“ကျွန်မ” သီချင်းကို ချမ်းမြေ့မောင်ချို သီဆိုမှုနှင့်ပတ်သက်ပြီး မူရင်းအဆိုတော် ကေကေမိုး မှ အခုလိုပြော...
PHotos:Kay Kay Moe
ချမ်းမြေ့မောင်ချိုရဲ့ “ကျွန်မ”
ကေကေမိုးရဲ့ “ကျွန်မ”
==========
“ကျွန်မ” သီချင်း ချမ်းမြေ့မောင်ချိုသီဆိုမှုအပေါ် မူရင်းအဆိုရှင် ကေကေမိုးရဲ့ မှတ်ချက်
မနေ့ညက မြန်မာအိုင်ဒေါ စိတ်ကြိုက်သီချင်းများနဲ့ သီဆိုမှုမှာ ချမ်းမြေ့မောင်ချိုက “ကျွန်မ” သီချင်း သီဆိုခဲ့မှုအပေါ် မူရင်း အဆိုရှင် ကေကေမိုးက မှတ်ချက်ကလေး အနည်းငယ် ပြောလာပါတယ်။
တစ်ပုဒ်လုံး ခံစားချက်တွေအပြည့် ထည့်သွင်းထားတဲ့ သီချင်းဖြစ်ပြီး ချမ်းမြေ့မောင်ချိုဟာလည်း အကောင်းဆုံး ပရိတ်သတ်တွေ ရင်ထဲရောက်အောင် ဆိုနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ စားသားတွေ အကြောင်းလိုက် ထပ်ခဲ့မှု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ကေကေမိုးက “Myanmar idol မှာ ​မောင်​ချို​လေး “ကျွန်​မ” သီချင်​း​လေးနဲ့ပြိုင်​​နေပြီ” ဆိုပြီး ပို့စ်လေးတစ်ခု ရေးသားကာ ကောမန့်ထဲမှာတော့ “စိတ်​လှုပ်​ရှား​နေတာဖြစ်​မယ်​” ဆိုပြီး သုံးသပ် မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။
ဒီအတွက် ချမ်းမြေ့မောင်ချိုကလည်း သူမရဲ့ ဖေ့ဘုတ်ကနေ  ပြန်လည် တောင်းပန်စာ မနေ့ညကပဲ ချက်ချင်း ရေးသားထားပါတယ်။ PannPwint
PHotos:Kay Kay Moe
Comments