တဘက္‌သား အ‌ေပၚယုတ္‌မာထားတဲ့သူ‌ေတြ ‌ဒီျဖစ္ရပ္ေလးကို သိေစခ်တင္လုိက္တာ...



တဘက္‌သားအ‌ေပၚကိုယုတ္‌မာထားတဲ့သူ‌ေတြ ‌ေသခ်ာဖတ္‌ၾကည္‌့ၾကပါ

တခါတုန္းက ကိုယ္ ေငြလိမ္ခံရဖူးတယ္။

လိမ္တဲ့လူက သူငယ္ခ်င္း။ ေငြလိုလို႔ အိမ္ဂရံ တလေလာက္ ေပါင္ခ်င္တယ္ တဲ့။ ကိုယ္က အဲ့ခ်ိန္တုန္းက စုထားတာေလးေတြရွိတာဆိုေတာ့ လိုတာေလးေတြ တျခားလူဆီကေန တဆင့္ျပန္ေခ်းၿပီး ကူညီ ခဲ့တယ္။ အတိုးေပးမယ္ ဆိုတာေတာင္ မယူပါဘူး ေျပာခဲ့တယ္။ တလထဲဆိုေတာ့ သံုးပါေပါ့။ ဒါက အေဖ့ က်န္းမာေရး အေမ့ က်န္းမာေရးအတြက္ စုထားတဲ့ ပိုက္ဆံ ေလးေတြမို႔ ….တလေနရင္ ျပန္ေပးပါလို႔လည္း ဆက္ဆက္မွာခဲ့ေပမယ့္ တကယ္ တမ္းက် ျပန္မေပးႏိုင္ဘူး။ သူထြက္ေျပးသြားတယ္။

ပိုဆိုးတာက …အဲ့ဒီ ဂရံ က သူပိုင္တာမဟုတ္ဘူး။ သူ႔ကို ေပါင္ခိုင္းထားတဲ့ လူရဲ႕ ဂရံ။ အဲ့လိုမ်ိဳး လူေပါင္းမ်ားစြာဆီကေန လိမ္ၿပီးေျပးသြားတယ္။ ေထာင္ဂဏန္း ပါသြားတာေပါ့။

ကိုယ္က တဖက္ကို မ်က္ႏွာမပ်က္ခ်င္ေတာ့ အတိုးေတြ စေပးရတယ္။

လိမ္ခံရတဲ့ လူေတြ နဲ႔ စာရြက္ပိုင္ရွင္ေတြနဲ႔ ကိုယ့္လို ေငြေပးထားတဲ့သူေတြ တရားတေဘာင္ေတြ ျဖစ္ၾကတယ္။ တကယ္တမ္းက်ေတာ့ ကိုယ္က ဒါေတြ နားမလည္ဘူး။ သူမ်ားက ဒါေကာင္းတယ္ ဒီလိုလုပ္ဆို လုပ္တာေပါ့။

ေရွ႕ေနဌား ဘာညာ နဲ႔ ေငြကုန္တာ ေသာက္ေသာက္လဲ။ အဲ့ခ်ိန္မွာ အေဖ့ က်န္းမာေရးစမေကာင္းျဖစ္တယ္။ အသည္းကင္ဆာ တဲ့။

အေဖ့ကို ေဆးကုဖို႔အတြက္ ကိုယ့္မွာ ေငြမရွိေတာ့ဘူး။ အဲ့ေတာ့ ထပ္ေခ်းရတယ္။ မေလာက္ေတာ့ အိမ္ေရာင္းပစ္လိုက္ၿပီးကုတယ္။ ဒါေပမယ့္ အေဖ မသက္သာလာဘူး။ အဲ့ဒီခ်ိန္မွာ ရံုးခ်ိန္းေတြကလည္း စိပ္ေနၿပီ။ အေဖက ေဆးရံုမွာ …။ ဒုတိယအႀကိမ္ ေဆးရံုတက္ၿပီး ျပန္ဆင္း၊ မၾကာဘူး ေဆးရံုျပန္တက္ရတဲ့ ေနာက္ဆံုးအခ်ိန္မွာ အေဖ့လက္ဖ်ံေလးေတြ က ကေလးလက္သာသာေလာက္ပဲ ရွိေတာ့တယ္။

ကိုယ့္မွာ အေဖ့ေဘးနားေနရင္း ဖုန္းတလံုးနဲ႔ ေငြလိုက္လွည့္၊ ျပသနာေတြရွင္း ….

တျဖည္းျဖည္းနဲ႔ အေဖ့ကို လက္လႊတ္ရေတာ့မယ္ ။ အဲ့ဒီအခ်ိန္ ကူကယ္ရာမဲ့တဲ့ ခံစားခ်က္မ်ိဳး ေနာက္ထပ္ရွိမယ္ေတာင္ မထင္ေလာက္ေအာင္ပဲ။ ဒီမွာပဲ ကိုယ္ ဆံုးျဖတ္လိုက္ၿပီး အမႈကိုပိတ္ၿပီး စာရြက္ပိုင္ရွင္ကို စာရြက္ေတြ ျပန္ေပးလိုက္တယ္။ အေဖ့နားမွာပဲ အေဖဆံုးတဲ့အထိ ေနၿပီး ေဝယ်ာဝစၥ လုပ္ေပးရင္း ျပဳစုေပးခဲ့တယ္။

ငါးႏွစ္ေက်ာ္ၿပီ။ အခုလည္း ကိုယ္ အဆင္မေျပေသးဘူး။ဒါေပမယ့္ ရပ္တည္ေနတုန္းပဲ။

အခုမနက္ ေငြလိမ္သြားတဲ့ သူငယ္ခ်င္းကို ေတြ႕တယ္။ ကိုယ့္ကိုေတြ႕ေတာ့ ပ်က္ယြင္းသြားတဲ့ သူ႔မ်က္ႏွာကို ျမင္လိုက္တဲ့ ခဏမွာ သူ႔အေပၚ ဘာမွ ခံစားခ်က္မျဖစ္ဘူး။ ဒီငါးႏွစ္လံုးလံုး ကိုယ့္မွာ ႐ုန္းကန္ရင္း ရပ္တည္ေနေပမယ့္ သူ ဘယ္လို ပုန္းကြယ္ၿပီး ေန ေနရလဲ ဆိုတဲ့ အေတြးနဲ႔ သူ႔ကို ျပံဳးျပနႈတ္ဆက္ခဲ့တယ္။ သူ ဝမ္းနည္းၿပီး ကိုယ့္ကို ဖက္ၿပီး ငိုလိုက္တာ။ ငိုရင္းနဲ႔ ေတာင္းပန္တာလည္း ဗလံုးဗေထြး။

အဆင္ေျပရဲ႕ လား ေမးေတာ့ ထမင္းမစားရေသးတာ ႏွစ္ရက္ရွိၿပီတဲ့။ ဒါနဲ႔ မနက္ေစာေစာ လဘက္ရည္ဆိုင္မွာ ေကြ်းၿပီး ေငြတခ်ိဳ ့လက္ထဲထည့္ေပးခဲ့တယ္။

ကြ်န္ေတာ္တို႔က ကိုယ့္အလုပ္ ကိုယ္လုပ္သလို ဝဋ္ကလည္း သူ႔အလုပ္သူလုပ္ေနတယ္။

သံသရာ ဆိုတာ သိပ္ေၾကာက္စရာ ေကာင္းလြန္းလွပါတယ္။

ကိုယ္လည္း ကိုယ္ေပးစရာရွိတာေတြ ေပးႏိုင္ဖို႔ ပို အလုပ္လုပ္ရဦးမယ္။

စိတ္ထဲ သိပ္ေၾကာက္မိပါတယ္။

အညိဳ

၁/၈/၂၀၁၈

===========

တဘက်‌သားအ‌ပေါ်ကိုယုတ်‌မာထားတဲ့သူ‌တွေ ‌သေချာဖတ်‌ကြည်‌့ကြပါ

တခါတုန်းက ကိုယ် ငွေလိမ်ခံရဖူးတယ်။

လိမ်တဲ့လူက သူငယ်ချင်း။ ငွေလိုလို့ အိမ်ဂရံ တလလောက် ပေါင်ချင်တယ် တဲ့။ ကိုယ်က အဲ့ချိန်တုန်းက စုထားတာလေးတွေရှိတာဆိုတော့ လိုတာလေးတွေ တခြားလူဆီကနေ တဆင့်ပြန်ချေးပြီး ကူညီ ခဲ့တယ်။ အတိုးပေးမယ် ဆိုတာတောင် မယူပါဘူး ပြောခဲ့တယ်။ တလထဲဆိုတော့ သုံးပါပေါ့။ ဒါက အဖေ့ ကျန်းမာရေး အမေ့ ကျန်းမာရေးအတွက် စုထားတဲ့ ပိုက်ဆံ လေးတွေမို့ ….တလနေရင် ပြန်ပေးပါလို့လည်း ဆက်ဆက်မှာခဲ့ပေမယ့် တကယ် တမ်းကျ ပြန်မပေးနိုင်ဘူး။ သူထွက်ပြေးသွားတယ်။

ပိုဆိုးတာက …အဲ့ဒီ ဂရံ က သူပိုင်တာမဟုတ်ဘူး။ သူ့ကို ပေါင်ခိုင်းထားတဲ့ လူရဲ့ ဂရံ။ အဲ့လိုမျိုး လူပေါင်းများစွာဆီကနေ လိမ်ပြီးပြေးသွားတယ်။ ထောင်ဂဏန်း ပါသွားတာပေါ့။

ကိုယ်က တဖက်ကို မျက်နှာမပျက်ချင်တော့ အတိုးတွေ စပေးရတယ်။

လိမ်ခံရတဲ့ လူတွေ နဲ့ စာရွက်ပိုင်ရှင်တွေနဲ့ ကိုယ့်လို ငွေပေးထားတဲ့သူတွေ တရားတဘောင်တွေ ဖြစ်ကြတယ်။ တကယ်တမ်းကျတော့ ကိုယ်က ဒါတွေ နားမလည်ဘူး။ သူများက ဒါကောင်းတယ် ဒီလိုလုပ်ဆို လုပ်တာပေါ့။

ရှေ့နေဌား ဘာညာ နဲ့ ငွေကုန်တာ သောက်သောက်လဲ။ အဲ့ချိန်မှာ အဖေ့ ကျန်းမာရေးစမကောင်းဖြစ်တယ်။ အသည်းကင်ဆာ တဲ့။

အဖေ့ကို ဆေးကုဖို့အတွက် ကိုယ့်မှာ ငွေမရှိတော့ဘူး။ အဲ့တော့ ထပ်ချေးရတယ်။ မလောက်တော့ အိမ်ရောင်းပစ်လိုက်ပြီးကုတယ်။ ဒါပေမယ့် အဖေ မသက်သာလာဘူး။ အဲ့ဒီချိန်မှာ ရုံးချိန်းတွေကလည်း စိပ်နေပြီ။ အဖေက ဆေးရုံမှာ …။ ဒုတိယအကြိမ် ဆေးရုံတက်ပြီး ပြန်ဆင်း၊ မကြာဘူး ဆေးရုံပြန်တက်ရတဲ့ နောက်ဆုံးအချိန်မှာ အဖေ့လက်ဖျံလေးတွေ က ကလေးလက်သာသာလောက်ပဲ ရှိတော့တယ်။

ကိုယ့်မှာ အဖေ့ဘေးနားနေရင်း ဖုန်းတလုံးနဲ့ ငွေလိုက်လှည့်၊ ပြသနာတွေရှင်း ….

တဖြည်းဖြည်းနဲ့ အဖေ့ကို လက်လွှတ်ရတော့မယ် ။ အဲ့ဒီအချိန် ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုး နောက်ထပ်ရှိမယ်တောင် မထင်လောက်အောင်ပဲ။ ဒီမှာပဲ ကိုယ် ဆုံးဖြတ်လိုက်ပြီး အမှုကိုပိတ်ပြီး စာရွက်ပိုင်ရှင်ကို စာရွက်တွေ ပြန်ပေးလိုက်တယ်။ အဖေ့နားမှာပဲ အဖေဆုံးတဲ့အထိ နေပြီး ဝေယျာဝစ္စ လုပ်ပေးရင်း ပြုစုပေးခဲ့တယ်။

ငါးနှစ်ကျော်ပြီ။ အခုလည်း ကိုယ် အဆင်မပြေသေးဘူး။ဒါပေမယ့် ရပ်တည်နေတုန်းပဲ။

အခုမနက် ငွေလိမ်သွားတဲ့ သူငယ်ချင်းကို တွေ့တယ်။ ကိုယ့်ကိုတွေ့တော့ ပျက်ယွင်းသွားတဲ့ သူ့မျက်နှာကို မြင်လိုက်တဲ့ ခဏမှာ သူ့အပေါ် ဘာမှ ခံစားချက်မဖြစ်ဘူး။ ဒီငါးနှစ်လုံးလုံး ကိုယ့်မှာ ရုန်းကန်ရင်း ရပ်တည်နေပေမယ့် သူ ဘယ်လို ပုန်းကွယ်ပြီး နေ နေရလဲ ဆိုတဲ့ အတွေးနဲ့ သူ့ကို ပြုံးပြနှုတ်ဆက်ခဲ့တယ်။ သူ ဝမ်းနည်းပြီး ကိုယ့်ကို ဖက်ပြီး ငိုလိုက်တာ။ ငိုရင်းနဲ့ တောင်းပန်တာလည်း ဗလုံးဗထွေး။

အဆင်ပြေရဲ့ လား မေးတော့ ထမင်းမစားရသေးတာ နှစ်ရက်ရှိပြီတဲ့။ ဒါနဲ့ မနက်စောစော လဘက်ရည်ဆိုင်မှာ ကျွေးပြီး ငွေတချို ့လက်ထဲထည့်ပေးခဲ့တယ်။

ကျွန်တော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်သလို ဝဋ်ကလည်း သူ့အလုပ်သူလုပ်နေတယ်။

သံသရာ ဆိုတာ သိပ်ကြောက်စရာ ကောင်းလွန်းလှပါတယ်။

ကိုယ်လည်း ကိုယ်ပေးစရာရှိတာတွေ ပေးနိုင်ဖို့ ပို အလုပ်လုပ်ရဦးမယ်။

စိတ်ထဲ သိပ်ကြောက်မိပါတယ်။

အညို

၁/၈/၂၀၁၈

Comments