အန္ကယ္ ရယ္…. ၿဖိဳးျမတ္ေအာင္ကို အဲ့ေလာက္အထိေအာင္ ခ်စ္တာလားဗ်ာ....



သီခ်င္းအသစ္မွာ ၿဖိဳးျမတ္ေအာင္အေၾကာင္းသီဆိုေဖ်ာ္ေျဖခဲ့တဲ့ ျမန္မာျပည္သိန္းတန္
ၾကယ္စင္သိဏ္း
ျမန္မာအိုင္ေဒါရဲ႕ season ႏွစ္ခုလံုးမွာ ဒိုင္အျဖစ္ပါဝင္ေဆာင္ရြက္ေနတဲ့ ျမန္မာျပည္သိန္းတန္က ျမန္မာအိုင္ေဒါ season (3) Grand Final မွာ သီခ်င္းအသစ္တစ္ပုဒ္နဲ႔ေဖ်ာ္ေျဖခဲ့ပါတယ္။ ဒီသီခ်င္းရဲ႕ စာသားအစေတြမွာဆိုရင္ ၿဖိဳးျမတ္ေအာင္ရဲ႕ မိခင္ကို ဘုရားတည္ေပးမယ္ဆိုတဲ့အေၾကာင္းကိုပါ ထည့္ဆိုထားတာကိုေတြ႔ရပါတယ္။
Season (2) မွာ အျမဲလိုလို ၿပိဳင္ပြဲဝင္ေတြကို No လို႔ေျပာခဲ့တာေၾကာင့္ အန္ကယ္ကေတာ့ No ပါ ဆိုတဲ့သီခ်င္းထြက္ခဲ့သည္အထိ ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။ အန္ကယ္ကေတာ့ No ပါ ဆိုတဲ့ သီခ်င္းက ေတးသံ႐ွင္ စိန္လင္းနဲ႔တြဲဖက္သီဆိုထားတာျဖစ္ပါတယ္။
အခု season (3) မွာေတာ့ ျမန္မာျပည္သိန္းတန္က အရင္လိုမဟုတ္ပဲ ၿပိဳင္ပြဲဝင္ေတြအေပၚ ေလ်ာ့ေလ်ာ့ေပါ့ေပါ့နဲ႔ Yes လို႔ေျပာခဲ့တာအေပၚ အခုသီခ်င္းအသစ္နာမည္ကိုလည္း အမွတ္တရျဖစ္ေအာင္ အန္ကယ္ကေတာ့ Yes ပါ လို႔ေပးထားတာကို ေတြ႔ရပါတယ္။
AKonThi
သချင်းအသစ်မှာ ဖြိုးမြတ်အောင်အကြောင်းသီဆိုဖျော်ဖြေခဲ့တဲ့ မြန်မာပြည်သိန်းတန်
ကြယ်စင်သိဏ်း
မြန်မာအိုင်ဒေါရဲ့ season နှစ်ခုလုံးမှာ ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာပြည်သိန်းတန်က မြန်မာအိုင်ဒေါ season (3) Grand Final မှာ သီချင်းအသစ်တစ်ပုဒ်နဲ့ဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းရဲ့ စာသားအစတွေမှာဆိုရင် ဖြိုးမြတ်အောင်ရဲ့ မိခင်ကို ဘုရားတည်ပေးမယ်ဆိုတဲ့အကြောင်းကိုပါ ထည့်ဆိုထားတာကိုတွေ့ရပါတယ်။
Season (2) မှာ အမြဲလိုလို ပြိုင်ပွဲဝင်တွေကို No လို့ပြောခဲ့တာကြောင့် အန်ကယ်ကတော့ No ပါ ဆိုတဲ့သီချင်းထွက်ခဲ့သည်အထိ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ အန်ကယ်ကတော့ No ပါ ဆိုတဲ့ သီချင်းက တေးသံရှင် စိန်လင်းနဲ့တွဲဖက်သီဆိုထားတာဖြစ်ပါတယ်။
အခု season (3) မှာတော့ မြန်မာပြည်သိန်းတန်က အရင်လိုမဟုတ်ပဲ ပြိုင်ပွဲဝင်တွေအပေါ် လျော့လျော့ပေါ့ပေါ့နဲ့ Yes လို့ပြောခဲ့တာအပေါ် အခုသီချင်းအသစ်နာမည်ကိုလည်း အမှတ်တရဖြစ်အောင် အန်ကယ်ကတော့ Yes ပါ လို့ပေးထားတာကို တွေ့ရပါတယ်။
AKonThi

Comments