ကော်ဖီကြိုက်တဲ့ ဘော်ဒါများ သတိထားဖို့ပါ.. (ပြန်လည်မျှဝေပေးလိုက်ပါတယ်)


ကျွန်တော်သောက်တဲ့ ကော်ဖီမွှေးတယ်ဆိုပြီး ထိုင်းက မိတ်ဆွေက သူ့နိုင်ငံကို ပြန်သွင်းချင်လို့ ထိုင်း FDA ကိုစစ်ခိုင်းလိုက်တဲ့အခါ….
ကော်ဖီအနံ့လေး အရမ်းမွှေးတာပဲနော် ဒီတခေါက်ကျွန်တော်ရေးထားတဲ့စာကိုဆုံးအောင်ဖတ်စေချင်ပါတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး ဘယ်သူ့စီးပွားရေး ကို ထိခိုက်လိုချင်တဲ့ စိတ်နဲ့ရေးသားခြင်းမဟုတ်ပါ။ ကော်ဖီမစ် COFFEE MIX အကြောင်းပါ ဗျ။
ကျွန်တော် ဟာ လက်ရှိ THAI ခေါ် ယိုဒယားပေါ့ အဲ့ဒီလူမျိုးတွေနဲ့ အများအားဖြင့် လက်တွဲပြီး ကူးသန်းရောင်းဝယ်မှူလုပ်ကိုင်နေသူပါ။လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော့် သူငယ်ချင်း ထိုင်းနိုင်ငံက လာပြီး မြန်မာ့ ယဉ်ကျေးမှူ နှင့်ရိုးရာ အစားအစာတွေကို လေ့လာဖို့ မြန်မာပြည် အနှံ့ကို ကျွန်တော်က လိုက်ပို့ပေးခဲ့တာပေါ့
မန္တလေး ရောက်တာ့ လက်ဖတ်ရည် ဆိုင်တဆိုင်ထိုင်တော့ ကျွန်တော်က မြန်မာပြည်ထုပ် ကော်ဖီမစ်ပလိန်းမှာသောက်တော့ သူက ဟား ဗညား မင်းသောက်နေတဲ့ ကော်ဖီ က အရမ်းမွှေးတာပဲနော် ဒါဆို ငါ့နိုင်ငံ ကို မင်းတို့နိုင်ငံကကော်ဖီမစ် ကို တရားဝင် တင်တွင်းရင်တော့ အလုပ်ဖြစ်မှာပဲဆိုပြီး သူ ထိုင်းနိုင်ငံ ပြန်ခါနီးတော့ ဗညား မင်းသောက်နေတဲ့ ကော်ဖီမစ် အထုပ်ကြီး တစ်ထုပ်လောက် ဝယ်ပေးပါအုံးဆိုတော့ ဝယ်ပြီး အိမ်ပြန်လက်ဆောင်လေးထည့်ပေးလိုက်တယ် ။
သူပြန်ပြီး နောက်တပတ်လောက်ကြာတော့ ကျွန်တော်စီကိုဖုန်းဆက်လာတယ် ပြီးတော့ သူက ဗညား ရေ မင်းကို ကော်ဖီမစ် အကြောင်းပြောမလို့ တဲ့ ဒါနဲ့ကျွန်တော်က ဝမ်းသာအားရနဲ့ အလုပ်ဖြစ်တယ်မဟုတ်လား လို့မေးတော့ သူကရယ်ပြီး ဟားဟား ဘယ်ကလာပြီး အလုပ်ဖြစ်ရမလဲ။
တို့ နိုင်ငံ က (အော်ယော်)ခေါ် အစားသောက်နဲ့ ဆေးဝါးဓာတု ဌာနပြောတယ် ရောင်းဝယ် ဖောက်ကားခွင့်မပြုဘူးတဲ့။ ဘာလို့လဲဆိုတော့ ဒီကော်ဖီမစ်အထုပ်တိုင်းမှာ ကော်ဖီနှင့်ပတ်သတ်တာ တစ်ဆိပ်သဒေသ တောင်မရှိဘူးတဲ့ ။အဲဒါနဲ့ ကျွန်တော်က ဟျောင့် မဖြစ်နိုင်တာ မင်းတကယ်ပြောနေတာလား လို့တောင် ပြန်မေးလိုက်တယ် ဒါနဲ့ သူက နောက်တစ်လကြာရင် ငါ့အသိတွေနဲ့ မြန်မာပြည်ကို လာဖို့ရှိတယ် အဲ့ကျမှ မင်းကို ပြောပြမယ် နော် sawatdi ဆိုပြီးဖုန်းချသွားတယ်။
ဒါ နဲ့ နောက်လကျတော့ သူ့အသိတစ်ယောက်နဲ့မြန်မာပြည်ရောက်လာတော့ အရင်တစ်ခေါက်လိုပဲ နေရာ အနှံ့ ပို့ပေးရပြန်တယ်တယ် စကားတွေပြော ရယ်စရာ မောစရာ တွေကိုပြောရင်း ကျွန်တော်က ဟျောင့် prhon chai မင်းငါ့ကို ကော်ဖီမစ် ကိစ္စ ပြောပြမယ်ဆို ပြောပြလေ ကွာ ကျွန်တော်ကသိချင်တဲ့ ဇောနဲ့ မေးတော့ Prhon chai က ဗညား မင်းသိချင်ရင် အဲ့ဒီ ကော်ဖီမစ် ထုပ်လုပ်တဲ့ စက်ရုံ ကိုသိလား
သိရင်မနက်ဖြန် မင်းနဲ့ ငါ တို့ အတူသွားကြည့်မယ်ဆိုပြီး သူတို့တည်းနေကျ ဟောတယ်ပို့ပြီးပြန်လာလိုက်တယ်။အိမ်အပြန်မှာ တစ်လမ်းလုံး ကော်ဖီမစ် ကြောင်းစဉ်းစားလာတဲ့ ကျွန်တော်အဖြစ်က တကယ်ပဲ ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ကိုယ်တိုင်က အဲ့ဒီ ကော်ဖီမစ်ကို စွဲစွဲမြဲမြဲသောက်နေလို့ပါ ။
မနက်မိုးလင်းတော့ ကျွန်တော်တို့ သုံးယောက် က အဲဒီကော်ဖီမစ် စက်ရုံ အနားက ဆိုင်တဆိုင်ကနေပြီးတော့ စတင်စောင့်ကြည့်ကြတာပေါ့ Prhon chaiက ဗညား တွေ့လား ကားကြီး ကားငယ်တွေ ထွက်လာပြီးမြန်မာပြည် အနှံ့ အပြား ကိုပို့နေတာ မင်းတွေ့တယ်မဟုတ်လား။
အေးတွေ့တယ်လေ တခုပြောချင်တာက ကုန်ချော တွေတော့ ရိပြီး ကုန်ကြမ်း အဝင် မတွေ့ရဘူးလေ။ဒါဆိုတို့တွေ စက်ရုံထဲ ဝင်ကြည့်ရင် မကောင်းဘူးလား ဟာ ဘယ်ဖြစ်မတုန်းဟ စက်ရုံ ရှေ့ မှာ ရေးထားတဲ့ ဆိုင်းဘုတ်ကအပြင်လူမဝင်ရ တဲ့ ။
မကြာပါဘူး ရုတ်တရက် အုန်မှူတ်ခွက်တွေ အများကြီးတင်လာတဲ့ကားကြီး ၅ စီး တန်းစီပြီး ကျွန်တော်တို့ ထိုင်နေတဲ့ ဆိုင်ကနေ ပြီး စက်ရုံ အဝင်တခါးအရှေ့ထိ ရပ်ထားတာတွေ့တော့ ကျွန်တော်က ကားသမားကို ဒီအုန်းမှူတ်ခွက်တွေ က ဘာလုပ်ဖို့ ဒီကော်ဖီမစ်စက်ရုံထဲ လာပို့ရသလဲလို့မေးတော့ ကားသမားက ပြောပြလို့ မရဘူးတဲ့
ဒါနဲ့ ကျွန်တော့် ပိုက်ဆံအိတ်ထဲက တစ်သောင်းတန် တစ်ရွှက်ထုပ်ပေးလိုက်တော့ ကားသမားက အထာနပ်တယ်ဗျ။ကားပေါ်က ဆင်လာပြီး ကျွန်တော်သိတာ အကုန်ပြောပြမယ်ဆိုပြီး ကျွန်တော်တို့ ထိုင်နေတဲ့ ဆိုင်ထဲကိုအတူဝင်လာတော့ ကျွန်တော်က အကို ကားရပ်ထားတာ့ အဆင်ပြေပါတယ်တဲ့ ဘာလို့လဲဆိုတော့ ကားက စီနီယာ အလှည့်ကျ ဝင်တာ လို့ပြောတယ် ဒါနဲ့ အကို ဘာသာက်မလဲ ကော်ဖီ မစ် ပလိန်းပဲလားလို့မေးတော့ကားသမားက ကျွန်တော် ဘယ်ကော်ဖီမစ်မှ မသောက်တာ လို့ပြောတယ် အအေးရော သောက်မလား လို့မေးတာ့ မသောက်ဘူးတဲ့ ရေအေးတဗူး ပဲသောက်မယ်တဲ့။
အိုကေ ရတယ်လေ လို့ပြောပြီး ကားသမားက ကျွန်တော် ဘာဖြစ်လို့ ကော်ဖီမစ် မသောက်တာလဲဆိုတာ အကို မသိချင်ဘူး လား လို့ မေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီမစ် အစစ်မရှိတာ အားလုံးတော်တော်များများ က အုန်းမှူတ်ခွက်နဲ့ လုပ်တာများတယ်ဗျ။ ကျွန်တော် ငင့် ဆိုပြီး ဖြစ်သွားတော့ ကားသမား ကဆက်ပြောတယ် ကော်ဖီမစ် ထုပ်တဲ့ စက်ရုံတော်တော် များများကို အုန်းမှူတ်ခွက်တွေ လိုက်ပို့ ရတယ်တဲ့ဗျာ။
သေစမ်း …….ဒါနဲ့ ကျွန်တော်က ရော့ အကို ကျေးဇူးပဲ ဆိုပြီး တစ်သောင်းတန်လေး တရွှက်ပေးလိုက်ပါတယ် အခုမှစဉ်းစားမိတယ် ကော်ဖီမစ်တစ်ထုပ် တစ်ရာကျပ် ကော်ဖီအစစ်ကုန်ကြမ်းနဲ့ လုပ်ရင် ဘယ်လို လုပ်ပြီးမြတ်မလဲလို့ တွေးမိတယ် အော် အဲဒါကြောင့် ကို ရုပ်မြင်သံကြားတွေ မှာ ကြည့်ရင် ကော်ဖီမစ် ကြော်ငြာတွေ တော်တော်များလာပဲ လို့တွေးမိဖူးတယ်
အဲတုန်း ဆိုရင် အော်…..တို့ နိုင်ငံက တော်တော်တိုးတက်လာပြီပဲလို ။အေး လေ သဘာဝ သံယံဇာတတွေများတယ်လေ သီးပင်စားပင်တွေ ဖြစ်ထွန်းတဲ့ နိုင်ငံဆိုတော့ ဒီလောက်တော့ရိမှာပဲလေ ဆိုပြီး နေနေတာ ။ အခုဆိုရင် ကော်ဖီမစ် ကို လုံးဝ မသောက်တော့ပါ။မိတ်ဆွေ ဖြစ်တဲ့ prhon chai ကိုလည်းကျေးဇူးတင်မိပါတယ် သိချင်တာကိုပြောပြတဲ့ကားသမား အကိုကြီးကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော် လည်းတော်တော် အရှက်မိပါတယ်။ကျွန်တော် တောင်းဆိုချင်တာ တစ်ခုပဲ မြန်မာနိုင်ငံ က အစားအသောက်ကုန် ကွပ်ကဲရေး မှ တာဝန်ရှိ လူကြီးများ ကို ကိုယ်တိုင် ကွင်းဆင်းပြီးဆောင်ရွတ်ပေးကြပါရန် ပြောကြားပါရစေ ဗျာ။စာဖတ်မိတ်ဆွေ တို့လည်း အစားသောက် များကိုလည်း ကိုယ်တိုင်ဆုံးဖြတ်ပြီး စားသုံးသင့်ရန် မသင့်ရန်များ ကို ကြည့်ကြပါလို့ပြောချင်ပါတယ်။ ဒါ ကော်ဖီမစ်. ပဲရှိသေတာ နော်။ တခြား အစားအသောက်တွေ ကျန်သေးတယ် မပြောတော့ဘူး…..။
မေတ္တာဖြင့် Peter Alex ခေါ် ကိုဗညား
# original uploader
#Celebrity

Comments