တကၠစီဆရာ ကုိမ်ဳိးသက္ရဲ႕ ထူးကဲတဲ့ေစတနာနဲ႔ တကၠစီကားေပၚက ၀န္ေဆာင္မႈေတြတဲ့ဗ်ာ..


တကၠစီဆရာကုိမ်ဳိးသက္ရဲ႕ ထူးကဲတဲ့ေစတနာ
ရန္ကုန္ၿမိဳ႕တြင္ ခရီးသည္မ်ား၏ စိတ္​ခ်မ္​းသာမႈကုိအထူးအေလးထားၿပီးခရီးသည္မ်ားအတြက္ လုံၿခံဳမႈ၊ယုံၾကည္စိတ္ ခ်ရမႈမ်ားကုိအၿမဲတမ္းဦးစား​ေပးေမာင္းႏွင္ေျပးဆြဲေပးေနသည့္ တကၠစီယာဥ္ေမာင္းတဦးရိွသည္။ ၄င္းမွာ အသက္ ၃၉ႏွစ္အရြယ္ ကုိမ်ဳိးသက္ဆိုသူျဖစ္သည္။ဗုဒၶတရားေတာ္ႏွင္​့ ​ေလ်ာ္​ညီစြာ ​ေလာဘ​ေဒါသ​ေမာဟကင္​းကင္​းျဖင္​့ ကုသုိလ္​ျပဳကာ အငွားယာဥ္၀န္ေဆာင္မႈေပးေနသူလည္းျဖစ္သည္။
၄င္​း၏ ကား​ေပၚတြင္​ သတင္းစာ၊ ​ေရသန္​႔၊​ ေရခဲပုံး၊ အဆာေျပစားသံုးႏိုင္ရန္ မုန္​႔ထုပ္အမ်ဳိးမ်ဳိး၊​ အကုိက္အခဲေပ်ာက္ေဆးႏွင့္ ရႈေဆး၊ သၾကားလုံး၊ ပ်ားလိ​ေမၼာ္​အေစာေၾကေဆး၊ ၾကက္​​ေမာက္​သီး ၊ အမႈိက္​ပုံး၊ လက္​​ေဆး​ဆီ၊ တစ္ရူးစသည္​့အသုံးအ​ေဆာင္​မ်ားကုိစီစဥ္​​ေပးထား​ၿပီး ခရီးသည္​မ်ားအေနျဖင့္ လုိအပ္​သလုိအခမဲ့အသုံးျပဳႏုိင္​​ေၾကာင္း စာေရးသားထားသည္။ ကားကုိလည္း အျမဲတေစသန္​႔႐ွင္​းသပ္​ရပ္​စြာ ျပင္ဆင္ထားျပီး အ​ေမြးနံ႔သာမ်ားထားရွိသျဖင့္ ကားေပၚတက္လိုက္သည္ႏွင့္ လန္းဆန္းလတ္ဆတ္မႈကို ခံစားရသည္။
“ခရီးသည္​ေတြကေတာ့ တႀကိမ္​မဟုတ္​တႀကိမ္​ အသုံးအေဆာင္ေလးေတြ လုိအပ္​လာၾကမွာပဲ​ေလ။အဲလုိအခါမ်ဳိးမွာအဆင္​သင့္ေနသင့္ရွိေနေစခ်င္တဲ့ စိတ္နဲ႔ထား​ေပးတာပါ၊ လူတုိင္​းဟာကုိယ္​လုိခ်င္​တဲ့အရာကုိကုိယ္​ရိွ​ေနတဲ့​ေနရာမွာအဆင္​သင့္၊အရံသင္​့ရိွ​ေနတယ္​ဆုိရင္​ အားလုံးစိတ္​ခ်မ္​းၾကမွာပဲ​ေလ။ကုိယ္​့ရဲ႕ကားထဲ​ေရာက္​လုိ႔ ဒါ​ေတြကုိလုိအပ္​လာတဲ့အခါက်ရင္​ အဆင္​သင္​့ျဖစ္​​ စိတ္​ခ်မ္းသာ​ေစလိုတဲ့ ဆႏၵနဲ႔ပါ”ဟုကုိမ်ဳိးသက္​က ၄င္​း၏ရည္​ရြယ္​ခ်က္​​ကိုေျပာျပသည္​။
ကိုမ်ဳိးသက္သည္ အငွါးယာဥ္​​ေမာင္​းဘ၀ကို ၂၀၁၂ ခုႏွစ္တြင္ စတင္လုပ္ကိုင္ခဲ့သည္။ ယခုကဲ့သို႔ မျပည့္စံုသည့္တိုင္ ၂၀၁၃ ခုႏွစ္မွစတင္​ကာခရီးသည္မ်ားအတြက္ အပိုေဆာင္း၀န္ေဆာင္မႈအစီအစဥ္ကို စတင္ခဲ့သည္ဟုဆိုသည္။ အဆုိပါအသုံးေဆာင္စရိတ္မ်ား၏ စုစုေပါင္းကုန္က်စရိတ္သည္ က်ပ္ ၃ ေသာင္း၀န္းက်င္ရိွၿပီး လုိအပ္လွ်င္ လိုအပ္သလို ျပန္လည္ျဖည့္တင္းေပးသည္ဟု ၎ကဆုိသည္။ အက်ဳိးအျမတ္အတြက္မဟုတ္ဘဲ ေစတနာသက္သက္ပင္ျဖစ္ေၾကာင္း ၎ကေျပာသည္။
“ကား​ေပၚ​ေရာက္​လာတဲ့သူ​ေတြ မ်ားမ်ားသုံး​ေဆာင္​ရင္​ ကြၽန္​​ေတာ္​ မ်ားမ်ားကုသုိလ္​ရတာ​ေပါ့။ Service ​ေပးတာမဟုတ္​ဘူး။ ကုသုိလ္​ျပဳထားတာပါ။ Service ဆုိတာကအက်ဳိးတခုခုကုိ ျပန္​လည္​​ေမွ်ာ္လင္​့ၿပီးလုပ္​တဲ့သ​ေဘာမ်ဳိးသက္​​ေရာက္​တယ္​။ ကြၽန္​​ေတာ္​က မ​ေမွ်ာ္​လင္​့ပါဘူး။ ကြၽန္​​ေတာ္​့ကားကုိစီးသည္​ျဖ​စ္ေစ၊ မစီးသည္​ျဖစ္​​ေစ လမ္​းမွာ​ေတြ႔တဲ့အခ်ိန္​ ​ေရဆာလုိ႔ ​ေတာင္​း​ေသာက္​ရင္​​ေတာင္​ ​ေပးလုိက္​ပါတယ္​။ အဓိက,က​ေတာ့ ကားစီးတဲ့သူ​ေတြကုိစိတ္​ခ်မ္​းသာ​ေစခ်င္​ပါတယ္​။ တခ်ဳိ႕ကလည္​း မူးတတ္​တဲ့သူ​ေတြရိွတယ္​။ ကား​ေပၚ​ေမာ​ေမာပန္​းပန္​းနဲ႔​ ေရာက္​လာတယ္​။ ​ေရဘူးေတြ႕​ေတာ့ ဝမ္​းသားအားရနဲ႔ ယူ​ေသာက္​ၿပီး အ​ေမာ​ေျပသြားမယ္​။ အဲလုိမ်ဳိး​ေတြျမင္​​ေတာ့ စိတ္ေက်နပ္​မိပါတယ္​”ဟု ကုိမ်ဳိးသက္က ေျပာသည္။
ေနအိမ္မွ ဖုန္​းဆက္​ငွါးရမ္​းမႈမ်ားအား ၾကိဳခမယူဘဲ သြားေရာက္မည့္ခရီးအကြာအေ၀းအလိုက္သာ ကားခယူေၾကာင္း၊ ေန႔စဥ္​ပုံမွန္​ နံနက္​ ၈ နာရီ မွ ည ၁၀ နာရီေက်ာ္အထိ ​ေျပးဆြဲ​ၿပီး တ​ေန႔၀င္ေငြ ပ်မ္းမွ် က်ပ္​ ၄ ေသာင္းခန္႔ရရိွ​ေနေၾကာင္း၊ Owner ေၾကးအျဖစ္​ တ​ေန႔က်ပ္​၁ ေသာင္း​ေပးရ​ေၾကာင္​း ကုိမ်ဳိးသက္ကေျပာသည္။
“အားလုံးက​ ကုိယ္​့အပူနဲ႔ကုိယ္လုပ္​​ေန​ၾကတဲ့အခ်ိန္​မွာ ကုိယ္​ရသ​ေလာက္​​ေလးနဲ႔ တင္​းတိမ္​မယ္​။ ကုသုိလ္​​ေလးယူမယ္​။ တရား​ေလးနဲ႔ ​ေမြ႔​ေလ်ာ္​ၿပီး လုပ္​သြားၾက​ေစခ်င္​တယ္​။ ဘာပဲျဖစ္​ျဖစ္​ ကုိယ္​လုပ္​တဲ့အ​ေပၚမွာ တန္​ျပန္​အ​ေနနဲ႔ တူ​ေသာအက်ဳိးဆုိတာ ရလာမွာပဲ​ေလ။​ေလာဘလည္​း မႀကီးသင္​့ဘူး။ ကုိယ္​႐ွာ​ေဖြလုိ႔ မရတဲ့အခါမွာ ​ေဒါသလည္​း မျဖစ္​သင္​့ဘူး။ အဲဒါ​ေတြ ျဖစ္​စရာအေၾကာင္းလည္း မရိွ​တဲ့အတြက္​ ​ေမာဟလည္​း မျဖစ္​ဘူး​ေပါ့”ဟု ၄င္​း၏ခံယူခ်က္​ကုိ ​ေျပာျပသည္​။
ကုိမ်ဳိးသက္၏ ေကာင္းသတင္းမွာ လူမႈကြန္ရက္ေပၚ ပ်ံ႕ ႏွံ႔လ်က္ရွိသည္။
“တကၠစီ ခဏခဏစီးေပမယ့္ ဒီလိုမ်ိဳးတစ္ခါမွမႀကံဳဖူးခဲ့ဘူး။ ကုကိၠဳင္းအင္ယားကန္ေဘာင္ တကၠသိုလ္ရိပ္သာလမ္းသစ္(ဗဟန္း)ကေန လွည္းတန္းကို ၁၅၀၀ နဲ႔ ေစ်းဆစ္လိုက္တာရတဲ့အျပင္ ကားထဲဝင္လိုက္တဲ့အခ်ိန္ ေမႊးေနတာပဲ။ သတင္းစာ၊ အမိႈက္ပံုးကအစ အကုန္အစံုပဲ။ အဲတာေရာင္းတာလို႔ေမးလိုက္ေတာ့ အကုန္အလကားတဲ့။ ေရဘူးဆိုလည္း ေသာက္ပါ။ ယူသြားလည္း ရတယ္တဲ့။ ကုမၸဏီက Service ေပးတာလားလို႔ေမးျမန္းစပ္စုၾကည့္ေတာ့ သူ႕စိတ္ကူးပါတဲ့…”ဟု ခရီးသည္​တဦးကမွတ္​ခ်က္​ျပဳထားသည္​။
ကိုမ်ိဴးသက္၏အငွါးယာဥ္​ဝန္​​ေဆာင္​မႈလုပ္​ငန္​းအတြက္​ ဖုန္​း-09457953766 /09795260031သုိ႔ ဆက္သြယ္ႏုိင္​​ပါသည္​။
Credit:NewsWatch
==========
တက္ကစီဆရာကိုမျိုးသက်ရဲ့ ထူးကဲတဲ့စေတနာ
ရန်ကုန်မြို့တွင် ခရီးသည်များ၏ စိတ်​ချမ်​းသာမှုကိုအထူးအလေးထားပြီးခရီးသည်များအတွက် လုံခြုံမှု၊ယုံကြည်စိတ် ချရမှုများကိုအမြဲတမ်းဦးစား​ပေးမောင်းနှင်ပြေးဆွဲပေးနေသည့် တက္ကစီယာဉ်မောင်းတဦးရှိသည်။ ၄င်းမှာ အသက် ၃၉နှစ်အရွယ် ကိုမျိုးသက်ဆိုသူဖြစ်သည်။ဗုဒ္ဓတရားတော်နှင်​့ ​လျော်​ညီစွာ ​လောဘ​ဒေါသ​မောဟကင်​းကင်​းဖြင်​့ ကုသိုလ်​ပြုကာ အငှားယာဉ်ဝန်ဆောင်မှုပေးနေသူလည်းဖြစ်သည်။
၄င်​း၏ ကား​ပေါ်တွင်​ သတင်းစာ၊ ​ရေသန်​့၊​ ရေခဲပုံး၊ အဆာပြေစားသုံးနိုင်ရန် မုန်​့ထုပ်အမျိုးမျိုး၊​ အကိုက်အခဲပျောက်ဆေးနှင့် ရှုဆေး၊ သကြားလုံး၊ ပျားလိ​မ္မော်​အစောကြေဆေး၊ ကြက်​​မောက်​သီး ၊ အမှိုက်​ပုံး၊ လက်​​ဆေး​ဆီ၊ တစ်ရူးစသည်​့အသုံးအ​ဆောင်​များကိုစီစဉ်​​ပေးထား​ပြီး ခရီးသည်​များအနေဖြင့် လိုအပ်​သလိုအခမဲ့အသုံးပြုနိုင်​​ကြောင်း စာရေးသားထားသည်။ ကားကိုလည်း အမြဲတစေသန်​့ရှင်​းသပ်​ရပ်​စွာ ပြင်ဆင်ထားပြီး အ​မွေးနံ့သာများထားရှိသဖြင့် ကားပေါ်တက်လိုက်သည်နှင့် လန်းဆန်းလတ်ဆတ်မှုကို ခံစားရသည်။
“ခရီးသည်​တွေကတော့ တကြိမ်​မဟုတ်​တကြိမ်​ အသုံးအဆောင်လေးတွေ လိုအပ်​လာကြမှာပဲ​လေ။အဲလိုအခါမျိုးမှာအဆင်​သင့်နေသင့်ရှိနေစေချင်တဲ့ စိတ်နဲ့ထား​ပေးတာပါ၊ လူတိုင်​းဟာကိုယ်​လိုချင်​တဲ့အရာကိုကိုယ်​ရှိ​နေတဲ့​နေရာမှာအဆင်​သင့်၊အရံသင်​့ရှိ​နေတယ်​ဆိုရင်​ အားလုံးစိတ်​ချမ်​းကြမှာပဲ​လေ။ကိုယ်​့ရဲ့ကားထဲ​ရောက်​လို့ ဒါ​တွေကိုလိုအပ်​လာတဲ့အခါကျရင်​ အဆင်​သင်​့ဖြစ်​​ စိတ်​ချမ်းသာ​စေလိုတဲ့ ဆန္ဒနဲ့ပါ”ဟုကိုမျိုးသက်​က ၄င်​း၏ရည်​ရွယ်​ချက်​​ကိုပြောပြသည်​။
ကိုမျိုးသက်သည် အငှါးယာဉ်​​မောင်​းဘဝကို ၂၀၁၂ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ယခုကဲ့သို့ မပြည့်စုံသည့်တိုင် ၂၀၁၃ ခုနှစ်မှစတင်​ကာခရီးသည်များအတွက် အပိုဆောင်းဝန်ဆောင်မှုအစီအစဉ်ကို စတင်ခဲ့သည်ဟုဆိုသည်။ အဆိုပါအသုံးဆောင်စရိတ်များ၏ စုစုပေါင်းကုန်ကျစရိတ်သည် ကျပ် ၃ သောင်းဝန်းကျင်ရှိပြီး လိုအပ်လျှင် လိုအပ်သလို ပြန်လည်ဖြည့်တင်းပေးသည်ဟု ၎င်းကဆိုသည်။ အကျိုးအမြတ်အတွက်မဟုတ်ဘဲ စေတနာသက်သက်ပင်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ကား​ပေါ်​ရောက်​လာတဲ့သူ​တွေ များများသုံး​ဆောင်​ရင်​ ကျွန်​​တော်​ များများကုသိုလ်​ရတာ​ပေါ့။ Service ​ပေးတာမဟုတ်​ဘူး။ ကုသိုလ်​ပြုထားတာပါ။ Service ဆိုတာကအကျိုးတခုခုကို ပြန်​လည်​​မျှော်လင်​့ပြီးလုပ်​တဲ့သ​ဘောမျိုးသက်​​ရောက်​တယ်​။ ကျွန်​​တော်​က မ​မျှော်​လင်​့ပါဘူး။ ကျွန်​​တော်​့ကားကိုစီးသည်​ဖြ​စ်စေ၊ မစီးသည်​ဖြစ်​​စေ လမ်​းမှာ​တွေ့တဲ့အချိန်​ ​ရေဆာလို့ ​တောင်​း​သောက်​ရင်​​တောင်​ ​ပေးလိုက်​ပါတယ်​။ အဓိက,က​တော့ ကားစီးတဲ့သူ​တွေကိုစိတ်​ချမ်​းသာ​စေချင်​ပါတယ်​။ တချို့ကလည်​း မူးတတ်​တဲ့သူ​တွေရှိတယ်​။ ကား​ပေါ်​မော​မောပန်​းပန်​းနဲ့​ ရောက်​လာတယ်​။ ​ရေဘူးတွေ့​တော့ ဝမ်​းသားအားရနဲ့ ယူ​သောက်​ပြီး အ​မော​ပြေသွားမယ်​။ အဲလိုမျိုး​တွေမြင်​​တော့ စိတ်ကျေနပ်​မိပါတယ်​”ဟု ကိုမျိုးသက်က ပြောသည်။
နေအိမ်မှ ဖုန်​းဆက်​ငှါးရမ်​းမှုများအား ကြိုခမယူဘဲ သွားရောက်မည့်ခရီးအကွာအဝေးအလိုက်သာ ကားခယူကြောင်း၊ နေ့စဉ်​ပုံမှန်​ နံနက်​ ၈ နာရီ မှ ည ၁၀ နာရီကျော်အထိ ​ပြေးဆွဲ​ပြီး တ​နေ့ဝင်ငွေ ပျမ်းမျှ ကျပ်​ ၄ သောင်းခန့်ရရှိ​နေကြောင်း၊ Owner ကြေးအဖြစ်​ တ​နေ့ကျပ်​၁ သောင်း​ပေးရ​ကြောင်​း ကိုမျိုးသက်ကပြောသည်။
“အားလုံးက​ ကိုယ်​့အပူနဲ့ကိုယ်လုပ်​​နေ​ကြတဲ့အချိန်​မှာ ကိုယ်​ရသ​လောက်​​လေးနဲ့ တင်​းတိမ်​မယ်​။ ကုသိုလ်​​လေးယူမယ်​။ တရား​လေးနဲ့ ​မွေ့​လျော်​ပြီး လုပ်​သွားကြ​စေချင်​တယ်​။ ဘာပဲဖြစ်​ဖြစ်​ ကိုယ်​လုပ်​တဲ့အ​ပေါ်မှာ တန်​ပြန်​အ​နေနဲ့ တူ​သောအကျိုးဆိုတာ ရလာမှာပဲ​လေ။​လောဘလည်​း မကြီးသင်​့ဘူး။ ကိုယ်​ရှာ​ဖွေလို့ မရတဲ့အခါမှာ ​ဒေါသလည်​း မဖြစ်​သင်​့ဘူး။ အဲဒါ​တွေ ဖြစ်​စရာအကြောင်းလည်း မရှိ​တဲ့အတွက်​ ​မောဟလည်​း မဖြစ်​ဘူး​ပေါ့”ဟု ၄င်​း၏ခံယူချက်​ကို ​ပြောပြသည်​။
ကိုမျိုးသက်၏ ကောင်းသတင်းမှာ လူမှုကွန်ရက်ပေါ် ပျံ့ နှံ့လျက်ရှိသည်။
“တက္ကစီ ခဏခဏစီးပေမယ့် ဒီလိုမျိုးတစ်ခါမှမကြုံဖူးခဲ့ဘူး။ ကုက္ကိုင်းအင်ယားကန်ဘောင် တက္ကသိုလ်ရိပ်သာလမ်းသစ်(ဗဟန်း)ကနေ လှည်းတန်းကို ၁၅၀၀ နဲ့ စျေးဆစ်လိုက်တာရတဲ့အပြင် ကားထဲဝင်လိုက်တဲ့အချိန် မွှေးနေတာပဲ။ သတင်းစာ၊ အမှိုက်ပုံးကအစ အကုန်အစုံပဲ။ အဲတာရောင်းတာလို့မေးလိုက်တော့ အကုန်အလကားတဲ့။ ရေဘူးဆိုလည်း သောက်ပါ။ ယူသွားလည်း ရတယ်တဲ့။ ကုမ္ပဏီက Service ပေးတာလားလို့မေးမြန်းစပ်စုကြည့်တော့ သူ့စိတ်ကူးပါတဲ့…”ဟု ခရီးသည်​တဦးကမှတ်​ချက်​ပြုထားသည်​။
ကိုမျိူးသက်၏အငှါးယာဉ်​ဝန်​​ဆောင်​မှုလုပ်​ငန်​းအတွက်​ ဖုန်​း-09457953766 /09795260031သို့ ဆက်သွယ်နိုင်​​ပါသည်​။
Credit:NewsWatch

Comments