

Credit-Momolay
=======
ဖြိုးမြတ်အောင်အကြောင်း ဘေးကနေကြည့်မနေနိုင်တော့တဲ့ ပရိသတ်တစ်ဦးက ပြောပြပါပြီ…
Myanmar Idol Final ပွဲကို တက်ရောက်ခွင့်ရရှိလာခဲ့တဲ့ဖြိုးမြတ်အောင်အတွက် ဘေးကနေကြည့်မနေနိုင်တော့တဲ့ ပရိသတ်တစ်ဦးက ပြောပြပါပြီ ” ကျန်းမာရေးမကောင်းတာက နှစ်ယောက်စလုံးပါ။ ဖြိုးမြတ်အောင်က အသံဝင်နေပါတယ်။
အဂါင်္နေ့ကတည်းကဖျားနေတာ နည်းနည်းသက်သာလာရုံပါ။ သီချင်းမတိုက်ရမှာစိုးလို့ပေကပ်နေတာပါ။ ” ဆိုပြီးဖြိုးမြတ်အောင်ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။
” တိုက်ခိုက်ခံရတာနှစ်ယောက်စလုံးပါ။ ဖြိုးမြတ်အောင်က ပိုခံရပါတယ်။ နေရပ်ဒေသကိုတိုက်ခိုက်ခြင်း ကိုယ်ခန္ဓာကိုလှောင်ပြောင်တိုက်ခိုက်ခြင်း ပညာအရည်အချင်းကိုနှိမ်ချတိုက်ခိုက်ခြင်း လူမှုရေးကိစ္စများပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေပိုခံရပါတယ်။ ပြိုင်ပွဲဆိုတာ စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါဝင်ယှဉ်ပြိုင်ရကြောင်း သူ့ကိုအထပ်ထပ်သင်ကြားခဲ့ပါတယ်။” ဆိုပြီးလည်း ပြောပြထားတာပဲဖြစ်ပါတယ်။
မနေ့ညက ဖြိုးမြတ်အောင်(idol အဖွဲ့ပါဝင်)က ချမ်းမြေ့မောင်ချိုကို သွားရောက်အားပေးပုံလေးဖော်ပြလိုက်ပါတယ်။ အမုန်းတရားကင်းစွာ ဆက်လက်ဝန်းရံပါစို့ ပရိသတ်ကြီးများရေ
နေမကောင်းတဲ့ စိတ်ကိုဖျောက်ပြီး ချမ်းမြေ့မောင်ချိုကို အပြုံးမပျက် သွားရောက်အားပေးခဲ့တဲ့ ဖြိုးမြတ်အောင်
နေမကောင်းပေမယ့် အခြေအနေအမျိုးမျိုးကြောင့် သက်သာလာအောင် နေခဲ့ရတဲ့ဖြိုးမြတ်အောင်ကို ကျန်ရှိနေသေးတဲ့ Final ပွဲကြီးမှာ ဘယ်လိုသီဆိုယုဉ်ပြိုင်ဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။ ဖတ်ရှုပေးကြပါသော ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit-Momolay

Comments