စိတ္ေကာင္းရွိေသာ သူခိုး...



သူလိုသူခိုး

**********

Bus ကားေပၚကဆင္းၿပီးတဲ့အခ်ိန္မွာ သူ႕ရဲ႕ပိုက္ဆံအိတ္အခိုးခံလိုက္ရၿပီဆိုတာ သူသိလိုက္တယ္။

အိတ္ထဲမွာ အေရးႀကီးတာေတြေတာ့မပါပါဘူး … ပိုက္ဆံတစ္ေသာင္းခြဲေလာက္ရယ္ … သူ႕အေမဆီ ပို႕ဖို႕စာတစ္ေစာင္ပါတဲ့ စာအိတ္တစ္အိတ္ရယ္ပဲပါတယ္ …

စာထဲမွာေတာ့ “ကၽြန္ေတာ္အလုပ္ျဖဳတ္ခံလိုက္ရၿပီ … ဒါေၾကာင့္ဒီတစ္လ အေမ့ဆီပိုက္ဆံပို႕ႏိုင္မွာမဟုတ္ဘူး” ဆိုတာပဲေရးထားတာပါ …

သူ႕အိတ္ထဲမွာ အဲ့ဒီစာ ရွိေနတာ တစ္ပတ္ေလာက္ရွိၿပီ … သူ႕အေမစိတ္မေကာင္းျဖစ္မွာသိလို႕ မပို႕ျဖစ္ဘဲ ေသာင္တင္ေနတာပါ …

တစ္ေသာင္းခြဲဆိုတာေတာ့ မ်ားျပားလွတဲ့ေငြပမာဏမဟုတ္ေပမယ့္ ဒီလိုအလုပ္မရွိတဲ့အခ်ိန္မွာမိသားစုကို ျပန္ၾကည့္ေနရတဲ့ သူ႕အဖို႕ေတာ့ တစ္ေသာင္းခြဲဟာ တစ္သိန္းခြဲလိုပါပဲ …

ရက္အနည္းငယ္ ၾကာၿပီးတဲ့ေနာက္မွာ သူ႕အေမဆီက စာတစ္ေစာင္ေရာက္လာခဲ့တယ္ ..

သူပိုက္ဆံမပို႕လို႕ သူ႕အေမမ်ားေငြလိုေနၿပီလားဆိုၿပီး စိုးရိမ္သြားခဲ့ေပမယ့္ စာကိုဖတ္လိုက္ရတဲ့အခ်ိန္မွာေတာ့ သူထိတ္လန္႕သြားခဲ့တယ္ ..

စာထဲမွာ “ေက်းဇူးပါပဲသားရယ္ .. သားပို႕လိုက္တဲ့ ေငြငါးေသာင္းအေမရတယ္” လို႕ေရးထားတာပါ။

သူ႕အေမဆီဘယ္သူပိုက္ဆံပို႕လိုက္လဲဆိုတာ သူစဥ္းစားမရျဖစ္ေနခဲ့တယ္ ..

ရက္အခ်ိဳ႕ကုန္လြန္သြားၿပီးတဲ့အခါ သူ႕အေမဆီက ေနာက္ထပ္စာတစ္ေစာင္ေရာက္လာတယ္ ..

“သားေရ … အရမ္းေသးလြန္းတဲ့လက္ေရးနဲ႕စာတစ္ေစာင္ အေမ့ဆီေရာက္လာတယ္၊ ဒါေပမယ့္အေမ့မ်က္မွန္ကက်ိဳးေနေတာ့ မဖတ္ႏိုင္တာနဲ႕ သားဆီကိုျပန္ပို႕လိုက္တယ္”

သူဟာ စာကိုဖြင့္လိုက္တယ္၊ စာထဲမွာေရးထားတာက …“ငါမင္းပိုက္ဆံ တစ္ေသာင္းခြဲကို သံုးေသာင္းခြဲထပ္ေပါင္းၿပီးမင္းအေမဆီကိုပိုက္ဆံငါးေသာင္းပို႕ေပးလိုက္တယ္ …

တကယ္ေတာ့ အေမအားလံုးဟာ အေမပါပဲ … သူမ ဆာေလာင္မြတ္သိပ္ေနစရာအေၾကာင္းမရွိဘူးလို႕ငါထင္တယ္ …

ငါ့အေမသာရွိေနေသးရင္ ငါလည္း ငါ့အေမကို ဒီလိုျဖစ္ေစခ်င္မွာ မဟုတ္ဘူး ...

ဘာပဲျဖစ္ျဖစ္ မင္းတတ္နိုင္သမွ် အလုပ္ျမန္ျမန္ ရေအာင္ရွာၿပီး မင္းအေမကိုေစာင့္ေရွာက္ပါ …

(မင္းပိုက္ဆံအိတ္ကို ခိုးသြားတဲ့သူ)”

++++++++++++++++++++

♥ ေကာင္းတဲ့အလုပ္နဲ႕အသက္ေမြးတဲ့လူျဖစ္ျဖစ္၊ မေကာင္းတဲ့အလုပ္နဲ႕ အသက္ေမြးတဲ့လူျဖစ္ျဖစ္ အေမတစ္ေယာက္အေပၚမွာထားတဲ့ ခံစားခ်က္ကေတာ့ လူသားတိုင္း အၿမဲ အတူတူပါပဲ …

Credit •• ႏွလံုးသားအာဟာရ ရသစာစုေလးမ်ားမွ

===============

သူလိုသူခိုး

**********

Bus ကားပေါ်ကဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ်အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ်။

အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …

စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …

သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …

တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာမိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..

သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် ..

စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။

သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..

ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..

“သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့်အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”

သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …“ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီးမင်းအမေဆီကိုပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် …

တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် …

ငါ့အမေသာရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ...

ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …

(မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”

++++++++++++++++++++

♥ ကောင်းတဲ့အလုပ်နဲ့အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ …

Credit •• နှလုံးသားအာဟာရ ရသစာစုလေးများမှ

Comments