ဒီျပိဳင္ပြဲရဲ႕ ထံုးစံအရ သူသည္စင္ေပၚမွာပဲ ရွိေနဦးမယ့္အေၾကာင္း ေျပာျပလာတဲ့ ဥကၠာဦးသာ...


ဒီျပိဳင္ပြဲရဲ႕ ထံုးစံအရ သူသည္စင္ေပၚမွာပဲ ရွိေနဦးမယ့္အေၾကာင္း ေျပာျပလာတဲ့ ဥကၠာဦးသာ
ယေန႔ ညေန သတင္းစာရွင္းလငး္ပြဲအျပီးမွာေတာ့ မနက္ျဖန္မွာက်င္းပမယ့္ျမန္မာ့အိုင္ေဒါကို အရင္အစီအစဥ္တိုင္းဆက္လက္က်င္းပသြားမွာျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားလိုက္ပါတယ္။
ခ်မ္းေျမ႕ေမာင္ခ်ိဳအေနနဲ႔ ျပိဳင္ပြဲစတင္ခ်ိန္မွာ မေရာက္ရွိလာဘူးဆိုရင္ေတာ့ ဒိုင္ပြဲရပ္အေနနဲ႔ ျဖိဳးျမတ္ေအာင္ကို ဝင္းနားအျဖစ္သတ္မွတ္ေပးသြားမွာလည္းျဖစ္ပါတယ္။
ခ်မ္းေျမ႕ေမာင္ခ်ိဳစာသားမွားဆိုတာေတြနဲ႔ပတ္သက္ျပီး Vocal Trainer တစ္ဦးျဖစ္သူ ဆရာဥကၠာဦးသာက သူ႔ရဲ႕အျမင္ကို ခုလိုေျပာသြားတာျဖစ္ပါတယ္။
“သူမွားဆိုတာက သူ႔အတြက္ ဘာမွေတာ့အျပစ္မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ လူေတြက Vote စနစ္နဲ႔သြားၾကတာေလ။ သူတုိ႔က သီခ်င္းဆိုျပိဳင္ေနတာျဖစ္ေပမယ့္ ျပည္သူ႔အခ်စ္ေတာ္ေရြးေနတဲ့ပြဲျဖစ္တဲ့အတြက္ သူ႔ကိုလူေတြခ်စ္ေနသေရြ႕ သူ႔ကို ဗုတ္ျဖစ္ေနသေရြ႕ ဒီျပိဳင္ပြဲရဲ႕ ထံုးစံအရ သူသည္စင္ေပၚမွာပဲ ရွိေနဦးမွာပဲ”
“အဲေတာ့ သူစာသားမွားတာ သီခ်င္းေက်ာ္ဆိုတာ က်ေတာ္တုိ႔အတြက္ ဘာမွစိတ္ထဲမွာမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ စင္ေပၚမွာသူအေကာင္းဆံုးပရိသတ္နဲ႔ခ်ိတ္ဆက္ျပီးေတာ့ သူ႔ရဲ႕မွားတာကိုလည္းခ်စ္ သူ႔ရဲ႕အလြဲလြဲအေခ်ာ္ေခ်ာ္ေလးေတြကိုလည္းခ်စ္ေနၾကတယ္ဆိုလို႔ရွိရင္ ဒါေၾကာင့္မို႔လည္း ဒီခ်ိန္ထိ Top 2 Finalist ျဖစ္လာတာ ျဖစ္ပါတယ္”
မနက္ျဖန္က်င္းပမယ့္ ဖိုင္နယ္ပြဲမွာ ခ်မ္းေျမ႕ေမာင္ခ်ိဳအေနနဲ႔ ပါဝင္ႏိုင္ပါ့မလားဆိုတာကိုေတာ့ ဥကၠာဦးသာက သူ႔အေနနဲ႔လည္း လာႏိုင္ဖို႔ ေမ်ွာ္လင့္ထားတယ္လို႔ဆိုပါတယ္။

“က်ေတာ္တုိ႔လည္း မနက္ျဖန္ကို အင္မတန္မွ ေမ်ွာ္လင့္ေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ျပိဳင္ပြဲဆိုတာ Competition ေပါ့ေနာ္။ မနက္ျဖန္မွာ ႏွစ္ေယာက္ရွိမွလည္းျပိဳင္မွျဖစ္မွာကိုး က်ေတာ္တို႔လည္း ခ်မ္းေျမ႕ေမာင္ခ်ိဳကို ေမ်ွာ္လင့္ေနပါတယ္”
“သူအျမန္ဆံုး က်န္းမာေအာင္လည္းဆုေတာင္းေပးၾကပါ သူ႔အတြက ္စိတ္ဓာတ္ခြန္အားရွိမယ့္ စကားေတြ သတင္းေတြျဖန္႔ေဝေပးၾကပါလို႔ ေတာင္းဆုိခ်င္ပါတယ္”
Source-Cele Yatkwat Interview & We Love Cele
ဒီပြိုင်ပွဲရဲ့ ထုံးစံအရ သူသည်စင်ပေါ်မှာပဲ ရှိနေဦးမယ့်အကြောင်း ပြောပြလာတဲ့ ဥက္ကာဦးသာ
ယနေ့ ညနေ သတင်းစာရှင်းလငး်ပွဲအပြီးမှာတော့ မနက်ဖြန်မှာကျင်းပမယ့်မြန်မာ့အိုင်ဒေါကို အရင်အစီအစဉ်တိုင်းဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။
ချမ်းမြေ့မောင်ချိုအနေနဲ့ ပြိုင်ပွဲစတင်ချိန်မှာ မရောက်ရှိလာဘူးဆိုရင်တော့ ဒိုင်ပွဲရပ်အနေနဲ့ ဖြိုးမြတ်အောင်ကို ဝင်းနားအဖြစ်သတ်မှတ်ပေးသွားမှာလည်းဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုစာသားမှားဆိုတာတွေနဲ့ပတ်သက်ပြီး Vocal Trainer တစ်ဦးဖြစ်သူ ဆရာဥက္ကာဦးသာက သူ့ရဲ့အမြင်ကို ခုလိုပြောသွားတာဖြစ်ပါတယ်။
“သူမှားဆိုတာက သူ့အတွက် ဘာမှတော့အပြစ်မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေက Vote စနစ်နဲ့သွားကြတာလေ။ သူတို့က သီချင်းဆိုပြိုင်နေတာဖြစ်ပေမယ့် ပြည်သူ့အချစ်တော်ရွေးနေတဲ့ပွဲဖြစ်တဲ့အတွက် သူ့ကိုလူတွေချစ်နေသရွေ့ သူ့ကို ဗုတ်ဖြစ်နေသရွေ့ ဒီပြိုင်ပွဲရဲ့ ထုံးစံအရ သူသည်စင်ပေါ်မှာပဲ ရှိနေဦးမှာပဲ”
“အဲတော့ သူစာသားမှားတာ သီချင်းကျော်ဆိုတာ ကျတော်တို့အတွက် ဘာမှစိတ်ထဲမှာမရှိပါဘူး။ ဘာလို့လဲဆိုတော့ စင်ပေါ်မှာသူအကောင်းဆုံးပရိသတ်နဲ့ချိတ်ဆက်ပြီးတော့ သူ့ရဲ့မှားတာကိုလည်းချစ် သူ့ရဲ့အလွဲလွဲအချော်ချော်လေးတွေကိုလည်းချစ်နေကြတယ်ဆိုလို့ရှိရင် ဒါကြောင့်မို့လည်း ဒီချိန်ထိ Top 2 Finalist ဖြစ်လာတာ ဖြစ်ပါတယ်”
မနက်ဖြန်ကျင်းပမယ့် ဖိုင်နယ်ပွဲမှာ ချမ်းမြေ့မောင်ချိုအနေနဲ့ ပါဝင်နိုင်ပါ့မလားဆိုတာကိုတော့ ဥက္ကာဦးသာက သူ့အနေနဲ့လည်း လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။
“ကျတော်တို့လည်း မနက်ဖြန်ကို အင်မတန်မှ မျှော်လင့်နေပါတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲဆိုတာ Competition ပေါ့နော်။ မနက်ဖြန်မှာ နှစ်ယောက်ရှိမှလည်းပြိုင်မှဖြစ်မှာကိုး ကျတော်တို့လည်း ချမ်းမြေ့မောင်ချိုကို မျှော်လင့်နေပါတယ်”
“သူအမြန်ဆုံး ကျန်းမာအောင်လည်းဆုတောင်းပေးကြပါ သူ့အတွက ်စိတ်ဓာတ်ခွန်အားရှိမယ့် စကားတွေ သတင်းတွေဖြန့်ဝေပေးကြပါလို့ တောင်းဆိုချင်ပါတယ်”
Source-Cele Yatkwat Interview & We Love Cele

Comments