ပရိတ္သတ္ေတြ စံခ်ိန္တင္ေလာက္တဲ့အထိ ရံုကြဲရံုလွ်ံအားေပးခဲ့တာေၾကာင့္...


ပရိတ္သတ္ေတြ စံခ်ိန္တင္ေလာက္တဲ့ အထိ ရံုကြဲရံုလွ်ံအားေပးခဲ့တာေၾကာင့္
ဇာတိဟသၤာတၿမိဳ႕ ေဖ်ာ္ေျဖပြဲမွာ ၿဖိဳးျမတ္ေအာင္ကို ပရိတ္သတ္ေတြ ရံုကြဲရံုလွ်ံအားေပး
 လက္ရွိျမန္မာႏိုင္ငံရဲ႕ ပြဲအဆူဆံုးပြဲတစ္ခု ျဖစ္တဲ့ ျမန္မာအိုင္ေဒါမွ ၿဖိဳးျမတ္ေအာင္ဟာ ဖိုင္နယ္ပြဲမတိုင္မီ မယ္ဆြယ္ဖို႔ Idol ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ဇာတိေျမ ဟသၤာတကို ေရာက္ရွိေနပါတယ္။ ၿဖိဳးျမတ္ေအာင္ နည္းတူ ခ်မ္းေျမ႕ေမာင္ခ်ိဳကိုလည္း ေနရပ္ျပန္မဲဆြယ္ဖို႔ ခြင့္ျပဳထားပါတယ္။
ၿဖိဳးျမတ္ေအာင္ အတြက္ကေတာ့ ဇာတိဟာ ဟသၤာတကျဖစ္လို႔ ရန္ကုန္မွ ထြက္လာၿပီး ဧရာဝတီတိုင္းမွ ႀကိဳဆိုပါ၏ ဆိုတဲ့ ဆိုင္းဘုတ္ေရာက္ကတည္းက ဧရာတိုင္းသားေတြ တခဲနက္ ႀကိဳဆိုခဲ့ၾကရာ တိုင္းပြဲေတာ္ႀကီးအလား စည္ကားခဲ့ပါတယ္။
မေန႔က တနဂၤေႏြေန႔ မိုးရြားတဲ့ၾကားကေန ပရိတ္သတ္ေတြက အားေပးႀကိဳဆိုၾကၿပီး ၿဖိဳးျမတ္ေအာင္ ကိုယ္တိုင္လည္း မိုးမိ၍ဖ်ားကာ ေဆးေသာက္ ေဆးထိုးရတဲ့အထိ ျဖစ္သြားပါတယ္။ ညပိုင္းမွာ သူကိုးကြယ္တဲ့ ဘုန္းႀကီးထံသို႔ သြားေရာက္ဦးခ်ခဲ့ၿပီး ညနက္ပိုင္းအထိ ပရိတ္သတ္ေတြနဲ႔ ေတြ႕ဆံုခဲ့ပါတာ္။
ဒီေန႔ ေန႔လည္ ၃ နာရီမွာေတာ့ ဟသၤာတၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ ၿဖိဳးျမတ္ေအာင္ show ပြဲက်င္းပခဲ့ၿပီး ရပ္ေဝးရပ္နီးၿမိဳ႕ေတြကပါ လာေရာက္အားေပးၾကလို႔ ၿမိဳ႕ေတာ္ခန္းမႀကီး ျပည့္လွ်ံသြားကာ လူငယ္အခ်ိဳ႕ ေခါင္းမိုးေထာက္ သစ္သားတန္းမ်ားေပၚကေန ၾကည့္႐ွဳ႕ရတဲ့အထိ စည္ကားသြားပါတယ္။
ျမန္မာအိုင္ေဒါ Grand Final ကေတာ့ ေနာက္တပတ္ စေနေန႔ည ၇ နာရီခြဲမွာ ၿခိမ့္ၿခိမ့္သဲက်င္းပၿပီးစီေတာ့ပါမယ္.. ပြဲစဥ္တေလ်ွာက္လံုးနာမည္ႀကီးလာတဲ့ ၿဖိဳးျမတ္ေအာင္ကပဲ winner ျဖစ္သြားမလား ခုေနာက္ပိုင္း vote အမ်ားဆံုးနဲ႔ဦးေဆာင္ေနတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳကပဲ ဆြတ္ခူးသြားမလား ဆိုတာကို ရင္ခုန္စိတ္လႈပ္႐ွားစြာနဲ႔ ေစာင့္ေမွ်ာ္ၾကည့္႐ႈရဦးမွာပါ..
Winner ျဖစ္ဖို႔ဆိုတာကလည္း နတ္ေတာ္ေတာ္ႀကီးပံုရေနပါတယ္.. ေကာင္းတာဆိုးတာနဲ႔ သက္ဆိုင္တယ္ဆိုေပမဲ့ ေကာင္းေနရံုနဲ႔မလံုေလာက္ေၾကာင္းMyanmar Idol က အႀကိမ္ႀကိမ္သက္ေသျပခဲ့ျပန္တယ္ေလ.. ဘာပဲျဖစ္ျဖစ္ အေတာ္ဆံုးအေကာင္းဆံုးသူပဲ winner Trophy ႀကီးကို ထိုက္တန္စြာဆြတ္ခူးပါေစလို႔ဆႏၵျပဳရင္း….
Writer – Robert ၿငိမ္းေမာင္ – Myanmar Live လတ္တေလာ ျမန္မာ့သတင္းမ်ား Page
ပရိတ်သတ်တွေ စံချိန်တင်လောက်တဲ့ အထိ ရုံကွဲရုံလျှံအားပေးခဲ့တာကြောင့်
ဇာတိဟင်္သာတမြို့ ဖျော်ဖြေပွဲမှာ ဖြိုးမြတ်အောင်ကို ပရိတ်သတ်တွေ ရုံကွဲရုံလျှံအားပေး
လက်ရှိမြန်မာနိုင်ငံရဲ့ ပွဲအဆူဆုံးပွဲတစ်ခု ဖြစ်တဲ့ မြန်မာအိုင်ဒေါမှ ဖြိုးမြတ်အောင်ဟာ ဖိုင်နယ်ပွဲမတိုင်မီ မယ်ဆွယ်ဖို့ Idol ရဲ့ ခွင့်ပြုချက်နဲ့ ဇာတိမြေ ဟင်္သာတကို ရောက်ရှိနေပါတယ်။ ဖြိုးမြတ်အောင် နည်းတူ ချမ်းမြေ့မောင်ချိုကိုလည်း နေရပ်ပြန်မဲဆွယ်ဖို့ ခွင့်ပြုထားပါတယ်။
ဖြိုးမြတ်အောင် အတွက်ကတော့ ဇာတိဟာ ဟင်္သာတကဖြစ်လို့ ရန်ကုန်မှ ထွက်လာပြီး ဧရာဝတီတိုင်းမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ရောက်ကတည်းက ဧရာတိုင်းသားတွေ တခဲနက် ကြိုဆိုခဲ့ကြရာ တိုင်းပွဲတော်ကြီးအလား စည်ကားခဲ့ပါတယ်။
မနေ့က တနင်္ဂနွေနေ့ မိုးရွားတဲ့ကြားကနေ ပရိတ်သတ်တွေက အားပေးကြိုဆိုကြပြီး ဖြိုးမြတ်အောင် ကိုယ်တိုင်လည်း မိုးမိ၍ဖျားကာ ဆေးသောက် ဆေးထိုးရတဲ့အထိ ဖြစ်သွားပါတယ်။ ညပိုင်းမှာ သူကိုးကွယ်တဲ့ ဘုန်းကြီးထံသို့ သွားရောက်ဦးချခဲ့ပြီး ညနက်ပိုင်းအထိ ပရိတ်သတ်တွေနဲ့ တွေ့ဆုံခဲ့ပါတာ်။
ဒီနေ့ နေ့လည် ၃ နာရီမှာတော့ ဟင်္သာတမြို့ မြို့တော်ခန်းမမှာ ဖြိုးမြတ်အောင် show ပွဲကျင်းပခဲ့ပြီး ရပ်ဝေးရပ်နီးမြို့တွေကပါ လာရောက်အားပေးကြလို့ မြို့တော်ခန်းမကြီး ပြည့်လျှံသွားကာ လူငယ်အချို့ ခေါင်းမိုးထောက် သစ်သားတန်းများပေါ်ကနေ ကြည့်ရှု့ရတဲ့အထိ စည်ကားသွားပါတယ်။
မြန်မာအိုင်ဒေါ Grand Final ကတော့ နောက်တပတ် စနေနေ့ည ၇ နာရီခွဲမှာ ခြိမ့်ခြိမ့်သဲကျင်းပပြီးစီတော့ပါမယ်.. ပွဲစဉ်တလျှောက်လုံးနာမည်ကြီးလာတဲ့ ဖြိုးမြတ်အောင်ကပဲ winner ဖြစ်သွားမလား ခုနောက်ပိုင်း vote အများဆုံးနဲ့ဦးဆောင်နေတဲ့ ချမ်းမြေ့မောင်ချိုကပဲ ဆွတ်ခူးသွားမလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုရဦးမှာပါ..
Winner ဖြစ်ဖို့ဆိုတာကလည်း နတ်တော်တော်ကြီးပုံရနေပါတယ်.. ကောင်းတာဆိုးတာနဲ့ သက်ဆိုင်တယ်ဆိုပေမဲ့ ကောင်းနေရုံနဲ့မလုံလောက်ကြောင်းMyanmar Idol က အကြိမ်ကြိမ်သက်သေပြခဲ့ပြန်တယ်လေ.. ဘာပဲဖြစ်ဖြစ် အတော်ဆုံးအကောင်းဆုံးသူပဲ winner Trophy ကြီးကို ထိုက်တန်စွာဆွတ်ခူးပါစေလို့ဆန္ဒပြုရင်း….
Writer – Robert ငြိမ်းမောင် – Myanmar Live လတ်တလော မြန်မာ့သတင်းများ Page

Comments