မြန်မာငွေတွေရော ဒေါ်လာတွေရော နဲနဲနောနောမဟုတ်ဘူး.. ပိုင်ရှင် ဘယ်လောက်ပျော်သွားလိုက်မလဲ....


Than Than
=============
မြန်မာငွေတွေရော ဒေါ်လာတွေရော.. ပိုင်ရှင် ဘယ်လောက်ပျော်သွားလိုက်မလဲဗျာ
မနေ့ညက အဖြစ်ပျက်လေးတခုပါ ညဘက် ၈နာရီလောက် Taxi ငှားပြီး သမီးနဲ့ လသာလမ်းသွားရင်း အိတ်တအိတ်ကောက်ရတယ် အိမ်ပြန်ရောက်တော့ ဖွင့်ကြည့်တော့ ပုံပါအတိုင်း တွေ့ရတယ် ဟိုတယ် လိပ်စာ ကဒ်တကဒ်ရှာတွေ့တော့ ညဘက် ဟိုတယ်လိုက်သွားရှာခဲ့တာ
ဟိုတယ်မှာ သူ့ နာမည်နဲ့ လူမရှိဘူးပြောတယ် အိတ်ပျောက် ကြောင်းလာပြောထားတဲ့သူတော့ရှိတယ်ပြောလို့ ဖုန်းလှမ်းဆက်ပြီးခေါ်ခိုင်းတာ အခန်းမှာ ဖုန်းကိုင်မယ့်သူမရှိဘူးတဲ့ မရောက်ကြသေးဘူးထင်တယ်ပြောပါတယ် အိတ်ကောက်ရထားတဲ့အတွက် ပြန်ရောက်ရင် သေချာ ဆက်သွယ်ပေးပါဆိုပြီးဖုန်းနံပါတ်နဲ့ နာမည်ပေးခဲ့ပါတယ်
မနက် ၂ နာရီလောက်မှာတော့ ဖုန်းဆက်လာပါတယ် သူတို့အိတ်ဖြစ်ကြောင်း အိတ်ထဲပါတဲ့ပစ္စည်းနဲ့ ငွေ ပမာဏမေးတော့ မှန်တဲ့အတွက် ပုံပါ ကဒ်ထဲ ပါတဲ့ လူကိုယ်တိုင် လာယူဖို့ပြောလိုက်ပါတယ် မနက် သူတို့နိုင်ငံပြန်ကြတော့မှာဖြစ်ကြောင်း ပြောတဲ့အတွက် ချက်ချင်းလာယူနိုင်တယ်ပြောပြီး လိပ်စာပေးလိုက်ပါတယ်
ရောက်လာတော့ မြန်မာစကားတတ်တဲ့သူတယောက် ပါပါတယ်ကျန်၃ယောက် က မြန်မာလို မတတ်ပါ ပိုင်ရှင်ကိုယ်တိုင်က ရောက်လာတည်းက ကျေးဇူးတင်ကြောင်း လက်အုပ်ချီပြီး ရောက်လာတဲ့အတွက် ဝမ်းသာမဆုံးဖြစ်မိသလို ပီတိလည်းဖြစ်မိပါတယ် သူ့ အရေးကြီး တဲ့ ကဒ်တွေက အဓိက ပါလို့ပြောတယ် ပါတဲ့ငွေတွေပြန်စစ်ခိုင်းပြီး လက်ထဲကိုယ်တိုင် သမီးလေးပြန်အပ်နိုင်ခဲ့နိုင်ပါတယ် တညလုံး မအိပ်ရ အိပ်ရေးတွေပျက်ခဲ့ရပေမယ့်
ပိုင်ရှင် ကိုယ်တိုင် ပျော်နေတဲ့ မျက်နှာကြည့်ုပီး ကျေနပ်မိပါတယ် စုစုပေါင်းငွေ ပမာဏ သိန်း ၈၀ ကျော်လောက် ရှိတယ်လို့ခန့်မှန်းမိပါတယ် သမီးလေးကိုလည်းကျေးဇူးဆပ်တဲ့အနေနဲ့ မုန့်ဖိုးပေးသွားခဲ့ပါတယ် မလိုပါဘူး မယူပါရစေနဲ့လို့ပြောပေမယ့် လက်ထဲ အတင်းထည့်သွားခဲ့တယ် ပိုင်ရှင်ကလေးပျော်နေတာကြည့်ပြီး ကျွန်မလည်း အရမ်းကိုပီတိဖြစ်ခဲ့ရပါတယ် တညတာ ကောင်းမှု့ ကုသိုလ်လေးပါ
Than Than

Comments