သိန္းထီ ဆုႀကီးေပါက္ေပမယ့္ ဆုေငြ မယူခဲ့တဲ့ အမ်ိဳးသမီးႀကီး..


အေၾကာင္းတစ္ခုေၾကာင့္ ထီဆုႀကီးေပါက္ေပမယ့္ ဆုေငြ မယူခဲ့တဲ့ အမ်ိဳးသမီးႀကီး
ေလာကႀကီးမွာ ထီဆုႀကီး ေပါက္ခ်င္လိုက္တာလို႔ မေတြးဖူးတဲ့လူ မရိွေလာက္ဘူးလို႔ ထင္ပါတယ္။ ထီေပါက္ၿပီးရင္လည္း အေၾကြးေတြဆပ္မယ္၊ အိမ္ႀကီးအိမ္ေကာင္း ဝယ္မယ္၊ လွဴမယ္တန္းမယ္၊ က်န္တာကို စုထားမယ္ အစရိွသျဖင့္ ေတြးထားတာခ်ည္းပါပဲ။ ဘယ္သူမွ ကိုယ္ထီေပါက္တဲ့ ပိုက္ဆံကို ေတာ္ၿပီ မယူေတာ့ဘူးဆိုၿပီး မေျပာၾကပါဘူး။ ဒါေပမယ့္ ယူေကႏိုင္ငံ နယူးဟမ့္ပ္႐ိႈင္းယားမွာ ေနထုိင္တဲ့ အမ်ိဳးသမီးႀကီးတစ္ဦးကေတာ့ ျခြင္းခ်က္ပါ။
သူမကိုေတာ့ ဂ်ိန္းဒိုးလို႔ ေခၚၾကပါတယ္။ ဂ်ိန္းဟာ ဘဝတစ္ခုလံုးကို ေျပာင္းလဲသြားေစမယ့္ ဆုေငြပမာဏျဖစ္တဲ့ ကန္ေဒၚလာ သန္း (၅၆၀) ထီဆုႀကီးကို ေပါက္ခဲ့တာပါ။ ျမန္မာေငြနဲ႔ဆို သန္းေပါင္း သိန္းခ်ီေတာင္ ရိွပါတယ္။ ဒါေပမယ့္ တစ္သက္စားမကုန္မယ့္ ေငြပမာဏကို ဂ်ိန္းဟာ လက္ခံဖို႔ သတၱိမရိွခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ပိုက္ဆံေတြကို ပိုင္ဆုိင္ၿပီးသြားၿပီဆိုရင္ သူမအသက္အႏၱရာယ္ ရိွလာႏုိင္မယ္လို႔ ထင္ေနခဲ့လို႔ပါ။ သူမဟာ ထီဆု ေပါက္ဂဏန္းကို သူမရဲ႕ နာမည္နဲ႔ ထုတ္ျပန္ေၾကညာခဲ့လို႔ ထီအဖြဲ႔အစည္း အာဏာပိုင္ေတြကိုေတာင္ တရားစြဲခဲ့ပါတယ္။
သူမရဲ႕ ေရွ႕ေနေျပာၾကားခ်က္အရေတာ့ ဆုေငြေတြကို ရရိွၿပီးရင္ ဘီလီယံတစ္ဝက္ေလာက္ ပိုင္ဆိုင္ထားတဲ့ ဂ်ိန္းက ဘယ္ေနရာကိုမွ လံုၿခံဳစြာ သြားလာႏုိင္ေတာ့မွာလည္း မဟုတ္သလို ဇာတ္သိမ္းမလွခဲ့တဲ့ အျခားထီဆုထူးရွင္ေတြကဲ့သို႔ ျဖစ္မွာ စိုးရိမ္ေနျခင္းျဖစ္တယ္လို႔ ေျပာဆိုပါတယ္။ ထီဆုႀကီး ကံထူးသူေတြထဲမွာ ဓားျပတုိက္ခံရတာ အသတ္ခံရတာ စတဲ့ အျဖစ္ဆိုးမ်ားစြာ ရိွခဲ့တာေၾကာင့္ပါ။ ထီအဖြဲ႔အစည္းဘက္ကလည္း ထီေပါက္သူနာမည္ကို ထုတ္ျပန္ေၾကညာမွသာလည္း ကံထူးရွင္အစစ္အမွန္ တကယ္ရိွတယ္ဆိုတာ သက္ေသျပႏုိင္တာေၾကာင့္ နာမည္မထုတ္ျပန္လို႔ မရေၾကာင္း ခုခံေျပာဆုိခဲ့ပါတယ္။
နယူးဟမ့္ပ္႐ိႈင္းယား ထီအဖြဲ႔အစည္း ဒါ႐ိုက္တာ Charlie McIntyre ကလည္း ဂ်ိန္းရဲ႕ သေဘာထားကို နားလည္ႏုိင္ေပမယ့္ လုိက္ေလ်ာႏုိင္ျခင္းေတာ့ မရိွေၾကာင္းဆုိပါတယ္။ နာမည္ ေၾကညာခံရမွာ စိုးတာနဲ႔ ေဒၚလာဘီလီယံတစ္ဝက္ေလာက္ ဆုေငြေတြကို လက္မခံဘဲ တရားေတာင္ ျပန္စြဲတဲ့ အမ်ိဳးသမီးမ်ိဳးရိွတာကေတာ့ တကယ္ကို ေလာကႀကီးမွာ ရိွမယ္လို႔ မထင္ထားေလာက္တဲ့ ထူးျခားမႈတစ္ခုပါပဲ။
Ref: shared.com
Credit: shwemom.com
===========
အကြောင်းတစ်ခုကြောင့် ထီဆုကြီးပေါက်ပေမယ့် ဆုငွေ မယူခဲ့တဲ့ အမျိုးသမီးကြီး
လောကကြီးမှာ ထီဆုကြီး ပေါက်ချင်လိုက်တာလို့ မတွေးဖူးတဲ့လူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ထီပေါက်ပြီးရင်လည်း အကြွေးတွေဆပ်မယ်၊ အိမ်ကြီးအိမ်ကောင်း ဝယ်မယ်၊ လှူမယ်တန်းမယ်၊ ကျန်တာကို စုထားမယ် အစရှိသဖြင့် တွေးထားတာချည်းပါပဲ။ ဘယ်သူမှ ကိုယ်ထီပေါက်တဲ့ ပိုက်ဆံကို တော်ပြီ မယူတော့ဘူးဆိုပြီး မပြောကြပါဘူး။ ဒါပေမယ့် ယူကေနိုင်ငံ နယူးဟမ့်ပ်ရှိုင်းယားမှာ နေထိုင်တဲ့ အမျိုးသမီးကြီးတစ်ဦးကတော့ ခြွင်းချက်ပါ။
သူမကိုတော့ ဂျိန်းဒိုးလို့ ခေါ်ကြပါတယ်။ ဂျိန်းဟာ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် ဆုငွေပမာဏဖြစ်တဲ့ ကန်ဒေါ်လာ သန်း (၅၆၀) ထီဆုကြီးကို ပေါက်ခဲ့တာပါ။ မြန်မာငွေနဲ့ဆို သန်းပေါင်း သိန်းချီတောင် ရှိပါတယ်။ ဒါပေမယ့် တစ်သက်စားမကုန်မယ့် ငွေပမာဏကို ဂျိန်းဟာ လက်ခံဖို့ သတ္တိမရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံတွေကို ပိုင်ဆိုင်ပြီးသွားပြီဆိုရင် သူမအသက်အန္တရာယ် ရှိလာနိုင်မယ်လို့ ထင်နေခဲ့လို့ပါ။ သူမဟာ ထီဆု ပေါက်ဂဏန်းကို သူမရဲ့ နာမည်နဲ့ ထုတ်ပြန်ကြေညာခဲ့လို့ ထီအဖွဲ့အစည်း အာဏာပိုင်တွေကိုတောင် တရားစွဲခဲ့ပါတယ်။
သူမရဲ့ ရှေ့နေပြောကြားချက်အရတော့ ဆုငွေတွေကို ရရှိပြီးရင် ဘီလီယံတစ်ဝက်လောက် ပိုင်ဆိုင်ထားတဲ့ ဂျိန်းက ဘယ်နေရာကိုမှ လုံခြုံစွာ သွားလာနိုင်တော့မှာလည်း မဟုတ်သလို ဇာတ်သိမ်းမလှခဲ့တဲ့ အခြားထီဆုထူးရှင်တွေကဲ့သို့ ဖြစ်မှာ စိုးရိမ်နေခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။ ထီဆုကြီး ကံထူးသူတွေထဲမှာ ဓားပြတိုက်ခံရတာ အသတ်ခံရတာ စတဲ့ အဖြစ်ဆိုးများစွာ ရှိခဲ့တာကြောင့်ပါ။ ထီအဖွဲ့အစည်းဘက်ကလည်း ထီပေါက်သူနာမည်ကို ထုတ်ပြန်ကြေညာမှသာလည်း ကံထူးရှင်အစစ်အမှန် တကယ်ရှိတယ်ဆိုတာ သက်သေပြနိုင်တာကြောင့် နာမည်မထုတ်ပြန်လို့ မရကြောင်း ခုခံပြောဆိုခဲ့ပါတယ်။
နယူးဟမ့်ပ်ရှိုင်းယား ထီအဖွဲ့အစည်း ဒါရိုက်တာ Charlie McIntyre ကလည်း ဂျိန်းရဲ့ သဘောထားကို နားလည်နိုင်ပေမယ့် လိုက်လျောနိုင်ခြင်းတော့ မရှိကြောင်းဆိုပါတယ်။ နာမည် ကြေညာခံရမှာ စိုးတာနဲ့ ဒေါ်လာဘီလီယံတစ်ဝက်လောက် ဆုငွေတွေကို လက်မခံဘဲ တရားတောင် ပြန်စွဲတဲ့ အမျိုးသမီးမျိုးရှိတာကတော့ တကယ်ကို လောကကြီးမှာ ရှိမယ်လို့ မထင်ထားလောက်တဲ့ ထူးခြားမှုတစ်ခုပါပဲ။
Ref: shared.com
Credit: shwemom.com

Comments