

PannPwint
မြန်မာအိုင်ဒေါအစီအစဉ် ပြောင်းလဲရဖွယ်ရှိ
မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှ Top Finalist တစ်ယောက် ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် မြန်မာအိုင်ဒေါ အစီအစဉ် ပြောင်းလဲရဖွယ်ရှိနေပါတယ်။
မနက်ဖြန် သြဂုတ်လ ၁၁ ရက်မှာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ချမ်းမြေ့မောင်ချိုတစ်ယောက်ကတော့ ဆေးရုံမှာပဲ ရှိပါသေးတယ်။
သူတက်နေတဲ့ဆေးရုံကလည်း ”မြန်မာအိုင်ဒေါသိMyanmar Idol Season 3 ၏ Finalist ဖြစ်သူ ချမ်းမြေ့မောင်ချိုသည် အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်း တို့အပြင် လေးဖက်နာ (ASO) တက်ခြင်းတို့ကြောင့် သုခကမ္ဘာ ဆေးရုံတွင် ယနေ့ (09-08-2018) လာရောက်ကုသလျက် ရှိပါသည်။” ဆိုပြီး ထုတ်ပြန်ထားပါ။
ဒါကြောင့် မြန်မာအိုင်ဒေါ အစီအစဉ်ကို ပြောင်းလဲရမယ်လို့ သုံးသပ်ရပါတယ်။ တကယ်လို့ မပြောင်းလဲခဲ့ဘူးဆိုရင်တော့ ပြိုင်ပွဲဝင်အတွက်ရော မြန်မာအိုင်ဒေါအတွက်ပါ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။
PannPwint

Comments