ကိုယ်ဝန်ဆောင်လို့တောင် ထင်မှားလောက်တဲ့ လူနာ သမီးလေးတစ်ယောက်ရဲ့ ဖြစ်ရပ် (သတိထားကြဖို့ မျှဝေပေးလိုက်ပါတယ်)


















KTA…3.8.2018

Credit: Kyan Tine Aung

=============

တာချီလိတ်မှာ ဆရာဝန်က ဗိုက်အနေအထားကိုကြည့်ပြီး ကိုယ်ဝန်ဆောင်လို့ ထင်ယောင်ထင်မှား ဖြစ်ပါသေးတယ် (သမီးလေးအနားမှာစောင့်ရင်း ဒီpostလေးကို ရေးလိုက်တာပါ)

ဒီနေ့ သမီးလေးအနားမှာစောင့်ရင်းဒီpostလေးကို ရေးလိုက်တာပါ.မိတ်ဆွေတချို့ကလည်း မိခင်ဖခင်တွေဖြစ်တဲ့သားသမီးရှင်တွေ ဗဟုသုတရပြီးသားသမီးတွေကို အစားအသောက်ဆင်ချင်နိုင်အောင်လို့ ရေးပေးပါဆိုလို့ပါ

ရောဂါအစ2018ခုသင်္ကြန်မတိုင်မီကျတော်တို့မိသားစု ကျိုင်းတုံဘက်အလည်ထွက်ပါတယ်.တာချီလိတ်မှာညအိပ်တော့ သမီးလေးဝမ်းမသွားပဲဗိုက်က အောင့်ပြီး တင်းလာပါတယ်.ဆရာဝန်ပြပါတယ် တာချီလိတ်မှာဆရာဝန်က ဗိုက်အနေအထားကိုကြည့်ပြီးကိုယ်ဝန်ဆောင်လို့ ထင်ယောင်ထင်မှားဖြစ်ပါသေးတယ်.မိခင်ဖြစ်သူမှ အပျိုဖြစ်ကြောင်းပြောတော့ ဗိုက်အနေအထားကိုကြည့်ကာအမြန်ဆုံး ဓာတ်မှန်ရိုက်ကာ စနစ်တကျကုသဖို့ လမ်းညွှန်ပါတယ်

12.4.2018နေ့မှာ ကျိုင်းတုံကနေကျိုက်ထီးဆောင်းသို့ ပြန်ကာ သင်္ကြန်အကျိုနေ့မှာ သမီးလေးက သီလရှင်ဝတ်ပါတယ်

KTAက ရဟန်းဝတ်ပီ ဇင်းကျိုက်တောင်မှာနေကြပါတယ်.ပထမတော့ ဝမ်းချုပ်ပြီးဗိုက်အောင့်တယ်လို့ ထင်နေတာဖြစ်ပြီးတရက်၂ရက်အတွင်း ဗိုက်ကတင်းတင်းလာပြီး ညဆို ကိုယ်ပူအဖျားတက်တော့တာဘဲ.ဒါနဲ့ချက်ချင်းပဲ 15.4.2018နေ့မှာမဲဆောက်အင်တာနေရှင်နယ်ဆေးရုံကိုဇင်းကျိုက်မှ အပြေးတက်လာပါတော့တယ်

ဆေးရုံက စနစ်တကျဆေးစစ်ပါတယ်ဆီး ဝမ်း သွေး အစာအိမ်လမ်းကြောင်းမှန်ပြောင်းကြည့်တယ် အသဲ အဆုတ်ကျောက်ကပ် နှလုံးစစ်တယ်.အကုန်ကောင်းပါတယ်.

15.4.2018နေ့မှ ဝမ်းဗိုက်ကို ဓာတ်မှန်အဖြေရရေတွေတွေ့ပါတယ်.ဒါနဲ့ချက်ချင်း စုပ်ထုတ်တယ်ရေ၂လီတာကျော် သုံးပုလင်းခန့်ထွက်ကာသမီးလေးဗိုက်တင်းတာ သက်သာပါတော့တယ်

ရောဂါလက္ခဏာက ညဆိုခဏခဏကိုယ်ပူပါတယ်ဆေးရုံရောက်ပြီး ဆေးသွင်းတာတောင်၆ရက်လောက်ထိကိုယ်ပူတုန်းပါ.

ဝမ်းဗိုက်တွင်းက ရေကိုစစ်ထားတာ အဖြေစောင့်ရင်းဆရာဝန်က သွေးထုတ်ကာရောဂါပိုးကို မွေးပြီး အဖြေရှာပါတယ်.ဆေးစစ်ထားချက်အဖြေက ကင်ဆာမဟုတ်ကြောင်းဝမ်းဗိုက်အမှေးတီဘီဖြစ်နိုင်ကြောင်းဝမ်းဗိုက်ထဲက စုပ်ထားတဲ့ အရည်အဖြေမရခင်(7)ရက်မြောက်နေ့မှာ တီဘီဆေး စမ်းတိုက်ရာအဖျားတက်တဲ့ အကြိမ်ကျဆင်းပါတော့တယ်.

နောက်ဆုံးဗိုက်ထဲမှရေကို စစ်ထားတဲ့အဖြေကတီဘီပိုးတွေ့ကြောင်းအတည်ပြုကာတီဘီဆေးသောက်စေပါတော့တယ်.ထိုင်းနိုင်ငံ ဆေးကုသမှုက စနစ်ကျပါတယ်ရောဂါရှာဖွေတယ် သွေးဖောက်ရောဂါပိုးကိုမွေးပြီး ပိုးသတ်ပါတယ်

ရောဂါဖြစ်ရတဲ့အကြောင်းရင်းကတော့သမီးလေးက ခြေလေးချောင်းသား မစားပါဘူးဒါကြောင့် အသားအတု အသားတုလုံးတွေဆိုအရမ်းကြိုက်ပါတယ်..

တတိယနှစ်ကျောင်းတက်ပါတယ်.ရန်ကုန်မှာလမ်းဘေးအစာတွေ လက်လုပ်ချဉ်တွေအရမ်းကြိုက်တယ်.အကင်နဲ့အသားတုတွေဆိုအရမ်းကြိုက်တယ်.အဲ့တော့ ဆရာဝန်တွေရဲ့သုံးသပ်ချက်က အစားမှားတယ်လို့ ဆိုတယ်.တရုတ်က ဝင်တဲ့ အသားလုံးအတုတွေက အနံ့အရသာ ဓာတုပစ္စည်းတွေ ပါဝင်တယ် FDAစစ်တာ နည်းတယ်.အချဉ်ကလည်းအရောင်တင်ဆေးမှုန့်တွေနဲ့ အက်ဆစ်ဓာတ်များတယ်.

ဒါကြောင့် ကလေးများကို အစားအသောက်ဂရုတစိုက်ဆင်ခြင်ကြစေခြင်ပါတယ်.ကျတော့်ရဲ့သမီးလေလို မခံစားစေချင်ပါဘူး.ခုဆိုသမီးလေးတီဘီဆေးသောက်တာ၃လကျော်ပြီး ဝမ်းဗိုက်ကာ ကောင်းကာပေါင်ရင်းနားမှာ ဝမ်းဗိုက်ကဲ့သို့ အရည်အိတ်လက်ဝါးတအုပ်လောက်ဖြစ်ကာယနေ့ 3.8.2018နေ့မှာ ခွဲစိတ်ကုသမှုခံရပါမယ်

ဝမ်းဗိုက်အမှေးတီဘီသည် ဆရာဝန်မှပြောရာအဆုတ်တီဘီကဲ့သို့ တပါးသူအားမကူးပါ.ဝေဒနာရှင်ကသာ အထူးဂရုပြုနေထိုင်ပါကိုယ်ခံအားနည်း၍ တခြားရောဂါများအလွယ်တကူ ကူးဆက်နိုင်ပါသည်..

(ဘဝတူ မိဘများ ဗဟုသုတရစေရန်အလို့ဌာ)

KTA…3.8.2018

Credit: Kyan Tine Aung

Comments