မင္းသမီး ျဖစ္ေပမယ့္ ေနၾကာေစ့ေရာင္းရတာ မရွက္ပါဘူးလုိ႔ ဆုိလုိက္တဲ့ မယ္လုိဒီ...



မယ္လုိဒီဟာ တစ္ဖက္တစ္လမ္းက စီးပြားေရးအကူအညီတစ္ခုျဖစ္တဲ့ ေနၾကာေစ့ေရာင္းေနတာျဖစ္ပါတယ္။ ေနၾကာေစ့ ေရာင္းလုိ႔ရတဲ့ ေငြကုိ အလွဴအတန္းလုပ္တာျဖစ္တဲ့အတြက္ မရွက္ဘူးလုိ႔ဆုိပါတယ္။ လက္ရွိ ေရေဘးသင့္ေဒသေတြကုိလည္း လွဴဒါန္းခဲ့ပါေသးတယ္တဲ့။

သရုပ္ေဆာင္အကယ္ဒမီမယ္လုိဒီဟာ ေနၾကာေစ့ေရာင္းေနေၾကာင္းနဲ႔ မင္းသမီးတစ္ေယာက္ျဖစ္လုိ႔ ေစ်းေရာင္းစား ရတာ မရွက္ပါဘူးလို႔ ဆုိပါတယ္။ ေနၾကာေစ့ေရာင္းရတဲ့အျမတ္ေငြကို လွဴဒါန္းဖို႔လည္း ရည္စူးထားေၾကာင္း ေျပာပါတယ္။



” ကြ်န္မေနၾကာေစ့ေရာင္းရတာ မရွက္ပါဘူး။ အျမတ္ေငြကိုလွဴဖို႔ရည္စူးထားတာ တကယ္လို႔ စားဝတ္ေနေရး အတြက္ ေရာင္းရမယ္ ဆိုလည္း မရွက္ပါဘူး။ မိသားစုအတြက္အလုပ္လုပ္တဲ့အခါ သမာအာဇီဝျဖစ္ရင္ၿပီးတာဘဲ အလုပ္ဟူသမွ် ဂုဏ္ရွိတာဘဲ မင္းသမီး မို႔ ေစ်းေရာင္းစား ရလည္း မရွက္ပါဘူး ကြ်န္မယူတဲ့အျမတ္က ကြ်န္မ မရႈးံ႐ုံေလးယူထားတာ ကိုယ့္လိပ္ျပာကိုယ္လုံတယ္” လုိ႔ သူကဆုိပါတယ္။

မယ္လုိဒီဟာ ေနၾကာေစ့ေရာင္းလုိ႔ရတဲ့ အျမတ္ေငြထဲကေန တက္ႏိုင္သေလာက္ အလွဴအတန္းေတြလုပ္ျဖစ္တယ္လုိ႔ ဆုိပါတယ္။ လက္ရွိ ေရေဘးသင့္ေဒသေတြကုိလည္း လွဴဒါန္းခဲ့ပါေသးတယ္တဲ့။ အဲ့ဒီေနာက္ ၉ လပုိင္းမွာ က်ေရာက္မယ့္ သူ႔ရဲ႕ ေမြးေန႔အလွဴမွာလည္း ရရွိလာတဲ့ အျမတ္ေငြအားလံုးကုိ လွဴဒါန္းသြားမယ္လုိ႔ ၾသဂုတ္လ ၇ ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာေရးသားခဲ့တာကုိ ေတြ႔ရပါတယ္။



”ကိုယ့္အလွဴမွာကိုယ့္ကိုခ်စ္တဲ့သူေတြ တစ္ႏိုင္ေလးပါဝင္လို႔ရတယ္။ အရွက္ဆိုတာ တကယ္ရွက္သင့္တဲ့ေနရာမွာရွက္ရမွာပါ ။ မရွက္သင့္ တဲ့ ေနရာ ရွက္ ရွက္သင့္တဲ့ေနရာမရွက္ရင္ဘဝပါပ်က္သြားပါလိမ့္မယ္။ ဘဝမွာ ဟိတ္ဟန္ အဓိကမဟုတ္ပါ အတြင္းစိတ္မွန္ဖို႔ အဓိကပါ ကြ်န္မ ကေတာ့ သမီးေကာင္း မိခင္ေကာင္း ဇနီးေကာင္း အႏုပညာရွင္ေကာင္းျဖစ္ေအာင္ ႀကိဳးစားေနရတုန္းပါ” လုိ႔လည္း ၾသဂုတ္လ ၁၁ ရက္ေန႔ ည ၁၁ နာရီက အခုလုိ ေရးသား ထားပါေသးတယ္။

မယ္လုိဒီဟာ ၂၀၁၇ ခုႏွစ္က စလုိ႔ အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကုိင္လာတာကုိ ေတြ႔ရပါတယ္။ သူ႔အေနနဲ႔ ကုိယ္ပုိင္စီးပြားေရး နဲ႔ အတူ အႏုပညာအလုပ္ေရာ၊ သားေလးရဲ႕ ေဝယာဝိစၥ၊ ခင္ပြန္းျဖစ္သူရဲ႕ ေဝယာဝစၥေတြကုိလည္း လုပ္ကုိင္ေဆာင္ရြက္ေပးေနရသူပါ။ ဒါေပမယ့္လည္း မယ္ ပရိသတ္ေတြနဲ႔ အဆက္မျပတ္ေအာင္ေတာ့ ဇာတ္ကားေတြရုိက္ကူးျဖစ္ေနပါတယ္။



သရုပ္ေဆာင္ မယ္လိုဒီဟာ မၾကာေသးခင္က “Vertigo” လုိ႔ အမည္ရတဲ့ ေရာဂါတစ္မ်ဳိးကုိ ခံစားခဲ့ရတယ္လုိ႔ သိရပါတယ္။ဒီေရာဂါကုိလည္း ၂၀၀၈ ခုႏွစ္ကတည္းက ခံစားခဲ့ရတာလုိ႔ ဆုိပါတယ္။ အခုေတာ့ က်န္းမာေရးျပန္လည္ ေကာင္းမြန္ လာၿပီျဖစ္လုိ႔ အႏုပညာအလုပ္ေတြလည္း ျပန္လုပ္ေနၿပီလုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။

Crd.

===============

မယ်လိုဒီဟာ တစ်ဖက်တစ်လမ်းက စီးပွားရေးအကူအညီတစ်ခုဖြစ်တဲ့ နေကြာစေ့ရောင်းနေတာဖြစ်ပါတယ်။ နေကြာစေ့ ရောင်းလို့ရတဲ့ ငွေကို အလှူအတန်းလုပ်တာဖြစ်တဲ့အတွက် မရှက်ဘူးလို့ဆိုပါတယ်။ လက်ရှိ ရေဘေးသင့်ဒေသတွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်တဲ့။

သရုပ်ဆောင်အကယ်ဒမီမယ်လိုဒီဟာ နေကြာစေ့ရောင်းနေကြောင်းနဲ့ မင်းသမီးတစ်ယောက်ဖြစ်လို့ စျေးရောင်းစား ရတာ မရှက်ပါဘူးလို့ ဆိုပါတယ်။ နေကြာစေ့ရောင်းရတဲ့အမြတ်ငွေကို လှူဒါန်းဖို့လည်း ရည်စူးထားကြောင်း ပြောပါတယ်။

” ကျွန်မနေကြာစေ့ရောင်းရတာ မရှက်ပါဘူး။ အမြတ်ငွေကိုလှူဖို့ရည်စူးထားတာ တကယ်လို့ စားဝတ်နေရေး အတွက် ရောင်းရမယ် ဆိုလည်း မရှက်ပါဘူး။ မိသားစုအတွက်အလုပ်လုပ်တဲ့အခါ သမာအာဇီဝဖြစ်ရင်ပြီးတာဘဲ အလုပ်ဟူသမျှ ဂုဏ်ရှိတာဘဲ မင်းသမီး မို့ စျေးရောင်းစား ရလည်း မရှက်ပါဘူး ကျွန်မယူတဲ့အမြတ်က ကျွန်မ မရှုးံရုံလေးယူထားတာ ကိုယ့်လိပ်ပြာကိုယ်လုံတယ်” လို့ သူကဆိုပါတယ်။

မယ်လိုဒီဟာ နေကြာစေ့ရောင်းလို့ရတဲ့ အမြတ်ငွေထဲကနေ တက်နိုင်သလောက် အလှူအတန်းတွေလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ ရေဘေးသင့်ဒေသတွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်တဲ့။ အဲ့ဒီနောက် ၉ လပိုင်းမှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့အလှူမှာလည်း ရရှိလာတဲ့ အမြတ်ငွေအားလုံးကို လှူဒါန်းသွားမယ်လို့ သြဂုတ်လ ၇ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာကို တွေ့ရပါတယ်။

”ကိုယ့်အလှူမှာကိုယ့်ကိုချစ်တဲ့သူတွေ တစ်နိုင်လေးပါဝင်လို့ရတယ်။ အရှက်ဆိုတာ တကယ်ရှက်သင့်တဲ့နေရာမှာရှက်ရမှာပါ ။ မရှက်သင့် တဲ့ နေရာ ရှက် ရှက်သင့်တဲ့နေရာမရှက်ရင်ဘဝပါပျက်သွားပါလိမ့်မယ်။ ဘဝမှာ ဟိတ်ဟန် အဓိကမဟုတ်ပါ အတွင်းစိတ်မှန်ဖို့ အဓိကပါ ကျွန်မ ကတော့ သမီးကောင်း မိခင်ကောင်း ဇနီးကောင်း အနုပညာရှင်ကောင်းဖြစ်အောင် ကြိုးစားနေရတုန်းပါ” လို့လည်း သြဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီက အခုလို ရေးသား ထားပါသေးတယ်။

မယ်လိုဒီဟာ ၂၀၁၇ ခုနှစ်က စလို့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေး နဲ့ အတူ အနုပညာအလုပ်ရော၊ သားလေးရဲ့ ဝေယာဝိစ္စ၊ ခင်ပွန်းဖြစ်သူရဲ့ ဝေယာဝစ္စတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးနေရသူပါ။ ဒါပေမယ့်လည်း မယ် ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တော့ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပါတယ်။

သရုပ်ဆောင် မယ်လိုဒီဟာ မကြာသေးခင်က “Vertigo” လို့ အမည်ရတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဒီရောဂါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်လို့ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

Crd.

Comments