ပြဲဆူေနတဲ့ ျမန္မာအိုင္ေဒါ… ၿပိဳင္ပြဲႏွစ္ေယာက္စလံုးရဲ႕ အေပၚကို ခြန္းဆင့္ေနျခည္ သံုးသပ္ျပလိုက္တဲ့ အခ်က္ေလးေတြ


ျဖိဳးျမတ္ေအာင္ နဲ႔ ခ်မ္းေျမ႕ေမာင္ခ်ိဳ ႏွစ္ေယာက္လံုးကို ႏွုိင္းယွဥ္သံုးသပ္ျပလိုက္တဲ့ ခြန္းဆင့္ေနျခည္
သရုပ္ေဆာင္ ခြန္းဆင့္ေနျခည္ကေတာ့ ျမန္မာအိုင္ေဒါကို အပတ္တုိင္းၾကည့္ရွုျပီးအားေပးေနသူတစ္ေယာက္ပါ။
ျပိဳင္ဆိုင္မွုေတြျပင္းထန္ေနတဲ့ ျမန္မာအုိင္ေဒါျပိဳင္ပြဲမွာလည္း သူမက ျပိဳင္ပြဲဝင္ (၂) ေယာက္လံုးအေပၚအျမင္ကို ခုလိုသံုးသပ္ထားတာကိုေတြ႕ရပါတယ္။ အမွားအယြင္းေလးေတြရွိေနတဲ့ ခ်မ္းေျမ႕ေမာင္ခ်ဳိကိုလည္း ရွမ္းမေလးလို႔ တင္စားေခၚေဝၚလိုက္တာေတြ႕ရပါတယ္။
“လူတိုင္းမွာကိုယ္ပိုင္အေတြးအေခၚနဲ႔စဥ္းစားဉာဏ္အျပည့္ရွိၾကတယ္ ပါးစပ္ကထုတ္မေျပာေပမဲ့ အရာရာမွာ အဆိုးအေကာင္းကိုအလိုလိုနားလည္ၾကတယ္ ဒီေတာ့ အမ်ိဳးသမီးေလးကတစ္ကယ္ဆို အစပိုင္းတုန္းကအားေကာင္းတယ္လို႔ထင္ခဲ့ရေပမဲ့ ရွမ္းမေလးျဖစ္ေနတယ္ကြယ္
စကားေလးကလည္း အေျပာမတတ္ေလေတာ့ ပရိသတ္ေတြကစိတ္ကသိကေအာက္ျဖစ္ခဲ့ၾကရတယ္ကြယ္ ဒါေပမဲ့ခ်စ္စရာ႐ူပါေလးေၾကာင့္ ပရိသတ္ေတြက ဆက္လက္အားေပးခဲ့ၾကလို႔ အားနည္းခ်က္ေပါင္းမ်ားစြာ အမွားေပါင္းမ်ားစြာထဲကေန အားလံုးကိုေက်ာ္ျဖတ္ၿပီး Final ထိေရာက္ခဲ့ပါၿပီကြယ္
အမ်ိဳးသားေလးကေတာ့ ႐ူပါအားေလးမဆိုစေလာက္နည္းေပမဲ့သူ႔မွာ Power တစ္ခုရွိေနတာ ျမင္ရတယ္ကြယ္ သီဆိုမႈတိုင္းကိုအမွားမရွိသေလာက္အေကာင္းဆံုးသီဆိုႏိုင္ခဲ့တယ္လို႔လက္ခံထားတယ္ကြယ္ သီခ်င္းစာသားအဆံုးသတ္ေလးေတြကိုလည္းႏိုင္ႏိုင္နင္းနင္းနဲ႔ လွပစြာအတက္အက် control လုပ္ႏိုင္ခဲ့တာျမင္ရတယ္
Key လည္းမေၾကာင္ဘူးကြယ္ စာသားေတြကိုလည္း နားေထာင္သူအားလံုး ပီပီျပင္ျပင္ၾကားရေအာင္သီဆိုေပးႏိုင္ခဲ့တယ္ကြယ္ ဒီေတာ့ လာမဲ့အပတ္ Final မွာ အမ်ိဳးသားေလးကအေကာင္းဆံုးထပ္မံသီဆိုႏိုင္ခဲ့တယ္ဆိုရင္ေတာ့ သူ Winner ျဖစ္ထိုက္ပါတယ္ကြယ္
အမ်ိဳးသမီးေလးကလည္း Final ထိ တတ္လာႏိုင္ခဲ့သူျဖစ္လို႔ ေခသူေတာ့မဟုတ္ပါဘူူး သို႔ေပမဲ့သူကိုယ္တိုင္လည္း သူ႔အားနည္းခ်က္ေလးေတြသူသိထားၿပီးျဖစ္လို႔ အင္တာဗ်ဴးတစ္ခုမွာလည္း႐ိုးသားစြာေျဖထားတာကိုေတြ႕ထားခဲ့ပါတယ္
ဒီေတာ့ Final ကိုေစာင့္ၾကည့္ရင္း စစ္မွန္တဲ့ရလဒ္တစ္ခုကို ပရိသတ္ေတြကဘက္မလိုက္ဘဲ Winner အစစ္ျဖစ္ထိုက္သူကိုဆြဲထုတ္ေပးၾကေတာ့မွာပါ ကဲ ေစာင့္ၾကည့္ေနမယ္ေနာ္ဆိုျပီး သူမရဲ႕ လူမွုကြန္ယက္စာမ်က္ႏွာထက္ကတဆင့္ ျမန္မာအိုင္ေဒါျပိဳင္ပြဲဝင္ေတြအေပၚ သူမရဲ႕ သံုးသပ္ခ်က္အျမင္ေလးကို ရွင္းရွင္းလင္းလင္း ေရးသားထားပါတယ္။
Source-Khunn Sint Nay Chi Facebook & We Love Cele
=============
ဖြိုးမြတ်အောင် နဲ့ ချမ်းမြေ့မောင်ချို နှစ်ယောက်လုံးကို နှိုင်းယှဉ်သုံးသပ်ပြလိုက်တဲ့ ခွန်းဆင့်နေခြည်
သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ မြန်မာအိုင်ဒေါကို အပတ်တိုင်းကြည့်ရှုပြီးအားပေးနေသူတစ်ယောက်ပါ။
ပြိုင်ဆိုင်မှုတွေပြင်းထန်နေတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာလည်း သူမက ပြိုင်ပွဲဝင် (၂) ယောက်လုံးအပေါ်အမြင်ကို ခုလိုသုံးသပ်ထားတာကိုတွေ့ရပါတယ်။ အမှားအယွင်းလေးတွေရှိနေတဲ့ ချမ်းမြေ့မောင်ချိုကိုလည်း ရှမ်းမလေးလို့ တင်စားခေါ်ဝေါ်လိုက်တာတွေ့ရပါတယ်။
“လူတိုင်းမှာကိုယ်ပိုင်အတွေးအခေါ်နဲ့စဉ်းစားဉာဏ်အပြည့်ရှိကြတယ် ပါးစပ်ကထုတ်မပြောပေမဲ့ အရာရာမှာ အဆိုးအကောင်းကိုအလိုလိုနားလည်ကြတယ် ဒီတော့ အမျိုးသမီးလေးကတစ်ကယ်ဆို အစပိုင်းတုန်းကအားကောင်းတယ်လို့ထင်ခဲ့ရပေမဲ့ ရှမ်းမလေးဖြစ်နေတယ်ကွယ်
စကားလေးကလည်း အပြောမတတ်လေတော့ ပရိသတ်တွေကစိတ်ကသိကအောက်ဖြစ်ခဲ့ကြရတယ်ကွယ် ဒါပေမဲ့ချစ်စရာရူပါလေးကြောင့် ပရိသတ်တွေက ဆက်လက်အားပေးခဲ့ကြလို့ အားနည်းချက်ပေါင်းများစွာ အမှားပေါင်းများစွာထဲကနေ အားလုံးကိုကျော်ဖြတ်ပြီး Final ထိရောက်ခဲ့ပါပြီကွယ်
အမျိုးသားလေးကတော့ ရူပါအားလေးမဆိုစလောက်နည်းပေမဲ့သူ့မှာ Power တစ်ခုရှိနေတာ မြင်ရတယ်ကွယ် သီဆိုမှုတိုင်းကိုအမှားမရှိသလောက်အကောင်းဆုံးသီဆိုနိုင်ခဲ့တယ်လို့လက်ခံထားတယ်ကွယ် သီချင်းစာသားအဆုံးသတ်လေးတွေကိုလည်းနိုင်နိုင်နင်းနင်းနဲ့ လှပစွာအတက်အကျ control လုပ်နိုင်ခဲ့တာမြင်ရတယ်
Key လည်းမကြောင်ဘူးကွယ် စာသားတွေကိုလည်း နားထောင်သူအားလုံး ပီပီပြင်ပြင်ကြားရအောင်သီဆိုပေးနိုင်ခဲ့တယ်ကွယ် ဒီတော့ လာမဲ့အပတ် Final မှာ အမျိုးသားလေးကအကောင်းဆုံးထပ်မံသီဆိုနိုင်ခဲ့တယ်ဆိုရင်တော့ သူ Winner ဖြစ်ထိုက်ပါတယ်ကွယ်
အမျိုးသမီးလေးကလည်း Final ထိ တတ်လာနိုင်ခဲ့သူဖြစ်လို့ ခေသူတော့မဟုတ်ပါဘူူး သို့ပေမဲ့သူကိုယ်တိုင်လည်း သူ့အားနည်းချက်လေးတွေသူသိထားပြီးဖြစ်လို့ အင်တာဗျူးတစ်ခုမှာလည်းရိုးသားစွာဖြေထားတာကိုတွေ့ထားခဲ့ပါတယ်
ဒီတော့ Final ကိုစောင့်ကြည့်ရင်း စစ်မှန်တဲ့ရလဒ်တစ်ခုကို ပရိသတ်တွေကဘက်မလိုက်ဘဲ Winner အစစ်ဖြစ်ထိုက်သူကိုဆွဲထုတ်ပေးကြတော့မှာပါ ကဲ စောင့်ကြည့်နေမယ်နော်ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကတဆင့် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေအပေါ် သူမရဲ့ သုံးသပ်ချက်အမြင်လေးကို ရှင်းရှင်းလင်းလင်း ရေးသားထားပါတယ်။
Source-Khunn Sint Nay Chi Facebook & We Love Cele

Comments