ၾကက္ဥ ဘဲဥမ်ားကို ကို္ယ္တိုင္ ေဖာက္ခြဲခဲ့ေသာ္ သီလ ပ်က္-မပ်က္...



အေမး။ ။ ဥပုသ္သည္ဟာ ၾကက္ဥ ဘဲဥမ်ားကို ကို္ယ္တိုင္ ေဖာက္ခြဲခဲ့ေသာ္ သီလ ပ်က္-မပ်က္သိလိုပါတယ္ဘုရား။

အေျဖ။ ။ ၾကက္ဥ ဘဲဥဆိုတာဟာ ၾကက္ဘဲတို႕ရဲ႕ သေႏၶေလာင္းျဖစ္ပါတယ္။ ရဟန္းေတာ္မ်ားဟာ လူကို မသတ္ေကာင္းဘူး၊ လူကိုသတ္မိလွ်င္ သာသနာေတာ္မွ ဆံုးရႈံးျခင္းဆိုတဲ့ ပါရာဇိကကိုေရာက္ပါတယ္။

လူကိုသတ္ရာမွာလည္း ေမြးဖြားၿပီးတဲ့ လူသားကိုသတ္မွမဟုတ္ဘူး။ လူသားသေႏၶေလာင္းမ်ဳိးေစ့ျဖစ္တဲ့ ကိုယ္၀န္ကို ဖ်က္ခ်ေပးလွ်င္လည္း ေမြးဖြားၿပီး လူကိုသတ္တာႏွင့္ အတူတူ ပါရာဇိကကိုေရာက္ပါတယ္။

ၾကက္ဥ ဘဲဥဆိုတာဟာ ၾကက္ဘဲတို႕ရဲ႕ သေႏၶေလာင္းပဲ၊ သေႏၶေလာင္းကိုဖ်က္ဆီးခဲ့လွ်င္ ပါဏာတိပါတကံထိုက္ၿပီး ဥပုသ္သည္မွာ သီလပ်က္ပါတယ္။

ဒါေၾကာင့္ ဥပုသ္သည္ဟာ ၾကက္ဥ ဘဲဥကို ကိုယ္တိုင္လည္း မခြဲသင့္ဘူး၊ သူတစ္ပါးကိုလည္း အခြဲမခိုင္းသင့္ပါဘူး။

ေမး။ ။ သည္ေနရာမွာ ေလွ်ာက္စရာရိွလို႕ ေလွ်ာက္တင္ပါရေစဘုရား။

ေျဖ။ ။ ေလွ်ာက္ပါ၊ ဘာမ်ား ေလွ်ာက္ထားခ်င္တာတုန္း။

ေမး။ ။ အခုေခတ္ဟာ သိပၸံပညာ အလြန္ထြန္းကားတဲ့ေခတ္ ျဖစ္တယ္ဘုရား။ ၾကက္ဥ ဘဲဥဟာ ၾကက္ဘဲတို႕ရဲ႕ သေႏၶေလာင္းပဲဆိုတာ မွန္ပါတယ္။

သို႕ေသာ္လည္း အခ်ဳိ႕ သိပၸံနည္းႏွင့္ ေပါက္ဖြားလာၾကတဲ့ ၾကက္ေတြ ဘဲေတြဟာ အဖိုအမ ေပ်ာ္ပါးၿပီး သေႏၶယူၾကတာ မဟုတ္ၾကဘူး၊ လူသားက သိပၸနည္းျဖင့္ အဥျဖစ္ေစတတ္တဲ့ အစာမ်ားကို ေကၽြးေမြးၿပီး အဥခိုင္းတဲ့တြက္ အစာေၾကာင့္ ဥၾကတယ္ဘုရား။

အဲသည္ၾကက္ဥေတြဟာ လူကခိုင္းလို႕ ဥတာျဖစ္တဲ့အတြက္ အေကာင္မေပါက္ဘူးလို႕ ဆိုၾကတယ္၊ အေကာင္မေပါက္ဘူးဆိုေတာ့ သေႏၶသက္မပါတဲ့အတြက္ ေဖာက္ခြဲဖ်က္ဆီးလို႕ သီလပ်က္မပ်က္ ေမးေလွ်ာက္ျခင္းျဖစ္ပါတယ္ဘုရား။

ေျဖ။ ။ လူက အစာေကၽြးၿပီး ဥခိုင္းတဲ့ ၾကက္ဥ ဘဲဥႏွင့္ ရိုးရိုးၾကက္ဥ ဘဲဥ ဘာမွ်မထူးျခားပါဘူး၊ မ်က္ျမင္အားျဖင့္ ရိုးရိုးၾကက္ဥ ဘဲဥအတြင္းမွာလည္း အကာရည္ႏွင့္ အႏွစ္ပါတယ္၊ သိပၸံၾကက္ဥ ဘဲဥမွာလည္း အကာရည္ႏွင့္ အႏွစ္ပါတယ္။

ဒါေၾကာင့္ သိပၸံၾကက္ဥ ဘဲဥမွာ သေႏၶသက္မပါဘူးလို႕ မဆိုႏိုင္ဘူး၊ သေႏၶသက္ေတာ့ ပါရဲ႕၊ သို႕ေသာ္ အဖိုဓာတ္မပါလို႕ သေႏၶမတင္ဘူးလို႕သာ ဆိုသင့္တယ္။

သေႏၶဟာ တင္သည္ျဖစ္ေစ၊ မတင္သည္ျဖစ္ေစ သေႏၶသက္ရိွစဥ္ ဖ်က္ဆီးလွ်င္ ပါဏာတိပါတကံ ထိုက္မွာပဲ၊ သီလပ်က္မွာပဲ၊ ဥပမာေပးပါဆိုလွ်င္ လူမိန္းမရဲ႕ သေႏၶသားဟာ ပိုး၊ ေလ စေသာ အေၾကာင္းေၾကာင့္ သူ႕ဘာသာ ပ်က္ေတာ့မလို ျဖစ္ေနတယ္။

သည္အခ်ိန္မွာ ရဟန္းျဖစ္သူက ပ်က္ေအာင္ လံု႕လျပဳလို႕ ပ်က္ခဲ့လွ်င္ အဲသည္ရဟန္း ပါရာဇိကက်တာပဲ၊ ယခုလည္း ထို႕အတူ ၾကက္ဥ ဘဲဥအတြင္းမွာ မ်ဳိးမေအာင္ေသာ သေႏၶသက္ ရိွေနတယ္။သည္သေႏၶသက္ကို ဖ်က္ဆီးတဲ့အတြက္ ဥပုသ္သည္ သီလပ်က္တယ္လို႕ မွတ္ရမယ္။

ၿပီးေတာ့ အခ်ဳိ႕ေသာ ၾကက္ဥ ဘဲဥမ်ား အရွည္ခံေအာင္ရယ္လို႕ထံုးရည္စိမ္ထားတယ္လို႕ ၾကားဖူးတယ္၊ ထံုးရည္စိမ္ၿပီးလွ်င္ သေႏၶသက္ သုဥ္းသြားတယ္လို႕ ေျပာၾကတယ္။

သို႕ေသာ္လည္း ဧကန္ သုဥ္းမသုဥ္း မဆံုးျဖတ္ႏိုင္ဘူး၊ ဥပုသ္သည္မွန္လွ်င္ ၾကက္ဥ ဘဲဥမ်ားကို ကိုယ္တိုင္လည္း မခြဲ၊ သူတစ္ပါးကိုလည္း မခြဲခိုင္းျခင္းဟာ အေကာင္းဆံုးပဲျဖစ္တယ္ … လို႕ တည္ေတာ ဆရာေတာ္က ေျဖၾကားသြားပါတယ္။

ဒီေနရာမွာ ဥပုသ္လို႕ထည့္ေျပာထားတာကို သတိျပဳပါ။ က်ေနာ့္အျမင္ေျပာရယင္ေတာ့ ... တကယ္ေတာ့ ၾကက္ဥစားျခင္းဟာ သားငါးမ်ားစားတာထက္စာရင္ ေတာ္ေသးတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

ဘာျဖစ္လုိ႔လဲဆုိေတာ့ သားငါးေတြဆုိတာက သက္ရွိသတၱ၀ါျဖစ္ၿပီးသားပါ။ ၾကက္ဥဆုိတာက မ်ိဳးေစ့ပဲျဖစ္တာမုိ႔ သက္ရွိကုိ ေသေစတာထက္စာရင္ မ်ိဳးေစ့ကုိ ေသေစတာက ပုိအျပစ္ေသးပါတယ္။

ဥပမာ-အမဲသားစားတဲ့လူေတြရွိလုိ႔ ႏြားေတြကုိသတ္ေရာင္းတဲ့လူဆုိတာ ရွိလာတာပါ။ အဲဒီေတာ့ မဲသားစားတာဟာလည္း တကယ္ေတာ့ အျပစ္ျဖစ္ပါတယ္။

ဒါေပမဲ့ ကုိယ့္အတြက္ဆုိၿပီး သီးသန္႔လုပ္ေပးတာမဟုတ္ဘဲ အမ်ားအတြက္ေရာင္းခ်ျခင္းျဖစ္တဲ့ဟာကုိ စားျခင္းေၾကာင့္ အျပစ္မျဖစ္ရတာပါ။ ကိုယ့္အတြက္သာ သီးသန္႔လုပ္ေပးတဲ့ဟင္းဆုိ စားသံုးသူမွာလည္း အျပစ္ျဖစ္ပါတယ္။

ဒါေၾကာင့္ အလွဴဒါနမ်ားျပဳရာတြင္လည္း သားငါးမ်ားကုိ သီးသန္႔မွာၿပီး အလွဴဒါနျပဳလုပ္ရင္ အက်ိဳးေပးမႈ နည္းပါးသြားပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကုိယ့္က သီးသန္႔မွာတဲ့အတြက္ ကုိယ့္အတြက္ဆုိၿပီး သတ္ေပးလုိက္လုိ႔ပါ။

အဲဒီေတာ့ အလွဴဒါနျပဳရာတြင္ သားငါးမ်ားကုိ သီးသန္႔မမွာဘဲ ရသေလာက္သာ ရွာေဖြ၀ယ္ယူၿပီး အလွဴဒါနျပဳသင့္ပါတယ္။

ဒီအေၾကာင္းကို ဆရာေတာ္အရွင္ေကာမလ(ခ)ဆန္နီေနမင္းက ေျဖေပးထားတာပါ။

ဓမၼပဒပါဠိေတာ္၊ ကုကၠဳရမိတၱ၀တၳဳတြင္ ပါဏာတိပါတကံနဲ႔ပတ္သတ္ၿပီး ဘုရားရွင္က လက္၌ အနာမရွိလွ်င္ ထိုလက္နဲ႔ အဆိပ္ကိုကိုင္ေသာ္လည္း လက္ကိုမပူေစႏိုင္။

ထို႔အတူ မေကာင္းမႈကို ျပဳလိုေသာစိတ္မရွိသူမွာ မေကာင္းမႈအဆိပ္ မေလာင္ႏိုင္ပါဟု ေဟာေတာ္မူထားတာ ရွိပါတယ္။

အဲဒီလုိပဲ မိမိက ေသေစလုိေသာစိတ္မရွိသလုိ ဒီၾကက္ဥဟာ သက္ရွိျဖစ္ႏုိင္လား မျဖစ္ႏုိင္လားဆုိတာလည္း ေသခ်ာမသိလုိ႔ စားျဖစ္တဲ့ဟာမ်ိဳးဆုိ အျပစ္မရွိပါလို႕လည္း ဆက္ေျဖထားပါတယ္။

အဲဒီေတာ့ ၾကက္ဥစားျခင္းဟာ ပါဏာတိပါတကံထုိက္မထုိက္၊ အျပစ္ရွိမရွိကုိ မိမိမွတ္ထင္တဲ့စိတ္ေပၚမွာ မူတည္မယ္လုိ႔ ေျပာရပါမယ္။

ဒါေၾကာင့္ မိမိက ၾကက္ဥဟာ အသက္မရွိဘူးလုိ႔ ယူဆထားလုိ႔ျဖစ္ေစ၊ ေသေစလုိေသာ စိတ္ေစတနာမရွိဘဲ စားစရာတစ္ခုအေနျဖင့္ ၀ယ္စားျခင္းမ်ိဳးျဖစ္ေစ အဲဒီလုိစားျခင္းမ်ိဳးဆုိရင္ေတာ့ အျပစ္မျဖစ္လုိ႔ သတ္မွတ္ႏုိင္ပါတယ္။

ေနာက္တစ္ခုကေတာ့ မိမိစားတဲ့အခါ ပထမဦးဆံုးေျပာခဲ့တဲ့ ပါဏာတိပါတကံဆိုင္ရာအဂၤါရပ္မ်ားနဲ႔ တုိက္ဆုိင္မႈရွိမရွိတုိ႔ကုိ ေထာက္ဆၾကည့္ဖို႕ပါပဲ .. တဲ့။

ဒီအယူအဆကိုက်ေနာ္အျမင္အေနနဲ႕ေတာ့ လက္ခံသင့္တယ္လို႕ယူဆပါတယ္။

မိတ္ေဆြမ်ားရဲ႕အယူအဆေတြကိုလည္း သိခ်င္ပါတယ္။ ေျဖၾကားေပးသြားၾကပါလုိ႕ ပန္ၾကားအပ္ပါတယ္။

မွန္ကန္ေသာအေတြးအျမင္အယူအဆမ်ားထြန္းကားၾကပါေစ။

ေမတၱာျဖင့္

tno

credit အရွင္ ဣေႏၵာဘာသ

===============

အမေး။ ။ ဥပုသ်သည်ဟာ ကြက်ဥ ဘဲဥများကို ကို်ယ်တိုင် ဖောက်ခွဲခဲ့သော် သီလ ပျက်-မပျက်သိလိုပါတယ်ဘုရား။

အဖြေ။ ။ ကြက်ဥ ဘဲဥဆိုတာဟာ ကြက်ဘဲတို့ရဲ့ သန္ဓေလောင်းဖြစ်ပါတယ်။ ရဟန်းတော်များဟာ လူကို မသတ်ကောင်းဘူး၊ လူကိုသတ်မိလျှင် သာသနာတော်မှ ဆုံးရှုံးခြင်းဆိုတဲ့ ပါရာဇိကကိုရောက်ပါတယ်။

လူကိုသတ်ရာမှာလည်း မွေးဖွားပြီးတဲ့ လူသားကိုသတ်မှမဟုတ်ဘူး။ လူသားသန္ဓေလောင်းမျိုးစေ့ဖြစ်တဲ့ ကိုယ်ဝန်ကို ဖျက်ချပေးလျှင်လည်း မွေးဖွားပြီး လူကိုသတ်တာနှင့် အတူတူ ပါရာဇိကကိုရောက်ပါတယ်။

ကြက်ဥ ဘဲဥဆိုတာဟာ ကြက်ဘဲတို့ရဲ့ သန္ဓေလောင်းပဲ၊ သန္ဓေလောင်းကိုဖျက်ဆီးခဲ့လျှင် ပါဏာတိပါတကံထိုက်ပြီး ဥပုသ်သည်မှာ သီလပျက်ပါတယ်။

ဒါကြောင့် ဥပုသ်သည်ဟာ ကြက်ဥ ဘဲဥကို ကိုယ်တိုင်လည်း မခွဲသင့်ဘူး၊ သူတစ်ပါးကိုလည်း အခွဲမခိုင်းသင့်ပါဘူး။

မေး။ ။ သည်နေရာမှာ လျှောက်စရာရှိလို့ လျှောက်တင်ပါရစေဘုရား။

ဖြေ။ ။ လျှောက်ပါ၊ ဘာများ လျှောက်ထားချင်တာတုန်း။

မေး။ ။ အခုခေတ်ဟာ သိပ္ပံပညာ အလွန်ထွန်းကားတဲ့ခေတ် ဖြစ်တယ်ဘုရား။ ကြက်ဥ ဘဲဥဟာ ကြက်ဘဲတို့ရဲ့ သန္ဓေလောင်းပဲဆိုတာ မှန်ပါတယ်။

သို့သော်လည်း အချို့ သိပ္ပံနည်းနှင့် ပေါက်ဖွားလာကြတဲ့ ကြက်တွေ ဘဲတွေဟာ အဖိုအမ ပျော်ပါးပြီး သန္ဓေယူကြတာ မဟုတ်ကြဘူး၊ လူသားက သိပ္ပနည်းဖြင့် အဥဖြစ်စေတတ်တဲ့ အစာများကို ကျွေးမွေးပြီး အဥခိုင်းတဲ့တွက် အစာကြောင့် ဥကြတယ်ဘုရား။

အဲသည်ကြက်ဥတွေဟာ လူကခိုင်းလို့ ဥတာဖြစ်တဲ့အတွက် အကောင်မပေါက်ဘူးလို့ ဆိုကြတယ်၊ အကောင်မပေါက်ဘူးဆိုတော့ သန္ဓေသက်မပါတဲ့အတွက် ဖောက်ခွဲဖျက်ဆီးလို့ သီလပျက်မပျက် မေးလျှောက်ခြင်းဖြစ်ပါတယ်ဘုရား။

ဖြေ။ ။ လူက အစာကျွေးပြီး ဥခိုင်းတဲ့ ကြက်ဥ ဘဲဥနှင့် ရိုးရိုးကြက်ဥ ဘဲဥ ဘာမျှမထူးခြားပါဘူး၊ မျက်မြင်အားဖြင့် ရိုးရိုးကြက်ဥ ဘဲဥအတွင်းမှာလည်း အကာရည်နှင့် အနှစ်ပါတယ်၊ သိပ္ပံကြက်ဥ ဘဲဥမှာလည်း အကာရည်နှင့် အနှစ်ပါတယ်။

ဒါကြောင့် သိပ္ပံကြက်ဥ ဘဲဥမှာ သန္ဓေသက်မပါဘူးလို့ မဆိုနိုင်ဘူး၊ သန္ဓေသက်တော့ ပါရဲ့၊ သို့သော် အဖိုဓာတ်မပါလို့ သန္ဓေမတင်ဘူးလို့သာ ဆိုသင့်တယ်။

သန္ဓေဟာ တင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ သန္ဓေသက်ရှိစဉ် ဖျက်ဆီးလျှင် ပါဏာတိပါတကံ ထိုက်မှာပဲ၊ သီလပျက်မှာပဲ၊ ဥပမာပေးပါဆိုလျှင် လူမိန်းမရဲ့ သန္ဓေသားဟာ ပိုး၊ လေ စသော အကြောင်းကြောင့် သူ့ဘာသာ ပျက်တော့မလို ဖြစ်နေတယ်။

သည်အချိန်မှာ ရဟန်းဖြစ်သူက ပျက်အောင် လုံ့လပြုလို့ ပျက်ခဲ့လျှင် အဲသည်ရဟန်း ပါရာဇိကကျတာပဲ၊ ယခုလည်း ထို့အတူ ကြက်ဥ ဘဲဥအတွင်းမှာ မျိုးမအောင်သော သန္ဓေသက် ရှိနေတယ်။သည်သန္ဓေသက်ကို ဖျက်ဆီးတဲ့အတွက် ဥပုသ်သည် သီလပျက်တယ်လို့ မှတ်ရမယ်။

ပြီးတော့ အချို့သော ကြက်ဥ ဘဲဥများ အရှည်ခံအောင်ရယ်လို့ထုံးရည်စိမ်ထားတယ်လို့ ကြားဖူးတယ်၊ ထုံးရည်စိမ်ပြီးလျှင် သန္ဓေသက် သုဉ်းသွားတယ်လို့ ပြောကြတယ်။

သို့သော်လည်း ဧကန် သုဉ်းမသုဉ်း မဆုံးဖြတ်နိုင်ဘူး၊ ဥပုသ်သည်မှန်လျှင် ကြက်ဥ ဘဲဥများကို ကိုယ်တိုင်လည်း မခွဲ၊ သူတစ်ပါးကိုလည်း မခွဲခိုင်းခြင်းဟာ အကောင်းဆုံးပဲဖြစ်တယ် … လို့ တည်တော ဆရာတော်က ဖြေကြားသွားပါတယ်။

ဒီနေရာမှာ ဥပုသ်လို့ထည့်ပြောထားတာကို သတိပြုပါ။ ကျနော့်အမြင်ပြောရယင်တော့ ... တကယ်တော့ ကြက်ဥစားခြင်းဟာ သားငါးများစားတာထက်စာရင် တော်သေးတယ်လို့ ပြောလို့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သားငါးတွေဆိုတာက သက်ရှိသတ္တဝါဖြစ်ပြီးသားပါ။ ကြက်ဥဆိုတာက မျိုးစေ့ပဲဖြစ်တာမို့ သက်ရှိကို သေစေတာထက်စာရင် မျိုးစေ့ကို သေစေတာက ပိုအပြစ်သေးပါတယ်။

ဥပမာ-အမဲသားစားတဲ့လူတွေရှိလို့ နွားတွေကိုသတ်ရောင်းတဲ့လူဆိုတာ ရှိလာတာပါ။ အဲဒီတော့ မဲသားစားတာဟာလည်း တကယ်တော့ အပြစ်ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ့်အတွက်ဆိုပြီး သီးသန့်လုပ်ပေးတာမဟုတ်ဘဲ အများအတွက်ရောင်းချခြင်းဖြစ်တဲ့ဟာကို စားခြင်းကြောင့် အပြစ်မဖြစ်ရတာပါ။ ကိုယ့်အတွက်သာ သီးသန့်လုပ်ပေးတဲ့ဟင်းဆို စားသုံးသူမှာလည်း အပြစ်ဖြစ်ပါတယ်။

ဒါကြောင့် အလှူဒါနများပြုရာတွင်လည်း သားငါးများကို သီးသန့်မှာပြီး အလှူဒါနပြုလုပ်ရင် အကျိုးပေးမှု နည်းပါးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်က သီးသန့်မှာတဲ့အတွက် ကိုယ့်အတွက်ဆိုပြီး သတ်ပေးလိုက်လို့ပါ။

အဲဒီတော့ အလှူဒါနပြုရာတွင် သားငါးများကို သီးသန့်မမှာဘဲ ရသလောက်သာ ရှာဖွေဝယ်ယူပြီး အလှူဒါနပြုသင့်ပါတယ်။

ဒီအကြောင်းကို ဆရာတော်အရှင်ကောမလ(ခ)ဆန်နီနေမင်းက ဖြေပေးထားတာပါ။

ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တဝတ္ထုတွင် ပါဏာတိပါတကံနဲ့ပတ်သတ်ပြီး ဘုရားရှင်က လက်၌ အနာမရှိလျှင် ထိုလက်နဲ့ အဆိပ်ကိုကိုင်သော်လည်း လက်ကိုမပူစေနိုင်။

ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ်မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါဟု ဟောတော်မူထားတာ ရှိပါတယ်။

အဲဒီလိုပဲ မိမိက သေစေလိုသောစိတ်မရှိသလို ဒီကြက်ဥဟာ သက်ရှိဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာလည်း သေချာမသိလို့ စားဖြစ်တဲ့ဟာမျိုးဆို အပြစ်မရှိပါလို့လည်း ဆက်ဖြေထားပါတယ်။

အဲဒီတော့ ကြက်ဥစားခြင်းဟာ ပါဏာတိပါတကံထိုက်မထိုက်၊ အပြစ်ရှိမရှိကို မိမိမှတ်ထင်တဲ့စိတ်ပေါ်မှာ မူတည်မယ်လို့ ပြောရပါမယ်။

ဒါကြောင့် မိမိက ကြက်ဥဟာ အသက်မရှိဘူးလို့ ယူဆထားလို့ဖြစ်စေ၊ သေစေလိုသော စိတ်စေတနာမရှိဘဲ စားစရာတစ်ခုအနေဖြင့် ဝယ်စားခြင်းမျိုးဖြစ်စေ အဲဒီလိုစားခြင်းမျိုးဆိုရင်တော့ အပြစ်မဖြစ်လို့ သတ်မှတ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ မိမိစားတဲ့အခါ ပထမဦးဆုံးပြောခဲ့တဲ့ ပါဏာတိပါတကံဆိုင်ရာအင်္ဂါရပ်များနဲ့ တိုက်ဆိုင်မှုရှိမရှိတို့ကို ထောက်ဆကြည့်ဖို့ပါပဲ .. တဲ့။

ဒီအယူအဆကိုကျနော်အမြင်အနေနဲ့တော့ လက်ခံသင့်တယ်လို့ယူဆပါတယ်။

မိတ်ဆွေများရဲ့အယူအဆတွေကိုလည်း သိချင်ပါတယ်။ ဖြေကြားပေးသွားကြပါလို့ ပန်ကြားအပ်ပါတယ်။

မှန်ကန်သောအတွေးအမြင်အယူအဆများထွန်းကားကြပါစေ။

မေတ္တာဖြင့်

tno

credit အရှင် ဣန္ဒောဘာသ

Comments