ေတာဝက္ ေဘာလံုးအသင္းလူငယ္ ၁၃ ဦးကို ကယ္ထုတ္ၿပီးတဲ့ေနာက္ ဂူႀကီးအနီးမွာ ျမစိမ္းေရာင္ ေရကန္တကန္ ေပၚေပါက္လာ....



ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ရွိ ဒြိဳင္နန္းႏြန္းလိုဏ္ဂူႀကီးမွာ ပိတ္မိေနတဲ့ ေတာဝက္ ေဘာလံုးအသင္းက လူငယ္ ၁၃ ဦးကို ကယ္ထုတ္ၿပီးတဲ့ေနာက္ ဂူႀကီးအနီးမွာ ျမစိမ္းေရာင္ ေရကန္တကန္ ေပၚေပါက္လာပါတယ္။

လူငယ္ေတြကယ္ထုတ္ႏိုင္ဖို႔ ဂူထဲကေရေတြ စုပ္ထုတ္လိုက္တဲ့အခါ နဂိုက အနက္ ၃ မီတာေလာက္ပဲရွိတဲ့ ေရေခ်ာင္းဟာ အျမင့္ ၆ မီတာအထိ ျမင့္လာၿပီး ေရေတြဟာလည္း မႀကံဳစဘူး စိမ္းလဲ့ေနတဲ့အေရာင္ေတြ ျဖစ္ေပၚေနတယ္လို႔ ဒြိဳင္နန္းႏြန္း အမ်ိဳးသားဥယ်ာဥ္ထိန္းသိမ္းေရးဌာန တာဝန္ရွိသူ ခြန္ကဝိ ပရဆုမ္ဖြန္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

လက္ရွိ ထိုင္းလူမႈကြန္ရက္မွာ အဲဒီ ျမစိမ္းေရာင္ေရကန္ပံုေတြ အံ့ဘြယ္တခုအျဖစ္ ပ်ံ႔ႏွံ႔ေနေပမယ့္ အမ်ိဳးသားဥယ်ာဥ္ထိန္းသိမ္းေရးဌာနကေတာ့ ကယ္ဆယ္ေရးလုပ္ငန္းေၾကာင့္ ယိုယြင္းေနတဲ့ ပတ္ဝန္းက်င္ အေနအထားေတြ ျပန္လည္ျပဳျပင္ဆဲမို႔ ဝင္ေရာက္လည္ပတ္ခြင့္ ပိတ္ပင္ထားတယ္လို႔ ဆိုပါတယ္။

ဂူအနီးရွိ ေရွ႕မီေနာက္မီ ေဒသခံရြာသားေတြကေတာ့ အဲဒီဂူနားက ေရေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက အခုလို စိမ္းလဲ့တဲ့အေရာင္ ျဖစ္ခဲ့ဖူးေၾကာင္း၊ အဲဒီေနာက္ ကာလၾကာေတာ့ အစိမ္းေရာင္ေပ်ာက္ဆံုးသြားခဲ့ၿပီး ေတာဝက္လူငယ္ကယ္ဆယ္ေရးအၿပီးမွ နဂိုမူလအတုိင္း ျပန္ျဖစ္ေၾကာင္း၊

ေရကန္အနီးမွာ ဆိုင္းေထာင္းန္ဆိုတဲ့ ဂူငယ္ေလးတခုရွိၿပီး အဲဒီထဲက သဲေတြဟာ အလြန္သန္႔စင္တဲ့အတြက္ ရြာသားေတြဟာ သႀကၤန္ကာလဆိုရင္ အဲဒီဂူထဲက သဲေတြယူၿပီး သဲပံုေစတီ ျပဳလုပ္လႉဒါန္းတဲ့ဓေလ့ ရွိတယ္လို႔လည္း ဆိုပါတယ္။

အခုလို ေရေတြ အစိမ္းေရာင္ျဖစ္ေပၚလာတာနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္မွာ ဒြိဳင္နန္းႏြန္း ေတာင္ပိုင္သခင္မက ေတာဝက္ ၁၃ ေကာင္ကို ျပန္လႊတ္ေပးလိုက္သလို ျမစိမ္းေရာင္ေရကန္ႀကီးကိုပါ ျပန္ေပးခဲ့တယ္လို႔ တင္စားေျပာဆိုေနပါတယ္။

သိပၸံနည္းအရ ဆိုရင္ေတာ့ ဂူထဲကေရပမာဏ အေျမာက္အျမား စုပ္ထုတ္လိုက္တဲ့အခါ ႏုန္းေတြ၊ အနယ္ေတြပါ ပါကုန္ၿပီး ေနာက္ေတာ့ အလြန္သန္႔စင္တဲ့ ေရေတြသာ က်န္ရွိေၾကာင္း၊ လိုဏ္ဂူႀကီးဟာ ထံုးေက်ာက္လိုဏ္ဂူ အမ်ိဳးအစား ျဖစ္တာေၾကာင့္

အဲဒီေရေတြထဲမွာ ကယ္လ္ဆီယမ္ကာဗြန္နိတ္၊ မဂၢနီစီယမ္နဲ႔ ကန္႔ စတဲ့ သတၱဳဓာတ္ေတြ ပါဝင္ေနတာမို႔ ခုလို ျမစိမ္းေရာင္ေတြ ျဖစ္ေနတာလို႔ ဒြိဳင္နန္းႏြန္း အမ်ိဳးသားဥယ်ာဥ္ထိန္းသိမ္းေရးဌာန တာဝန္ရွိသူ ခြန္ကဝိ ပရဆုမ္ဖြန္းက ေျပာပါတယ္။

ဗုဒၶဘာသာဝင္ ေတာဝက္လူငယ္ေတြဟာ ဂူႀကီးထဲက လြတ္ေျမာက္လာၿပီးတဲ့ေနာက္ သကၤန္းဝတ္နဲ႔ သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့ၿပီး ၿပီးခဲ့တဲ့ စေနေန႔ကေတာ့ နည္းျပခို႔စ္ေအခ္ကလြဲလို႔ က်န္တဲ့ ၁၁ ဦးဟာ လူဝတ္ျပန္လဲလိုက္ၿပီ ျဖစ္ပါတယ္။

ညေနပိုင္းမွာေတာ့ ခ႐ုိင္ဝန္မွ ကမကထျပဳၿပီး လူငယ္ ၁၃ ဦး လြတ္ေျမာက္ေရး ႀကိဳးပမ္းခဲ့သူမ်ားအား ေက်းဇူးတင္ပြဲ (ကမၻာႀကီးသို႔ ေက်းဇူးတင္ျခင္း) အခမ္းအနားကို က်င္းပခဲ့ပါတယ္။

အဲဒီပြဲမွာ ကယ္ဆယ္ေရးလုပ္စဥ္က ႐ႈေထာင့္အစံုစံုပါတဲ့ ဓာတ္ပံုေပါင္း ၄၀၀၀ ေက်ာ္ကို ျပသထားၿပီး လူငယ္ ၁၂ ဦးက ကယ္ဆယ္ေရးသမားဝတ္စံု ဆင္တူဝတ္ကာ အခမ္းအနား လာေရာက္သူေတြနဲ႔ အမွတ္တရ ဓာတ္ပံုေတြ အ႐ုိက္ခံခဲ့ၾကပါတယ္။

ၾသဂုတ္ ၆ ရက္ ဒီကေန႔မနက္ပိုင္းမွာေတာ့ ခ်င္း႐ုိင္းခ႐ုိင္ ပညာေရးဌာနက ဦးစီးၿပီး လူငယ္ ၁၂ ဦးအား စာသင္ခန္းမွ ႀကိဳဆိုျခင္း အခမ္းအနား က်င္းပခဲ့ပါတယ္။

အခမ္းအနားမွာ ေတာဝက္လူငယ္ ၁၂ ဦး တက္ေရာက္ေနတဲ့ စာသင္ေက်ာင္း ၇ ေက်ာင္းက ဆရာ ဆရာမေတြ၊ ေက်ာင္းသူ ေက်ာင္းသားနဲ႔ လူငယ္ ၁၂ ဦးရဲ႕ မိဘအုပ္ထိန္းသူေတြ တက္ေရာက္ၿပီး ခ႐ုိင္နဲ႔ ပညာေရးဌာန တာဝန္ရွိသူေတြက လူငယ္ေတြကို ဆံုးမ အမွာစကားေျပာၾကားကာ ကေလးေတြကို သက္ဆိုင္ရာ ဆရာ ဆရာမထံ အပ္ႏွံၿပီး ဒီကေန႔ပဲ ေက်ာင္းစတက္ေနၾကၿပီ ျဖစ္ပါတယ္။

credit-dvb tv

===============

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဒွိုင်နန်းနွန်းလိုဏ်ဂူကြီးမှာ ပိတ်မိနေတဲ့ တောဝက် ဘောလုံးအသင်းက လူငယ် ၁၃ ဦးကို ကယ်ထုတ်ပြီးတဲ့နောက် ဂူကြီးအနီးမှာ မြစိမ်းရောင် ရေကန်တကန် ပေါ်ပေါက်လာပါတယ်။

လူငယ်တွေကယ်ထုတ်နိုင်ဖို့ ဂူထဲကရေတွေ စုပ်ထုတ်လိုက်တဲ့အခါ နဂိုက အနက် ၃ မီတာလောက်ပဲရှိတဲ့ ရေချောင်းဟာ အမြင့် ၆ မီတာအထိ မြင့်လာပြီး ရေတွေဟာလည်း မကြုံစဘူး စိမ်းလဲ့နေတဲ့အရောင်တွေ ဖြစ်ပေါ်နေတယ်လို့ ဒွိုင်နန်းနွန်း အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူ ခွန်ကဝိ ပရဆုမ်ဖွန်းက သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိ ထိုင်းလူမှုကွန်ရက်မှာ အဲဒီ မြစိမ်းရောင်ရေကန်ပုံတွေ အံ့ဘွယ်တခုအဖြစ် ပျံ့နှံ့နေပေမယ့် အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးဌာနကတော့ ကယ်ဆယ်ရေးလုပ်ငန်းကြောင့် ယိုယွင်းနေတဲ့ ပတ်ဝန်းကျင် အနေအထားတွေ ပြန်လည်ပြုပြင်ဆဲမို့ ဝင်ရောက်လည်ပတ်ခွင့် ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဂူအနီးရှိ ရှေ့မီနောက်မီ ဒေသခံရွာသားတွေကတော့ အဲဒီဂူနားက ရေတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အခုလို စိမ်းလဲ့တဲ့အရောင် ဖြစ်ခဲ့ဖူးကြောင်း၊ အဲဒီနောက် ကာလကြာတော့ အစိမ်းရောင်ပျောက်ဆုံးသွားခဲ့ပြီး တောဝက်လူငယ်ကယ်ဆယ်ရေးအပြီးမှ နဂိုမူလအတိုင်း ပြန်ဖြစ်ကြောင်း၊

ရေကန်အနီးမှာ ဆိုင်းထောင်းန်ဆိုတဲ့ ဂူငယ်လေးတခုရှိပြီး အဲဒီထဲက သဲတွေဟာ အလွန်သန့်စင်တဲ့အတွက် ရွာသားတွေဟာ သင်္ကြန်ကာလဆိုရင် အဲဒီဂူထဲက သဲတွေယူပြီး သဲပုံစေတီ ပြုလုပ်လှူဒါန်းတဲ့ဓလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို ရေတွေ အစိမ်းရောင်ဖြစ်ပေါ်လာတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဒွိုင်နန်းနွန်း တောင်ပိုင်သခင်မက တောဝက် ၁၃ ကောင်ကို ပြန်လွှတ်ပေးလိုက်သလို မြစိမ်းရောင်ရေကန်ကြီးကိုပါ ပြန်ပေးခဲ့တယ်လို့ တင်စားပြောဆိုနေပါတယ်။

သိပ္ပံနည်းအရ ဆိုရင်တော့ ဂူထဲကရေပမာဏ အမြောက်အမြား စုပ်ထုတ်လိုက်တဲ့အခါ နုန်းတွေ၊ အနယ်တွေပါ ပါကုန်ပြီး နောက်တော့ အလွန်သန့်စင်တဲ့ ရေတွေသာ ကျန်ရှိကြောင်း၊ လိုဏ်ဂူကြီးဟာ ထုံးကျောက်လိုဏ်ဂူ အမျိုးအစား ဖြစ်တာကြောင့်

အဲဒီရေတွေထဲမှာ ကယ်လ်ဆီယမ်ကာဗွန်နိတ်၊ မဂ္ဂနီစီယမ်နဲ့ ကန့် စတဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာမို့ ခုလို မြစိမ်းရောင်တွေ ဖြစ်နေတာလို့ ဒွိုင်နန်းနွန်း အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူ ခွန်ကဝိ ပရဆုမ်ဖွန်းက ပြောပါတယ်။

ဗုဒ္ဓဘာသာဝင် တောဝက်လူငယ်တွေဟာ ဂူကြီးထဲက လွတ်မြောက်လာပြီးတဲ့နောက် သင်္ကန်းဝတ်နဲ့ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ကတော့ နည်းပြခို့စ်အေခ်ကလွဲလို့ ကျန်တဲ့ ၁၁ ဦးဟာ လူဝတ်ပြန်လဲလိုက်ပြီ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ခရိုင်ဝန်မှ ကမကထပြုပြီး လူငယ် ၁၃ ဦး လွတ်မြောက်ရေး ကြိုးပမ်းခဲ့သူများအား ကျေးဇူးတင်ပွဲ (ကမ္ဘာကြီးသို့ ကျေးဇူးတင်ခြင်း) အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာ ကယ်ဆယ်ရေးလုပ်စဉ်က ရှုထောင့်အစုံစုံပါတဲ့ ဓာတ်ပုံပေါင်း ၄၀၀၀ ကျော်ကို ပြသထားပြီး လူငယ် ၁၂ ဦးက ကယ်ဆယ်ရေးသမားဝတ်စုံ ဆင်တူဝတ်ကာ အခမ်းအနား လာရောက်သူတွေနဲ့ အမှတ်တရ ဓာတ်ပုံတွေ အရိုက်ခံခဲ့ကြပါတယ်။

သြဂုတ် ၆ ရက် ဒီကနေ့မနက်ပိုင်းမှာတော့ ချင်းရိုင်းခရိုင် ပညာရေးဌာနက ဦးစီးပြီး လူငယ် ၁၂ ဦးအား စာသင်ခန်းမှ ကြိုဆိုခြင်း အခမ်းအနား ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ တောဝက်လူငယ် ၁၂ ဦး တက်ရောက်နေတဲ့ စာသင်ကျောင်း ၇ ကျောင်းက ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားနဲ့ လူငယ် ၁၂ ဦးရဲ့ မိဘအုပ်ထိန်းသူတွေ တက်ရောက်ပြီး ခရိုင်နဲ့ ပညာရေးဌာန တာဝန်ရှိသူတွေက လူငယ်တွေကို ဆုံးမ အမှာစကားပြောကြားကာ ကလေးတွေကို သက်ဆိုင်ရာ ဆရာ ဆရာမထံ အပ်နှံပြီး ဒီကနေ့ပဲ ကျောင်းစတက်နေကြပြီ ဖြစ်ပါတယ်။

credit-dvb tv

Comments