မော်ဒယ်နှင့် သရုပ်ဆောင် ဘေဘီမောင် ကတော့ ဖြိုးမြတ်အောင် နဲ့ ပတ်သက်ပြီး အခုလို ထိထိမိမိပြောလိုက်ပါတယ်...


Kay Kay
ဖြိုးမြတ်အောင်က ကျမအတွက်တော့ winner ပါပဲလို့ဆိုလိုက်တဲ့ ဘေဘီမောင်
သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့လှပအချိုးကျတဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာမျက်နှာလေးနဲ့ဆွဲဆောင်မှုရှိရှိ လှပနေသူလေးဖြစ်တာကြောင့် ပရိသတ်ပြည်သူတွေရဲ့ အချစ်ကို လက်ခံရရှိထားတဲ့သူလေးတစ်ယောက်ပါ၊ သူမကတော့ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်းရှိနေပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေထိုင်သူလေး တစ်ဦးပဲဖြစ်ပါတယ်။ Myanmar Idol ကိုမကြည့်ဖူးတဲ့ သူမက ဖြိုးမြတ်အောင်ရဲ့ သီဆိုယှဉ်ပြိုင်မှုတွေနဲ့မှ သူမရင်ထဲကို ဟတ်ထိသွားနိုင်ခဲ့တာကြောင့် သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရင်ထဲကလာတဲ့စာသားလေးတွေနဲ့ ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။
” တစ်ခါမှMyanmar idolမကြည့်ဖူးဘူးအမလေးဟယ် ကောင်းလိုက်တာအရမ်းမိုက်ဖြိုးမြတ်အောင်7 ကျမအတွက်သူက winnerပါပဲ
ရိုးသားတဲ့သူရဲ့ရလဒ်ပါပဲထာဝရအားပေးနေမယ် ဘေဘီနဲ့အတူတူvoteပေးကြရအောင်နော်
777777777777777777777777777777777777 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရိုးသားကြိုးစားတဲ့ ဖြိုးမြတ်အောင်အတွက် ရလဒ်ကောင်းတွေအများကြီးရဖို့ ဆုတောင်းအားပေးထားတာပဲဖြစ်ပါတယ်။
အဆိုတော်လင်းလင်းရဲ့ ခက်ခဲတဲ့ ” သုည ” သီချင်းကို အကောင်းဆုံးဖြစ်အောင် သီဆိုဖျော်ဖြေပေးနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်ကို Myanmar Idol တစ်ခါမှမကြည့်ဖူးတဲ့ ဘေဘီမောင်ကတောင်
” အာမေဍိတ်သံ ” တွေပါအောင်အားပေးပြီး ထာဝရအတွက်ပါ အားပေးမယ်ဆိုတဲ့ စာသားလေးနဲ့ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ ဘေဘီအတွက်တော့ ဖြိုးမြတ်အောင်က winner ပါပဲ ဘေဘီနဲ့အတူတူ vote ပေးကြရအောင်လားဆိုပြီး ဖြိုးမြတ်အောင်ကိုချစ်တဲ့ ပရိသတ်တွေအတွက်ပါ တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်။
ဖြိုးမြတ်အောင် winner ရဖို့ မင်းသမီးချောလေး ဘေဘီမောင်နဲ့အတူ ဖြိုးမြတ်အောင်ကို အားပေးချစ်ပေးကြသော ပရိသတ်များက ဆုမွန်ကောင်းလေးတွေနဲ့ ဆုတောင်းပေးကြဖို့မမေ့နဲ့ဦးနော်။ ဖတ်ရှုအားပေးကြပါသော ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။
Kay Kay
Ref : Baby Maung Facebook

Comments