၁၈ ႏွစ္မိန္းကေလးကို ဘတ္တစ္သိန္းျဖင့္ ေရာင္းစားသည့္ ျဖစ္ရပ္...



ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕ရွိ ကာစီႏို ေလာင္းကစားဝိုင္းႏွင့္ ျပည့္တန္ဆာခန္းတြင္ အသက္ ၁၈ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးကို ဘတ္ေငြတစ္သိန္းျဖင့္ ေရာင္းစားေသာ ခင္ပြန္းျဖစ္သူႏွင့္ ေယာကၡမျဖစ္သူကို အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးတြင္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ဥပေဒ ပုဒ္မ ၂၄ ျဖင့္ တရားစြဲဆိုလိုက္သည္။

ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၁၀၄) ရပ္ကြက္တြင္ေနထိုင္ေသာ အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ဇနီးျဖစ္သူကို လြန္ခဲ့ေသာ ၆ လခန္႔က ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ရွိ ကာစီႏို ေလာင္းကစားဝိုင္းႏွင့္ ျပည့္တန္ဆာခန္း တြဲလ်က္ဖြင့္ထားေသာ ဆိုင္တစ္ဆိုင္တြင္ ဘတ္ေငြ ၁ သိန္းျဖင့္ ေရာင္းစားခဲ့ေၾကာင္း၊

ယင္းအမ်ိဳးသမီးက မလုပ္လိုေၾကာင္း ေျပာဆိုရာ “မလုပ္ရင္ မိဘနဲ႔ ဘယ္ေတာ့မွ ေတြ႔ခြင့္မရေတာ့ဘူး၊ မ်က္ႏွာကို အက္စစ္နဲ႔ ပက္မယ္”ဟု ၿခိမ္းေျခာက္ခဲ့သျဖင့္ လုပ္ကိုင္ခဲ့ရေၾကာင္း၊ ရရွိသည့္လစာႏွင့္ ျပည့္တန္ဆာ ဝန္ေဆာင္မႈေပးရာမွ ရရွိသည့္ေငြမ်ားကိုလည္း ၎တို႔ သားအမိက ေခါင္းပံုျဖတ္ခဲ့ေၾကာင္း အမႈဖြင့္ တိုင္ၾကားခ်က္အရ အေရွ႕ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရသည္။

“ေရာင္းစားခံရတဲ့ေကာင္မေလးက … ရဲ႕ မိန္းမပါ၊ … က သူ႔အေမနဲ႔ေပါင္းၿပီး သူ႔မိန္းမကို ေရာင္းစားတာ၊ ေကာင္မေလးမိဘေတြကလည္း ခိုးရာလိုက္ေျပးထားျဖစ္လို႔ သူတို႔ကို ေပးစားထားရတယ္။

ဒါေပမဲ့ … က ေနာက္ ေကာင္မေလးတစ္ေယာက္နဲ႔ ထပ္႐ႈပ္လို႔ အိမ္ျပန္ဆင္းလာတဲ့အခ်ိန္ ထပ္ေပ်ာက္သြားတာ၊ ႏိုဝင္ဘာလ ၄ ရက္ေန႔က်မွ ျမဝတီ ကားဂိတ္ကေန ဖုန္းဆက္ အကူအညီေတာင္းလို႔ ျပန္ေခၚခဲ့တာ”ဟု အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ရွင္းျပသည္။

ယင္းကာစီႏိုေလာင္းကစားႏွင့္ ျပည့္တန္ဆာခန္းမွ ထြက္ေျပးလာစဥ္ ဆိုင္ကယ္သမားတစ္ဦး အကူအညီျဖင့္ ျမဝတီၿမိဳ႕ရွိ ကားဂိတ္သို႔ ျပန္လည္ ေရာက္ရွိလာရာမွ မိဘမ်ားထံ ဖုန္းဆက္ အကူအညီ ေတာင္းကာ ျပန္လည္ေရာက္ ရွိလာျခင္းျဖစ္ေၾကာင္း၊

ထိုသို႔ ျပန္လည္ ေရာက္ရွိလာၿပီး ႏိုဝင္ဘာလ ၁၂ ရက္တြင္ အမႈဖြင့္ တိုင္ၾကားခဲ့ရာ ဒဂံုၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕မရဲစခန္းက (ပ) ၁၉၉၅/၁၇၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၂၄ ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္ခဲ့ၿပီး လူကုန္ကူးမႈက်ဴးလြန္သူ အမ်ိဳးသားကို ႏိုဝင္ဘာလ ၁၂ ရက္ ညပိုင္းတြင္လည္းေကာင္း၊ ၎၏ မိခင္ကို ႏိုဝင္ဘာလ ၂၄ ရက္နံနက္ ၁ နာရီခြဲခန္႔တြင္လည္းေကာင္း ဖမ္းဆီးၿပီး တရားစြဲဆိုခဲ့ျခင္း ျဖစ္သည္။

ယင္းလူကုန္ကူးမႈႏွင့္ပတ္သက္၍ အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးမွ ရာဇဝတ္အမႈႀကီးအမွတ္ ၃၄၄/၁၇ ျဖင့္ လက္ခံကာ ဒုတိယခ႐ိုင္တရားသူႀကီး (၁၀) က လက္ခံခဲ့ၿပီး ဆက္လက္ စစ္ေဆးႏိုင္ရန္ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၅ ရက္ေန႔သို႔ ျပန္လည္ ခ်ိန္းဆိုခဲ့သည္။

copy @ the voice news

===============

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကာစီနို လောင်းကစားဝိုင်းနှင့် ပြည့်တန်ဆာခန်းတွင် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဘတ်ငွေတစ်သိန်းဖြင့် ရောင်းစားသော ခင်ပွန်းဖြစ်သူနှင့် ယောက္ခမဖြစ်သူကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့် တရားစွဲဆိုလိုက်သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၄) ရပ်ကွက်တွင်နေထိုင်သော အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူကို လွန်ခဲ့သော ၆ လခန့်က ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကာစီနို လောင်းကစားဝိုင်းနှင့် ပြည့်တန်ဆာခန်း တွဲလျက်ဖွင့်ထားသော ဆိုင်တစ်ဆိုင်တွင် ဘတ်ငွေ ၁ သိန်းဖြင့် ရောင်းစားခဲ့ကြောင်း၊

ယင်းအမျိုးသမီးက မလုပ်လိုကြောင်း ပြောဆိုရာ “မလုပ်ရင် မိဘနဲ့ ဘယ်တော့မှ တွေ့ခွင့်မရတော့ဘူး၊ မျက်နှာကို အက်စစ်နဲ့ ပက်မယ်”ဟု ခြိမ်းခြောက်ခဲ့သဖြင့် လုပ်ကိုင်ခဲ့ရကြောင်း၊ ရရှိသည့်လစာနှင့် ပြည့်တန်ဆာ ဝန်ဆောင်မှုပေးရာမှ ရရှိသည့်ငွေများကိုလည်း ၎င်းတို့ သားအမိက ခေါင်းပုံဖြတ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“ရောင်းစားခံရတဲ့ကောင်မလေးက … ရဲ့ မိန်းမပါ၊ … က သူ့အမေနဲ့ပေါင်းပြီး သူ့မိန်းမကို ရောင်းစားတာ၊ ကောင်မလေးမိဘတွေကလည်း ခိုးရာလိုက်ပြေးထားဖြစ်လို့ သူတို့ကို ပေးစားထားရတယ်။

ဒါပေမဲ့ … က နောက် ကောင်မလေးတစ်ယောက်နဲ့ ထပ်ရှုပ်လို့ အိမ်ပြန်ဆင်းလာတဲ့အချိန် ထပ်ပျောက်သွားတာ၊ နိုဝင်ဘာလ ၄ ရက်နေ့ကျမှ မြဝတီ ကားဂိတ်ကနေ ဖုန်းဆက် အကူအညီတောင်းလို့ ပြန်ခေါ်ခဲ့တာ”ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းကာစီနိုလောင်းကစားနှင့် ပြည့်တန်ဆာခန်းမှ ထွက်ပြေးလာစဉ် ဆိုင်ကယ်သမားတစ်ဦး အကူအညီဖြင့် မြဝတီမြို့ရှိ ကားဂိတ်သို့ ပြန်လည် ရောက်ရှိလာရာမှ မိဘများထံ ဖုန်းဆက် အကူအညီ တောင်းကာ ပြန်လည်ရောက် ရှိလာခြင်းဖြစ်ကြောင်း၊

ထိုသို့ ပြန်လည် ရောက်ရှိလာပြီး နိုဝင်ဘာလ ၁၂ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ရာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့မရဲစခန်းက (ပ) ၁၉၉၅/၁၇၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး လူကုန်ကူးမှုကျူးလွန်သူ အမျိုးသားကို နိုဝင်ဘာလ ၁၂ ရက် ညပိုင်းတွင်လည်းကောင်း၊ ၎င်း၏ မိခင်ကို နိုဝင်ဘာလ ၂၄ ရက်နံနက် ၁ နာရီခွဲခန့်တွင်လည်းကောင်း ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းလူကုန်ကူးမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားရုံးမှ ရာဇဝတ်အမှုကြီးအမှတ် ၃၄၄/၁၇ ဖြင့် လက်ခံကာ ဒုတိယခရိုင်တရားသူကြီး (၁၀) က လက်ခံခဲ့ပြီး ဆက်လက် စစ်ဆေးနိုင်ရန် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့သည်။

copy @ the voice news

Comments