ကံ လြဲသူမ်ား…! (အရမ္းေကာင္းလို့ ေက်ာ္ခြျပီးမသြားၾကပါနဲ့ေနာ္)...



လူဘဝဆိုတာ ….

ကုသိုလ္ ကံ အက်ိဳးေပးရဲ႕ အသီးအပြင့္ တစ္နည္းအားျဖင့္ ကုသိုလ္ အေၾကာင္းခံ ပါလာျပီးသား။

အဲဒီကုသိုလ္က အေၾကာင္းခံ မတူးေဖၚ မခံစားတတ္ရင္အကုသိုလ္အေၾကာင္းေတြကခ်ည္း ဖိစီးေနရာယူ ျခယ္လွယ္ပါလိမ့္မယ္ ။

အကုသိုလ္ဆိုတာ အထူးျပဳေနစရာမလိုစိတ္ကိုလြတ္ထားလိုက္ရံုနဲ႔ ဦးတည္ရာမဲ႔ သြားလာက်က္စားမယ့္ ေနရာဟာ အကုသိုလ္ခ်ည္းမွတ္ပါ ။

( လူဘဝ တစ္ၾကိမ္ရဖို ့ တိရစၧာန္ဘဝေပါင္း တစ္ရာေလာက္ က်င္လည္ေပးဆပ္ခဲ႔ရတာ ဆိုေတာ့ အဲဒီတိရစၧာန္ဘဝေတြက ပါလာတဲ႔ ေမာဟစတဲ႔တိရစၧာန္စိတ္ေတြက မေကာင္းမႈ အကုသိုလ္ေတြဆီ အခ်ိန္မေရြး ဦးတည္ေခၚေဆာင္ သြားေနတယ္ ။

အဲဒီေတာ့ { ျပည္တန္တဲ႔ ပတၱျမား ပဲေလွ ာ္နဲ႔ လဲစားေနသလို လူဘဝကို အကုသိုလ္ေတြ လုပ္ရင္း အခ် ိန္ျဖဳ န္းပစ္ ေနၾကတာဟာ ထီဆုၾကီးေပါက္ျပီး ထီလက္မွတ္ ေပ် ာက္ေနတာနဲ႔ အတူတူပါပဲ})

တခ်ိဴ ႕ကေတာ့ ေကာင္းတာေတြ လုပ္ေနပါလ်က္ဘဝေကာင္းမရ အက်ိဳ းေပးညံ႔ေနေသးတာ ဘာေၾကာင့္ဘာလဲလို ့ ေမးၾကတယ္ ။

အတိတ္သံသရာ ဘဝမ်ားစြာက ကိုယ္လုပ္ခဲ႔တဲ႔ အကုသိုလ္ကံေတြ ျပန္ျမင္နိုင္စြမ္းရင္ ( ဒီေမးခြန္းေပၚေပါက္လာစရာ အေၾကာင္းမရွိပါ ) ေကာင္းတာေတြ လုပ္ေနလို ့ ဒီေလာက္ခံသာေနေသးတာလို ့ပဲ ႏွလံုးသြင္းေစခ်င္ပါတယ္ ၊

သို ့ေသာ္ အားမေလ်ွာ့ပါနဲ႔ ၊ စီးပြားဝမ္းစာ ရွာေဖြရာမွာ အက်ိဴ းေပး တံု ့ေႏွးေနလို ့ ဆိုျပီးမိမိရဲ႔ သီလသိကၡာကို ဘယ္ေတာ့မွ မဖ်က္ဆီးပစ္ပါနဲ႔ ။

ကုသိုလ္ေကာင္းမႈ တို ့မည္သည္ ဘယ္ေတာ့မွ အရင္းမရံႈး အတိုးအညြန္႔ျဖင့္သာ ခံစား႐ ရိုးထံုးစံ ရွိပါတယ္ ။လက္ရွိေကာင္းကံနဲ႔ အတိတ္က ေကာင္းကံ ဆက္မိရင္ၾကီးမားတဲ႔ ကုသိုလ္အင္အား အကိ်ဴ းေပးခ် ိန္ တစ္လွည့္တစ္ျပန္ ေရာက္လာမွာပါ ။

သူသူ ကိုယ္ကိုယ္ အတိတ္ကုသိုလ္ ပါလာျပီးသား ....*ကံတူးမွားေနလို ့သာ ေရမထြက္တာ *

ေက် းဇူးရွင္ ဆရာေတာ္ဘုရားၾကီးက အတိတ္က ကုသိုလ္ကံေကာင္းၾကီးေတြ ေသေသခ် ာခ် ာ ပါလာခဲ႔ပါလ်က္ ကံတူးမွားလို ့ ေျပာင္းျပန္အက်ိဴ းေပး ခံစားရရွာတဲ႔ သာဓက ဇာတ္ေၾကာင္းမ် ားနဲ႔ သက္ေသေဆာင္ျပပါတယ္ ။

အမ် ားသိၾကတဲ႔ အဇာတသတ္ ဆိုပါစို ့ေဒဝဒတ္ကို ဆရာတင္ လူေပါင္းမွားလို ့ေသာတာပန္ဖခင္ ဗိမၼသာရမင္းၾကီးကို သတ္ျဖတ္ပစ္မွား မိခဲ႔တဲ႔ဒီဘဝရဲ႕ အကုသိုလ္ကံၾကီးထိုက္လို ့ေသာတာပန္တည္ရမယ့္ အတိတ္ကံ ပါလာေသာ္လည္း ငရဲလားရရွာတယ္ ။

ေဒဝဒတ္က ေျမွာက္ေပးလို ့ သူသတ္လိုက္မိတဲ႔ဖခင္ဘုရင္ၾကီး ဆိုတာ ေသာတာပန္ သူေတာ္ေကာင္းၾကီး ဖခင္ကို သတ္ျပီးမွ အိပ္မရ စားမဝင္သမားေက် ာ္ဇီဝကပင္ ကုလို ့မရတဲ႔ေရာဂါ ေပၚလာရတယ္မဟုတ္လား။

ဒီမွာ ဇီဝက က( အရွင္မင္းၾကီးရဲ႕ ေရာဂါ ဘုရားရွင္ေတာ္မွတစ္ပါးကုေပးနိုင္သူမရွိျပီ )ဆိုျပီး အဇာတသတ္ကို ဘုရားရွင္ထံေတာ္ေမွာက္ ေခၚေဆာင္လာတယ္။

ဘုရားရွင္ကလည္း အဇာတသတ္ရဲ႕ ေရာဂါဆိုးၾကီးကို တရားေရေအး အျမိဳက္ေဆးနဲ႔ ကုေပးေတာ္မူပါတယ္..

( ဘုရားတရား နာၾကားျပီး အဇာတသတ္ဟာ ဘယ္ေလာက္ထိ ပီတိျဖစ္သလဲဆိုရင္ အဲဒီေနရာတြင္ပင္ ေသာတာပန္တည္နိုင္ သြားတဲ႔အထိပါပဲ ။

သို ့ေသာ္ အဖသတ္အကုသိုလ္ကံၾကီးက ပိတ္ဆီးထားေတာ့ သဒၶါစိတ္ထက္မပိုဘူး ။ ဘုရားဖူးျပီးတဲ႔ေနာက္ ကုသိုလ္ေကာင္းမႈေတြ ဘယ္ေလာက္ပဲ လုပ္သြားရွာေပမယ့္ ဒီဘဝ အဖသတ္အကုသိုလ္ကံၾကီး ထိုက္ျပီးေသေတာ့ ငရဲေရာက္သြားတာပဲ ။

* အတိတ္ကံက အပါယ္တံခါး ပိတ္တဲ႔အထိ ပါျပီးသား ပစၥဳ ပၸန္ကံက အပါယ္တံခါး တြန္းဖြင့္ေလေတာ့ အဇာတသတ္ဟာ ကံတူးမွားသူ ကံလြဲသူ * လို ့ဆိုရမယ္ ။

ျပီးေတာ့ ဘုရားရွင္လက္ထက္ေတာ္အခါ ကာလကပါပဲ ဗာရာဏသီျပည္မွာ ဓနဗလသူေ႒းသား ဆိုတာ ရွိေသးတယ္ ။

သူကတစ္ဦးတည္းေသာ သားဆိုေတာ့ မိဘအေမြ ကုေဋရွစ္ဆယ္လံုး တစ္ဦးတည္း ရလိုက္တယ္ ၊သူနဲ႔ အေၾကာင္းပါတဲ႔ သူေ႒းသမီးကလည္း … တစ္ဦးတည္းေသာသမီး သူလိုပဲ ကုေဋရွစ္ဆယ္ အေမြရလိုက္တယ္ ၊အေမြႏွစ္ရပ္ေပါင္း ကုေဋတစ္ရာ့ေျခာက္ဆယ္နဲ႔ တကယ့္ ဧရာမသူေ႒းဘြဲ႔ထူးၾကီး ဆြတ္ခူးလိုက္ေတာ့တာေပါ့။

အဲဒီေခတ္က သူေ႒းဆိုတာ မင္းတိုင္ပင္ အမတ္ေနရာကလည္း တာဝန္ယူရတယ္ ။ တိုင္းျပည္ရဲ႕ စီးပြားေရး သူေ႒းေတြလုပ္ေလ့ရွိတာ ဘုရင္က အုပ္ခ်ဴ ပ္ေရး တရားစီရင္ေရး စသည္လုပ္ရတယ္ ။

တိုင္းျပည္ရဲ႕ စီးပြားေရး အစီအမံေတြကိုလည္း ဘုရင္ထံ တစ္ေန့တစ္ၾကိမ္ တင္ျပ အစီရင္ခံရေလ့ရွိတယ္ အဒီမွာ ဓနဗလသူေ႒းေလး နန္းေတာ္ဆီ သြားေလတိုင္း ဝိုင္းဝန္းၾကည့္ေငး အားက် သူေတြ ရွိခဲ႔သလို သူ ့စည္းစိမ္ကို မနာလို သူကိုဖ် က္ဆီးလိုသူေတြလည္းပဲ အျမဲေစာင့္ၾကည့္ခါ ရွိေနခဲ႔ပါတယ္ ။

ဓနဗလကိုယ္တိုင္က မင္းတိုင္ပင္ အမတ္ျဖစ္ေနေလေတာ့ စည္းစိမ္ေတြကို လုယက္ဖ်က္ဆီးပစ္ဖို ့ ဆိုတာလည္း မျဖစ္နိုင္ဘူး ။ ဒီေတာ့—-အၾကမ္းနည္းနဲ႔ေတာ့ မရဘူး တျဖည္းျဖည္း လိႈက္စား တိုက္စားတဲ႔နည္း အနုနည္းနဲ႔ ဖ် က္ဆီးဖို ့ ၾကံစည္ၾကေတာ့တာေပါ ့ ။

ဒီေတာ့ ဓနဗလကို ခ် ဥ္းကပ္ျပီးေျမွာက္ပင့္တဲ႔နည္း အယုံသြင္းတဲ႔နည္း ေအာက္က် ခံ တပည့္ခံေပါင္းတဲ႔နည္း—နည္းမ်ိဴ းစုံနဲ႔ ထိုးစစ္ဆင္ေတာ့တယ္ လူ ဆိုတာ အေျမွာက္ၾကိဳ က္ အရိုအေသၾကိဳ က္ * ဒီၾကိဳက္စိတ္ အားနည္းခ် က္ * ကို ဖိနင္းျပီး ဓနဗလ သူေ႒းသားကို ခ်ဥ္းကပ္ေပါင္းသင္း ၾကတယ္ ။

ျပီးေတာ့ …

*လူဆိုတာ အဆိုးေလာကဓံ ကိုသာ ေတာင့္တင္းခံ အံၾကိတ္ခံနိုင္တာ အေကာင္းေလာကဓံက် ေတာ့ ခံလို ့ခံေနရမွန္းမသိေတာ့ တတိတိ တအိအိ နဲ႔ တရိရိ လိုက္စား ဖ် က္ဆီးျခင္း ခံေနရျပီေနာ္ *

အေပါင္းအသင္းေတြက… ဓနဗလကို ေသာက္စားေပ် ာ္ပါးဖို ့စည္းရံုးသိမ္းသြင္းၾကတယ္ ။ တစ္ၾကိမ္ ႏွစ္ၾကိမ္ သုံးေလးငါးၾကိမ္ အထိေတာ့ ဓနဗလျငင္းနိုင္ ပါေသးတယ္ ။

ၾကာေတာ့ ျငင္းအားမရွိေတာ့ဘူး။အဲဒီမွာ *( ပ် က္စီးျခင္းရဲ႕ လမ္းစဆိုတာ အရက္ေသရည္ မူးယစ္က စတာ)*။

ဘာလို ့လဲ.........

*မူးရင္ေမ့ ေမ့ရင္ပ် က္ ၊ ရွင္လ် က္နဲ႔ ေသေနတာနဲ႔ မျခားဘူး တဲ႔ ။အေပ် ာ္ အပ် က္ ဆိုတဲ႔အတိုင္း အေပ် ာ္လြန္ေတာ့ ပ် က္လာျပီ ။* စမ္းေသာက္ရာက စြဲလာျပီ ။

အခ် ိန္ျပည့္မူးေမ့ေနေတာ့ စာရင္းဇယားေတြလည္း အမွန္အမွား မခြဲျခားနိုင္ေတာ့ဘူး ။ လုပ္ငန္းကိစၥေတြလည္း အမွန္အကန္ မစီမံနိုင္ေတာ့ဘူး။ေငြေရးေၾကးေရး ေတြလည္း အေပးလား အယူလား မခြဲျခားနိုင္ေတာ့ဘူး။

ရတနာစသည့္ ပစၥည္းပစၥယေတြလည္း ဘယ္သူယူလို ့ ယူမွန္းမသိေတာ့ ဘယ္နားထားလို ့ ထားမွန္းမသိေတာ့ဘူး ။စီးပြားဥစၥာေတြ ကုန္ဆံုးလို ့ ကုန္ဆံုးမွန္း မသိေတာ့ဘူး ။

စိတ္အထင္ကေတာ့ နဂိုရွိျပီးသား ကုေဋမ် ားစြာ အေပၚမွာပဲ ရွိေနတယ္ ။ဒါေပမဲ႔ တကယ္အရွိကေတာ့ လံုးပါးပါးေနျပီ ။

ေခ် းျပီးျပန္မဆပ္တာေတြ ေပးျပီးျပန္မရတာေတြ ေန ့စဥ္ ေပ် ာ္ပါးဝါၾကြားတဲ႔ အသုံးစရိတ္ေတြ ဘာအလုပ္မွ ဆက္မလုပ္ေတာ့ဘဲေသာက္စားမူးယစ္ ေနတာေတြနဲ႔ ၾကာေတာ့ ခ်မ္းသာၾကြယ္ဝသမ်ွ ကုေဋမ် ားစြာ ေငြေၾကးပမာဏ ကုန္ပါေလေရာတဲ႔ ။

ဒီလိုနဲ႔ ရွိတာေတြ ေပါင္ႏွံေရာင္းခ် သုံးစားေပ် ာ္ပါး လိုက္တာ…ဘာမွ မက် န္ေတာ့ေအာင္ပဲတဲ႔ ။

*( ဒီအခ် ိန္မွာ ကိုယ္ပစၥည္းတန္ဖိုးက ေသးျပီး အရက္တန္ဖိုးက ၾကီးေနျပီ ။ ဒီလိုပဲ—ကိုယ္ၾကိဳ က္တဲ႔ဘက္က တန္ဖိုးၾကီးျပီး မၾကိဳ က္တဲ႔ဘက္က တန္ဖိုးေသးေနမွာ ဓမၼတာပဲ )*

ဒီေတာ့ အရက္ဖိုးရျပီးေရာ သူပစၥည္းေတြ မတန္တဆနဲ႔ခ် ည္း ေရာင္းပစ္ရတယ္ ။ တစ္ရာတန္ေပမယ့္ တစ္ဆယ္ပဲ ရခ် င္ရမယ္ ။ဒီလိုနဲ႔ ရွိသမ်ွ ကုန္ေတာ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ သူေတာင္းစားဘဝ ေရာက္သြားတယ္။

*( သခၤ ါရဆိုတဲ႔ ျပဳ ျပင္ျပီး ျဖစ္လာတာ မွန္သမ်ွ …ပ် က္ရတာခ် ည္းပဲ )*

ဒီလိုနဲ႔ ကုေဋၾကြယ္သူေ႒းဘဝ တစ္ျဖစ္လဲ သူေတာင္းစား ဇနီးေမာင္ႏွံဟာ လွည့္လည္ေတာင္းရမ္းစား ေသာက္ရင္း တစ္ရက္ေတာ့ မိဂဒါဝုန္ဘက္ ေရာက္လာတယ္ ။

အဲဒီမွာ နႏၵိယသူတို ့သား ေဆာက္လုပ္လွဴ ဒါန္းထားတဲ႔ အံ႕မခန္းဆန္း ၾကယ္တဲ႔ ဘုရားရွင္သီတင္းသုံး ေတာ္မူရာ ေက် ာင္းေတာ္ၾကီး ရွိတယ္ ဒီေက် ာင္းေတာ္ႀကီး အနား… သူေတာင္းစား ေမာင္ႏွံ ေရာက္လာျပီး ဆြမ္းက် န္ဟင္းက် န္စားဖို ့ေစာင့္စားေနခ် ိန္ဘုရားရွင္ျမင္ေတာ့ ျပံဳ းေတာ္မူတယ္ ။

ဘုရားရွင္တို ့ မည္သည္ အေၾကာင္းမရွိဘဲ ျပံဳ းေတာ္မူရိုးထံုးစံမရွိ ၊ဒါကိုသိတဲ႔ အရွင္အာနႏၵာက ျပံဳ းေတာ္မူရျခင္း အေၾကာင္းရင္းကို ေမးေလ်ွ ာက္တာေပါ့ ဒီေတာ့ ဘုရားရွင္ ရွင္းျပ ဆံုးမေတာ္မူတာက …( ခ် စ္သား အာနႏၵာ )

အဲဒီ–သူေတာင္းစားေမာင္ႏွံမွ ေလာကီ ေလာကုတၱရာ ႏွစ္ျဖာေသာ အတိတ္ကုသိုလ္ကံ ပါလာျပီးသား ၊ ေလာကီစီးပြားဘက္မွာ ၾကိဳ းစားရွာေဖြမယ္ ဆိုရင္ ....

ပထမအရြယ္မွာ စီးပြားရွာေဖြမယ္ဆိုရင္ ပထမတန္းစား သူေ႒းၾကီးျဖစ္မွာ တကယ္လို ့ ပထမအရြယ္မွာ စီးပြားမရွာဘူးပဲထာ ဒုတိယအရြယ္ေရာက္မွ စီပြားရွာမယ္ဆိုရင္လည္း ဒုတိယတန္းစား သူေ႒းၾကီး ျဖစ္နိုင္တယ္ ။

ဒုတိယအရြယ္မွာ စီးပြားမရွာျဖစ္ဘူးပဲထား တတိယအရြယ္ေရာက္မွ ထလုပ္လည္း တတိယတန္းစား သူေ႒းၾကီးေတာ့ ေအးေအးေဆးေဆး ျဖစ္နိုင္တဲ႔ အတိတ္ကံ ပါလာျပီးသား။

အတိတ္ကုသိုလ္ကံ ဘယ္ေလာက္ေကာင္းေကာင္း လက္ရွိကံကမွ မေဖၚထုတ္ရင္ ျမႇဳပ္သြားမွာပဲ ။

ေလာကုတၱရာဘက္က ၾကည့္လိုက္ျပန္ရင္လည္း— သူတို ့ဇနီးေမာင္ႏွံဟာ …. ပထမအရြယ္တုန္းက တရားရွာလိုက္ရင္ လင္က ရဟႏၲာမယားက အနာဂါမ္ျဖစ္မယ့္ပုဂၢိဳ လ္ေတြ...

ဒုတိယအရြယ္မွာသာ က် င့္မယ္ဆိုရင္ လင္က အနာဂါမ္ မယားက သကဒါဂါမ္ ျဖစ္မယ့္ပုဂၢိဳ လ္ေတြ ၊ပထမ ဒုတိယအရြယ္ေတြမွာ တရားမရွာနိုင္ဘူးပဲထား တတိယအရြယ္မွာမ် ား တရားရွာခဲ႔ရင္ လင္က သကဒါဂါမ္ မယားက ေသာတာပန္ ။ ဧကန္မုခ်ျဖစ္နိုင္သူေတြ—-။

ခုေတာ့ ေလာကီဘက္မွာလည္း ဘာစီးပြားမွ မပြားစီး ၊ေလာကုတၱရာဘက္မွာလည္း အခ် ည္းႏွီး ။အတိတ္ကုသိုလ္ ကံ အားၾကီးေသာ္လည္းလက္ရွိ ကုသိုလ္ကံ ေကာင္းေအာင္မျပဳ ။

အကုသိုလ္ဘက္ ေလ့က် က္လိုက္စားရင္း ကုေဋၾကြယ္ သူေ႒းဘဝမွ သူေတာင္းစားဘဝသို ့က်ေရာက္သြားနိုင္ေၾကာင္း ဘုရားရွင္က ဆံုးမေဟာျပေတာ္မူပါတယ္ ။

ေက် းဇူးရွင္ ဆရာေတာ္ဘုရားၾကီး ကေတာ့…*( အတိတ္ကုသိုလ္ကံ ပါလာပါလ်က္ကုသိုလ္ဆက္ဖို ့ မၾကိဳ းစားၾကျခင္းဟာ… ျပည္တန္တဲ႔ ပတၱျမားပဲေလွာ္နဲ႔ လဲစားေနတာလို ့ ဆံုးမေဖာ္ျပပါတယ္)*

*ကုသိုလ္ကံေကာင္းကို မတူးေဖာ္ ၊အကုသိုလ္ ဒုစရိုက္ေတြၾကား အာရံုငါးပါးေပ် ာ္ပါးလိုက္စား ေနသူမ် ားဟာ …တစ္နည္းအားျဖင့္ေတာ့ ကံလြဲသူမ် ား လို ့ပဲ ဆိုရေတာ့မွာျဖစ္ပါတယ္ *။

အညႊန္း။ ။၁၄-၉-၉၉ ၊ နတ္တလူေတာရ တရားပြဲ ။

(ေမာင္ေသြးခၽြန္၏ ဆယ္ဆသာရမယ္ မွ ကူးယူပူေဇာ္ပါ၏)

Photo #Crd = May .MTDS

=================

လူဘဝဆိုတာ ….

ကုသိုလ် ကံ အကျိုးပေးရဲ့ အသီးအပွင့် တစ်နည်းအားဖြင့် ကုသိုလ် အကြောင်းခံ ပါလာပြီးသား။

အဲဒီကုသိုလ်က အကြောင်းခံ မတူးဖေါ် မခံစားတတ်ရင်အကုသိုလ်အကြောင်းတွေကချည်း ဖိစီးနေရာယူ ခြယ်လှယ်ပါလိမ့်မယ် ။

အကုသိုလ်ဆိုတာ အထူးပြုနေစရာမလိုစိတ်ကိုလွတ်ထားလိုက်ရုံနဲ့ ဦးတည်ရာမဲ့ သွားလာကျက်စားမယ့် နေရာဟာ အကုသိုလ်ချည်းမှတ်ပါ ။

( လူဘဝ တစ်ကြိမ်ရဖို ့ တိရစ္ဆာန်ဘဝပေါင်း တစ်ရာလောက် ကျင်လည်ပေးဆပ်ခဲ့ရတာ ဆိုတော့ အဲဒီတိရစ္ဆာန်ဘဝတွေက ပါလာတဲ့ မောဟစတဲ့တိရစ္ဆာန်စိတ်တွေက မကောင်းမှု အကုသိုလ်တွေဆီ အချိန်မရွေး ဦးတည်ခေါ်ဆောင် သွားနေတယ် ။

အဲဒီတော့ { ပြည်တန်တဲ့ ပတ္တမြား ပဲလှေ ာ်နဲ့ လဲစားနေသလို လူဘဝကို အကုသိုလ်တွေ လုပ်ရင်း အချ ိန်ဖြု န်းပစ် နေကြတာဟာ ထီဆုကြီးပေါက်ပြီး ထီလက်မှတ် ပျေ ာက်နေတာနဲ့ အတူတူပါပဲ})

တချိူ ့ကတော့ ကောင်းတာတွေ လုပ်နေပါလျက်ဘဝကောင်းမရ အကျို းပေးညံ့နေသေးတာ ဘာကြောင့်ဘာလဲလို ့ မေးကြတယ် ။

အတိတ်သံသရာ ဘဝများစွာက ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေ ပြန်မြင်နိုင်စွမ်းရင် ( ဒီမေးခွန်းပေါ်ပေါက်လာစရာ အကြောင်းမရှိပါ ) ကောင်းတာတွေ လုပ်နေလို ့ ဒီလောက်ခံသာနေသေးတာလို ့ပဲ နှလုံးသွင်းစေချင်ပါတယ် ၊

သို ့သော် အားမလျှော့ပါနဲ့ ၊ စီးပွားဝမ်းစာ ရှာဖွေရာမှာ အကျိူ းပေး တုံ ့နှေးနေလို ့ ဆိုပြီးမိမိရဲ့ သီလသိက္ခာကို ဘယ်တော့မှ မဖျက်ဆီးပစ်ပါနဲ့ ။

ကုသိုလ်ကောင်းမှု တို ့မည်သည် ဘယ်တော့မှ အရင်းမရှုံး အတိုးအညွန့်ဖြင့်သာ ခံစားရ ရိုးထုံးစံ ရှိပါတယ် ။လက်ရှိကောင်းကံနဲ့ အတိတ်က ကောင်းကံ ဆက်မိရင်ကြီးမားတဲ့ ကုသိုလ်အင်အား အကျိူ းပေးချ ိန် တစ်လှည့်တစ်ပြန် ရောက်လာမှာပါ ။

သူသူ ကိုယ်ကိုယ် အတိတ်ကုသိုလ် ပါလာပြီးသား ....*ကံတူးမှားနေလို ့သာ ရေမထွက်တာ *

ကျေ းဇူးရှင် ဆရာတော်ဘုရားကြီးက အတိတ်က ကုသိုလ်ကံကောင်းကြီးတွေ သေသေချ ာချ ာ ပါလာခဲ့ပါလျက် ကံတူးမှားလို ့ ပြောင်းပြန်အကျိူ းပေး ခံစားရရှာတဲ့ သာဓက ဇာတ်ကြောင်းမျ ားနဲ့ သက်သေဆောင်ပြပါတယ် ။

အမျ ားသိကြတဲ့ အဇာတသတ် ဆိုပါစို ့ဒေဝဒတ်ကို ဆရာတင် လူပေါင်းမှားလို ့သောတာပန်ဖခင် ဗိမ္မသာရမင်းကြီးကို သတ်ဖြတ်ပစ်မှား မိခဲ့တဲ့ဒီဘဝရဲ့ အကုသိုလ်ကံကြီးထိုက်လို ့သောတာပန်တည်ရမယ့် အတိတ်ကံ ပါလာသော်လည်း ငရဲလားရရှာတယ် ။

ဒေဝဒတ်က မြှောက်ပေးလို ့ သူသတ်လိုက်မိတဲ့ဖခင်ဘုရင်ကြီး ဆိုတာ သောတာပန် သူတော်ကောင်းကြီး ဖခင်ကို သတ်ပြီးမှ အိပ်မရ စားမဝင်သမားကျေ ာ်ဇီဝကပင် ကုလို ့မရတဲ့ရောဂါ ပေါ်လာရတယ်မဟုတ်လား။

ဒီမှာ ဇီဝက က( အရှင်မင်းကြီးရဲ့ ရောဂါ ဘုရားရှင်တော်မှတစ်ပါးကုပေးနိုင်သူမရှိပြီ )ဆိုပြီး အဇာတသတ်ကို ဘုရားရှင်ထံတော်မှောက် ခေါ်ဆောင်လာတယ်။

ဘုရားရှင်ကလည်း အဇာတသတ်ရဲ့ ရောဂါဆိုးကြီးကို တရားရေအေး အမြိုက်ဆေးနဲ့ ကုပေးတော်မူပါတယ်..

( ဘုရားတရား နာကြားပြီး အဇာတသတ်ဟာ ဘယ်လောက်ထိ ပီတိဖြစ်သလဲဆိုရင် အဲဒီနေရာတွင်ပင် သောတာပန်တည်နိုင် သွားတဲ့အထိပါပဲ ။

သို ့သော် အဖသတ်အကုသိုလ်ကံကြီးက ပိတ်ဆီးထားတော့ သဒ္ဓါစိတ်ထက်မပိုဘူး ။ ဘုရားဖူးပြီးတဲ့နောက် ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ လုပ်သွားရှာပေမယ့် ဒီဘဝ အဖသတ်အကုသိုလ်ကံကြီး ထိုက်ပြီးသေတော့ ငရဲရောက်သွားတာပဲ ။

* အတိတ်ကံက အပါယ်တံခါး ပိတ်တဲ့အထိ ပါပြီးသား ပစ္စု ပ္ပန်ကံက အပါယ်တံခါး တွန်းဖွင့်လေတော့ အဇာတသတ်ဟာ ကံတူးမှားသူ ကံလွဲသူ * လို ့ဆိုရမယ် ။

ပြီးတော့ ဘုရားရှင်လက်ထက်တော်အခါ ကာလကပါပဲ ဗာရာဏသီပြည်မှာ ဓနဗလသူဋ္ဌေးသား ဆိုတာ ရှိသေးတယ် ။

သူကတစ်ဦးတည်းသော သားဆိုတော့ မိဘအမွေ ကုဋေရှစ်ဆယ်လုံး တစ်ဦးတည်း ရလိုက်တယ် ၊သူနဲ့ အကြောင်းပါတဲ့ သူဋ္ဌေးသမီးကလည်း … တစ်ဦးတည်းသောသမီး သူလိုပဲ ကုဋေရှစ်ဆယ် အမွေရလိုက်တယ် ၊အမွေနှစ်ရပ်ပေါင်း ကုဋေတစ်ရာ့ခြောက်ဆယ်နဲ့ တကယ့် ဧရာမသူဋ္ဌေးဘွဲ့ထူးကြီး ဆွတ်ခူးလိုက်တော့တာပေါ့။

အဲဒီခေတ်က သူဋ္ဌေးဆိုတာ မင်းတိုင်ပင် အမတ်နေရာကလည်း တာဝန်ယူရတယ် ။ တိုင်းပြည်ရဲ့ စီးပွားရေး သူဋ္ဌေးတွေလုပ်လေ့ရှိတာ ဘုရင်က အုပ်ချူ ပ်ရေး တရားစီရင်ရေး စသည်လုပ်ရတယ် ။

တိုင်းပြည်ရဲ့ စီးပွားရေး အစီအမံတွေကိုလည်း ဘုရင်ထံ တစ်နေ့တစ်ကြိမ် တင်ပြ အစီရင်ခံရလေ့ရှိတယ် အဒီမှာ ဓနဗလသူဋ္ဌေးလေး နန်းတော်ဆီ သွားလေတိုင်း ဝိုင်းဝန်းကြည့်ငေး အားကျ သူတွေ ရှိခဲ့သလို သူ ့စည်းစိမ်ကို မနာလို သူကိုဖျ က်ဆီးလိုသူတွေလည်းပဲ အမြဲစောင့်ကြည့်ခါ ရှိနေခဲ့ပါတယ် ။

ဓနဗလကိုယ်တိုင်က မင်းတိုင်ပင် အမတ်ဖြစ်နေလေတော့ စည်းစိမ်တွေကို လုယက်ဖျက်ဆီးပစ်ဖို ့ ဆိုတာလည်း မဖြစ်နိုင်ဘူး ။ ဒီတော့—-အကြမ်းနည်းနဲ့တော့ မရဘူး တဖြည်းဖြည်း လှိုက်စား တိုက်စားတဲ့နည်း အနုနည်းနဲ့ ဖျ က်ဆီးဖို ့ ကြံစည်ကြတော့တာပေါ ့ ။

ဒီတော့ ဓနဗလကို ချ ဉ်းကပ်ပြီးမြှောက်ပင့်တဲ့နည်း အယုံသွင်းတဲ့နည်း အောက်ကျ ခံ တပည့်ခံပေါင်းတဲ့နည်း—နည်းမျိူ းစုံနဲ့ ထိုးစစ်ဆင်တော့တယ် လူ ဆိုတာ အမြှောက်ကြို က် အရိုအသေကြို က် * ဒီကြိုက်စိတ် အားနည်းချ က် * ကို ဖိနင်းပြီး ဓနဗလ သူဋ္ဌေးသားကို ချဉ်းကပ်ပေါင်းသင်း ကြတယ် ။

ပြီးတော့ …

*လူဆိုတာ အဆိုးလောကဓံ ကိုသာ တောင့်တင်းခံ အံကြိတ်ခံနိုင်တာ အကောင်းလောကဓံကျ တော့ ခံလို ့ခံနေရမှန်းမသိတော့ တတိတိ တအိအိ နဲ့ တရိရိ လိုက်စား ဖျ က်ဆီးခြင်း ခံနေရပြီနော် *

အပေါင်းအသင်းတွေက… ဓနဗလကို သောက်စားပျေ ာ်ပါးဖို ့စည်းရုံးသိမ်းသွင်းကြတယ် ။ တစ်ကြိမ် နှစ်ကြိမ် သုံးလေးငါးကြိမ် အထိတော့ ဓနဗလငြင်းနိုင် ပါသေးတယ် ။

ကြာတော့ ငြင်းအားမရှိတော့ဘူး။အဲဒီမှာ *( ပျ က်စီးခြင်းရဲ့ လမ်းစဆိုတာ အရက်သေရည် မူးယစ်က စတာ)*။

ဘာလို ့လဲ.........

*မူးရင်မေ့ မေ့ရင်ပျ က် ၊ ရှင်လျ က်နဲ့ သေနေတာနဲ့ မခြားဘူး တဲ့ ။အပျေ ာ် အပျ က် ဆိုတဲ့အတိုင်း အပျေ ာ်လွန်တော့ ပျ က်လာပြီ ။* စမ်းသောက်ရာက စွဲလာပြီ ။

အချ ိန်ပြည့်မူးမေ့နေတော့ စာရင်းဇယားတွေလည်း အမှန်အမှား မခွဲခြားနိုင်တော့ဘူး ။ လုပ်ငန်းကိစ္စတွေလည်း အမှန်အကန် မစီမံနိုင်တော့ဘူး။ငွေရေးကြေးရေး တွေလည်း အပေးလား အယူလား မခွဲခြားနိုင်တော့ဘူး။

ရတနာစသည့် ပစ္စည်းပစ္စယတွေလည်း ဘယ်သူယူလို ့ ယူမှန်းမသိတော့ ဘယ်နားထားလို ့ ထားမှန်းမသိတော့ဘူး ။စီးပွားဥစ္စာတွေ ကုန်ဆုံးလို ့ ကုန်ဆုံးမှန်း မသိတော့ဘူး ။

စိတ်အထင်ကတော့ နဂိုရှိပြီးသား ကုဋေမျ ားစွာ အပေါ်မှာပဲ ရှိနေတယ် ။ဒါပေမဲ့ တကယ်အရှိကတော့ လုံးပါးပါးနေပြီ ။

ချေ းပြီးပြန်မဆပ်တာတွေ ပေးပြီးပြန်မရတာတွေ နေ ့စဉ် ပျေ ာ်ပါးဝါကြွားတဲ့ အသုံးစရိတ်တွေ ဘာအလုပ်မှ ဆက်မလုပ်တော့ဘဲသောက်စားမူးယစ် နေတာတွေနဲ့ ကြာတော့ ချမ်းသာကြွယ်ဝသမျှ ကုဋေမျ ားစွာ ငွေကြေးပမာဏ ကုန်ပါလေရောတဲ့ ။

ဒီလိုနဲ့ ရှိတာတွေ ပေါင်နှံရောင်းချ သုံးစားပျေ ာ်ပါး လိုက်တာ…ဘာမှ မကျ န်တော့အောင်ပဲတဲ့ ။

*( ဒီအချ ိန်မှာ ကိုယ်ပစ္စည်းတန်ဖိုးက သေးပြီး အရက်တန်ဖိုးက ကြီးနေပြီ ။ ဒီလိုပဲ—ကိုယ်ကြို က်တဲ့ဘက်က တန်ဖိုးကြီးပြီး မကြို က်တဲ့ဘက်က တန်ဖိုးသေးနေမှာ ဓမ္မတာပဲ )*

ဒီတော့ အရက်ဖိုးရပြီးရော သူပစ္စည်းတွေ မတန်တဆနဲ့ချ ည်း ရောင်းပစ်ရတယ် ။ တစ်ရာတန်ပေမယ့် တစ်ဆယ်ပဲ ရချ င်ရမယ် ။ဒီလိုနဲ့ ရှိသမျှ ကုန်တော့ ဇနီးမောင်နှံနှစ်ယောက် သူတောင်းစားဘဝ ရောက်သွားတယ်။

*( သင်္ခ ါရဆိုတဲ့ ပြု ပြင်ပြီး ဖြစ်လာတာ မှန်သမျှ …ပျ က်ရတာချ ည်းပဲ )*

ဒီလိုနဲ့ ကုဋေကြွယ်သူဋ္ဌေးဘဝ တစ်ဖြစ်လဲ သူတောင်းစား ဇနီးမောင်နှံဟာ လှည့်လည်တောင်းရမ်းစား သောက်ရင်း တစ်ရက်တော့ မိဂဒါဝုန်ဘက် ရောက်လာတယ် ။

အဲဒီမှာ နန္ဒိယသူတို ့သား ဆောက်လုပ်လှူ ဒါန်းထားတဲ့ အံ့မခန်းဆန်း ကြယ်တဲ့ ဘုရားရှင်သီတင်းသုံး တော်မူရာ ကျေ ာင်းတော်ကြီး ရှိတယ် ဒီကျေ ာင်းတော်ကြီး အနား… သူတောင်းစား မောင်နှံ ရောက်လာပြီး ဆွမ်းကျ န်ဟင်းကျ န်စားဖို ့စောင့်စားနေချ ိန်ဘုရားရှင်မြင်တော့ ပြုံ းတော်မူတယ် ။

ဘုရားရှင်တို ့ မည်သည် အကြောင်းမရှိဘဲ ပြုံ းတော်မူရိုးထုံးစံမရှိ ၊ဒါကိုသိတဲ့ အရှင်အာနန္ဒာက ပြုံ းတော်မူရခြင်း အကြောင်းရင်းကို မေးလျှေ ာက်တာပေါ့ ဒီတော့ ဘုရားရှင် ရှင်းပြ ဆုံးမတော်မူတာက …( ချ စ်သား အာနန္ဒာ )

အဲဒီ–သူတောင်းစားမောင်နှံမှ လောကီ လောကုတ္တရာ နှစ်ဖြာသော အတိတ်ကုသိုလ်ကံ ပါလာပြီးသား ၊ လောကီစီးပွားဘက်မှာ ကြို းစားရှာဖွေမယ် ဆိုရင် ....

ပထမအရွယ်မှာ စီးပွားရှာဖွေမယ်ဆိုရင် ပထမတန်းစား သူဋ္ဌေးကြီးဖြစ်မှာ တကယ်လို ့ ပထမအရွယ်မှာ စီးပွားမရှာဘူးပဲထာ ဒုတိယအရွယ်ရောက်မှ စီပွားရှာမယ်ဆိုရင်လည်း ဒုတိယတန်းစား သူဋ္ဌေးကြီး ဖြစ်နိုင်တယ် ။

ဒုတိယအရွယ်မှာ စီးပွားမရှာဖြစ်ဘူးပဲထား တတိယအရွယ်ရောက်မှ ထလုပ်လည်း တတိယတန်းစား သူဋ္ဌေးကြီးတော့ အေးအေးဆေးဆေး ဖြစ်နိုင်တဲ့ အတိတ်ကံ ပါလာပြီးသား။

အတိတ်ကုသိုလ်ကံ ဘယ်လောက်ကောင်းကောင်း လက်ရှိကံကမှ မဖေါ်ထုတ်ရင် မြှုပ်သွားမှာပဲ ။

လောကုတ္တရာဘက်က ကြည့်လိုက်ပြန်ရင်လည်း— သူတို ့ဇနီးမောင်နှံဟာ …. ပထမအရွယ်တုန်းက တရားရှာလိုက်ရင် လင်က ရဟန္တာမယားက အနာဂါမ်ဖြစ်မယ့်ပုဂ္ဂို လ်တွေ...

ဒုတိယအရွယ်မှာသာ ကျ င့်မယ်ဆိုရင် လင်က အနာဂါမ် မယားက သကဒါဂါမ် ဖြစ်မယ့်ပုဂ္ဂို လ်တွေ ၊ပထမ ဒုတိယအရွယ်တွေမှာ တရားမရှာနိုင်ဘူးပဲထား တတိယအရွယ်မှာမျ ား တရားရှာခဲ့ရင် လင်က သကဒါဂါမ် မယားက သောတာပန် ။ ဧကန်မုချဖြစ်နိုင်သူတွေ—-။

ခုတော့ လောကီဘက်မှာလည်း ဘာစီးပွားမှ မပွားစီး ၊လောကုတ္တရာဘက်မှာလည်း အချ ည်းနှီး ။အတိတ်ကုသိုလ် ကံ အားကြီးသော်လည်းလက်ရှိ ကုသိုလ်ကံ ကောင်းအောင်မပြု ။

အကုသိုလ်ဘက် လေ့ကျ က်လိုက်စားရင်း ကုဋေကြွယ် သူဋ္ဌေးဘဝမှ သူတောင်းစားဘဝသို ့ကျရောက်သွားနိုင်ကြောင်း ဘုရားရှင်က ဆုံးမဟောပြတော်မူပါတယ် ။

ကျေ းဇူးရှင် ဆရာတော်ဘုရားကြီး ကတော့…*( အတိတ်ကုသိုလ်ကံ ပါလာပါလျက်ကုသိုလ်ဆက်ဖို ့ မကြို းစားကြခြင်းဟာ… ပြည်တန်တဲ့ ပတ္တမြားပဲလှော်နဲ့ လဲစားနေတာလို ့ ဆုံးမဖော်ပြပါတယ်)*

*ကုသိုလ်ကံကောင်းကို မတူးဖော် ၊အကုသိုလ် ဒုစရိုက်တွေကြား အာရုံငါးပါးပျေ ာ်ပါးလိုက်စား နေသူမျ ားဟာ …တစ်နည်းအားဖြင့်တော့ ကံလွဲသူမျ ား လို ့ပဲ ဆိုရတော့မှာဖြစ်ပါတယ် *။

အညွှန်း။ ။၁၄-၉-၉၉ ၊ နတ်တလူတောရ တရားပွဲ ။

(မောင်သွေးချွန်၏ ဆယ်ဆသာရမယ် မှ ကူးယူပူဇော်ပါ၏)

Photo #Crd = May .MTDS

Comments