သိန္း ၄၀ တန္ မီးပံုးပ်ံၾကီး တက္သြားတ့ဲအခါ...၄၀၀ တန္ ထမင္းထုပ္ေလး စားေနတ့ဲကေလးေလးက ေငးၾကည့္ေနတယ္.....



သိန္း ၄၀ တန္ မီးပံုးပ်ံၾကီး တက္သြားတ့ဲအခါ၄၀၀ တန္ ထမင္းထုပ္ေလး စားေနတ့ဲကေလးေလးက ေငးၾကည့္ေနတယ္.....

သိန္းေသာင္းမ်ားစြာနဲ႕ တည္ေဆာက္ထားတ့ဲေဝေရာစဏ ေက်ာက္စိမ္းေစတီႀကီးရဲ့ေရွ႕မွ အစိမ္းေရာင္ ဆင္းတုေတာ္တစ္ဆူ​ ေျခရင္​းကလက္အုပ္ခ်ီၿပီး ေရာင္းေနတ့ဲ ပန္း​သည္ေလးက" အကိုရယ္ ယူပါေနာ္" တ့ဲ.....

သီခ်င္းတပုဒ္ဆိုရင္ သိန္းဆယ္ဂဏန္းရတ့ဲ အဆိုေတာ္မေလးက မီးပိြဳင့္က သီခ်င္းညည္းရငး္ စံပါယ္ပန္းေရာင္းတ့ဲ ပန္းသည္ေလးကို" အေၾကြ မရိွေသးဘူး"တ့ဲ....

ေ႐ႊဆိုင္ပိုင္ရွင္ အေဒၚႀကီးက ကန္စြန္း႐ြက္သည္ ကေလးေလးကို" ၃ စည္း ၅၀၀ မရရင္ မယူဘူး"တ့ဲ.....

ဒါေပမယ့္ .....

မီးပုံးပ်ံ သိန္း ၄၀ တန္ကိုလက္ခုပ္တီးရင္း ကေနၾကသူေတြဟာကေလးငယ္ေလးရဲ့ ထမင္းထုပ္ေလးကိုမေတြ႕မိလိုက္ၾကဘူး...

ဟင္းဆိုတာ ပဲရည္က်ဲေလးနဲ႔ ေဂၚဖီေၾကာ္.....

ကေလးေလးနားကို ဖုတ္ခနဲ က်သြားတာက သိန္းဂဏန္းတန္တ့ဲ အရက္ပုလင္းခံြတစ္လုံး.......

ေက်ာက္စိမ္း ေစတီႀကီးဆီမွာ ဆုေတာင္းေနသံေတြကို ေလ့လာရင္ေလာဘေတြ ျပည့္ေနေပမယ့္ပန္း​ေရာင္းတ့ဲ ကေလးေလးပါးစပ္က ေမတၱာပို႔သံေလး လြင့္လြင့္လာတတ္တယ္.....

စံပါယ္ပန္းတြဲေလးကိုင္ထားတ့ဲ ကေလးေလးက သူ ေစ်းမေရာင္းရတာကို ဝမ္းမနည္းဘူးဗ်ာကားေပၚက အဆိုေတာ္မေလးကိုေတြ႕ရလို႔ အားရဝမ္းသာ ရယ္ျပေနတယ္​.....

ကန္စြန္း႐ြက္ ၃ စီး ၅၀၀ နဲ႔ ေစ်းဆစ္နိုင္လို႔ၿပံဳးေနတ့ဲ အေဒၚႀကီးကို ေစ်းသည္ေလးက ေနာက္တစ္​ခါ ဝယ္လွည့္​​ပါဦးတ့ဲ......

တစ္​ခါတစ္​ခါ ​ေျပာင္​းျပန္​ျဖစ္​တဲ့​ေလာကဓံနဲ႔ ေလာကႀကီးကို မုန္းတယ္.………

Credit မူရင္​းပိုင္​႐ွင္​ @ေျမလတ္

​==============

သိန်း ၄၀ တန် မီးပုံးပျံကြီး တက်သွားတဲ့အခါ၄၀၀ တန် ထမင်းထုပ်လေး စားနေတဲ့ကလေးလေးက ငေးကြည့်နေတယ်.....

သိန်းသောင်းများစွာနဲ့ တည်ဆောက်ထားတဲ့ဝေရောစဏ ကျောက်စိမ်းစေတီကြီးရဲ့ရှေ့မှ အစိမ်းရောင် ဆင်းတုတော်တစ်ဆူ​ ခြေရင်​းကလက်အုပ်ချီပြီး ရောင်းနေတဲ့ ပန်း​သည်လေးက" အကိုရယ် ယူပါနော်" တဲ့.....

သီချင်းတပုဒ်ဆိုရင် သိန်းဆယ်ဂဏန်းရတဲ့ အဆိုတော်မလေးက မီးပွိုင့်က သီချင်းညည်းရငး် စံပါယ်ပန်းရောင်းတဲ့ ပန်းသည်လေးကို" အကြွေ မရှိသေးဘူး"တဲ့....

ရွှေဆိုင်ပိုင်ရှင် အဒေါ်ကြီးက ကန်စွန်းရွက်သည် ကလေးလေးကို" ၃ စည်း ၅၀၀ မရရင် မယူဘူး"တဲ့.....

ဒါပေမယ့် .....

မီးပုံးပျံ သိန်း ၄၀ တန်ကိုလက်ခုပ်တီးရင်း ကနေကြသူတွေဟာကလေးငယ်လေးရဲ့ ထမင်းထုပ်လေးကိုမတွေ့မိလိုက်ကြဘူး...

ဟင်းဆိုတာ ပဲရည်ကျဲလေးနဲ့ ဂေါ်ဖီကြော်.....

ကလေးလေးနားကို ဖုတ်ခနဲ ကျသွားတာက သိန်းဂဏန်းတန်တဲ့ အရက်ပုလင်းခွံတစ်လုံး.......

ကျောက်စိမ်း စေတီကြီးဆီမှာ ဆုတောင်းနေသံတွေကို လေ့လာရင်လောဘတွေ ပြည့်နေပေမယ့်ပန်း​ရောင်းတဲ့ ကလေးလေးပါးစပ်က မေတ္တာပို့သံလေး လွင့်လွင့်လာတတ်တယ်.....

စံပါယ်ပန်းတွဲလေးကိုင်ထားတဲ့ ကလေးလေးက သူ စျေးမရောင်းရတာကို ဝမ်းမနည်းဘူးဗျာကားပေါ်က အဆိုတော်မလေးကိုတွေ့ရလို့ အားရဝမ်းသာ ရယ်ပြနေတယ်​.....

ကန်စွန်းရွက် ၃ စီး ၅၀၀ နဲ့ စျေးဆစ်နိုင်လို့ပြုံးနေတဲ့ အဒေါ်ကြီးကို စျေးသည်လေးက နောက်တစ်​ခါ ဝယ်လှည့်​​ပါဦးတဲ့......

တစ်​ခါတစ်​ခါ ​ပြောင်​းပြန်​ဖြစ်​တဲ့​လောကဓံနဲ့ လောကကြီးကို မုန်းတယ်.………

Credit မူရင်​းပိုင်​ရှင်​ @မြေလတ်

Comments