လိုင္းေပၚမွာ ရွားရွားပါးပါး ဘယ္မီဒီယာကမွ အင္တာ မဗ်ဴးတဲ့ ျဖိဳးျမတ္ေအာင္ အေမေျပာစကားေလးမ်ားနဲ႔ အေမတစ္ေယာက္ရဲ႕ ေမွ်ာ္လင့္ခ်က္...


မုန္႔ဟင္းခါးေရာင္းခ်ျပီး အသက္ေမြးေနရသူ ျဖိဳးျမတ္ေအာင္မိခင္ ကေျပာျပလာတဲ့ သားအေပၚထားတဲ့ ေမ်ွာ္လင့္ခ်က္
Myanmar Idol Season 3 ျပိဳင္ပြဲဝင္တစ္ဦးျဖစ္သူ ျဖိဳးျမတ္ေအာင္ကေတာ့ ပရိသတ္ေတြၾကားမွာ အရမ္းေရပန္းစားတဲ့ ျပိဳင္ပြဲဝင္တစ္ဦးျဖစ္ျပီး ဟသၤာတ ျမိဳ႕သားျဖစ္ပါတယ္။
ယခုလက္ရွိမွာေတာ့ Idol Winner အတြက္ တစ္ၾကိဳေပးခန္႔မွန္းမွုေတြရွိေနေပမယ့္လည္း ျပိဳင္ပြဲမျပီးဆံုးေသးခင္မွာေတာ့ ဘယ္သူ Winner ဆိုတာကို အတိအက်ေျပာလို႔ မရႏိုင္ေသးပါဘူး။
ယခုအခ်ိန္ထိ Bottom 3 တစ္ခါမွ မထိုင္ရေသးေလာက္ေအာင္ကို ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မွုကိုအျပည့္အဝရရွိထားသူပါ။
Fan အခ်င္းခ်င္းေဝဖန္တုိက္ခုိက္မွုေတြၾကားမွာ ၾကိဳးစားေနရတဲ့ ျဖိဳးျမတ္ေအာင္ တစ္ေယာက္ဟာ သိပ္မေျပလည္တဲ့ မိသားစုဘဝကေန တက္လာခဲ့ရတာလည္းျဖစ္ပါတယ္။
မုန္႔ဟင္းခါးေရာင္းခ်ျပီး အသက္ေမြးရတဲ့ မိခင္ကို ျဖိဳးျမတ္ေအာင္တစ္ေယာက္ ခ်စ္လိုက္ပံုကလည္း အျမဲ သူ႔အေမပါးေလးကို နမ္းနမ္းေနတာ သက္ေသပါပဲ။ Winner ျဖစ္ရင္ အေမနဲ႔အတူ ဘုရားထီးတင္ခ်င္တဲ့ ဆႏၵကလည္း သူ႔ရဲ႕ တစ္ခုတည္းေသာ ဆႏၵေလးျဖစ္ပါတယ္။
မုန္႔ဟင္းခါးေရာင္းခ်အသက္ေမြးရတဲ့ ျဖိဳးျမတ္ေအာင္ မိခင္ျဖစ္သူ ေဒၚသန္းသန္းျမင့္ ကေတာ့ သူ႔ရဲ႕ သားေလးအေပၚမွာ ေမ်ွာ္လင့္ခ်က္ေတြ အျပည့္အဝထားထားမွာကေတာ့ အေသအခ်ာပါပဲေနာ္။
အဆိုတစ္ခုကိုပဲအားသန္တဲ့ ျဖိဳးျမတ္ေအာင္ဟာ ကားေမာင္းတတ္တဲ့အတတ္ပညာကိုတတ္ကြ်မ္းေပမယ့္လည္း မလုပ္ဘဲ ဒီအဆိုလိုင္းကိုပဲ တစိုက္မတ္မတ္လုပ္ေနခဲ့တယ္လို႔ဆိုပါတယ္။
ျဖိဳးျမတ္ေအာင္ Winner ျဖစ္ခဲ့ရင္ ဘာလုပ္မလဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္ ေမးခြန္းအေပၚမွာေတာ့
“အေမ႔အိမ္မက္ကိုျဖည့္ဆည္းေပးမယ္ဆိုေတာ့ အတုိင္းမသိဝမ္းသာတာေပါ့ ညီေလးကလည္း အသက္ (၂၀) ေက်ာ္သြားျပီ ပဇင္းစည္းလို႔ရျပီေလ အကိုၾကီးအဖရာျဖစ္တဲ့အတြက္ အေမၾကီးက သားကိုတာဝန္ေတြလႊဲအပ္ေပးလိုက္မယ္လို႔ ေျပာခဲ့ပါတယ္။
သူကိုယ္တုိင္လည္းက်န္ခဲ့တဲ့ ၂ ႏွစ္ ၃ ႏွစ္ေလာက္က ပဇင္းစည္းျပီးသြားျပီ။ ဒီညီေလးပဲက်န္ေတာ့တယ္။
သားဆႏၵေတြျပည့္ဝလို႔ေအာင္ျမင္ရင္ ညီေလးကို သားက အကိုၾကီး အဖရာအေနနဲ႔ သားကို ပဇင္းစည္းခြင့္ေပးလုိက္ျပီ သားက ေျပာရမယ္ဆုိရင္ အေဖေနရာတာဝန္ယူေပေတာ့။
သူ႔ကိုေလ အသက္ၾကီးျပီဆုိေတာ့ ပဇင္းခံရွင္ျပဳဆုိတာ ဗုဒၶဘာသာဝင္ေတြမွာ ျပဳရိုးျပဳစဥ္ေပါ့ေလ အေမ မမွီခဲ့ရင္ သားတာဝန္ယူလုပ္ေပးရမယ္ လို႔ ေျပာခဲ့တယ္”
Ref;Sunday Journal & We Love Cele
============
မုန့်ဟင်းခါးရောင်းချပြီး အသက်မွေးနေရသူ ဖြိုးမြတ်အောင်မိခင် ကပြောပြလာတဲ့ သားအပေါ်ထားတဲ့ မျှော်လင့်ချက်
Myanmar Idol Season 3 ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ဟင်္သာတ မြို့သားဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ Idol Winner အတွက် တစ်ကြိုပေးခန့်မှန်းမှုတွေရှိနေပေမယ့်လည်း ပြိုင်ပွဲမပြီးဆုံးသေးခင်မှာတော့ ဘယ်သူ Winner ဆိုတာကို အတိအကျပြောလို့ မရနိုင်သေးပါဘူး။
ယခုအချိန်ထိ Bottom 3 တစ်ခါမှ မထိုင်ရသေးလောက်အောင်ကို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားသူပါ။
Fan အချင်းချင်းဝေဖန်တိုက်ခိုက်မှုတွေကြားမှာ ကြိုးစားနေရတဲ့ ဖြိုးမြတ်အောင် တစ်ယောက်ဟာ သိပ်မပြေလည်တဲ့ မိသားစုဘဝကနေ တက်လာခဲ့ရတာလည်းဖြစ်ပါတယ်။
မုန့်ဟင်းခါးရောင်းချပြီး အသက်မွေးရတဲ့ မိခင်ကို ဖြိုးမြတ်အောင်တစ်ယောက် ချစ်လိုက်ပုံကလည်း အမြဲ သူ့အမေပါးလေးကို နမ်းနမ်းနေတာ သက်သေပါပဲ။ Winner ဖြစ်ရင် အမေနဲ့အတူ ဘုရားထီးတင်ချင်တဲ့ ဆန္ဒကလည်း သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒလေးဖြစ်ပါတယ်။
မုန့်ဟင်းခါးရောင်းချအသက်မွေးရတဲ့ ဖြိုးမြတ်အောင် မိခင်ဖြစ်သူ ဒေါ်သန်းသန်းမြင့် ကတော့ သူ့ရဲ့ သားလေးအပေါ်မှာ မျှော်လင့်ချက်တွေ အပြည့်အဝထားထားမှာကတော့ အသေအချာပါပဲနော်။
အဆိုတစ်ခုကိုပဲအားသန်တဲ့ ဖြိုးမြတ်အောင်ဟာ ကားမောင်းတတ်တဲ့အတတ်ပညာကိုတတ်ကျွမ်းပေမယ့်လည်း မလုပ်ဘဲ ဒီအဆိုလိုင်းကိုပဲ တစိုက်မတ်မတ်လုပ်နေခဲ့တယ်လို့ဆိုပါတယ်။ ြ
ဖြိုးမြတ်အောင် Winner ဖြစ်ခဲ့ရင် ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက် မေးခွန်းအပေါ်မှာတော့
“အမေ့အိမ်မက်ကိုဖြည့်ဆည်းပေးမယ်ဆိုတော့ အတိုင်းမသိဝမ်းသာတာပေါ့ ညီလေးကလည်း အသက် (၂၀) ကျော်သွားပြီ ပဇင်းစည်းလို့ရပြီလေ အကိုကြီးအဖရာဖြစ်တဲ့အတွက် အမေကြီးက သားကိုတာဝန်တွေလွှဲအပ်ပေးလိုက်မယ်လို့ ပြောခဲ့ပါတယ်။
သူကိုယ်တိုင်လည်းကျန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က ပဇင်းစည်းပြီးသွားပြီ။ ဒီညီလေးပဲကျန်တော့တယ်။
သားဆန္ဒတွေပြည့်ဝလို့အောင်မြင်ရင် ညီလေးကို သားက အကိုကြီး အဖရာအနေနဲ့ သားကို ပဇင်းစည်းခွင့်ပေးလိုက်ပြီ သားက ပြောရမယ်ဆိုရင် အဖေနေရာတာဝန်ယူပေတော့။
သူ့ကိုလေ အသက်ကြီးပြီဆိုတော့ ပဇင်းခံရှင်ပြုဆိုတာ ဗုဒ္ဓဘာသာဝင်တွေမှာ ပြုရိုးပြုစဉ်ပေါ့လေ အမေ မမှီခဲ့ရင် သားတာဝန်ယူလုပ်ပေးရမယ် လို့ ပြောခဲ့တယ်”
Ref;Sunday Journal & We Love Cele

Comments