ၿခံဳေစာင္ ၂ ထည္ကို အေၾကြး၀ယ္မိရာမွာ အတိုးတက္ၿပီး အိမ္အသိမ္းခံရတဲ့ အဖြားရဲ႕ျဖစ္ရပ္



ေမေမရယ္သားမ်က္ရည္ေတာင္က်မိတာတကယ္ပါ

ဆင္းရဲသားနင္းျပားေတြ ဥပေဒအကာအကြယ္မဲ့ေန၊ ျခံဳေစာင္ ၂ ထည္ကို ေငြက်ပ္ ၂ ေသာင္းျဖင့္ အေၾကြး၀ယ္မိရာမွာ တိုးရင္းေပါင္းမစပ္ႏိုင္ဘဲ ေနအိမ္သိမ္းယူခံရသည့္ ရင္ႏွင့္ဖြယ္ရာျဖစ္ရပ္

ေဒၚအမာၾကည္အမည္ရိွ အသက္ (၇၀) ေက်ာ္ အရြယ္ အဘြားအိုတဦး၏ ေနအိမ္နွင့္ၿခံကို အေၾကြးျဖင့္သိမ္းယူသည့္ျဖစ္ရပ္တခု ပဲခူးတိုင္းေဒသႀကီး သာယာ၀တီခ႐ိုင္၊ ၾကိဳ႕ပင္ေကာက္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည္။



ျဖစ္စဥ္မွာ လြန္ခဲ့ေသာ ၂၀၁၂ ခုနွစ္ ဒီဇင္ဘာလခန္႔တြင္ ေဒၚအမာၾကည္၏ သမီးျဖစ္သူ မတ႐ုတ္မက ေဒၚအိအိခိုင္ဆို သူထံမွ တထည္လွ်င္ တေသာင္းက်ပ္ႏႈန္းျဖင့္ ေစာင္နွစ္ထည္ကို အေၾကြး၀ယ္ယူခဲ့သည္။ 

၎အေၾကြးသည္ အတိုးေပၚအတိုးထပ္ကာ ျပန္မဆပ္ႏိုင္ဘဲ ၂၀၁၃ ခုနွစ္တြင္ တရားမမႈအဆင့္သို႔ ေရာက္ရိွခဲ့သည္။

အတိုးႏႈန္းကို မည္သည့္ႏႈန္းထားျဖင့္ တြက္ယူသည္ကို မသိရိွရေသာ္လည္း တရားလိုျဖစ္သူ ေဒၚအိအိခိုင္က ေငြက်ပ္ ၁၀ သိန္းေပးမွ ေက်ေအးေပးနိုင္ မည္ဟုဆိုကာ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ တရား႐ံုးတြင္ ဥပေဒအမွတ္ ၃၄/၂၀၁၃ ျဖင့္ တရားစဲြဆိုခဲ့သည္။ 

အဘြား ေဒၚအမာၾကည္ဘက္မွ ခံျပင္းေနၾကသည့္ေဒသခံမ်ားက စုေပါင္း၍ ေငြက်ပ္ ၅ သိန္းတိတိ ဆပ္ပါမည္ဟု ကမ္းလွမ္းသည္ကိုလည္း လက္မခံဘဲ ေငြက်ပ္ ၁၀ သိန္းရမွ ေက်နပ္ ႏိုင္မည္ဟုဆိုသျဖင့္ ပရဟိတအဖဲြ႕အစည္းမ်ားက စုေပါင္း၍ ေငြက်ပ္ ၁၀ သိန္းေပးရန္ ႀကိဳးစားခဲ့ျပန္ေသာ္လည္း ေဒၚအိအိခိုင္က လက္မခံေတာ့ဘဲ အဘြားေဒၚအမာၾကည္၏ ေနအိမ္ႏွင့္ ၿခံကိုသာ အပိုင္ရယူရန္ အမႈကို ႐ုပ္သိမ္းမေပးခဲ့ေခ်။

ေစာင္၀ယ္ယူခဲ့သည့္ ၂၀၁၂ ဒီဇင္ဘာနွင့္ ၂၀၁၃ ခုႏွစ္အၾကား တခုေသာေန႔တြင္ ေဒၚအိအိခိုင္က မိမိအား စာရြက္အလြတ္တရြက္ေပၚတြင္ လက္မွတ္ထိုးခိုင္းၿပီး လက္ေဗြလည္းႏိွပ္ယူခဲ့ေၾကာင္း၊ သမီးျဖစ္သူ မတ႐ုတ္မမွာလည္း အမႈစတင္ျဖစ္ပြားၿပီး မၾကာမီ ၂၀၁၃ ခုနွစ္တြင္ပင္ ကြယ္လြန္၍ သားသမီးသံုးဦး က်န္ခဲ့ေၾကာင္း အဘြားေဒၚအမာၾကည္က ေျပာသည္။

”ေစာင္၀ယ္ရင္းကေန အေမ့ကိုလာၿပီး လက္မွတ္ထိုးခိုင္းတယ္။ မေရးရေသးတဲ့စာရြက္အလြတ္မွာ။ လက္ေဗြနိွပ္ ခိုင္းတယ္။ အဲဒီတုန္းက အေမ့သမီးက ပိုက္ဆံႏွစ္ေသာင္းသြားဆပ္ေသးတယ္။ အဲဒါကို သူတို႔က လက္မခံဘူး။ အေမ့သမီးကို ျပန္ေပးတယ္။ အေမ့ကို အဲဒီအခိ်န္ကစၿပီး တရားစဲြေတာ့တာပဲ။ ႐ံုးတိုင္ခံရတာပဲ။ 

အေမ့ သမီးက အေမ မဟုတ္ပါဘူး။ ကြ်န္မလုပ္တာပါလို႔ ေျပာေသးတယ္။ အဲဒါ ကို သူ႔ရဲ႕ေရွ႕ေနမက နင့္အေမဒုကၡေရာက္ မွာစိုးလို႔လားဆိုၿပီး ေျပာတယ္။ ေနာက္ေတာ့ အခုခိ်န္မွာ ေလလံပစ္တဲ့ထိေရာက္ေတာ့တာပဲ”ဟု အိမ္အသိမ္းခံရသူ အသက္ (၇၀)ေက်ာ္ ေဒၚအမာၾကည္က ေျပာသည္။

အဆိုပါ အမႈကို ဥပေဒရႈေထာင့္အရ အမႈစဲြစဥ္က ေဒၚအမာၾကည္မွ အဆိုပါ အက်ယ္ ေပ ၂၀ x ၆၀ (ခန္႔မွန္း)ရိွ ေနအိမ္နွင့္ ၿခံကို ေငြက်ပ္ ၅ သိန္းနွင့္ ေရာင္းခ်ေၾကာင္း အေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး စာခ်ဳပ္ပါကတိေဖာက္ဖ်က္မႈျဖင့္ တရားစဲြဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါအမႈကို ဇူလိုင္ ၂၃ ရက္တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တရား႐ံုးက အမိန္႔ခ်ရာ တရားလိုကို အႏိုင္ေပးခဲ့ေၾကာင္း၊ ဆက္လက္ၿပီး ေဒၚအမာၾကည္ႏွင့္ မိသားစုအား ေနအိမ္မွဖယ္ရွားေပးရန္ အပ္၀ရမ္း ကပ္ခဲ့ေၾကာင္း၊ 

ယင္းေနအိမ္နွင့္ၿခံမွာ ေဒၚအမာၾကည္နွင့္ ေမာင္ေတာ္စပ္သူတို႔၏ အေမြဆိုင္အိမ္ျဖစ္သျဖင့္ တရား႐ံုးသို႔စာတင္ခဲ့သျဖင့္ – အပ္၀ရမ္းရက္ကို ေရႊ႕ဆိုင္းခဲ့ေၾကာင္း၊ ထိုစဥ္က အမိန္႔ခ်သည့္ တရားသူႀကီးမွာ ဒုၿမိဳ႕နယ္တရားသူၾကီး ဦးႏိုင္ႏိုင္ျဖစ္ေၾကာင္း အဆိုပါ တရား႐ံုးမွ သိရသည္။

ယင္းအေျခအေနတြင္ အၿပီးသတ္ ဆံုးျဖတ္ခ်က္ကို ၾသဂုတ္လ ပထမပတ္အတြင္း အၿပီးသတ္အမိန္႔ခ်မွတ္မည္ဟု ၾကားသိရသျဖင့္ မခံမရပ္နိုင္သည့္ ေဒသခံမ်ားက ၾသဂုတ္ ၁ ရက္ နံနက္ ၉ နာရီ အခိ်န္တြင္ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

လူသားခ်င္းစာနာေထာက္ထားမႈအတြက္ အမွန္တရားေဖာ္ထုတ္ေရးဆို သည့္ ဗီနိုင္းဆိုင္းဘုတ္ကို ကိုင္ေဆာင္ကာ တရားဥပေဒစိုးမိုးေရး ဒို႔အေရး၊ ေငြမ်ား တရားနိုင္မႈ ပေပ်ာက္ေရး ဒို႔အေရး၊ အသက္(၇၀)ေက်ာ္ အဘြားၾကီးအား စာရြက္ျဖဴေပၚလက္ေဗြနိွပ္ခိုင္းၿပီး တရားစဲြမႈ အမွန္တရား ေဖာ္ထုတ္ေရး ဒို႔အေရး၊

ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ တရား႐ံုးမွ အမွန္တရားေပၚေပါက္ေအာင္ ျပန္လည္စိစစ္ေပးေရး ဒို႔အေရး၊ ေငြနွစ္ေသာင္းေခ်းယူရာမွ အိမ္ႏွင့္ၿခံသိမ္းယူမႈ မတရားမႈအား ျပန္လည္ေဖာ္ထုတ္ေပးေရး ဒို႔အေရး စသည့္ေၾကြးေၾကာ္သံမ်ားျဖင့္ အဘြားေဒၚအမာၾကည္၏ေနအိမ္တည္ရိွရာ....

ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ သဲကုန္းရပ္၊ ေအာင္ခ်မ္းသာလမ္းမွစတင္ၿပီး ၀ိပႆနာလမ္း၊ အေရွ႕ၿမိဳ႕မလမ္း၊ အေရွ႕လမ္းမေတာ္လမ္း၊ ရန္ကုန္-ျပည္လမ္းမွတဆင့္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ တရား႐ံုးရိွရာ အေနာက္ေတာင္ရပ္ကြက္ မင္းရဲေက်ာ္စြာလမ္းရိွ တရား႐ံုးေရွ႕ထိ ခီ်တက္ဆႏၵျပခဲ့ၾကသည္။

”အခုျဖစ္တာက ကြ်န္မတို႔ရပ္ကြက္မွာေနတဲ့ အသက္(၇၀)ေက်ာ္၊ အႏိွပ္သည္ စာမတတ္တဲ့ အဘြားႀကီးကို ေစာင္ႏွစ္ထည္အတြက္ ေငြနွစ္ေသာင္းေခ်းယူရာကေန စၿပီးေတာ့ အခုအိမ္နဲ႔ၿခံသိမ္းယူေတာ့မယ့္ အေျခအေနထိျဖစ္ေနတာေၾကာင့္ ကြ်န္မတို႔ ျပည္သူေတြအေနနဲ႔ ဒါမတရားမႈလို႔ထင္တဲ့အတြက္ေၾကာင့္ ကြ်န္မတို႔ ဒီေန႔ဆႏၵေဖာ္ထုတ္ရတာ ျဖစ္ပါတယ္။ 

ဒီစာမတတ္တဲ့အဘြားႀကီးကို စာရြက္ျဖဴေျပာင္ ေပၚမွာလက္ေဗြနိွပ္ခိုင္းၿပီးေတာ့ တရား႐ံုးေတာ္ထိ စဲြဆိုခဲ့တယ္။ ဒီစဲြဆိုခဲ့တဲ့ စာရြက္စာတန္းကိုလည္း ႐ံုးေတာ္ကေနၿပီးေတာ့ တိက်မွန္ကန္မႈ ရိွ၊ မရိွ ေသခ်ာမစစ္ေဆးခဲ့ဘဲနဲ႔ ဒီစဲြဆိုတဲ့ဟာကို လက္ခံခဲ့တဲ့အတြက္ ေၾကာင့္ အခုလိုအေျခအေနထိ ျဖစ္သြားရတယ္ေပါ့။ 

အဲဒါေၾကာင့္ နိုင္ငံေတာ္မွာေျပာမယ္ဆို အခြန္မေဆာင္ဘဲနဲ႔ ေငြတိုးႀကီးႀကီးနဲ႔ ေခ်းစားတဲ့လူေတြနဲ႔ အက်င့္ပ်က္၀န္ထမ္းေတြရိွလို႔ ကြ်န္မတို႔ ဆင္းရဲသားျပည္သူေတြမွာ ဒီလိုဒုကၡေတြနဲ႔ ႀကံဳေတြ႕ေနရတယ္ဆိုတာကို ႏိုင္ငံေတာ္သမၼတႀကီးနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ အေမေဒၚေအာင္ဆန္းစုၾကည္တို႔သိေအာင္လို႔ ႀကိဳ႕ပင္ေကာက္ ျပည္သူေတြကိုယ္စား ဒီေနရာကေန ဆႏၵထုတ္ေဖာ္ရျခင္း ျဖစ္ပါတယ္” ဟု ဆႏၵထုတ္ေဖာ္ရာတြင္ ပါ၀င္သူတဦးက ေျပာသည္။

အဆိုပါ အေၾကာင္းအရာႏွင့္ပတ္သက္၍ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ တရား႐ံုးမွ ၿမိဳ႕နယ္ တရားသူႀကီးဦးႏိုင္၀င္းစိုးက ”ဆႏၵျပတဲ့အေပၚမွာေတာ့ ကြ်န္ေတာ္တို႔က အေထြအထူးေတာ့ ေျပာစရာမရိွပါဘူး။ ဥပေဒအရ သူတို႔အခြင့္အေရးရိွတဲ့အတြက္ေၾကာင့္ သူတို႔အခြင့္အေရးအရ သူတို႔လုပ္တဲ့အတြက္ေၾကာင့္ ကြ်န္ေတာ္တို႔က ေျပာစရာေတာ့မရိွဘူး။ 

ဒါသူတို႔ရဲ႕ဆႏၵကို ထုတ္ေဖာ္ေပးတဲ့အတြက္ ကြ်န္ေတာ္တို႔ကလည္း ဒီအေပၚမွာ နားေထာင္ေပးမယ္ေပါ့”ဟု ေျပာသည္။

အဆိုပါအမႈတြင္ တရားလိုဘက္က ေလွ်ာက္တင္သည္မွာ ေဒၚအမာၾကည္တို႔မွ ေရာင္းမည္ဟုဆိုကာ ေငြက်ပ္ငါးသိန္းျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း ေဖာ္ျပထားၿပီး တရားခံဘက္မွတင္ျပသည္မွာ ေနအိမ္ကိုေရာင္းခ်ျခင္း မဟုတ္ေၾကာင္း၊ အေၾကြးမွာ အတိုးနဲ႔အရင္းေပါင္းမွ ေငြက်ပ္ငါးေသာင္းသာျဖစ္ေၾကာင္း၊ ေနအိမ္၌ သမီးမရိွသည့္အတြက္ လက္ေဗြနိွပ္ေပးခဲ့ရျခင္းျဖစ္ေၾကာင္း ပါရိွသည္။

ကိုေလး(ျပည္)

news watch

=============

မေမေရယ်သားမျက်ရည်တောင်ကျမိတာတကယ်ပါ

ဆင်းရဲသားနင်းပြားတွေ ဥပဒေအကာအကွယ်မဲ့နေ၊ ခြုံစောင် ၂ ထည်ကို ငွေကျပ် ၂ သောင်းဖြင့် အကြွေးဝယ်မိရာမှာ တိုးရင်းပေါင်းမစပ်နိုင်ဘဲ နေအိမ်သိမ်းယူခံရသည့် ရင်နှင့်ဖွယ်ရာဖြစ်ရပ်

ဒေါ်အမာကြည်အမည်ရှိ အသက် (၇၀) ကျော် အရွယ် အဘွားအိုတဦး၏ နေအိမ်နှင့်ခြံကို အကြွေးဖြင့်သိမ်းယူသည့်ဖြစ်ရပ်တခု ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလခန့်တွင် ဒေါ်အမာကြည်၏ သမီးဖြစ်သူ မတရုတ်မက ဒေါ်အိအိခိုင်ဆို သူထံမှ တထည်လျှင် တသောင်းကျပ်နှုန်းဖြင့် စောင်နှစ်ထည်ကို အကြွေးဝယ်ယူခဲ့သည်။ 

၎င်းအကြွေးသည် အတိုးပေါ်အတိုးထပ်ကာ ပြန်မဆပ်နိုင်ဘဲ ၂၀၁၃ ခုနှစ်တွင် တရားမမှုအဆင့်သို့ ရောက်ရှိခဲ့သည်။

အတိုးနှုန်းကို မည်သည့်နှုန်းထားဖြင့် တွက်ယူသည်ကို မသိရှိရသော်လည်း တရားလိုဖြစ်သူ ဒေါ်အိအိခိုင်က ငွေကျပ် ၁၀ သိန်းပေးမှ ကျေအေးပေးနိုင် မည်ဟုဆိုကာ ကြို့ပင်ကောက်မြို့နယ် တရားရုံးတွင် ဥပဒေအမှတ် ၃၄/၂၀၁၃ ဖြင့် တရားစွဲဆိုခဲ့သည်။ 

အဘွား ဒေါ်အမာကြည်ဘက်မှ ခံပြင်းနေကြသည့်ဒေသခံများက စုပေါင်း၍ ငွေကျပ် ၅ သိန်းတိတိ ဆပ်ပါမည်ဟု ကမ်းလှမ်းသည်ကိုလည်း လက်မခံဘဲ ငွေကျပ် ၁၀ သိန်းရမှ ကျေနပ် နိုင်မည်ဟုဆိုသဖြင့် ပရဟိတအဖွဲ့အစည်းများက စုပေါင်း၍ ငွေကျပ် ၁၀ သိန်းပေးရန် ကြိုးစားခဲ့ပြန်သော်လည်း ဒေါ်အိအိခိုင်က လက်မခံတော့ဘဲ အဘွားဒေါ်အမာကြည်၏ နေအိမ်နှင့် ခြံကိုသာ အပိုင်ရယူရန် အမှုကို ရုပ်သိမ်းမပေးခဲ့ချေ။

စောင်ဝယ်ယူခဲ့သည့် ၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ခုနှစ်အကြား တခုသောနေ့တွင် ဒေါ်အိအိခိုင်က မိမိအား စာရွက်အလွတ်တရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်းပြီး လက်ဗွေလည်းနှိပ်ယူခဲ့ကြောင်း၊ သမီးဖြစ်သူ မတရုတ်မမှာလည်း အမှုစတင်ဖြစ်ပွားပြီး မကြာမီ ၂၀၁၃ ခုနှစ်တွင်ပင် ကွယ်လွန်၍ သားသမီးသုံးဦး ကျန်ခဲ့ကြောင်း အဘွားဒေါ်အမာကြည်က ပြောသည်။

”စောင်ဝယ်ရင်းကနေ အမေ့ကိုလာပြီး လက်မှတ်ထိုးခိုင်းတယ်။ မရေးရသေးတဲ့စာရွက်အလွတ်မှာ။ လက်ဗွေနှိပ် ခိုင်းတယ်။ အဲဒီတုန်းက အမေ့သမီးက ပိုက်ဆံနှစ်သောင်းသွားဆပ်သေးတယ်။ အဲဒါကို သူတို့က လက်မခံဘူး။ အမေ့သမီးကို ပြန်ပေးတယ်။ အမေ့ကို အဲဒီအချိန်ကစပြီး တရားစွဲတော့တာပဲ။ ရုံးတိုင်ခံရတာပဲ။ 

အမေ့ သမီးက အမေ မဟုတ်ပါဘူး။ ကျွန်မလုပ်တာပါလို့ ပြောသေးတယ်။ အဲဒါ ကို သူ့ရဲ့ရှေ့နေမက နင့်အမေဒုက္ခရောက် မှာစိုးလို့လားဆိုပြီး ပြောတယ်။ နောက်တော့ အခုချိန်မှာ လေလံပစ်တဲ့ထိရောက်တော့တာပဲ”ဟု အိမ်အသိမ်းခံရသူ အသက် (၇၀)ကျော် ဒေါ်အမာကြည်က ပြောသည်။

အဆိုပါ အမှုကို ဥပဒေရှုထောင့်အရ အမှုစွဲစဉ်က ဒေါ်အမာကြည်မှ အဆိုပါ အကျယ် ပေ ၂၀ x ၆၀ (ခန့်မှန်း)ရှိ နေအိမ်နှင့် ခြံကို ငွေကျပ် ၅ သိန်းနှင့် ရောင်းချကြောင်း အရောင်းအဝယ်စာချုပ်ချုပ်ခဲ့ပြီး စာချုပ်ပါကတိဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို ဇူလိုင် ၂၃ ရက်တွင် ကြို့ပင်ကောက်မြို့နယ်တရားရုံးက အမိန့်ချရာ တရားလိုကို အနိုင်ပေးခဲ့ကြောင်း၊ ဆက်လက်ပြီး ဒေါ်အမာကြည်နှင့် မိသားစုအား နေအိမ်မှဖယ်ရှားပေးရန် အပ်ဝရမ်း ကပ်ခဲ့ကြောင်း၊ 

ယင်းနေအိမ်နှင့်ခြံမှာ ဒေါ်အမာကြည်နှင့် မောင်တော်စပ်သူတို့၏ အမွေဆိုင်အိမ်ဖြစ်သဖြင့် တရားရုံးသို့စာတင်ခဲ့သဖြင့် – အပ်ဝရမ်းရက်ကို ရွှေ့ဆိုင်းခဲ့ကြောင်း၊ ထိုစဉ်က အမိန့်ချသည့် တရားသူကြီးမှာ ဒုမြို့နယ်တရားသူကြီး ဦးနိုင်နိုင်ဖြစ်ကြောင်း အဆိုပါ တရားရုံးမှ သိရသည်။

ယင်းအခြေအနေတွင် အပြီးသတ် ဆုံးဖြတ်ချက်ကို သြဂုတ်လ ပထမပတ်အတွင်း အပြီးသတ်အမိန့်ချမှတ်မည်ဟု ကြားသိရသဖြင့် မခံမရပ်နိုင်သည့် ဒေသခံများက သြဂုတ် ၁ ရက် နံနက် ၉ နာရီ အချိန်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

လူသားချင်းစာနာထောက်ထားမှုအတွက် အမှန်တရားဖော်ထုတ်ရေးဆို သည့် ဗီနိုင်းဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ တရားဥပဒေစိုးမိုးရေး ဒို့အရေး၊ ငွေများ တရားနိုင်မှု ပပျောက်ရေး ဒို့အရေး၊ အသက်(၇၀)ကျော် အဘွားကြီးအား စာရွက်ဖြူပေါ်လက်ဗွေနှိပ်ခိုင်းပြီး တရားစွဲမှု အမှန်တရား ဖော်ထုတ်ရေး ဒို့အရေး၊

ကြို့ပင်ကောက်မြို့နယ် တရားရုံးမှ အမှန်တရားပေါ်ပေါက်အောင် ပြန်လည်စိစစ်ပေးရေး ဒို့အရေး၊ ငွေနှစ်သောင်းချေးယူရာမှ အိမ်နှင့်ခြံသိမ်းယူမှု မတရားမှုအား ပြန်လည်ဖော်ထုတ်ပေးရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် အဘွားဒေါ်အမာကြည်၏နေအိမ်တည်ရှိရာ....

ကြို့ပင်ကောက်မြို့၊ သဲကုန်းရပ်၊ အောင်ချမ်းသာလမ်းမှစတင်ပြီး ၀ိပဿနာလမ်း၊ အရှေ့မြို့မလမ်း၊ အရှေ့လမ်းမတော်လမ်း၊ ရန်ကုန်-ပြည်လမ်းမှတဆင့် ကြို့ပင်ကောက်မြို့နယ် တရားရုံးရှိရာ အနောက်တောင်ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ တရားရုံးရှေ့ထိ ချီတက်ဆန္ဒပြခဲ့ကြသည်။

”အခုဖြစ်တာက ကျွန်မတို့ရပ်ကွက်မှာနေတဲ့ အသက်(၇၀)ကျော်၊ အနှိပ်သည် စာမတတ်တဲ့ အဘွားကြီးကို စောင်နှစ်ထည်အတွက် ငွေနှစ်သောင်းချေးယူရာကနေ စပြီးတော့ အခုအိမ်နဲ့ခြံသိမ်းယူတော့မယ့် အခြေအနေထိဖြစ်နေတာကြောင့် ကျွန်မတို့ ပြည်သူတွေအနေနဲ့ ဒါမတရားမှုလို့ထင်တဲ့အတွက်ကြောင့် ကျွန်မတို့ ဒီနေ့ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်။ 

ဒီစာမတတ်တဲ့အဘွားကြီးကို စာရွက်ဖြူပြောင် ပေါ်မှာလက်ဗွေနှိပ်ခိုင်းပြီးတော့ တရားရုံးတော်ထိ စွဲဆိုခဲ့တယ်။ ဒီစွဲဆိုခဲ့တဲ့ စာရွက်စာတန်းကိုလည်း ရုံးတော်ကနေပြီးတော့ တိကျမှန်ကန်မှု ရှိ၊ မရှိ သေချာမစစ်ဆေးခဲ့ဘဲနဲ့ ဒီစွဲဆိုတဲ့ဟာကို လက်ခံခဲ့တဲ့အတွက် ကြောင့် အခုလိုအခြေအနေထိ ဖြစ်သွားရတယ်ပေါ့။ 

အဲဒါကြောင့် နိုင်ငံတော်မှာပြောမယ်ဆို အခွန်မဆောင်ဘဲနဲ့ ငွေတိုးကြီးကြီးနဲ့ ချေးစားတဲ့လူတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေရှိလို့ ကျွန်မတို့ ဆင်းရဲသားပြည်သူတွေမှာ ဒီလိုဒုက္ခတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာကို နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်တို့သိအောင်လို့ ကြို့ပင်ကောက် ပြည်သူတွေကိုယ်စား ဒီနေရာကနေ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတဦးက ပြောသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ကြို့ပင်ကောက်မြို့နယ် တရားရုံးမှ မြို့နယ် တရားသူကြီးဦးနိုင်ဝင်းစိုးက ”ဆန္ဒပြတဲ့အပေါ်မှာတော့ ကျွန်တော်တို့က အထွေအထူးတော့ ပြောစရာမရှိပါဘူး။ ဥပဒေအရ သူတို့အခွင့်အရေးရှိတဲ့အတွက်ကြောင့် သူတို့အခွင့်အရေးအရ သူတို့လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ပြောစရာတော့မရှိဘူး။ 

ဒါသူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပေးတဲ့အတွက် ကျွန်တော်တို့ကလည်း ဒီအပေါ်မှာ နားထောင်ပေးမယ်ပေါ့”ဟု ပြောသည်။

အဆိုပါအမှုတွင် တရားလိုဘက်က လျှောက်တင်သည်မှာ ဒေါ်အမာကြည်တို့မှ ရောင်းမည်ဟုဆိုကာ ငွေကျပ်ငါးသိန်းဖြင့် ရောင်းချခဲ့ကြောင်း ဖော်ပြထားပြီး တရားခံဘက်မှတင်ပြသည်မှာ နေအိမ်ကိုရောင်းချခြင်း မဟုတ်ကြောင်း၊ အကြွေးမှာ အတိုးနဲ့အရင်းပေါင်းမှ ငွေကျပ်ငါးသောင်းသာဖြစ်ကြောင်း၊ နေအိမ်၌ သမီးမရှိသည့်အတွက် လက်ဗွေနှိပ်ပေးခဲ့ရခြင်းဖြစ်ကြောင်း ပါရှိသည်။

ကိုလေး(ပြည်)

news watch

Comments