မိန္းကေလးငယ္တစ္ဦးကို လူသူမေရာက္သည့္ လွိုဏ္ဂူႀကီးထဲတြင္ နတ္ဆရာက ပိတ္ေလွာင္ထားၿပီး...


မိန္းကေလးငယ္တစ္ဦးကို လူသူမေရာက္သည့္ လွိုဏ္ဂူႀကီးထဲတြင္ နတ္ဆရာက ပိတ္ေလွာင္ထားၿပီး
၁၅ ႏွစ္ၾကာ လွိုဏ္ဂူထဲမွာ ပိတ္ေလွာင္ထားခံရသူ မိန္းကေလးအား ကယ္တင္
မိန္းကေလးငယ္တစ္ဦးကို လူသူမေရာက္သည့္ လွိုဏ္ဂူႀကီးထဲတြင္ နတ္ဆရာတစ္ဦးက ၁၅ ႏွစ္ၾကာ ပိတ္ေလွာင္ထားခဲ့ရာမွ သက္ဆိုင္ရာမွ ျပန္လည္ ကယ္တင္ခဲ့ခ်ိန္တြင္ မိန္းကေလးမွာ အသက္ ၂၈ ႏွစ္အရြယ္ပင္ရွိၿပီျဖစ္သည္။
အသက္ ၈၅ ႏွစ္အရြယ္ နတ္ဆရာ ဂ်ာဂို ဆိုသူက အင္ဒိုနီးရွားနိုင္ငံ ဆူလာေဝစီ အလယ္ပိုင္း တိုလီတိုလီ ေဒသအပိုင္ ဂလမ္ပန္းေက်းရြာအနီး ေက်ာက္လွိုဏ္ဂူႀကီးထဲတြင္ မိန္းကေလးအား ပိတ္ေလွာင္ ထားခဲ့ျခင္းျဖစ္သည္။
မိန္းကေလး၏ မိဘေဆြမ်ိဳးမ်ားက ၾကာျမင့္စြာ ေပ်ာက္ဆုံးေနခဲ့သည့္အတြက္ ျပန္ေတြ႕ေတာ့မည္မဟုတ္ဟု လက္ေလၽွာ့ထားခ်ိန္က်မွ ရဲမ်ားက မိန္းကေလးကို ၁.၅ မီတာအနက္ရွိေသာ တြင္းေပါက္ႀကီးထဲမွ ျပန္လည္ ကယ္ဆယ္နိုင္ခဲ့ျခင္းျဖစ္သည္။
ျဖစ္စဥ္အေသးစိတ္ကို ရဲမ်ားက ဆက္လက္စုံစမ္းေနၾကဆဲျဖစ္ေသာ္လည္း နတ္ဆရာ ဂ်ာဂို က မိန္းကေလးအား သူ၏ကာမဆႏၵျဖည့္စည္းနိုင္ရန္ အလို႔ငွာ ႏွစ္ရွည္လမ်ား ဖမ္းဆီးပိတ္ေလွာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။
ေလွာင္ပိတ္ခံရသူ မိန္းကေလး နတ္ဆရာတိုက္ေကၽြးတဲ့ ကိုယ္ဝန္ဖ်က္ေဆးေတြ ေသာက္ခဲ့ရတာေၾကာင့္ ဓမၼတာမေပၚမွုေတြ အႀကိမ္ႀကိမ္ျဖစ္ခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။ ဂ်ာဂို ကို ကေလးသူငယ္ကာကြယ္ေရး ပုဒ္မေတြအျပင္ အျခားေနာက္ဆက္တြဲ ပုဒ္မမ်ားစြာနဲ႔ အေရးယူသြားမည္ျဖစ္သည္။
ဂ်ာဂို ကို နတ္ဆရာအျဖစ္ သူ႔ရဲ့ရြာသားေတြက လက္ခံထားၾကၿပီး သူတို႔ရဲ့ အိမ္ေထာင္ေရး၊ စီးပြားေရးျပႆနာမ်ားကို ကင္းေပ်ာက္ေအာင္ အားကိုးၾကသူလည္းျဖစ္သည္။ ပိတ္ေလွာင္ခံထားရသူ မိန္းကေလး ၁၃ ႏွစ္အရြယ္က ဂ်ာဂိုက သူ႔ရဲ့မိတ္ေဆြတစ္ဦးနဲ႔ လက္ထပ္ေပးမည္ဆိုကာ ေခၚေဆာင္သြားခဲ့ေၾကာင္း ရြာသားတစ္ဦးက ေျပာၾကားခဲ့သည္။
ထို႔ေနာက္ မိန္းကေလးကို ေက်ာက္ဂူထဲတြင္ ပိတ္ေလွာင္ကာ ထြက္ေပးပါက ဒါမွမဟုတ္ အျခားလူမ်ားနဲ႔ သြားေတြ႕ပါက တြင္းေစာင့္နတ္သားက ေစာင့္ၾကည့္ေနၿပီး အျပစ္ခံရမယ္လို႔ အေၾကာက္တရားနဲ႔ အယုံသြင္းခဲ့ပါတယ္။
သူမပထမဦးဆုံး ေပ်ာက္သြားစဥ္ ၂၀၀၃ ခုႏွစ္က သူမရဲ့ မိဘေတြကိုေတာ့ မိန္းကေလးဟာ ဂ်ကာတာၿမိဳ႕ကို အလုပ္ရွာဖို႔ထြက္သြားေၾကာင္း ႏွစ္သိမ့္ေျပာဆိုခဲ့ပါတယ္။ အဲဒီေနာက္ မၾကာမၾကာ လက္ေဆာင္ပစၥည္းေလးေတြ မိဘျဖစ္သူေတြထံ ေပးပို႔ၿပီး သမီးျဖစ္သူ ဂ်ကာတာကေန လွမ္းပို႔တာျဖစ္ေၾကာင္း အယုံသြင္းခဲ့ပါတယ္။
အခ်ိန္နဲနဲၾကာလာတဲ့အခါမွာေတာ့ သူမနဲ႔ အဆက္အသြယ္ျပတ္သြားၿပီး အခုဘယ္ေရာက္ေနလဲဆိုတာ မသိေတာ့ေၾကာင္း မိဘေတြကို ေျပာခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း သူမရဲ့ မိဘေတြက သမီးနဲ႔ ျပန္ေတြနိုင္မယ့္ ေမၽွာ္လင့္ခ်က္ကို လက္ေလ်ာ့ထားလိုက္ၾကပါတယ္။
ဆူလာေဝစီရွိ အမ်ိဳးသမီးအခြင့္အေရး လွုပ္ရွားသူ အီဗာဗန္ဒီ ဆိုသူက ျပစ္ဒဏ္အမ်ိဳးမ်ိဳး အျပစ္ေပးသင့္ေၾကာင္း ေျပာၾကားခဲ့သလို အမ်ိဳးသမီးအၾကမ္းဖက္မွုကို ဆန႔္က်င္တဲ့ ေကာ္မရွင္ကလည္း ထိုက္တန္စြာ အေရးယူဖို႔ ဖိအားေပးခဲ့ပါတယ္။
က်ဴးလြန္ခံခဲ့ရသူ မိန္းကေလးကို ေဆးကုသ႐ုံမၽွမက စိတ္ပိုင္းဆိုင္ရာ ကုသမွုေတြ ၁၅ ႏွစ္အတြင္းမွာ အျပင္ေလာကႀကီးက ေျပာင္းလဲသြားတဲ့အရာေတြနဲ႔ အထိအေတြ႕ရွိေအာင္ ျပန္လည္ ထူေထာင္ေပးရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
Credit: popolay
=============
မိန်းကလေးငယ်တစ်ဦးကို လူသူမရောက်သည့် လှိုဏ်ဂူကြီးထဲတွင် နတ်ဆရာက ပိတ်လှောင်ထားပြီး
၁၅ နှစ်ကြာ လှိုဏ်ဂူထဲမှာ ပိတ်လှောင်ထားခံရသူ မိန်းကလေးအား ကယ်တင်
မိန်းကလေးငယ်တစ်ဦးကို လူသူမရောက်သည့် လှိုဏ်ဂူကြီးထဲတွင် နတ်ဆရာတစ်ဦးက ၁၅ နှစ်ကြာ ပိတ်လှောင်ထားခဲ့ရာမှ သက်ဆိုင်ရာမှ ပြန်လည် ကယ်တင်ခဲ့ချိန်တွင် မိန်းကလေးမှာ အသက် ၂၈ နှစ်အရွယ်ပင်ရှိပြီဖြစ်သည်။
အသက် ၈၅ နှစ်အရွယ် နတ်ဆရာ ဂျာဂို ဆိုသူက အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီ အလယ်ပိုင်း တိုလီတိုလီ ဒေသအပိုင် ဂလမ်ပန်းကျေးရွာအနီး ကျောက်လှိုဏ်ဂူကြီးထဲတွင် မိန်းကလေးအား ပိတ်လှောင် ထားခဲ့ခြင်းဖြစ်သည်။
မိန်းကလေး၏ မိဘဆွေမျိုးများက ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့်အတွက် ပြန်တွေ့တော့မည်မဟုတ်ဟု လက်လျှော့ထားချိန်ကျမှ ရဲများက မိန်းကလေးကို ၁.၅ မီတာအနက်ရှိသော တွင်းပေါက်ကြီးထဲမှ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဖြစဉ်အသေးစိတ်ကို ရဲများက ဆက်လက်စုံစမ်းနေကြဆဲဖြစ်သော်လည်း နတ်ဆရာ ဂျာဂို က မိန်းကလေးအား သူ၏ကာမဆန္ဒဖြည့်စည်းနိုင်ရန် အလို့ငှာ နှစ်ရှည်လများ ဖမ်းဆီးပိတ်လှောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လှောင်ပိတ်ခံရသူ မိန်းကလေး နတ်ဆရာတိုက်ကျွေးတဲ့ ကိုယ်ဝန်ဖျက်ဆေးတွေ သောက်ခဲ့ရတာကြောင့် ဓမ္မတာမပေါ်မှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ဂျာဂို ကို ကလေးသူငယ်ကာကွယ်ရေး ပုဒ်မတွေအပြင် အခြားနောက်ဆက်တွဲ ပုဒ်မများစွာနဲ့ အရေးယူသွားမည်ဖြစ်သည်။
ဂျာဂို ကို နတ်ဆရာအဖြစ် သူ့ရဲ့ရွာသားတွေက လက်ခံထားကြပြီး သူတို့ရဲ့ အိမ်ထောင်ရေး၊ စီးပွားရေးပြဿနာများကို ကင်းပျောက်အောင် အားကိုးကြသူလည်းဖြစ်သည်။ ပိတ်လှောင်ခံထားရသူ မိန်းကလေး ၁၃ နှစ်အရွယ်က ဂျာဂိုက သူ့ရဲ့မိတ်ဆွေတစ်ဦးနဲ့ လက်ထပ်ပေးမည်ဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း ရွာသားတစ်ဦးက ပြောကြားခဲ့သည်။
ထို့နောက် မိန်းကလေးကို ကျောက်ဂူထဲတွင် ပိတ်လှောင်ကာ ထွက်ပေးပါက ဒါမှမဟုတ် အခြားလူများနဲ့ သွားတွေ့ပါက တွင်းစောင့်နတ်သားက စောင့်ကြည့်နေပြီး အပြစ်ခံရမယ်လို့ အကြောက်တရားနဲ့ အယုံသွင်းခဲ့ပါတယ်။
သူမပထမဦးဆုံး ပျောက်သွားစဉ် ၂၀၀၃ ခုနှစ်က သူမရဲ့ မိဘတွေကိုတော့ မိန်းကလေးဟာ ဂျကာတာမြို့ကို အလုပ်ရှာဖို့ထွက်သွားကြောင်း နှစ်သိမ့်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် မကြာမကြာ လက်ဆောင်ပစ္စည်းလေးတွေ မိဘဖြစ်သူတွေထံ ပေးပို့ပြီး သမီးဖြစ်သူ ဂျကာတာကနေ လှမ်းပို့တာဖြစ်ကြောင်း အယုံသွင်းခဲ့ပါတယ်။
အချိန်နဲနဲကြာလာတဲ့အခါမှာတော့ သူမနဲ့ အဆက်အသွယ်ပြတ်သွားပြီး အခုဘယ်ရောက်နေလဲဆိုတာ မသိတော့ကြောင်း မိဘတွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူမရဲ့ မိဘတွေက သမီးနဲ့ ပြန်တွေနိုင်မယ့် မျှော်လင့်ချက်ကို လက်လျော့ထားလိုက်ကြပါတယ်။
ဆူလာဝေစီရှိ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အီဗာဗန်ဒီ ဆိုသူက ပြစ်ဒဏ်အမျိုးမျိုး အပြစ်ပေးသင့်ကြောင်း ပြောကြားခဲ့သလို အမျိုးသမီးအကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ကော်မရှင်ကလည်း ထိုက်တန်စွာ အရေးယူဖို့ ဖိအားပေးခဲ့ပါတယ်။
ကျူးလွန်ခံခဲ့ရသူ မိန်းကလေးကို ဆေးကုသရုံမျှမက စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ၁၅ နှစ်အတွင်းမှာ အပြင်လောကကြီးက ပြောင်းလဲသွားတဲ့အရာတွေနဲ့ အထိအတွေ့ရှိအောင် ပြန်လည် ထူထောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Credit: popolay

Comments