အဆိုေတာ္တစ္ဦး အပါအ၀င္ ၇ ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းမိ...


အဆိုေတာ္တစ္ဦး အပါအ၀င္ ၇ ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းမိ
ရန္ကုန္၊ ၾသဂုတ္ ၁၀
အဆိုေတာ္အပါအ၀င္ ၇ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ရန္ကုန္တိုင္းရဲတပ္ဖြဲ႔က ယမန္ေန႔က ဖမ္းဆီးရမိခဲ့ေၾကာင္းသတင္းထုတ္ျပန္ထားသည္။
ၾသဂုတ္ ၉ ရက္ေန႔ နံနက္ ၁၁နာရီအခ်ိန္ခန္႔က မူးယစ္တပ္ဖြဲ႕စု(၄၁)ရန္ကုန္(အေရွ႕)မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္ေန သန္႔စင္ေမာင္(ခ)ကိုေပါက္၏ ေနအိမ္ကိုရွာေဖြခဲ့သည္။
ထိုသို႔ရွာေဖြရာတြင္ ၎၏ ေဘာင္းဘီအိတ္ကပ္အတြင္းႏွင့္ ခုတင္ေပၚရွိ မ်က္မွန္ဘူးအတြင္းတို႔မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၃၉ ျပားႏွင့္ အိုက္စ္ ၁၃ ဂရမ္တို႔ကိုလည္းေကာင္းေတြ႔ရွိခဲ့ျပီး ကြင္းဆက္အရ ထုိေန႔ ညေန ၃နာရီ မိနစ္၅၀ အခ်ိန္ခန္႔တြင္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၁၆)ရပ္ကြက္၊ ျပည္သာယာလမ္းတြင္ ရပ္ထားသည့္ Mark II ေမာ္ေတာ္ယာဥ္ကို ဆက္လက္ရွာေဖြရာ ေက်ာ္သူရဆိုသူအားေတြ႕ရၿပီး ၎ထိုင္သည့္ ယာဥ္ေမာင္းထိုင္ခုံေပၚမွ Ecstasy ေဆးျပား ၃၆ ျပား၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၆၀ ျပားႏွင့္ အိုက္စ္ ၇ ဂရမ္တို႔ကိုလည္းေကာင္း၊ ဆက္လက္၍ ၁၆၂၀ အခ်ိန္ ေက်ာ္သူရတည္းခိုေနသည့္ My Dream Hotel၊ အခန္းအမွတ္(၁၀၁) ကိုရွာေဖြရာ လင္းလြင္၊ မေရႊမႈံႏွင့္ မအိအိခိုင္တို႔အားေတြ႕ရၿပီး ေရခ်ိဳးခန္းေဘစင္ေပၚမွ ေကာ္ဘူးျဖင့္ ထည့္လ်က္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၉ ျပားႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔ကိုလည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ျပန္သည္။
ကြင္းဆက္စစ္ေဆးေဖာ္ထုတ္မႈ အရ ထိုေန႔ညေန ၆နာရီ ၄၅မိနစ္ အခ်ိန္ခန္႔တြင္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ ရန္ကင္းလမ္း၊ Golden City အိမ္ရာေန သက္ေဆြမင္း(ခ)ကိုစိုင္းႏွင့္ မေဝလြင္ေဇာ္(ခ)မေရႊထိုက္တို႔၏ေနအိမ္ႏွင့္ သက္ေဆြမင္း ငွားရမ္းထားေသာ ရန္ကင္းၿမိဳ႕နယ္၊ အေဝရာလမ္း၊ အမွတ္(၁၅)ရပ္ကြက္ရွိေနအိမ္တို႔ကို ရွာေဖြရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၁,၉၉၄ ျပား၊ အိုက္စ္ ၇၇၃ ဂရမ္၊ ဘိန္းျဖဴ ၁၁ ဂရမ္ႏွင့္ ေဆးေျခာက္ ၁၂ ဂရမ္တို႔ကိုလည္းေကာင္း သိမ္းဆည္းရမိခဲ့ျပန္သည္။
ထို႔ေၾကာင့္ သန္႔စင္ေမာင္(ခ)ကိုေပါက္(၄၇)ႏွစ္၊ ေက်ာ္သူရ (၃၈)ႏွစ္၊ လင္းလြင္(၄၀)ႏွစ္၊ မေရႊမႈံ(၁၈)ႏွစ္၊ မအိအိခိုင္(၁၉)ႏွစ္၊ သက္ေဆြမင္း (ခ)ကိုစိုင္း(၃၅)ႏွစ္ႏွင့္ မေဝလြင္ေဇာ္(ခ) မေရႊထိုက္(၃၇)ႏွစ္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါး မ်ားဆိုင္ရာဥပေဒအရ အေရးယူ ထားေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားသည္။
Source – ရန္ကုန္တိုင္းရဲတပ္ဖြဲ႔
cd p.N.J
===========
အဆိုတော်တစ်ဦး အပါအဝင် ၇ ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
ရန်ကုန်၊ သြဂုတ် ၁၀
အဆိုတော်အပါအဝင် ရဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။
သြဂုတ် ၉ ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ သန့်စင်မောင်(ခ)ကိုပေါက်၏ နေအိမ်ကိုရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာတွင် ၎င်း၏ ဘောင်းဘီအိတ်ကပ်အတွင်းနှင့် ခုတင်ပေါ်ရှိ မျက်မှန်ဘူးအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉ ပြားနှင့် အိုက်စ် ၁၃ ဂရမ်တို့ကိုလည်းကောင်းတွေ့ရှိခဲ့ပြီး ကွင်းဆက်အရ ထိုနေ့ ညနေ ၃နာရီ မိနစ်၅၀ အချိန်ခန့်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ပြည်သာယာလမ်းတွင် ရပ်ထားသည့် Mark II မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ ကျော်သူရဆိုသူအားတွေ့ရပြီး ၎င်းထိုင်သည့် ယာဉ်မောင်းထိုင်ခုံပေါ်မှ Ecstasy ဆေးပြား ၃၆ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀ ပြားနှင့် အိုက်စ် ၇ ဂရမ်တို့ကိုလည်းကောင်း၊ ဆက်လက်၍ ၁၆၂၀ အချိန် ကျော်သူရတည်းခိုနေသည့် My Dream Hotel၊ အခန်းအမှတ်(၁၀၁) ကိုရှာဖွေရာ လင်းလွင်၊ မရွှေမှုံနှင့် မအိအိခိုင်တို့အားတွေ့ရပြီး ရေချိုးခန်းဘေစင်ပေါ်မှ ကော်ဘူးဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပြန်သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်မှု အရ ထိုနေ့ညနေ ၆နာရီ ၄၅မိနစ် အချိန်ခန့်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ သက်ဆွေမင်း(ခ)ကိုစိုင်းနှင့် မဝေလွင်ဇော်(ခ)မရွှေထိုက်တို့၏နေအိမ်နှင့် သက်ဆွေမင်း ငှားရမ်းထားသော ရန်ကင်းမြို့နယ်၊ အဝေရာလမ်း၊ အမှတ်(၁၅)ရပ်ကွက်ရှိနေအိမ်တို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြန်သည်။
ထို့ကြောင့် သန့်စင်မောင်(ခ)ကိုပေါက်(၄၇)နှစ်၊ ကျော်သူရ (၃၈)နှစ်၊ လင်းလွင်(၄၀)နှစ်၊ မရွှေမှုံ(၁၈)နှစ်၊ မအိအိခိုင်(၁၉)နှစ်၊ သက်ဆွေမင်း (ခ)ကိုစိုင်း(၃၅)နှစ်နှင့် မဝေလွင်ဇော်(ခ) မရွှေထိုက်(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Source – ရန်ကုန်တိုင်းရဲတပ်ဖွဲ့
cd p.N.J

Comments