ျမန္မာအိုင္ေဒါ ဖိုင္နယ္လ္ပြဲမွာ သီခ်င္းသြားမဆိုဖို႔ ေမာင္ခ်ိဳ႕ကို အခုလို အၾကံေပးခဲ့တဲ့ အဆိုေတာ္ တူးတူး...


ျမန္မာအိုင္ေဒါၿပိဳင္ပြဲမွာ သီခ်င္းသြားမဆိုဖို႔ ေမာင္ခ်ိဳ႕ကို အၾကံေပးခဲ့တဲ့ အဆိုေတာ္တူးတူး
ယေန႔ညမွာ ယွဥ္ၿပိဳင္ေတာ့မယ့္ Myanmar idol Season 3 ရဲ႕ final ၿပိဳင္ပြဲ ၾကီးမွာ ႏႈတ္ဆက္သီခ်င္း သီဆိုဖို႕အတြက္ အာသီးေယာင္ေနတဲ့ၾကားက လာေရာက္သီဆိုမယ္လို႔ သတင္းေတြထြက္ေနတဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳကို အဆိုေတာ္ တူးတူးက သီဆိုခ်င္းမျပုဖို႔ အၾကံေပးလိုက္ပါတယ္။
အေၾကာင္းအရင္းကေတာ့ အာသီးေယာင္ေနတာေၾကာင့္ ေနာက္ပိုင္း သီခ်င္းေတြနဲ႕ ဂီတေလာကမွာဆက္ေလွ်ာက္ဖို႕ အစီအစဥ္ရွိေသးရင္ ယခုလိုအခ်ိန္မွာ အနားယူသင့္တယ္ဆိုၿ႔ပီး အၾကံျပဳတဲ့ စာကို သူ႕ရဲ႕ ေဖ့စ္ဘုတ္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ သူဟာ Myanmar idol Season 3 ၿပိဳင္ပြဲစတင္ကတည္းက ခ်မ္းေျမ႕ေမာင္ခ်ိဳကို အားေပးခဲ့တဲ့ ပရိသတ္တစ္ဦးလဲ ျဖစ္ပါတယ္။
သူေရးသားခဲ့တာကေတာ့ ” မေနႏိုင္မထိုင္ႏိုင္ ဝင္ေရးမိသည္။ အာသီးေယာင္ေနတဲ့ ဒီလိုအေျခအေနမွာ ၿပိဳင္လို႔မရေတာ့တဲ့ေနာက္နႈတ္ဆက္သီခ်င္းဆိုဖို႔ ၿပိဳင္ပြဲကလဲ မေခၚသင့္၊ မိဘဖက္ကလဲခြင့္မျပဳသင့္ ၊ CMMC ကိုယ္တိုင္လဲ မဆိုသင့္ပါ ၊ ေနာက္ပိုင္းသီခ်င္းဆက္ဆိုဖို႔စိတ္ကူးထားတယ္ဆိုရင္ လည္ပင္းကိုညႇာၿပီး ေဆးရံုမွာျဖစ္ျဖစ္အိမ္မွာျဖစ္ျဖစ္နားေနရမွာပါ နႈတ္ဆက္သီခ်င္းမဆိုလိုက္ရလို႔ဘာမွမျဖစ္ပါဘူး ဆိုလိုက္မွ လည္ေခ်ာင္းအေျခအေနပိုဆိုးတာတို႔ TV ကေနၾကည့္ေနၾကတဲ့ပရိသတ္ေတြ အားလံုးေရွ႕မွာအရွက္တကြဲျဖစ္သြားမွာ တို႔ကိုထည့္စဥ္းစားသင့္ပါတယ္။
Pro ဆိုေနၾကတဲ့သူေတြေတာင္အာသီးေယာင္ၿပီးရင္တပါတ္ႏွစ္ပါတ္ေလာက္ ဆိုလို႔မရပါဘူးနားရပါတယ္ ။ လြတ္လပ္စြာ သေဘာထားကြဲလြဲႏိုင္ပါတယ္ခင္ဗ် ” ဆိုကာေရးသားခဲ့ပါတယ္။
လက္ရွိအေျခအေနမွာေတာ့ Myanmar idol Season 3 ရဲ႕ winner ဆုရွင္ကတာ့ ၿဖိဳးျမတ္ေအာင္ျဖစ္သြားခဲ့ပါျပီ
Source : momolay
==========
မြန်မာအိုင်ဒေါပြိုင်ပွဲမှာ သီချင်းသွားမဆိုဖို့ မောင်ချို့ကို အကြံပေးခဲ့တဲ့ အဆိုတော်တူးတူး
ယနေ့ညမှာ ယှဉ်ပြိုင်တော့မယ့် Myanmar idol Season 3 ရဲ့ final ပြိုင်ပွဲ ကြီးမှာ နှုတ်ဆက်သီချင်း သီဆိုဖို့အတွက် အာသီးယောင်နေတဲ့ကြားက လာရောက်သီဆိုမယ်လို့ သတင်းတွေထွက်နေတဲ့ ချမ်းမြေ့မောင်ချိုကို အဆိုတော် တူးတူးက သီဆိုချင်းမပြုဖို့ အကြံပေးလိုက်ပါတယ်။
အကြောင်းအရင်းကတော့ အာသီးယောင်နေတာကြောင့် နောက်ပိုင်း သီချင်းတွေနဲ့ ဂီတလောကမှာဆက်လျှောက်ဖို့ အစီအစဉ်ရှိသေးရင် ယခုလိုအချိန်မှာ အနားယူသင့်တယ်ဆိုြ့ပီး အကြံပြုတဲ့ စာကို သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ သူဟာ Myanmar idol Season 3 ပြိုင်ပွဲစတင်ကတည်းက ချမ်းမြေ့မောင်ချိုကို အားပေးခဲ့တဲ့ ပရိသတ်တစ်ဦးလဲ ဖြစ်ပါတယ်။
သူရေးသားခဲ့တာကတော့ ” မနေနိုင်မထိုင်နိုင် ဝင်ရေးမိသည်။ အာသီးယောင်နေတဲ့ ဒီလိုအခြေအနေမှာ ပြိုင်လို့မရတော့တဲ့နောက်နှုတ်ဆက်သီချင်းဆိုဖို့ ပြိုင်ပွဲကလဲ မခေါ်သင့်၊ မိဘဖက်ကလဲခွင့်မပြုသင့် ၊ CMMC ကိုယ်တိုင်လဲ မဆိုသင့်ပါ ၊ နောက်ပိုင်းသီချင်းဆက်ဆိုဖို့စိတ်ကူးထားတယ်ဆိုရင် လည်ပင်းကိုညှာပြီး ဆေးရုံမှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ်နားနေရမှာပါ နှုတ်ဆက်သီချင်းမဆိုလိုက်ရလို့ဘာမှမဖြစ်ပါဘူး ဆိုလိုက်မှ လည်ချောင်းအခြေအနေပိုဆိုးတာတို့ TV ကနေကြည့်နေကြတဲ့ပရိသတ်တွေ အားလုံးရှေ့မှာအရှက်တကွဲဖြစ်သွားမှာ တို့ကိုထည့်စဉ်းစားသင့်ပါတယ်။ Pro ဆိုနေကြတဲ့သူတွေတောင်အာသီးယောင်ပြီးရင်တပါတ်နှစ်ပါတ်လောက် ဆိုလို့မရပါဘူးနားရပါတယ် ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်ခင်ဗျ ” ဆိုကာရေးသားခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ Myanmar idol Season 3 ရဲ့ winner ဆုရှင်ကတာ့ ဖြိုးမြတ်အောင်ဖြစ်သွားခဲ့ပါပြီ
Source : momolay

Comments