မေန႔ညက ျမန္မာအိုင္ေဒါမွ ထြက္ခဲ့ရတာနဲ႔ပတ္သက္ျပီး ေျပာလာတဲ့ ေဇာ္ႀကီး..


မေန့ညက ျမန္မာအိုင္ေဒါမွထြက္ခြာခဲ့ရတာနဲ့ ပတ္သက္ျပီး ေျပာလာတဲ့ ေဇာ္ျကီး
ျမန္မာတစ္နုိင္ငံလံုးက ေသာင္းေသာင္းဖ်ဖ်လူစံုတက္စံုအားေပးၾကတဲ့ Myanmar Idol ပြဲၾကီးဟာဆုိရင္ တျဖည္းျဖည္းနဲ႔ ျပီးဆံုးေတာ့မယ့္အခ်ိန္ကုိနီးကပ္လာခဲ့ပါျပီ။ပြဲအစကတည္းက ျပိဳင္ပြဲဝင္ေတြကုိ အင္တုိက္အားတိုက္အားေပးလာခဲ့ၾကတဲ့ ပရိသတ္ေတြကလည္း ျပိဳင္ပြဲမွာက်န္ရွိေနျပီးေနာက္တစ္ဆင့္တက္လာခဲ့ရတဲ့ျပိဳင္ပြဲဝင္ေတြကုိဆက္လက္အားေပးေနၾကဆဲျဖစ္သလို ထြက္သြားရတဲ့
ျပိဳင္ပြဲဝင္ေတြကိုလည္း နွစ္သိမ့္အားေပးမႈေတြျပဳလုပ္ေနၾကပါတယ္။ မေန႔က Myanmar Idol ပြဲစဥ္ဟာ ေဇာ္ၾကီးနဲ႔သူ႔ရဲ႕ပရိသတ္ေတြအတြက္ ဝမ္းနည္းရတဲ့အခ်ိန္အပုိင္းအျခားတစ္ခုျဖစ္ခဲ့ပါတယ္။ အားလံုးလည္းသိၾကတဲ့အတိုင္း ေဇာ္ၾကီးက ျပိဳင္ပြဲကေနထြက္ခြာလာရလို႔ပါပဲ။
ေဇာ္ၾကီးက ျပိဳင္ပြဲကထြက္ခြာလာရတဲ့အတြက္ ခံစားခ်က္ေတြကုိ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ပရိသတ္ေတြကုိ ေျပာျပထားပါတယ္။ ေဇာ္ၾကီးက ဒီလိုထြက္ခြာလာရလိမ့္မယ္လို႔အစကတည္းက
ၾကိဳေတြးျပီးသားျဖစ္ေၾကာင္းကို “ဒါက ကြ်န္ေတာ္ၾကိဳေတြးျပီးသားပါ။ဒီည ဘာပဲျဖစ္လာျဖစ္လာေပါ့ေနာ္။ အနုိင္လည္းၾကိဳေတြးျပီးသား အရံႈးလည္းၾကိဳေတြးျပီးသား။ခံစားခ်က္ကေတာ့ ဒီေလာက္ျပင္းျပင္းထန္ထန္ၾကီးမရွိပါဘူး။”လို႔ ေျဖၾကားထားျပီး
ပရိသတ္မ်က္နွာတစ္ခုတည္းၾကည့္ျပီးၾကိဳးစားခဲ့တာျဖစ္ေၾကာင္းကုိလည္း “ေမွ်ာ္လင့္ခ်က္ဆုိတာထက္ေပါ့ေနာ္။ ကြ်န္ေတာ့္ကို Wild card နဲ႔ ဒီလို စင္ေပၚကုိတစ္ခါျပန္ျပီးေတာ့ ေရာက္ေအာင္ပို႔ေပးတဲ့အတြက္
ကြ်န္ေတာ္.. ကြ်န္ေတာ့္ကိုပို႔ေပးၾကတဲ့သူေတြရဲ႕မ်က္နွာကိုပဲၾကည့္ျပီးေတာ့ ကြ်န္ေတာ္ ၾကိဳးစားတာပါ။ ၾကိဳးစားျဖစ္တာေပါ့ေနာ္။ ေမ်ွာ္လင့္ခ်က္ရယ္လုိ႔ဒီလိုထားျပီးေတာ့ ၾကိဳးစားတာမ်ိဳးမရွိပါဘူး။ ကြ်န္ေတာ့္ကုိပို႔ေပးတဲ့သူေတြက ကြ်န္ေတာ့္ကုိခ်စ္တာပဲဆိုျပီးေတာ့ နွစ္ဆသံုးဆထည့္ျပီးေတာ့ ၾကိဳးစားျဖစ္ပါတယ္”လို႔ ေျပာျပသြားပါတယ္။
အျခားေသာျပိဳင္ဘက္ျပိဳင္ပြဲဝင္နွစ္ဦးအေၾကာင္းကုိလည္း ေဇာ္ၾကီးက “သူတို႔နွစ္ေယာက္လည္းတကယ္ေတာ္တဲ့လူနွစ္ေယာက္ပါ။ သူတို႔ရဲ႕ပညာေတြကုိကြ်န္ေတာ္ေလးစားပါတယ္။ သူတုိ႔ရဲ႕ပရိသတ္လို႔ေတာင္ ကြ်န္ေတာ္ေျပာလုိ႔ရတယ္ေပါ့ေနာ္။သူတို႔နွစ္ေယာက္စလံုးကုိကြ်န္ေတာ္ၾကိဳက္ပါတယ္။စစေတြ႕ကတည္းကေပါ့ေနာ္။ ကြ်န္ေတာ္လည္းေပ်ာ္ပါတယ္။ ကြ်န္ေတာ္ၾကိဳက္တဲ့လူနွစ္ေယာက္ ဖုိင္နယ္တက္သြားေတာ့” လို႔ဆိုျပီး ရိုးရိုးသားသားေျဖၾကားထားခဲ့ပါေသးတယ္။
ေနာက္ျပီး ေဇာ္ၾကီးက သူ႔ပရိသတ္ေတြကိုစိတ္မေကာင္းမျဖစ္ဖုိ႔လည္း “ကြ်န္ေတာ့္ကိုအားေပးၾကတဲ့အတြက္ ကြ်န္ေတာ္တကယ္ကုိမွလည္း ဝမ္းသာပီတိျဖစ္ရပါတယ္။ ခုလိုကြ်န္ေတာ္ထြက္သြားတာကိုလည္း စိတ္မေကာင္းမျဖစ္ၾကပါနဲ႔လို႔၊ကြ်န္ေတာ္ကလည္းစိတ္မေကာင္းမျဖစ္ပါဘူး၊စိတ္ဓာတ္လည္းမက်ပါဘူး။ကြ်န္ေတာ္ဆက္ျပီးၾကိဳးစားေနဦးမွာပါ။ အဲ့ဒီအတြက္လည္းဆက္ျပီးအားေပးၾကပါလို႔”နွစ္သိမ့္အားေပးထားပါတယ္။
ေဇာ္ၾကီးက ျပိဳင္ပြဲကထြက္ခြာရေပမယ့္ ရံႈးတယ္လုိ႔မသတ္မွတ္ေၾကာင္းကိုလည္း “ညတုန္းကကြ်န္ေတာ္အဆင္ေျပျပအားရပါးရေဖ်ာ္ေျဖလုိက္နုိင္တယ္။ Comment ေတြေကာင္းတယ္။အခုထြက္သြားရတယ္။ ဒါေပမယ့္ ကြ်န္ေတာ္ ရံႈးတယ္လုိ႔ေတာ့မသတ္မွတ္ပါဘူး။ ဘယ္လိုေျပာမလဲ.. ကြ်န္ေတာ္အနုိင္နဲ႔ထြက္ရတယ္လုိ႔ပဲခံယူတယ္ေပါ့ေနာ္။ ကြ်န္ေတာ္အေကာင္းဆံုးလုပ္ျပနုိင္တယ္။ဂုဏ္ရွိတယ္ေပါ့ေနာ္။” လို႔လည္း ခံယူခ်က္ကုိေဝမ်ွသြားပါတယ္။
Source : nanmalgyi
=========
မနေ့ညက မြန်မာအိုင်ဒေါမှထွက်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ ဇော်ကြီး
မြန်မာတစ်နိုင်ငံလုံးက သောင်းသောင်းဖျဖျလူစုံတက်စုံအားပေးကြတဲ့ Myanmar Idol ပွဲကြီးဟာဆိုရင် တဖြည်းဖြည်းနဲ့ ပြီးဆုံးတော့မယ့်အချိန်ကိုနီးကပ်လာခဲ့ပါပြီ။ပွဲအစကတည်းက ပြိုင်ပွဲဝင်တွေကို အင်တိုက်အားတိုက်အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေကလည်း ပြိုင်ပွဲမှာကျန်ရှိနေပြီးနောက်တစ်ဆင့်တက်လာခဲ့ရတဲ့ပြိုင်ပွဲဝင်တွေကိုဆက်လက်အားပေးနေကြဆဲဖြစ်သလို ထွက်သွားရတဲ့
ပြိုင်ပွဲဝင်တွေကိုလည်း နှစ်သိမ့်အားပေးမှုတွေပြုလုပ်နေကြပါတယ်။ မနေ့က Myanmar Idol ပွဲစဉ်ဟာ ဇော်ကြီးနဲ့သူ့ရဲ့ပရိသတ်တွေအတွက် ဝမ်းနည်းရတဲ့အချိန်အပိုင်းအခြားတစ်ခုဖြစ်ခဲ့ပါတယ်။ အားလုံးလည်းသိကြတဲ့အတိုင်း ဇော်ကြီးက ပြိုင်ပွဲကနေထွက်ခွာလာရလို့ပါပဲ။
ဇော်ကြီးက ပြိုင်ပွဲကထွက်ခွာလာရတဲ့အတွက် ခံစားချက်တွေကို မီဒီယာတွေနဲ့အင်တာဗျူးမှာ ပရိသတ်တွေကို ပြောပြထားပါတယ်။ ဇော်ကြီးက ဒီလိုထွက်ခွာလာရလိမ့်မယ်လို့အစကတည်းက
ကြိုတွေးပြီးသားဖြစ်ကြောင်းကို “ဒါက ကျွန်တော်ကြိုတွေးပြီးသားပါ။ဒီည ဘာပဲဖြစ်လာဖြစ်လာပေါ့နော်။ အနိုင်လည်းကြိုတွေးပြီးသား အရှုံးလည်းကြိုတွေးပြီးသား။ခံစားချက်ကတော့ ဒီလောက်ပြင်းပြင်းထန်ထန်ကြီးမရှိပါဘူး။”လို့ ဖြေကြားထားပြီး
ပရိသတ်မျက်နှာတစ်ခုတည်းကြည့်ပြီးကြိုးစားခဲ့တာဖြစ်ကြောင်းကိုလည်း “မျှော်လင့်ချက်ဆိုတာထက်ပေါ့နော်။ ကျွန်တော့်ကို Wild card နဲ့ ဒီလို စင်ပေါ်ကိုတစ်ခါပြန်ပြီးတော့ ရောက်အောင်ပို့ပေးတဲ့အတွက်
ကျွန်တော်.. ကျွန်တော့်ကိုပို့ပေးကြတဲ့သူတွေရဲ့မျက်နှာကိုပဲကြည့်ပြီးတော့ ကျွန်တော် ကြိုးစားတာပါ။ ကြိုးစားဖြစ်တာပေါ့နော်။ မျှော်လင့်ချက်ရယ်လို့ဒီလိုထားပြီးတော့ ကြိုးစားတာမျိုးမရှိပါဘူး။ ကျွန်တော့်ကိုပို့ပေးတဲ့သူတွေက ကျွန်တော့်ကိုချစ်တာပဲဆိုပြီးတော့ နှစ်ဆသုံးဆထည့်ပြီးတော့ ကြိုးစားဖြစ်ပါတယ်”လို့ ပြောပြသွားပါတယ်။
အခြားသောပြိုင်ဘက်ပြိုင်ပွဲဝင်နှစ်ဦးအကြောင်းကိုလည်း ဇော်ကြီးက “သူတို့နှစ်ယောက်လည်းတကယ်တော်တဲ့လူနှစ်ယောက်ပါ။ သူတို့ရဲ့ပညာတွေကိုကျွန်တော်လေးစားပါတယ်။ သူတို့ရဲ့ပရိသတ်လို့တောင် ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။သူတို့နှစ်ယောက်စလုံးကိုကျွန်တော်ကြိုက်ပါတယ်။စစတွေ့ကတည်းကပေါ့နော်။ ကျွန်တော်လည်းပျော်ပါတယ်။ ကျွန်တော်ကြိုက်တဲ့လူနှစ်ယောက် ဖိုင်နယ်တက်သွားတော့” လို့ဆိုပြီး ရိုးရိုးသားသားဖြေကြားထားခဲ့ပါသေးတယ်။
နောက်ပြီး ဇော်ကြီးက သူ့ပရိသတ်တွေကိုစိတ်မကောင်းမဖြစ်ဖို့လည်း “ကျွန်တော့်ကိုအားပေးကြတဲ့အတွက် ကျွန်တော်တကယ်ကိုမှလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ခုလိုကျွန်တော်ထွက်သွားတာကိုလည်း စိတ်မကောင်းမဖြစ်ကြပါနဲ့လို့၊ကျွန်တော်ကလည်းစိတ်မကောင်းမဖြစ်ပါဘူး၊စိတ်ဓာတ်လည်းမကျပါဘူး။ကျွန်တော်ဆက်ပြီးကြိုးစားနေဦးမှာပါ။ အဲ့ဒီအတွက်လည်းဆက်ပြီးအားပေးကြပါလို့”နှစ်သိမ့်အားပေးထားပါတယ်။
ဇော်ကြီးက ပြိုင်ပွဲကထွက်ခွာရပေမယ့် ရှုံးတယ်လို့မသတ်မှတ်ကြောင်းကိုလည်း “ညတုန်းကကျွန်တော်အဆင်ပြေပြအားရပါးရဖျော်ဖြေလိုက်နိုင်တယ်။ Comment တွေကောင်းတယ်။အခုထွက်သွားရတယ်။ ဒါပေမယ့် ကျွန်တော် ရှုံးတယ်လို့တော့မသတ်မှတ်ပါဘူး။ ဘယ်လိုပြောမလဲ.. ကျွန်တော်အနိုင်နဲ့ထွက်ရတယ်လို့ပဲခံယူတယ်ပေါ့နော်။ ကျွန်တော်အကောင်းဆုံးလုပ်ပြနိုင်တယ်။ဂုဏ်ရှိတယ်ပေါ့နော်။” လို့လည်း ခံယူချက်ကိုဝေမျှသွားပါတယ်။
Source : nanmalgyi

Comments