တိုင္းနဲ႔ျပည္နယ္ ၅ ခုမွာ မုိးႀကီးႏုိင္...


တိုင္းနဲ႔ျပည္နယ္ ၅ ခုမွာ မုိးႀကီးႏုိင္
တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ၅ ခုမွာ မိုးႀကီးနိုင္တယ္လို႔ မိုးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာန တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။
ရခုိင္၊ ဧရာ၀တီ၊ ရန္ကုန္၊ မြန္ နဲ႔ တနသၤာရီ စတဲ့တိုင္းနဲ႔ ျပည္နယ္ ၅ ခုမွာ ေနရာကြက္ၿပီး မိုးႀကီးနိုင္တယ္လို႔ မိုးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦး က ေျပာပါတယ္။
“ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေနတဲ့ ေလဖိအားနည္းရပ္၀န္းက ကုန္းတစ္၀က္ ေရတစ္၀က္ေလာက္ရွိတယ္ ေပါ့ေနာ္၊ ေနာက္ရက္ေတြက်ရင္ေတာ့ ပိုမိုအားေကာင္းတဲ့ ေလဖိအားနည္းရပ္၀န္း ျဖစ္လာၿပီးေတာ့မွ အိႏၵိယနိုင္ငံ ထဲကို ၀င္သြားမွာေပါ့ေနာ္၊ ဒါေပမဲ့ ေလဖိအားနည္းရပ္၀န္းရဲ႕ အရွိန္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ဆီမွာေတာ့ မုတ္သံုအင္အားေကာင္းလာမယ့္ အေနအထားရွိတယ္၊ ကမ္းရိုးတန္းေတြမွာေတာ့ မိုးပိုေနမယ့္အေနအထား ရွိတယ္ေပါ့ေနာ္၊ ရခိုင္၊ ဧရာ၀တီ၊ ရန္ကုန္၊ မြန္၊ တနသၤာရီေပါ့ေနာ္၊ ဒီေဒသေတြမွာေတာ့ ဆက္ၿပီးေတာ့ မိုးပိုေနမယ့္ အေနအထားေတြရွိတယ္ေပါ့ေနာ္၊ ေနရာကြက္မိုးႀကီးမႈ ျဖစ္စဥ္ေတြ ျဖစ္နိုင္တယ္”
မြန္၊ ကရင္၊ တနသၤာရီနဲ႔ ပဲခူးတို႔မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေရႀကီးေရလ်ွံမႈေတြေၾကာင့္ စုစုေပါင္းလူဦးေရ သိန္းနဲ႔ခ်ီ ေရေဘးလြတ္ရာကို ေျပာင္းေရႊ႕ခဲ့ၾကရာကေန အခု တျဖည္းျဖည္း ေရျပန္က်သြားတာေၾကာင့္ ေရေဘးသင့္ လူဦးေရ ေလွ်ာ့နည္းလာခဲ့တာ ျဖစ္ပါတယ္။
ျမစ္၀ကြ်န္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္ေတြမွာ ရံဖန္ရံခါ မိုးသက္ေလျပင္းေတြ က်ေရာက္ၿပီး လိႈင္းအျမင့္ ၉ ေပကေန ၁၂ ေပေလာက္အထိ ရွိနိုင္သလို ေလတုိက္ႏႈန္း တစ္နာရီကို မိုင္ ၄၀ အထိ တိုက္ခတ္နိုင္တယ္လို႔လည္း မိုးဇလက ထုတ္ျပန္ထားပါတယ္။
ရခိုင္ကမ္းရိုးတန္းတစ္ေလ်ွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္ေတြမွာ လိႈင္းအျမင့္ ၆ ေပ ကေန ၉ ေပအထိ ရွိနိုင္တယ္လို႔လည္း သတိေပးထားပါတယ္။
အဲဒီအေျခအေနေတြကို ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္နဲ႔ ေရေၾကာင္းဦးစီးဌာနတို႔ကို အသိေပးထားတဲ့အတြက္ ကမ္းနီးကမ္းေ၀ ငါးဖမ္းေရယာဥ္ေတြကို ေပးထြက္မွာ မဟုတ္ဘူးလို႔ ဦးေက်ာ္မိုးဦး က ေျပာပါတယ္။
ဒါ့အျပင္ စစ္ေတာင္းျမစ္ေရဟာ မေဒါက္ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္အထက္ ရွိေနသလို သံလြင္ျမစ္ေရဟာလည္း စိုးရိမ္ေရမွတ္အထက္မွာ ဆက္ရွိေနၿပီး ခ်င္းတြင္းျမစ္ေရဟာ မင္းကင္းၿမိဳ႕၊ င၀န္ျမစ္ေရဟာ သာေပါင္းၿမိဳ႕တို႔ရဲ႕ စိုးရိမ္ေရမွတ္ေတြအထက္မွာ ေက်ာ္လြန္ ေရာက္ရွိေနပါတယ္။
RFA Burmese
=============
တိုင်းနဲ့ပြည်နယ် ၅ ခုမှာ မိုးကြီးနိုင်
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန် နဲ့ တနင်္သာရီ စတဲ့တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
“ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ကုန်းတစ်ဝက် ရေတစ်ဝက်လောက်ရှိတယ် ပေါ့နော်၊ နောက်ရက်တွေကျရင်တော့ ပိုမိုအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်လာပြီးတော့မှ အိန္ဒိယနိုင်ငံ ထဲကို ဝင်သွားမှာပေါ့နော်၊ ဒါပေမဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်မို့လို့ ကျနော်တို့ဆီမှာတော့ မုတ်သုံအင်အားကောင်းလာမယ့် အနေအထားရှိတယ်၊ ကမ်းရိုးတန်းတွေမှာတော့ မိုးပိုနေမယ့်အနေအထား ရှိတယ်ပေါ့နော်၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီပေါ့နော်၊ ဒီဒေသတွေမှာတော့ ဆက်ပြီးတော့ မိုးပိုနေမယ့် အနေအထားတွေရှိတယ်ပေါ့နော်၊ နေရာကွက်မိုးကြီးမှု ဖြစ်စဉ်တွေ ဖြစ်နိုင်တယ်”
မွန်၊ ကရင်၊ တနင်္သာရီနဲ့ ပဲခူးတို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးရေလျှံမှုတွေကြောင့် စုစုပေါင်းလူဦးရေ သိန်းနဲ့ချီ ရေဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြရာကနေ အခု တဖြည်းဖြည်း ရေပြန်ကျသွားတာကြောင့် ရေဘေးသင့် လူဦးရေ လျှော့နည်းလာခဲ့တာ ဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေလောက်အထိ ရှိနိုင်သလို လေတိုက်နှုန်း တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၆ ပေ ကနေ ၉ ပေအထိ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အဲဒီအခြေအနေတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ရေကြောင်းဦးစီးဌာနတို့ကို အသိပေးထားတဲ့အတွက် ကမ်းနီးကမ်းဝေ ငါးဖမ်းရေယာဉ်တွေကို ပေးထွက်မှာ မဟုတ်ဘူးလို့ ဦးကျော်မိုးဦး က ပြောပါတယ်။
ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ရှိနေသလို သံလွင်မြစ်ရေဟာလည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေပြီး ချင်းတွင်းမြစ်ရေဟာ မင်းကင်းမြို့၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့တို့ရဲ့ စိုးရိမ်ရေမှတ်တွေအထက်မှာ ကျော်လွန် ရောက်ရှိနေပါတယ်။
RFA Burmese

Comments