ဖိုင်နယ်ပွဲမတိုင်ခင် မြန်မာအိုင်ဒေါကပေးတဲ့ အခွင့်အရေးတစ်ခုကို ရရှိသွားလို့ အပျော်ကြီးပျော်နေတဲ့ ဖြိုးမြတ်အောင်


Credit – hotnew
ဖိုင်နယ်ပွဲမတိုင်ခင် မြန်မာအိုင်ဒေါကပေးတဲ့ အခွင့်အရေးတစ်ခုကို ရရှိသွားတဲ့ ဖြိုးမြတ်အောင်
မနေ့ည Result Show ကနေပြီး မြန်မာအိုင်ဒေါရဲ့ Grand Final ကိုတက်ရောက်သွားသူ (၂) ဦးကတော့ ဧရာဝတီတိုင်းသားလေး ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုပဲဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ ဝင်းနားဖြစ်ဖို့အတွက် ရေပန်းစားလျက်ရှိနေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။
နောက်တစ်ပတ်မှာ ကျင်းပမယ့် ဖိုင်နယ်ပွဲမတိုင်ခင်မှာ ပြိုင်ပွဲဝင် (၂) ဦးလုံးအတွက် မြန်မာအိုင်ဒေါကနေ အခွင့်အရေးတစ်ခုပေးထားပါတယ်။ အဲဒါကတော့ မိမိတို့ နေရပ်ဇာတိကို ခဏပြန်ခွင့်ရမှာပဲဖြစ်ပါတယ်။ နေရပ်ဇာတိမှာ အားပေးတဲ့ မိဘညီအမကို မောင်နှမများနဲ့ တွေ့ဆုံရမှာလည်းဖြစ်ပါတယ်။
အိမ်ကို ခွဲခွာပြီး အနာဂတ်မျှော်လင့်ချက်တွေအတွက် ယှဉ်ပြိုင်နေရတဲ့ ဖြိုးမြတ်အောင်အတွက်တော့ အိမ်ခဏပြန်ရဖို့အခွင့်အရေးဟာ သူ့အတွက် အပျော်ရွှင်ဆုံးလက်ဆောင်ပဲဖြစ်ပါတယ်။
ဒီအိမ်အပြန်လမ်းခရီးကနေ သူ့အတွက် ပြိုင်ပွဲအတွက် ခွန်အားတွေ အမြောက်အမြားရရှိလာနိုင်မှာပါ။ ဖြိုးမြတ်အောင်ကတော့ ဒီတနင်္ဂနွေနေ့မှာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ကိုခေတ္တခဏပြန်မှာပဲဖြစ်ပါတယ်။
တနလာင်္ နေ့ ညနေ ၃နာရီမှာတော့ ဟင်္သာမြို့ရဲ့ မြို့တော်ခန်းမမှာ ဟင်္သာတက band အဖွဲ့နဲ့အတူတူ ချစ်တဲ့ ပရိတ်သတ်မိသားစုတွေကို ဖျော်ဖြေရင်း တွေ့ဆုံချင်ပါတယ် လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုဖိတ်ကြားလိုက်ပါတယ်။
Credit – hotnew

Comments