သူေဌးျဖစ္ခ်င္ရင္ ဒါေတြ ေရွာင္ပါ....


သူေဌးျဖစ္ခ်င္ရင္ ဒါေတြ ေရွာင္ပါ

*********************

ဖတ္ၾကည့္ေနာ္…( ဆုတင္ မွတ္စု )

၁။တီဗီြၾကည့္ၿပီး အခ်ိန္ကုန္ မခံပါနဲ႔။

သူေဌးေတြက…ဘယ္ေတာ့မွ ႐ုပ္ျမင္သံၾကား အစီအစဥ္ေတြ၊ ဇာတ္လမ္းေတြၾကည့္ၿပီး အခ်ိန္ကုန္ မခံၾကပါဘူး။

တီဗီြၾကည့္မယ့္အစား…စာအုပ္ေတြပဲ ဖတ္ေနေလ့ရွိပါတယ္။

Elon Musk ကေန Warren Buffett အထိ နာမည္ေက်ာ္ လုပ္ငန္းရွင္ သူေဌးေတြအားလံုးဟာ…တစ္ေန႔တာရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို စာဖတ္ျခင္းျဖင့္ကုန္ဆံုးတတ္ၾကပါတယ္။

စာဖတ္တဲ့ေနရာမွာလဲ အေပ်ာ္ဖတ္ စာေပေတြထက္ ပညာရမယ့္၊တိုးတက္မႈ တစ္စံုတစ္​ရာ ရရွိႏိုင္မယ့္စာအုပ္ စာေပေတြကိုပဲ ဖတ္ေလ့ရွိပါတယ္။

၂။ဘယ္ေတာ့မွ တစ္ဦးတည္း သီးျခားခြဲထြက္ မေနပါနဲ႔။

သူေဌးေတြအားလံုးက…လူမႈဆက္ဆံေရး ေကာင္းၾကသူေတြခ်ည္းပဲ ျဖစ္ပါတယ္။

သူတို႔ဟာ အၿမဲတမ္းလိုလို မိတ္ေဆြသစ္ေတြနဲ႔ေတြ႔ဆံုၿပီး စကားစျမည္ ေျပာေနေလ့ရွိပါတယ္။

ဒီလို လူမႈဆက္ဆံေရး ေကာင္းမြန္တာဟာေအာင္ျမင္မႈရဲ႕ ေသာ့ခ်က္ျဖစ္တယ္ ဆိုတာကို သူတို႔ေတြက ေသခ်ာသိရွိထားၾကၿပီးသူတို႔ရဲ႕ လူမႈကြန္ယက္ကို တိုးခ်ဲ႕ႏိုင္ဖို႔အားထည့္ထားၾကပါတယ္​။

၃။အပိုေတြ ေလွ်ာက္မေတြးပါနဲ႔။

ေအာင္ျမင္တဲ့လုပ္ငန္းရွင္တိုင္းဟာသူတို႔ရဲ႕ ပင္ကိုယ္ သိစိတ္ကို ယံုၾကည္စြာအသံုးျပဳေလ့ရွိၿပီးအမ်ားႀကီး ေလွ်ာက္ေတြးေလ့ မရွိပါဘူး။ ( အက်ိဳးဆက္ေတြကို ေသခ်ာမသံုးသပ္တာမ်ိဳးကို ဆိုလိုတာေတာ့ မဟုတ္ပါဘူး )

ဆင္ျခင္သံုးသပ္မႈေတြနဲ႔ အခ်ိန္ကုန္ မခံတာမ်ိဳးကို ဆိုလိုတာ ျဖစ္ပါတယ္။

လုပ္ေဆာင္ရမယ့္ အရာေတြကို ေသခ်ာ ဆင္ျခင္ သံုးသပ္ၿပီးၿပီ ဆိုတာနဲ႔ လမ္းေၾကာင္းတစ္ခုကို ေရြးခ်ယ္ၿပီးလုပ္စရာရွိတာေတြကို စတင္လုပ္ေဆာင္ၾကပါတယ္။

ဘယ္ေတာ့မွ ေနာက္ျပန္ လွည့္ၾကည့္ေလ့ မရွိပါဘူး။

၄။တစ္ကယ္ရင္ဆိုင္​္​မၾကည္​့ပဲ အ႐ႈံး မေပးပါနဲ႔။

သူေဌးေတြအားလံုးဟာ…ဒုကၡေရာက္လာခ်ိန္မွာ ဘယ္ေတာ့မွ အ႐ႈံးေပးဖို႔ မစဥ္းစားတတ္ၾကပါဘူး။

က်႐ႈံးမႈေတြအဆင္မေျပမႈေတြ အားလံုးကိုဇြဲရွိရွိနဲ႔ ေက်ာ္ျဖတ္ၾကပါတယ္။

လုပ္ငန္းရွင္အမ်ားစုဟာ…လုပ္ေဖာ္ကိုင္ဖက္ေတြ၊မိတ္ေဆြ၊မိသားစုဝင္ေတြရဲ႕ ေဝဖန္ျပစ္တင္မႈေတြကိုခံရေလ့ရွိေပမယ့္ လက္မေလွ်ာ့တတ္ၾကပါဘူး။

ေအာင္ျမင္သူအစစ္ေတြက…ဘယ္ေတာ့မွ ေနာက္ေကာက္က် က်န္မ​ေနခဲ့ပါဘူး။

၅။အားကစားလုပ္ဖို႔ မေမ့ပါနဲ႔။

ခ်မ္းသာ ေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္တိုင္းဟာမန​က္ခင္းမွာေလ့က်င့္ခန္း လုပ္တတ္ၾကပါတယ္။

သူတို႔အတြက္ မနက္ခင္း ေလ့က်င့္ခန္းလုပ္တာဟာေန႔စဥ္ လုပ္ငန္းေဆာင္တာေတြ အတြက္ အာ႐ုံစူးစိုက္ႏိုင္ၿပီး၊ လုပ္ငန္းၿပီးေျမာက္မႈကို တိုးတက္လာေစဖို႔ အက်ိဳးသက္ေရာက္မႈ ရွိတယ္ဆိုတာကို နားလည္ၾကပါတယ္။

၆။အိပ္ရာထ ေနာက္မက်ပါနဲ႔။

ေအာင္ျမင္တဲ့သူ အမ်ားစုဟာ…မနက္ေစာေစာ အိပ္ရာထတတ္ၾကသူေတြခ်ည္းပဲျဖစ္ပါတယ္။

သူတို႔ဟာ ဘယ္ေတာ့မွ အိပ္ရာထဲမွာ ေကြးေနၿပီး အလုပ္ေနာက္က်ခံတဲ့ အထဲမွာ မပါၾကပါဘူး။

၇။မပ်င္းပါနဲ႔။

ေအာင္ျမင္သူ အမ်ားစုဟာ…သူတို႔ပတ္ဝန္းက်င္မွာ ေလ့လာစရာ အခြင့္အလမ္း​ေတြအၿမဲတမ္းရွိေနတာကိုသ္​ိၾကတဲ့အတြက္ ပ်င္းေနတယ္ဆိုတာ မရွိပါဘူး။

ထိုင္ၿပီး ပ်င္းေနမယ့္အစား…မိတ္ေဆြသစ္ေတြနဲ႔ ေတြ႔ဆံုဖို႔၊သင္တန္းေတြ တက္ဖို႔၊ စာအုပ္ေတြဖတ္ဖို႔၊စသျဖင့္ အရည္အခ်င္းနဲ႔ အသိပညာ ဗဟုသုတေတြတိုးလာဖို႔ကိုပဲ အၿမဲ အားထုတ္ေနတတ္ၾကပါတယ္။

သူေတာ္ေကာင္းမိတ္ေဆြတို႔လဲ ဒီအခ်က္ေတြကိုတတ္ႏိုင္သမွ် ေရွာင္ပါေနာ္....

သန္းၾကြယ္ ကုေဋၾကြယ္ဝေသာ သူေဌးႀကီးမ်ား ျဖစ္ႏိုင္ၾကပါေစ…

Credit :Gentleman Magazine။

ေမတၱာျဖင့္…

အရွင္ပုည( ဝကုန္း )

=============

သူဌေးဖြစ်ချင်ရင် ဒါတွေ ရှောင်ပါ

*************************

ဖတ်ကြည့်နော်…( ဆုတင် မှတ်စု )

၁။တီဗွီကြည့်ပြီး အချိန်ကုန် မခံပါနဲ့။

သူဌေးတွေက…ဘယ်တော့မှ ရုပ်မြင်သံကြား အစီအစဉ်တွေ၊ ဇာတ်လမ်းတွေကြည့်ပြီး အချိန်ကုန် မခံကြပါဘူး။

တီဗွီကြည့်မယ့်အစား…စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။

Elon Musk ကနေ Warren Buffett အထိ နာမည်ကျော် လုပ်ငန်းရှင် သူဌေးတွေအားလုံးဟာ…တစ်နေ့တာရဲ့ အချိန်တော်တော်များများကို စာဖတ်ခြင်းဖြင့်ကုန်ဆုံးတတ်ကြပါတယ်။

စာဖတ်တဲ့နေရာမှာလဲ အပျော်ဖတ် စာပေတွေထက် ပညာရမယ့်၊တိုးတက်မှု တစ်စုံတစ်​ရာ ရရှိနိုင်မယ့်စာအုပ် စာပေတွေကိုပဲ ဖတ်လေ့ရှိပါတယ်။

၂။ဘယ်တော့မှ တစ်ဦးတည်း သီးခြားခွဲထွက် မနေပါနဲ့။

သူဌေးတွေအားလုံးက…လူမှုဆက်ဆံရေး ကောင်းကြသူတွေချည်းပဲ ဖြစ်ပါတယ်။

သူတို့ဟာ အမြဲတမ်းလိုလို မိတ်ဆွေသစ်တွေနဲ့တွေ့ဆုံပြီး စကားစမြည် ပြောနေလေ့ရှိပါတယ်။

ဒီလို လူမှုဆက်ဆံရေး ကောင်းမွန်တာဟာအောင်မြင်မှုရဲ့ သော့ချက်ဖြစ်တယ် ဆိုတာကို သူတို့တွေက သေချာသိရှိထားကြပြီးသူတို့ရဲ့ လူမှုကွန်ယက်ကို တိုးချဲ့နိုင်ဖို့အားထည့်ထားကြပါတယ်​။

၃။အပိုတွေ လျှောက်မတွေးပါနဲ့။

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းဟာသူတို့ရဲ့ ပင်ကိုယ် သိစိတ်ကို ယုံကြည်စွာအသုံးပြုလေ့ရှိပြီးအများကြီး လျှောက်တွေးလေ့ မရှိပါဘူး။ ( အကျိုးဆက်တွေကို သေချာမသုံးသပ်တာမျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး )

ဆင်ခြင်သုံးသပ်မှုတွေနဲ့ အချိန်ကုန် မခံတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

လုပ်ဆောင်ရမယ့် အရာတွေကို သေချာ ဆင်ခြင် သုံးသပ်ပြီးပြီ ဆိုတာနဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးလုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ကြပါတယ်။

ဘယ်တော့မှ နောက်ပြန် လှည့်ကြည့်လေ့ မရှိပါဘူး။

၄။တစ်ကယ်ရင်ဆိုင်​်​မကြည်​့ပဲ အရှုံး မပေးပါနဲ့။

သူဌေးတွေအားလုံးဟာ…ဒုက္ခရောက်လာချိန်မှာ ဘယ်တော့မှ အရှုံးပေးဖို့ မစဉ်းစားတတ်ကြပါဘူး။

ကျရှုံးမှုတွေအဆင်မပြေမှုတွေ အားလုံးကိုဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။

လုပ်ငန်းရှင်အများစုဟာ…လုပ်ဖော်ကိုင်ဖက်တွေ၊မိတ်ဆွေ၊မိသားစုဝင်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကိုခံရလေ့ရှိပေမယ့် လက်မလျှော့တတ်ကြပါဘူး။

အောင်မြင်သူအစစ်တွေက…ဘယ်တော့မှ နောက်ကောက်ကျ ကျန်မ​နေခဲ့ပါဘူး။

၅။အားကစားလုပ်ဖို့ မမေ့ပါနဲ့။

ချမ်းသာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တိုင်းဟာမန​က်ခင်းမှာလေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်။

သူတို့အတွက် မနက်ခင်း လေ့ကျင့်ခန်းလုပ်တာဟာနေ့စဉ် လုပ်ငန်းဆောင်တာတွေ အတွက် အာရုံစူးစိုက်နိုင်ပြီး၊ လုပ်ငန်းပြီးမြောက်မှုကို တိုးတက်လာစေဖို့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို နားလည်ကြပါတယ်။

၆။အိပ်ရာထ နောက်မကျပါနဲ့။

အောင်မြင်တဲ့သူ အများစုဟာ…မနက်စောစော အိပ်ရာထတတ်ကြသူတွေချည်းပဲဖြစ်ပါတယ်။

သူတို့ဟာ ဘယ်တော့မှ အိပ်ရာထဲမှာ ကွေးနေပြီး အလုပ်နောက်ကျခံတဲ့ အထဲမှာ မပါကြပါဘူး။

၇။မပျင်းပါနဲ့။

အောင်မြင်သူ အများစုဟာ…သူတို့ပတ်ဝန်းကျင်မှာ လေ့လာစရာ အခွင့်အလမ်း​တွေအမြဲတမ်းရှိနေတာကိုသ်​ိကြတဲ့အတွက် ပျင်းနေတယ်ဆိုတာ မရှိပါဘူး။

ထိုင်ပြီး ပျင်းနေမယ့်အစား…မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့၊သင်တန်းတွေ တက်ဖို့၊ စာအုပ်တွေဖတ်ဖို့၊စသဖြင့် အရည်အချင်းနဲ့ အသိပညာ ဗဟုသုတတွေတိုးလာဖို့ကိုပဲ အမြဲ အားထုတ်နေတတ်ကြပါတယ်။

သူတော်ကောင်းမိတ်ဆွေတို့လဲ ဒီအချက်တွေကိုတတ်နိုင်သမျှ ရှောင်ပါနော်....

သန်းကြွယ် ကုဋေကြွယ်ဝသော သူဌေးကြီးများ ဖြစ်နိုင်ကြပါစေ…

Credit :Gentleman Magazine။

မေတ္တာဖြင့်…

အရှင်ပုည( ဝကုန်း )

Comments