကမ္ဘာလုံး ဘယ်လောက် ငြိမ်းချမ်းမလဲ။

မေတ္တာရှင်(ရွှေပြည်သာ)

Comments