လူအိုကို လူပိုလို သေဘာမထားပါနဲ႔… မိဘကိုတန္ဖိုးထားသူတိုင္း ငိုရမယ့္ပို႔ေလးပါ..



လူအိုကို လူပိုလို သေဘာမထားပါနဲ႔… မိဘကိုတန္ဖိုးထားသူတိုင္း ငိုရမယ့္ပို႔ေလးပါ..

ေဒါက္ …..ေဒါက္…

တံခါးေခါက္သံ ၾကားလိုက္ရသည္ …..ျပီး..,အျပင္မွ အေဖ့ေခၚသံကိုပါၾကားရသည္ …

“သား ….အေဖစကားနည္းနည္း ေျပာခ်င္လို႔ ….”

အလုပ္မွ အဆင္မေျပမႈမ်ားရွိေန၍ စိတ္မၾကည္လင္မႈမ်ားရွိေနသျဖင့္ ကြ်န္ေတာ္ အသံက်ယ္က်ယ္ျဖင့္ ျပန္ေအာ္ေျပာမိလိုက္သည္ …..

” ေနာက္မွ ေျပာေတာ့ အေဖ ကြ်န္ေတာ္ အလုပ္ကျပန္လာတာ စိတ္ပင္ပန္း လူပင္ပန္းနဲ႔ ….”

စိတ္တိုမိတာေတာ့ အမွန္ပင္ ….အျပင္မွ အေဖ့အသံမၾကားရေတာ့ …သူ႔အခန္းျပန္သြားၿပီ ထင္သည္။

အေဖက အသက္ ၈၅ ႏွစ္ရွိေနျပီ ျဖစ္သျဖင့္ တစ္ခါ တစ္ရံ သူငယ္ျပန္တတ္သည္ …..သူငယ္ျပန္ၿပီဆိုလွ်င္ ကြ်န္ေတာ္တို႔ စိတ္ညစ္ရသည္ ….

ထမင္းေကြ်း ,ေခ်းပါ, ေသးေပါက္ကအစ သူ႕ကို ကေလးတစ္ေယာက္လို ျပဳစုရသည္ ….

တစ္ခါတစ္ေလလည္း တစ္ေယာက္တည္း ဟိုေျပာ ဒီေျပာ ေျပာေနတတ္သည္ …ျပန္ေကာင္းသည့္အခါဆိုလည္း ေကာင္းေနတတ္သည္ ….

စိတ္ပူစရာေတာ့ မလို အခုတစ္ေလာ သူငယ္ျပန္ေနတာမ်ားသည္ ျပန္ေကာင္းလာခ်ိန္ကို မေတြ႔ရေတာ့ ….

ခဏၾကာေသာ္ ၅ ႏွစ္သား ကြ်န္ေတာ့္သားကေလးက စာရြက္ေခါက္ကေလး တစ္ခုကို ယူလာေပးသည္ ….

“ဖိုးဖိုးက ေပးခိုင္းလိုက္တယ္ အေဖ့အတြက္တဲ႕….”

ကြ်န္ေတာ္လည္း အမႈမဲ႔အမွတ္မဲ႔ ဖြင့္မၾကည့္ပဲစားပြဲေပၚတြင္ ပစ္တင္ထားလိုက္သည္ ….အဲဒီေနာက္ပိုင္းအေဖ လုံးဝ ျပန္မေကာင္းလာေတာ့ပါ ...

က်န္းမာေရးဆိုးသထက္ဆိုးလာျပီး ကြ်န္ေတာ္တို႔လည္း သူ႔အတြက္ေၾကာင့္ စိတ္ဒုကၡကိုယ္ဒုကၡေရာက္ခဲ႔ရသည္ ..ေနာက္ ၆ လ ၾကာေတာ့ အေဖ ကြယ္လြန္သြားေလသည္ ….

သူကြယ္လြန္သြားေတာ့ မိသားစု အားလုံး ငိုယိုၾက ဝမ္းနည္းၾကသည္ ….

သူဆုံးၿပီးေတာ့ ေနာက္ပိုင္း ကြ်န္ေတာ္တို႔လည္း အပူကင္းသလို ခံစားရသည္ ….အရႈပ္ထုပ္ႀကီး ရွင္းသြားသလို ခံစားရသည္ …..

အေဖဆုံးၿပီး တစ္ႏွစ္ေလာက္ၾကာေသာ္…..

တစ္ေန႔ ကြ်န္ေတာ့္အိပ္ခန္းသန္႔ရွင္းေရးလုပ္ရင္း စားပြဲခုံေအာက္ ေခ်ာင္ႀကိဳ ေခ်ာင္ၾကား မွ ဖုံထူထူတက္ေနေသာ စာေခါက္ေလးတစ္ခု ေတြ႔မိသည္ …

ဘာစာမ်ားလည္း ဆိုေသာစိတ္ျဖင့္ စူးစမ္းစြာ ဖတ္ၾကည့္လိုက္မိသည္ …..

သို႔ …...

ငါ့သား ….အေဖ မင္းကိုေျပာခ်င္တဲ႔စကားေလးေတြအေဖ အသိတရားျပန္ေကာင္းတုန္းေလး စာနဲ႕ေရးထားလိုက္တယ္ …

ငါ့သား ဖတ္မိၿပီးရင္ အေဖ့အေပၚ စိတ္ရွည္ၿပီး နားလည္ေပးလာလိမ့္မယ္လို႔အေဖ ေမွ်ာ္လင့္မိပါတယ္ …

သား …အေဖက အသက္ႀကီးပါၿပီ တခါတခါ ကိုယ့္ကိုကိုယ္ ဘယ္သူမွန္းေတာင္ မသိေတာ့ဘူး ….မင္း ေမြးကင္းစ အရြယ္တုန္းက လိုေပါ့ ….

သား ….အေဖက အသက္ႀကီးျပီ သြားလာ လႈပ္ရွားရတာေတြ ေႏွးဖင့္လာျပီး အေျပာအဆိုေတြကလည္း ဝိုးတိုးဝါးတား ျဖစ္လာတယ္ ….စိတ္ရွည္ေပးပါ .,

မင္း ငယ္ငယ္တုန္းက လမ္းေလွ်ာက္တတ္ေအာင္ စကားေျပာတတ္ေအာင္ အေဖတို႔ စိတ္ရွည္ လက္ရွည္နဲ႕ သင္ေပးခဲ႔သလိုေပါ့ …..

သား …အေဖက အသက္ႀကီးၿပီဆိုေတာ့ အေဖ့ရဲ႕ ရပ္တည္ တည္ရွိေနမႈဟာ မင္းအတြက္ဝန္ထုပ္ ဝန္ပိုး ျဖစ္ရင္ ျဖစ္ေနမယ္ …..

ဒါေပမယ့္ အေဖကေတာ့ မင္းတို႔ေလးေတြ လူ႔ေလာကထဲကို အေမ့ဗိုက္ထဲကေန စထြက္လာကတည္းက မင္းဟာ အေဖ့အတြက္ ဝန္ထုပ္ဝန္ပိုးလို႔ တစ္ခါမွ မထင္မိခဲ႔ဖူးပါဘူး….

သား …,အေဖဒီလို ေျပာတယ္ဆိုတာ မင္းတို႔ရဲ႕တန္ျပန္ေက်းဇူးကိုလိုခ်င္လို႔ မဟုတ္ပါဘူး ….ေသျခင္းတရားဆိုတာ အေဖနဲ႕ မေဝးေတာ့ပါဘူး …

မေသခင္ေလးမွာ အေဖ့သားသမီး ေျမးေလးေတြနဲ႕ ေပ်ာ္ေပ်ာ္ပါးပါး လူ႔ဘဝရဲ႕ ေနဝင္ခ်ိန္ေလးကို ခံစား စံစားခ်င္တာပါပဲ ….

သား ….အေဖေသသြားတဲ႔အခါ ဝမ္းမနည္းပါနဲ႕ ,ငိုေၾကြးမေနပါနဲ႕….

မိဘေက်းဇူးနားလည္သိတတ္တဲ႔ သားသမီးေတြဟာ မိဘ အသက္ရွင္ေနတဲ႔ အခ်ိန္မွာ အတတ္ႏိုင္ဆုံး အစြမ္းကုန္ ျပန္လည္ျပဳစု ေစာင့္ေရွာက္ခဲ႔ၾကတဲ႔အတြက္ သူတို႔မွာ ေနာင္တ ရစရာဆိုတာ မရွိပါဘူး …..

သား ….အေဖေသသြားတဲ႔အခါမွာ မင္းတို႔ရဲ႕ သိတတ္မႈ နားလည္မႈေတြနဲ႕ အမွ်ေပးေဝမႈေတြနဲ႕ အတူ ေကာင္းရာသုဂတိသို႔ လားမွာပါ ….

သား ..,မင္းတို႔ေတြအားလုံး စိတ္၏ခ်မ္းသာျခင္း ,ကိုယ္၏ က်န္းမာျခင္းေတြနဲ႔ ျပည့္စုံႏိုင္ၾကပါေစလို႔ အေဖ ဆုမြန္ေကာင္း ေတာင္းလိုက္ပါတယ္ ….

( အေဖ ).............

စာကိုဖတ္မိၿပီး ကြ်န္ေတာ္ ထိန္းမႏိုင္ သိမ္းမႏိုင္ ငိုေၾကြးမိသည္ …..ရက္စြဲက သားေလး ကြ်န္ေတာ့္ကို စာလာေပးေသာ ေန႔ပင္ ….

ကြ်န္ေတာ္ ေနာင္တ အရမ္း ရမိသည္ …ကိုယ့္ကိုကိုယ္လည္း အျပစ္တင္လို႔ မဆုံးေပ …

ကြ်န္ေတာ္သာ အဲဒီေန႔ကသာ စာကို ဖတ္မိလွ်င္ ခုလို ေနာင္တ ရစရာ မလိုေတာ့ပါ …

အနည္းဆုံးေတာ့ အေဖ အသက္ရွင္ေနစဥ္အတြင္း ကြ်န္ေတာ္ သူ႔ကို အရင္လို မၿငိဳညင္ပဲ ဝမ္းပန္းတသာ ျပဳစု ေစာင့္ေရွာက္မွာပါ …..

မိဘဆိုတာ မေသခင္ လုပ္ေကြ်းၾကပါ ေသမွ မငိုျပနဲ႕ဆိုေသာ စကားကို အားလုံးၾကားဖူးၾကဘူးမွာပါ …

အဲဒီစကားအတိုင္း မိဘကို လုပ္ေကြ်းျပဳစု ေက်းဇူးဆပ္ၾကပါတယ္ ….က်န္းမာေရးဂရုစိုက္ေပးျပီး သြားခ်င္လာခ်င္တဲ႔ေနရာ လိုက္ပို႔ေပးၾကရံုနဲ႕ မျပည့္စုံပါဘူး

အဓိက ကေတာ့ သူတို႔အေပၚ စိတ္မရွည္တာတို႔ အေလးမထားတာတို႔ မလုပ္မိပါေစနဲ႕ ….အားတဲ႔အခ်ိန္တိုင္း သူတို႔ကို အေဖာ္ျပဳေပးပါ …အေနေဝးရင္ မၾကာခဏ သြားေရာက္ ၾကည့္ရႈေပးပါ ….

သူတို႔မွာ ဂုဏ္ယူစရာဆိုလို႔ ငါ့သားသမီး ငါ့ေျမးေတြကငါ့ကို ဂရုတစိုက္နဲ႔ ျပဳစုေစာင့္ေရွာက္ေပးတယ္ ဆိုတဲ႔စိတ္ေလး ၾကည္ႏူးမႈေလး ခံစားသြားပါေစ ….

လူအိုကို လူအို လို႔ သေဘာထားေပးပါ ….လူပိုလို႔ သေဘာမထားမိဖို႔ အေရးႀကီးပါတယ္ …..

ေနာင္တနဲ႕ ဝဋ္ေၾကြး ကင္းေသာ သားသမီးေကာင္းမ်ားျဖစ္ၾကပါေစ …….

Credit###Shwe Bhone Aung.

==============

လူအိုကို လူပိုလို သဘောမထားပါနဲ့… မိဘကိုတန်ဖိုးထားသူတိုင်း ငိုရမယ့်ပို့လေးပါ..

ဒေါက် …..ဒေါက်…

တံခါးခေါက်သံ ကြားလိုက်ရသည် …..ပြီး..,အပြင်မှ အဖေ့ခေါ်သံကိုပါကြားရသည် …

“သား ….အဖေစကားနည်းနည်း ပြောချင်လို့ ….”

အလုပ်မှ အဆင်မပြေမှုများရှိနေ၍ စိတ်မကြည်လင်မှုများရှိနေသဖြင့် ကျွန်တော် အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောမိလိုက်သည် …..

” နောက်မှ ပြောတော့ အဖေ ကျွန်တော် အလုပ်ကပြန်လာတာ စိတ်ပင်ပန်း လူပင်ပန်းနဲ့ ….”

စိတ်တိုမိတာတော့ အမှန်ပင် ….အပြင်မှ အဖေ့အသံမကြားရတော့ …သူ့အခန်းပြန်သွားပြီ ထင်သည်။

အဖေက အသက် ၈၅ နှစ်ရှိနေပြီ ဖြစ်သဖြင့် တစ်ခါ တစ်ရံ သူငယ်ပြန်တတ်သည် …..သူငယ်ပြန်ပြီဆိုလျှင် ကျွန်တော်တို့ စိတ်ညစ်ရသည် ….

ထမင်းကျွေး ,ချေးပါ, သေးပေါက်ကအစ သူ့ကို ကလေးတစ်ယောက်လို ပြုစုရသည် ….

တစ်ခါတစ်လေလည်း တစ်ယောက်တည်း ဟိုပြော ဒီပြော ပြောနေတတ်သည် …ပြန်ကောင်းသည့်အခါဆိုလည်း ကောင်းနေတတ်သည် ….

စိတ်ပူစရာတော့ မလို အခုတစ်လော သူငယ်ပြန်နေတာများသည် ပြန်ကောင်းလာချိန်ကို မတွေ့ရတော့ ….

ခဏကြာသော် ၅ နှစ်သား ကျွန်တော့်သားကလေးက စာရွက်ခေါက်ကလေး တစ်ခုကို ယူလာပေးသည် ….

“ဖိုးဖိုးက ပေးခိုင်းလိုက်တယ် အဖေ့အတွက်တဲ့….”

ကျွန်တော်လည်း အမှုမဲ့အမှတ်မဲ့ ဖွင့်မကြည့်ပဲစားပွဲပေါ်တွင် ပစ်တင်ထားလိုက်သည် ….အဲဒီနောက်ပိုင်းအဖေ လုံးဝ ပြန်မကောင်းလာတော့ပါ ...

ကျန်းမာရေးဆိုးသထက်ဆိုးလာပြီး ကျွန်တော်တို့လည်း သူ့အတွက်ကြောင့် စိတ်ဒုက္ခကိုယ်ဒုက္ခရောက်ခဲ့ရသည် ..နောက် ၆ လ ကြာတော့ အဖေ ကွယ်လွန်သွားလေသည် ….

သူကွယ်လွန်သွားတော့ မိသားစု အားလုံး ငိုယိုကြ ဝမ်းနည်းကြသည် ….

သူဆုံးပြီးတော့ နောက်ပိုင်း ကျွန်တော်တို့လည်း အပူကင်းသလို ခံစားရသည် ….အရှုပ်ထုပ်ကြီး ရှင်းသွားသလို ခံစားရသည် …..

အဖေဆုံးပြီး တစ်နှစ်လောက်ကြာသော်…..

တစ်နေ့ ကျွန်တော့်အိပ်ခန်းသန့်ရှင်းရေးလုပ်ရင်း စားပွဲခုံအောက် ချောင်ကြို ချောင်ကြား မှ ဖုံထူထူတက်နေသော စာခေါက်လေးတစ်ခု တွေ့မိသည် …

ဘာစာများလည်း ဆိုသောစိတ်ဖြင့် စူးစမ်းစွာ ဖတ်ကြည့်လိုက်မိသည် …..

သို့ …...

ငါ့သား ….အဖေ မင်းကိုပြောချင်တဲ့စကားလေးတွေအဖေ အသိတရားပြန်ကောင်းတုန်းလေး စာနဲ့ရေးထားလိုက်တယ် …

ငါ့သား ဖတ်မိပြီးရင် အဖေ့အပေါ် စိတ်ရှည်ပြီး နားလည်ပေးလာလိမ့်မယ်လို့အဖေ မျှော်လင့်မိပါတယ် …

သား …အဖေက အသက်ကြီးပါပြီ တခါတခါ ကိုယ့်ကိုကိုယ် ဘယ်သူမှန်းတောင် မသိတော့ဘူး ….မင်း မွေးကင်းစ အရွယ်တုန်းက လိုပေါ့ ….

သား ….အဖေက အသက်ကြီးပြီ သွားလာ လှုပ်ရှားရတာတွေ နှေးဖင့်လာပြီး အပြောအဆိုတွေကလည်း ဝိုးတိုးဝါးတား ဖြစ်လာတယ် ….စိတ်ရှည်ပေးပါ .,

မင်း ငယ်ငယ်တုန်းက လမ်းလျှောက်တတ်အောင် စကားပြောတတ်အောင် အဖေတို့ စိတ်ရှည် လက်ရှည်နဲ့ သင်ပေးခဲ့သလိုပေါ့ …..

သား …အဖေက အသက်ကြီးပြီဆိုတော့ အဖေ့ရဲ့ ရပ်တည် တည်ရှိနေမှုဟာ မင်းအတွက်ဝန်ထုပ် ဝန်ပိုး ဖြစ်ရင် ဖြစ်နေမယ် …..

ဒါပေမယ့် အဖေကတော့ မင်းတို့လေးတွေ လူ့လောကထဲကို အမေ့ဗိုက်ထဲကနေ စထွက်လာကတည်းက မင်းဟာ အဖေ့အတွက် ဝန်ထုပ်ဝန်ပိုးလို့ တစ်ခါမှ မထင်မိခဲ့ဖူးပါဘူး….

သား …,အဖေဒီလို ပြောတယ်ဆိုတာ မင်းတို့ရဲ့တန်ပြန်ကျေးဇူးကိုလိုချင်လို့ မဟုတ်ပါဘူး ….သေခြင်းတရားဆိုတာ အဖေနဲ့ မဝေးတော့ပါဘူး …

မသေခင်လေးမှာ အဖေ့သားသမီး မြေးလေးတွေနဲ့ ပျော်ပျော်ပါးပါး လူ့ဘဝရဲ့ နေဝင်ချိန်လေးကို ခံစား စံစားချင်တာပါပဲ ….

သား ….အဖေသေသွားတဲ့အခါ ဝမ်းမနည်းပါနဲ့ ,ငိုကြွေးမနေပါနဲ့….

မိဘကျေးဇူးနားလည်သိတတ်တဲ့ သားသမီးတွေဟာ မိဘ အသက်ရှင်နေတဲ့ အချိန်မှာ အတတ်နိုင်ဆုံး အစွမ်းကုန် ပြန်လည်ပြုစု စောင့်ရှောက်ခဲ့ကြတဲ့အတွက် သူတို့မှာ နောင်တ ရစရာဆိုတာ မရှိပါဘူး …..

သား ….အဖေသေသွားတဲ့အခါမှာ မင်းတို့ရဲ့ သိတတ်မှု နားလည်မှုတွေနဲ့ အမျှပေးဝေမှုတွေနဲ့ အတူ ကောင်းရာသုဂတိသို့ လားမှာပါ ….

သား ..,မင်းတို့တွေအားလုံး စိတ်၏ချမ်းသာခြင်း ,ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေလို့ အဖေ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ….

( အဖေ ).............

စာကိုဖတ်မိပြီး ကျွန်တော် ထိန်းမနိုင် သိမ်းမနိုင် ငိုကြွေးမိသည် …..ရက်စွဲက သားလေး ကျွန်တော့်ကို စာလာပေးသော နေ့ပင် ….

ကျွန်တော် နောင်တ အရမ်း ရမိသည် …ကိုယ့်ကိုကိုယ်လည်း အပြစ်တင်လို့ မဆုံးပေ …

ကျွန်တော်သာ အဲဒီနေ့ကသာ စာကို ဖတ်မိလျှင် ခုလို နောင်တ ရစရာ မလိုတော့ပါ …

အနည်းဆုံးတော့ အဖေ အသက်ရှင်နေစဉ်အတွင်း ကျွန်တော် သူ့ကို အရင်လို မငြိုညင်ပဲ ဝမ်းပန်းတသာ ပြုစု စောင့်ရှောက်မှာပါ …..

မိဘဆိုတာ မသေခင် လုပ်ကျွေးကြပါ သေမှ မငိုပြနဲ့ဆိုသော စကားကို အားလုံးကြားဖူးကြဘူးမှာပါ …

အဲဒီစကားအတိုင်း မိဘကို လုပ်ကျွေးပြုစု ကျေးဇူးဆပ်ကြပါတယ် ….ကျန်းမာရေးဂရုစိုက်ပေးပြီး သွားချင်လာချင်တဲ့နေရာ လိုက်ပို့ပေးကြရုံနဲ့ မပြည့်စုံပါဘူး

အဓိက ကတော့ သူတို့အပေါ် စိတ်မရှည်တာတို့ အလေးမထားတာတို့ မလုပ်မိပါစေနဲ့ ….အားတဲ့အချိန်တိုင်း သူတို့ကို အဖော်ပြုပေးပါ …အနေဝေးရင် မကြာခဏ သွားရောက် ကြည့်ရှုပေးပါ ….

သူတို့မှာ ဂုဏ်ယူစရာဆိုလို့ ငါ့သားသမီး ငါ့မြေးတွေကငါ့ကို ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးတယ် ဆိုတဲ့စိတ်လေး ကြည်နူးမှုလေး ခံစားသွားပါစေ ….

လူအိုကို လူအို လို့ သဘောထားပေးပါ ….လူပိုလို့ သဘောမထားမိဖို့ အရေးကြီးပါတယ် …..

နောင်တနဲ့ ဝဋ်ကြွေး ကင်းသော သားသမီးကောင်းများဖြစ်ကြပါစေ …….

Credit###Shwe Bhone Aung.

Comments