သိထားသင့္သည့္ ေရစက္ခ်ျခင္းအေၾကာင္း.....



သိထားသင့္သည့္ ေရစက္ခ်ျခင္းအေၾကာင္း

*********************

ဖတ္ၾကည့္ေနာ္…

သာသနာမွာ…

အလွဴတစ္ခုခုလုပ္တုိင္း ေရစက္ခ် ေရစက္ခ် ဆုိတဲ့စကားဟာအလြန္တြင္က်ယ္ေနတဲ့ စကားပါ။

အမ်ားတကာ နားယဥ္ႏႈတ္က်ဳိးလုိ႔ ရုိးေနတဲ့စကားပါ။

ေရစက္ခ်ပြဲ ေရစက္ခ်ပြဲနဲ႔ ဝမ္းေျမာက္ၾကည္ႏူးအားရဖြယ္ေကာင္းလွတဲ့ အလွဴပြဲေတြကုိလည္း မၾကာမၾကာေတြ႔ျမင္ ၾကားသိေနၾကရပါတယ္။

အလွဴဆုိရင္ ေရစက္ခ်ဟာ ပါဝင္တတ္ၾကစၿမဲပါ။

ေရစက္ခ်ပြဲကုိ အတုိခ်ဳံးေျပာရရင္.....

(၁)။အလွဴလုပ္တယ္။

(၂)။ဆုေတာင္းတယ္။

(၃)။အမ်ွေပးတယ္ ဒီသုံးမ်ဳိးပါပဲ။

ဒီ(၃)မ်ဳိးက ေရစက္မခ်ပဲလည္း ၿပီးေအာင္လုပ္လုိ႔ ျဖစ္ႏုိင္တဲ့အရာပါ။

ေရစက္ခ်တဲ့အခါ ပစၥည္း(၂)မ်ဳိးေတြ႔ရမယ္။

(၁)။ေရသြန္းခ်ေလာင္းထည့္ဖုိ႔ ေအာက္ခံခြက္(၁)လုံးရယ္။

(၂)။ကရားစသည္နဲ႔ထည့္ထားတဲ့ ေရစင္ ေရေအးရယ္ အဲဒီ( ၂ )မ်ဳိးပါ။

ေအာက္ခံခြက္ဆုိတာ…အလွဴခံ ကုိယ္စားျပဳတဲ့ ပစၥည္းပါ။

ဒါေၾကာင့္ အထူးသန္႔ရွင္းစင္ၾကယ္ဖုိ႔ လုိပါတယ္။

အေပၚက ကရားစတဲ့ခြက္ထဲမွာ ထည့္ထားတဲ့ ေရဆုိတာက…

လွဴဖြယ္ပစၥည္းကုိ ကုိယ္စားျပဳတဲ့ သက္ေသခံပစၥည္းပါ။

ဒါေၾကာင့္ အထူးသန္႔ရွင္းစင္ၾကယ္ရမယ္။

ၿပီးေတာ့…အေပၚခြက္ထဲက ေရဟာအလွဴရွင္ရဲ႕ သန္႔စင္မြန္ျမတ္ ေအးခ်မ္းတဲ့ စိတ္ေစတနာကုိလည္း ကုိယ္စားျပဳသက္ေသခံရတဲ့ ပစၥည္းပါ။

ဒါေၾကာင့္ ေရဟာ ၾကည္လင္ရမယ္။ေအးျမရမယ္။သန္႔ရွင္းရမယ္။

အလွဴစတဲ့ ကုသုိလ္လုပ္တုိင္း......

(၁)။သတိ သမာဓိနဲ႔ ေအးေအးေဆးေဆး ၿငိမ္ၿငိမ္သက္သက္လုပ္ရမယ္။

တည္တည္ၿငိမ္ၿငိမ္ စူးစူးစုိက္စုိက္ လုပ္ရမယ္။

စိတ္ပါလက္ပါ လုပ္ရမယ္။အထူးစိတ္ဝင္စားရမယ္။

ပူပူေလာင္ေလာင္ ျပာေလာင္ခတ္ ရႈပ္ယွက္ခတ္ မလုပ္ရဘူး။

သတိ သမာဓိဆုိတာ စိတ္ေပါက္ကုိဖာေပးတာ။

စိတ္စုတ္ကုိ ခ်ဳပ္ေပးတာ။

စိတ္ကုိ စင္ၾကယ္ေအာင္ ေဆးေၾကာေပးတာ။

စိတ္ေပါက္ကုိ မဖာရင္ တရားေတြ အေပါက္က ယုိက်ကုန္မွာေပါ့။

စိတ္ကုိ မေဆးေတာ့ အေကာင္းမရႏိုင္ဘူးေပါ့။

အေပါက္လည္းရွိ ဆီဂ်ီးေတြလည္း ေပးက်ံေနတဲ့ သံပုံးႀကီးထဲမွာ တြင္းထဲကန္ထဲက ေရကုိ ခပ္ထည့္ရင္ ထည့္သမ်ွ အေပါက္ကယုိက်မယ္။

မယုိေသးလုိ႔ က်န္ေနေသးတဲ့ေရကလည္း ဆီဂ်ီးေတြေရာေနေတာ့ေသာက္သုံးလုိ႔ေကာင္းမွာ မဟုတ္ဘူး။

သတိ သမာဓိမပါပဲ ကုသုိလ္လုပ္ရင္ ကုသုိလ္လုပ္တဲ့အခါ သတိ သမာဓိ အားနည္းရင္တကယ္အားကုိးရမယ့္ ကုသုိလ္စြမ္းအား တရားေတြ ယုိက်ကုန္မယ္။

က်န္ေနတာေတြကလည္း ကိေလသာဂ်ီးေတြ ေပက်ံေနလုိ႔ အသုံးဝင္မွာမဟုတ္ဘူး။

ဒါေၾကာင့္ သတိ သမာဓိနဲ႔ ေအးေအးေဆးေဆးတည္တည္ၿငိမ္ၿငိမ္ လုပ္ရမယ္။

ဒါမွ လုပ္သေလာက္ အရာေရာက္မွာေပါ့။

(၂)။ရွိတာကုိ အရွိအတုိင္း ျမင္ေအာင္ ၾကည့္ရႈတတ္ရမယ္။

အရွိကုိ အသိနဲ႔ အႏိုင္ယူႏိုင္တာဟာ လူရဲ႕ အဓိကစြမ္းအားပဲ။

ရွိတာကုိ သိမွ ကုသုိလ္ ျပည့္ဝမွာေပါ့။

(၃)။ကုန္သြားတာနဲ႔ ကုိယ့္မွာအားေတြ အျပည့္က်န္ေနခဲ့မယ္။

သာသနာေတာ္နည္းကေတာ့ ကုန္တာဟာ အားပဲ။

ဘာပဲကုန္ကုန္ ဉာဏ္နဲ႔အား တစ္ခုခုက်န္ေနခဲ့ေအာင္ဆြဲယူထားႏုိင္ရမယ္။

ဒါေၾကာင့္ ေရစက္ခ်တဲ့အခါ အေပၚခြက္ထဲမွာရွိတဲ့ေရစင္ေရေအးကုိ ေအာက္က ခြက္ထဲမွာ ၿငိမ္သက္ေသခ်ာ ေအးခ်မ္းစြာေလာင္းထည့့္ရမယ္။

ဒါဆုိ သဒၶါေဖြးျဖဴ ေမတၱာကူတဲ့ ကုိယ့္အလွဴ ေအာင္သြားၿပီပဲ။

ဆက္ၿပီး နိဗၺာန္ကုိ အထြဋ္ထား အနားကြပ္ကာ လုိရာဆုကုိ ေတာင္းၿပီး အမ်ွေပးေဝလုိက္ရုံေပါ့။

အမွန္ေတာ့ အလွဴဆုိတာ…

ဒါနံ ပရိစၥာဂ လကၡဏံလုိ႔ ဆုိထားတဲ့အတုိင္းကိုယ့္ပစၥည္းကုိ အလွဴခံပုဂၢဳိလ္လက္ထဲမွာ ေစတနာ(၃)တန္ၿခံရံၿပီးသဒၶါ ေမတၱာ ပညာစစ္စစ္နဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ စြန္႔ႀကဲလုိက္တဲ့သေဘာပါ။

ကုိယ္နဲ႔ပဲ စြန္႔စြန္႔၊ႏႈတ္နဲ႔ပဲ စြန္႔စြန္႔၊ ကုိယ္ႏႈတ္နဲ႔ပဲ စြန္႔စြန္႔ ၊ေစတနာျပတ္သားရင္ ဒါနေျမာက္သြားပါတယ္။

စြန္႔လုိက္ၿပီးတာနဲ႔ ေရစက္မခ်ေပမယ့္ အလွဴၿပီးေျမာက္သြားေတာ့ တာပါ။

စာေပက်မ္းဂန္ေတြမွာ အမ်ားအားျဖင့္ အလွဴရွင္၊အလွဴခံပုဂၢဳိလ္လက္ထက္ထဲမွာ ထည့္ၿပီး ဆက္ကပ္လွဴဒါန္းလုိ႔ မျဖစ္ႏုိင္တဲ့ေျမတုိ႔ ေက်ာင္းစတဲ့ အေဆာက္အဦးတုိ႔.....

သက္ရွိသတၱဝါ ႀကီးႀကီးတုိ႔လုိ ပစၥည္းမ်ားကုိ စြန္႔ႀကဲ လွဴဒါန္းၾကတဲ့အခါ သကၠစၥေျမာက္ေအာင္သက္ေသခံတဲ့ အေနနဲ႔ ေရစက္ခ်ၿပီး လွဴဒါန္းၾကတာကုိေတြ႔ရပါတယ္။

ဘုရားအေလာင္းေတာ္က ဆင္ကုိလွဴဒါန္းတဲ့အခါ ဆင္ႏွာေမာင္းကုိ အလွဴခံလက္ထဲထည့္ၿပီး အလွဴစိတ္ကုိ ကုိယ္စားျပဳတဲ့ ေအးျမၾကည္လင္သန္႔စင္တဲ့န႔ံသာရည္အနည္းငယ္ကုိ ကရားနဲ႔ယူၿပီး သြန္းေလာင္းသြန္ခ် လွဴဒါန္းတာကုိ ေတြ႔ရပါတယ္။

အလွဴခံရွိေနလုိ႔ ေအာက္ခံေရစက္ခြက္မပါေတာ့ဘူး။

ႏွာေမာင္းကုိ လက္ထဲထည့္လုိက္ရင္ဆင္တစ္ေကာင္လုံး လွဴရာေရာက္ေတာ့လွဴဖြယ္ကုိ ကုိယ္စားျပဳစရာလည္း မလုိေတာ့ဘူးေပါ့။

အလွဴစိတ္ကုိ ကုိယ္စားျပဳ သက္ေသခံရုံေလာက္ပဲ ေရသြန္းေလာင္း သြန္းခ်တဲ့သေဘာပါ။

ဘုရားအေလာင္းကပဲ ဇနီး သား သမီးကုိ လွဴဒါန္းတဲ့အခါ လွဴဖြယ္ဝတၳဳႏွင့္ အလွဴစိတ္ကုိ ကုိယ္စားျပဳတဲ့....

ေအးျမၾကည္လင္ သန္႔စင္တဲ့ နံ႔သာရည္အနည္းငယ္ကုိကရားနဲ႔ယူၿပီးအလွဴခံပုဂၢိဳလ္လက္ထဲမွာ ေလာင္းထည့္လုိက္တာကုိ ေတြ႔ရတယ္။

အလွဴခံရွိေနလုိ႔ ေအာက္ခံေရစက္ခြက္ မပါေတာ့ဘူး။

လွဴဖြယ္ဝတၳဳ ရွိေနေပမယ့္ အလွဴခံလက္ထဲထည့္လွဴလုိ႔ အဆင္မေျပေတာ့ေရကုိပဲ ကုိယ္စားျပဳ ထည့္လုိက္တာပါ။

ေရကလည္း အလွဴစိတ္ကုိပါ ကုိယ္စားျပဳ သက္ေသခံသြားတယ္။

ဗိမိၺသာရမင္းက ေဝဠဳဝန္ဥယ်ာဥ္ကုိ လွဴဒါန္းတဲ့အခါ အနာထပိဏ္သူေဌးက ေဇတဝန္ေက်ာင္းကုိ လွဴဒါန္းတဲ့ အခါမွာလည္း.....

လွဴဖြယ္ဝတၳဳႏွင့္ အလွဴစိတ္ကုိ ကုိယ္စားျပဳတဲ့ ေအးျမၾကည္လင္ သန္႔စင္တဲ့ နံ႔သာရည္ကုိ ေရႊကရားနဲ႔ျမတ္စြာဘုရားလက္ထဲမွာ ေလာင္းထည့္ၿပီး လွဴတာကုိ ေတြ႔ရတယ္။

လွဴဖြယ္ကုိ လက္ထဲထည့္ ဆက္ကပ္လုိ႔မွ မျဖစ္ႏုိင္တာကုိး။

ေရကုိအလွဴခံလက္ထဲမွာပဲ ေလာင္းေလာင္း ကုိယ္စားလည္ခြက္ထဲမွာပဲ ေလာင္းေလာင္း ေျမႀကီးေပၚမွာပဲ ေလာင္းေလာင္း သကၠစၥေျမာက္ပစၥည္းကုိ စြန္႔ႀကဲျခင္းကိစၥ ၿပီးေျမာက္ေအာင္ျမင္သြားဖုိ႔သာအဓိကပါ။

ရဟန္းေတာ္မ်ားနဲ႔ မအပ္စပ္တဲ့ ေရႊ ေငြကုိ လွဴတဲ့အခါ အလွဴခံလက္ထဲမွာ လွဴဖြယ္ပစၥည္းကုိ ထည့္ကပ္လုိ႔ မသင့္ေတာ္တာေၾကာင့္.....

ေရကုိ လွဴဖြယ္ဝတၳဳရဲ႕ ကုိယ္စားျပဳၿပီး အလွဴခံလက္ထဲမွာ ေရကုိ ေလာင္းထည့္လုိ႔ပဲ ျဖစ္ျဖစ္ ၊ခြက္ထဲမွာ ေရကုိေလာင္းထည့္လုိ႔ပဲျဖစ္ျဖစ္ ေျမႀကီးေပၚမွာ ေရကုိသြန္ခ်လုိ႔ပဲျဖစ္ျဖစ္ လွဴရင္ ျဖစ္တာပါပဲ။

ေရစက္မခ်ဘဲ ႏႈတ္နဲ႔အပ္စပ္ေအာင္ ေလ်ွာက္ထားၿပီး လွဴလုိက္ရင္လည္းအလွဴကိစၥ ၿပီးေျမာက္ သြားတာပါ။ႏႈတ္နဲ႔ စြန္႔ရင္လည္း စြန္႔တာပဲကုိး။

ကုိယ့္ေစတနာ တကယ္ျပတ္သားရင္ ေရတုိ႔ ခြက္တုိ႔နဲ႔သက္ေသ မခံပဲလည္း ၿပီးႏုိင္တာပါပဲ။

ရဟန္းေတာ္မ်ား ၾကာရွည္ထားၿပီး သုံးစြဲၾကမယ့္ မုန္႔ပုံးမ်ားေဖ်ာ္ရည္ဘူးတုိ႔ သၾကားတုိ႔စတဲ့ ပစၥည္းေတြကုိ လွဴတဲ့အခါမ်ဳိးရဟန္းေတာ္မ်ား ....

ကုိယ္လုိ႔မသင့္တဲ့ ဆန္တုိ႔ ဆီတုိ႔ ငါးပိငါးေျခာက္တုိ႔လုိ ပစၥည္းေတြကုိ လွဴတဲ့ အခါမ်ဳိးမွာလည္းပဲအလွဴခံ လက္ထဲ ကပ္လွဴလုိ႔ မသင့္ေတာ္တာေၾကာင့္ သကၠစၥေျမာက္ေအာင္ ေရစက္ခ်လွဴႏုိင္ပါတယ္။

ေရစက္မခ်ပဲ ႏႈတ္နဲ႔ေလ်ွာက္ၿပီး လွဴရင္လည္း အလွဴေျမာက္တာပါပဲ။

ညေနအခါမ်ဳိးမွာ စားေသာက္ဖြယ္ေတြကုိ ရဟန္းေတာ္မ်ားထံသြားလွဴတဲ့အခါမွာလည္းအလွဴခံလက္ထဲမွာ ကပ္လုိ႔ျဖစ္တဲ့ ပစၥည္းေပမယ့္ လွဴတဲ့အခ်ိန္ကပ္ရမယ့္အခ်ိန္ မဟုတ္တာေၾကာင့္ သကၠစၥေျမာက္ေအာင္ ေရစက္ခ် လွဴႏုိင္ပါတယ္။

ေရစက္မခ်ပဲ ႏႈတ္နဲ႔ေလ်ွာက္ထားၿပီးလွဴရင္လည္း အလွဴေျမာက္ပါတယ္။

ေစတနာ(၃)တန္ ျပတ္သားရင္ ၿပီးတာပါပဲ။

အတုိခ်ဳပ္ကေတာ့…

အလွဴခံလက္ထဲမွာ ထည့္လွဴလုိ႔မျဖစ္တဲ့ ပစၥည္းအားလုံးကုိလွဴတဲ့အခါေရကုိ ကိုယ္စားလည္ အျဖစ္ထားၿပီး ေရစက္ခ် လွဴဒါန္းႏုိင္ပါတယ္။

ေရစက္မခ်ပဲ ႏႈတ္နဲ႔ေျပာဆုိ လွဴဒါန္းရင္လည္း အလွဴေျမာက္ပါတယ္။

အလွဴခံလက္ထဲမွာ ခ်က္ခ်င္း ထည့္လွဴလုိ႔ျဖစ္တဲ့ ပစၥည္းမ်ဳိးကုိ လွဴတဲ့အခါရဟန္းေတာ္မ်ား ခ်က္ခ်င္း စားေသာက္ သုံးစြဲမယ့္ ဆြမ္း ေဆးသစ္သီး ေဖ်ာ္ရည္တုိ႔လုိ ပစၥည္းမ်ဳိးကုိ လွဴတဲ့အခါမွာေတာ့ေရစက္မခ်ေပမယ့္ အလွဴခံလက္ထဲ ပစၥည္းေရာက္သြားတာနဲ႔ အလွဴခံေျမာက္သြားတာပါ။

ရဟန္းသာမေဏအခ်င္းခ်င္း သကၤန္း၊စာအုပ္ ၊ခဲတံတုိ႔လုိ ပစၥည္းလွဴတဲ့အခါမ်ဳိးဒကာ ဒကာမမ်ားက သံဃာေတာ္မ်ားအား ဆြမး္ခဲဖြယ္ ေလာင္းလွဴတဲ့အခါမ်ဳိးဘယ္သူက ဘယ္သူ႔အတြက္ပဲျဖစ္ျဖစ္ရုတ္တရက္ ေရွာင္တခင္ သဒၶါတရားေပၚေပါက္လာလုိ႔ လွဴတဲ့အခါမ်ဳိးေတြမွာ ေရစက္မခ်ၾကေတာ့ပါဘူး။

ေရစက္မခ်လည္း ၿပီးေနၿပီပဲ။

နိဗၺာန္ဦးတည္ၿပီး ကုိယ့္ပစၥည္းကုိ အလွဴခံလက္ထဲ စြန္႔ႀကဲလုိက္တဲ့ အခ်ိန္ကစလုိ႔ အလွဴက ၿပီးေျမာက္ ေအာင္ျမင္သြားၿပီကုိး။

ယခုကာလမွာေတာ့ ဘယ္လုိပစၥည္းကုိပဲလွဴလွဴေအးေအးေဆးေဆး အခ်ိန္မ်ားမ်ားယူၿပီး လွဴၾကတဲ့အခါ ေရစက္ခ်လွဴၾကတယ္။

ေရစက္ခ်ပြဲလုပ္ၾကတယ္။ အခ်ိန္မ်ားမ်ားမေပးႏုိင္လုိ႔ ခပ္သုတ္သုတ္ ခပ္ျမန္ျမန္ လွဴတဲ့အခါေရစက္မခ်ၾကေတာ့ဘူး။

ဉာဏ္နဲ႔ နိဗၺာန္ဦးတည္ၿပီး ကုိယ္နဲ႔ျဖစ္ျဖစ္ ႏႈတ္နဲ႔ျဖစ္ျဖစ္ လွဴလုိက္ၾကတယ္။အလွဴၿပီးေျမာက္ေအာင္တာပါပဲ။

ဘာပဲျဖစ္ျဖစ္ ေရစက္ခ်လွဴၾကတာဟာလည္း သကၠစၥေျမာက္ ရုိေသေလးစားတန္ဖုိးထားၿပီး ျမတ္ျမတ္ႏုိးႏုိးလွဴတဲ့သေဘာကုိ ေဆာင္ေနတာလည္းျဖစ္၊အလွဴပြဲရဲ႕သက္ေသသေဘာကုိ ေဆာင္ေနတာလည္းျဖစ္လုိ႔ အလြန္ေကာင္းတဲ့ နည္းစနစ္ျဖစ္ပါတယ္။

ဉာဏ္ေတာ့ပါဖုိ႔ လုိမွာေပါ့ေနာ္…

အလွဴၿပီးေျမာက္သြားေပမယ့္ ေရစက္ခ်ပြဲ ျပန္လုပ္ေတာ့ အပရေစတနာ ျပန္ပြားတာေပါ့။ကုိယ့္ကုသုိလ္ကုိ သူမ်ားက သာဓုေခၚရေတာ့ ကုသုိလ္ေတြ အမ်ားႀကီး ျပန္တုိးရပါတယ္။

ၿပီးေတာ့ ကုသုိလ္ျပဳဖက္ ဘဝေရစက္ဆုံသူေတြ နိဗၺာန္ထိအတူသြားရမယ့္ ပါရမီ ျဖည့္ဖက္ ခရီးသြားေဖာ္ေတြလည္း ထပ္တုိးတာေပါ့။

ေရစက္ခ်တာဟာ အလွဴေျမာက္ေအာင္ ခ်တာ မဟုတ္ပါဘူး။သကၠစၥသေဘာသက္ေသသေဘာသာ ျဖစ္ပါတယ္။ ေစတနာ ထက္သန္စြာနဲ႔ စြန္႔ၿပီးတဲ့အခ်ိန္ကစ အလွဴေျမာက္ၿပီးသားပါ။

ေရစက္မခ်ရေသးလုိ႔ ငါ့အလွဴမေအာင္ေသးဘူး၊ ေရစက္မခ်ရေသးရင္ အေသေျဖာင့္မွာ မဟုတ္ဘူးလုိ႔ေရစက္ခ်ကိစၥကုိ စိတ္ထဲစြဲေနဖုိ႔ မလုိပါဘူး။

စြဲေနရမယ့္ကိစၥလည္း မဟုတ္ပါဘူး။စုေပါင္းေရစက္ခ်ပြဲေတြ က်င္းပျပဳလုပ္ၾကတဲ့ အခါတစ္ခ်ဳိ႕က မကုိင္ရဘူး။

ေရစက္ခြက္ မကုိင္ရသူေတြက ငါ့အလွဴေအာင္မွာ မဟုတ္ဘူးလုိ႔ မစြဲသင့္ပါဘူး။ ေရစက္မခ်ပဲ ကုိယ့္အလွဴ ေအာင္ေနၿပီပဲ။

ယခုကာလ ေရစက္ခ်ပဲြေတြမွာ အမ်ားအားျဖင့္ အလွဴခံရဟန္း ကုိယ္တုိင္ျဖစ္ေစ၊အလွဴခံမ်ားကုိယ္စား ရဟန္းေတာ္တစ္ပါးပါးကျဖစ္ေစ၊ေရွ႕ကတုိင္ၿပီး ခ်ေပးသမ်ွ လွဴပုံ ဆုေတာင္းပုံ၊ အမ်ွေဝပုံအားလုံးကုိ အလွဴရွင္မ်ားက လုိက္ဆုိေနၾကရတာကပဲ မ်ားပါတယ္။

ေရွ႕က ခ်ေပးလုိက္ ေနာက္က လုိက္ဆုိလုိက္နဲ႔ လုိက္ဆုိေနရင္းမွာ လက္ကလဲ ေရစက္ခ်ေနရတယ္။ တစ္ခ်ဳိ႕လက္ထဲကခြက္ လြတ္က်သြားတယ္။

တစ္ခ်ဳိ႕လည္း ေရစက္ခ်လုိက္ဆုိလုိ႔ မၿပီးမီ ေရကုန္သြားလုိ႔ ေရျပန္ထည့္ရတယ္။စိတ္တည္ၿငိမ္တဲ့ သေဘာမရွိဘူး။ တစ္စက္ျခင္းခ်ေနရလုိ႔ လက္ေညာင္းလာတတ္တယ္။

အေရးႀကီးတာက လွဴေနစဥ္ စိတ္ဓာတ္ၿငိမ္သက္ၿငိမ္းခ်မ္းၿပီး ဉာဏ္ပြင့္လင္းေနဖုိ႔ပါပဲ။ကုိယ့္ဟာကုိယ္ လုပ္တတ္ရင္လည္း ကုိယ့္ဟာကုိယ္ပဲ ခြက္ထဲမွာ ေရကုိတစ္ခါတည္း ေလာင္းခ်လုိက္ျပီး ဆုေတာင္းအမ်ွေပး လုိက္ရုံပဲ။

ေရေလာင္းတဲ့အခ်ိန္မွာေတာ့ ႏႈတ္ကမဆုိေပမယ့္ စိတ္ကညြတ္ရင္ ၿပီးသြားတာပါ။

ၿပီးေတာ့ တစ္ခ်ဳိ႕က ကုိယ့္ဟာကုိယ္ လုပ္ထားခဲ့တဲ့ အလွဴတစ္ခုခုကုိရဟန္းတစ္ပါးပါးႏွင့္ ေတြ႔ရတဲ့အခါ စာရြက္ထဲ အလွဴစာရင္းေတြေရးၿပီး ဒါေလးကုိ ေရစက္ခ်ေပးပါဘုရားလုိ႔ေရစက္ခ်ေပးဖုိ႔ ေလ်ွာက္တတ္တာေတြ မၾကာမၾကာေတြ႔ရဘူးတယ္။

ရဟန္းပါးစပ္ထဲထည့္ဆုိလုိက္မွ အလွဴဟာ တရားဝင္ၿပီးေျမာက္တယ္လုိ႔ ထင္ထားပုံလည္း ေပၚပါတယ္။

အမွန္ေတာ့ ေရစက္ခ်တာဟာ…အလွဴခံရဟန္းရဲ႕အလုပ္မဟုတ္ပါဘူး။ အလွဴရွင္ရဲ႕ အလုပ္သာ ျဖစ္ပါတယ္။အလွဴရွင္ကုိယ္တုိင္ လုပ္ရမယ့္ အလုပ္ပါ။

ရဟန္းေတာ္မ်ားက ေရွ႕ကခ်ေပးတယ္ဆုိတာက အလွဴရွင္မ်ားျဖစ္သင့္တဲ့အရာ ျဖစ္ေစခ်င္တဲ့ အရာေတြကုိ မွန္ကန္ျပည့္စုံေအာင္ လမ္းေၾကာင္းခင္းေပးျခင္းသာ ျဖစ္ပါတယ္။

အလွဴရွင္ရဲ႕ အလွဴအတြက္ အက်ဳိးေဆာင္ေရွ႕ေနလုပ္ေပးတာ မဟုတ္ပါဘူး။ တရားေဟာေပးတာဟာလည္း သိသင့္တာ သိဖုိ႔ပါ။

ေရွ႕က ဆရာေတာ္တစ္ပါးပါး ခ်ေပးတာကုိ ေနာက္ကလုိက္ဆုိရရင္လည္း လုိက္မဆုိမီမွာျဖစ္ျဖစ္၊ လုိက္ဆုိေနတုန္း အလွဴပုိင္းေရာက္လာရင္ပဲျဖစ္ျဖစ္ အားလုံးဆုိၿပီးမွပဲျဖစ္ျဖစ္ေရကုိတစ္ခါတည္း ခြက္ထဲေလာင္းထည့္လုိက္ရင္ ၿပီးတာပါပဲ။

ေရစက္မခ်ပဲေတာင္ အလွဴက ေျမာက္ေနၿပီးသားပါ။ယခုကာလမွာ လွဴဖြယ္ကပ္လွဴၿပီးမွ ေရစက္ခ်တာကမ်ားပါတယ္။

ေရဆုိတာ သက္ေသခံ ကိုယ္စားလည္ ေလာက္ပဲဆုိေတာ့ တကူးတက ေရအေပၚ အခ်ိန္ကုန္အပင္ခန္းခံၿပီး ေၾကာင့္ၾကစုိက္ဖုိ႔ မလုိပါဘူး။

မူလလွဴဖြယ္ ပစၥည္းကုိေတာင္ အၾကာႀကီး ကုိင္မထားပဲနဲ႔ကုိယ္စားလည္ပစၥည္းျဖစ္တဲ့ ေရထည့္ထားတဲ့ခြက္ကုိ အေညာင္းခံၿပီး အၾကာႀကီးကုိင္ထားဖုိ႔လည္း မလုိပါဘူး။

လွဴေနဆဲအခ်ိန္မွာ…

အလွဴခံ ၊ လွဴဖြယ္ဝတၳဳ အလွဴေစတနာအေပၚ စူးစုိက္တည္ၿငိမ္ ေအးခ်မ္းၿပီး ၾကည္လင္ၿပီးေအာင္ပြဲတစ္ခုအျဖစ္ ေက်နပ္သြားဖုိ႔သာ ပဓာနပါ။

နိဗၺာန္ေရာက္သည္ထိ သံသရာတစ္ေလွ်ာက္၊ဘယ္ေတာ့မွ မေလ်ာ့ႏုိင္ မကုန္ႏုိင္ေအာင္ ပုိင္ေတာ့မွာျဖစ္တဲ့ ကုိယ္ပုိင္အစစ္ျဖစ္သြားပါၿပီ။ ဒါမွပဲ စိတ္ေအးရမယ္။

တိပိဋကဓရ - ဓမၼဘ႑ာဂါရိက ေယာ ဆရာေတာ္ႀကီး။

Credit

ေမတၱာျဖင့္…အရွင္ပုည( ဝကုန္း )

=================

သိထားသင့်သည့် ရေစက်ချခြင်းအကြောင်း

*********************

ဖတ်ကြည့်နော်…

သာသနာမှာ…

အလှူတစ်ခုခုလုပ်တိုင်း ရေစက်ချ ရေစက်ချ ဆိုတဲ့စကားဟာအလွန်တွင်ကျယ်နေတဲ့ စကားပါ။

အများတကာ နားယဉ်နှုတ်ကျိုးလို့ ရိုးနေတဲ့စကားပါ။

ရေစက်ချပွဲ ရေစက်ချပွဲနဲ့ ဝမ်းမြောက်ကြည်နူးအားရဖွယ်ကောင်းလှတဲ့ အလှူပွဲတွေကိုလည်း မကြာမကြာတွေ့မြင် ကြားသိနေကြရပါတယ်။

အလှူဆိုရင် ရေစက်ချဟာ ပါဝင်တတ်ကြစမြဲပါ။

ရေစက်ချပွဲကို အတိုချုံးပြောရရင်.....

(၁)။အလှူလုပ်တယ်။

(၂)။ဆုတောင်းတယ်။

(၃)။အမျှပေးတယ် ဒီသုံးမျိုးပါပဲ။

ဒီ(၃)မျိုးက ရေစက်မချပဲလည်း ပြီးအောင်လုပ်လို့ ဖြစ်နိုင်တဲ့အရာပါ။

ရေစက်ချတဲ့အခါ ပစ္စည်း(၂)မျိုးတွေ့ရမယ်။

(၁)။ရေသွန်းချလောင်းထည့်ဖို့ အောက်ခံခွက်(၁)လုံးရယ်။

(၂)။ကရားစသည်နဲ့ထည့်ထားတဲ့ ရေစင် ရေအေးရယ် အဲဒီ( ၂ )မျိုးပါ။

အောက်ခံခွက်ဆိုတာ…အလှူခံ ကိုယ်စားပြုတဲ့ ပစ္စည်းပါ။

ဒါကြောင့် အထူးသန့်ရှင်းစင်ကြယ်ဖို့ လိုပါတယ်။

အပေါ်က ကရားစတဲ့ခွက်ထဲမှာ ထည့်ထားတဲ့ ရေဆိုတာက…

လှူဖွယ်ပစ္စည်းကို ကိုယ်စားပြုတဲ့ သက်သေခံပစ္စည်းပါ။

ဒါကြောင့် အထူးသန့်ရှင်းစင်ကြယ်ရမယ်။

ပြီးတော့…အပေါ်ခွက်ထဲက ရေဟာအလှူရှင်ရဲ့ သန့်စင်မွန်မြတ် အေးချမ်းတဲ့ စိတ်စေတနာကိုလည်း ကိုယ်စားပြုသက်သေခံရတဲ့ ပစ္စည်းပါ။

ဒါကြောင့် ရေဟာ ကြည်လင်ရမယ်။အေးမြရမယ်။သန့်ရှင်းရမယ်။

အလှူစတဲ့ ကုသိုလ်လုပ်တိုင်း......

(၁)။သတိ သမာဓိနဲ့ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်လုပ်ရမယ်။

တည်တည်ငြိမ်ငြိမ် စူးစူးစိုက်စိုက် လုပ်ရမယ်။

စိတ်ပါလက်ပါ လုပ်ရမယ်။အထူးစိတ်ဝင်စားရမယ်။

ပူပူလောင်လောင် ပြာလောင်ခတ် ရှုပ်ယှက်ခတ် မလုပ်ရဘူး။

သတိ သမာဓိဆိုတာ စိတ်ပေါက်ကိုဖာပေးတာ။

စိတ်စုတ်ကို ချုပ်ပေးတာ။

စိတ်ကို စင်ကြယ်အောင် ဆေးကြောပေးတာ။

စိတ်ပေါက်ကို မဖာရင် တရားတွေ အပေါက်က ယိုကျကုန်မှာပေါ့။

စိတ်ကို မဆေးတော့ အကောင်းမရနိုင်ဘူးပေါ့။

အပေါက်လည်းရှိ ဆီဂျီးတွေလည်း ပေးကျံနေတဲ့ သံပုံးကြီးထဲမှာ တွင်းထဲကန်ထဲက ရေကို ခပ်ထည့်ရင် ထည့်သမျှ အပေါက်ကယိုကျမယ်။

မယိုသေးလို့ ကျန်နေသေးတဲ့ရေကလည်း ဆီဂျီးတွေရောနေတော့သောက်သုံးလို့ကောင်းမှာ မဟုတ်ဘူး။

သတိ သမာဓိမပါပဲ ကုသိုလ်လုပ်ရင် ကုသိုလ်လုပ်တဲ့အခါ သတိ သမာဓိ အားနည်းရင်တကယ်အားကိုးရမယ့် ကုသိုလ်စွမ်းအား တရားတွေ ယိုကျကုန်မယ်။

ကျန်နေတာတွေကလည်း ကိလေသာဂျီးတွေ ပေကျံနေလို့ အသုံးဝင်မှာမဟုတ်ဘူး။

ဒါကြောင့် သတိ သမာဓိနဲ့ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် လုပ်ရမယ်။

ဒါမှ လုပ်သလောက် အရာရောက်မှာပေါ့။

(၂)။ရှိတာကို အရှိအတိုင်း မြင်အောင် ကြည့်ရှုတတ်ရမယ်။

အရှိကို အသိနဲ့ အနိုင်ယူနိုင်တာဟာ လူရဲ့ အဓိကစွမ်းအားပဲ။

ရှိတာကို သိမှ ကုသိုလ် ပြည့်ဝမှာပေါ့။

(၃)။ကုန်သွားတာနဲ့ ကိုယ့်မှာအားတွေ အပြည့်ကျန်နေခဲ့မယ်။

သာသနာတော်နည်းကတော့ ကုန်တာဟာ အားပဲ။

ဘာပဲကုန်ကုန် ဉာဏ်နဲ့အား တစ်ခုခုကျန်နေခဲ့အောင်ဆွဲယူထားနိုင်ရမယ်။

ဒါကြောင့် ရေစက်ချတဲ့အခါ အပေါ်ခွက်ထဲမှာရှိတဲ့ရေစင်ရေအေးကို အောက်က ခွက်ထဲမှာ ငြိမ်သက်သေချာ အေးချမ်းစွာလောင်းထည့့်ရမယ်။

ဒါဆို သဒ္ဓါဖွေးဖြူ မေတ္တာကူတဲ့ ကိုယ့်အလှူ အောင်သွားပြီပဲ။

ဆက်ပြီး နိဗ္ဗာန်ကို အထွဋ်ထား အနားကွပ်ကာ လိုရာဆုကို တောင်းပြီး အမျှပေးဝေလိုက်ရုံပေါ့။

အမှန်တော့ အလှူဆိုတာ…

ဒါနံ ပရိစ္စာဂ လက္ခဏံလို့ ဆိုထားတဲ့အတိုင်းကိုယ့်ပစ္စည်းကို အလှူခံပုဂ္ဂိုလ်လက်ထဲမှာ စေတနာ(၃)တန်ခြံရံပြီးသဒ္ဓါ မေတ္တာ ပညာစစ်စစ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလိုက်တဲ့သဘောပါ။

ကိုယ်နဲ့ပဲ စွန့်စွန့်၊နှုတ်နဲ့ပဲ စွန့်စွန့်၊ ကိုယ်နှုတ်နဲ့ပဲ စွန့်စွန့် ၊စေတနာပြတ်သားရင် ဒါနမြောက်သွားပါတယ်။

စွန့်လိုက်ပြီးတာနဲ့ ရေစက်မချပေမယ့် အလှူပြီးမြောက်သွားတော့ တာပါ။

စာပေကျမ်းဂန်တွေမှာ အများအားဖြင့် အလှူရှင်၊အလှူခံပုဂ္ဂိုလ်လက်ထက်ထဲမှာ ထည့်ပြီး ဆက်ကပ်လှူဒါန်းလို့ မဖြစ်နိုင်တဲ့မြေတို့ ကျောင်းစတဲ့ အဆောက်အဦးတို့.....

သက်ရှိသတ္တဝါ ကြီးကြီးတို့လို ပစ္စည်းများကို စွန့်ကြဲ လှူဒါန်းကြတဲ့အခါ သက္ကစ္စမြောက်အောင်သက်သေခံတဲ့ အနေနဲ့ ရေစက်ချပြီး လှူဒါန်းကြတာကိုတွေ့ရပါတယ်။

ဘုရားအလောင်းတော်က ဆင်ကိုလှူဒါန်းတဲ့အခါ ဆင်နှာမောင်းကို အလှူခံလက်ထဲထည့်ပြီး အလှူစိတ်ကို ကိုယ်စားပြုတဲ့ အေးမြကြည်လင်သန့်စင်တဲ့န့ံသာရည်အနည်းငယ်ကို ကရားနဲ့ယူပြီး သွန်းလောင်းသွန်ချ လှူဒါန်းတာကို တွေ့ရပါတယ်။

အလှူခံရှိနေလို့ အောက်ခံရေစက်ခွက်မပါတော့ဘူး။

နှာမောင်းကို လက်ထဲထည့်လိုက်ရင်ဆင်တစ်ကောင်လုံး လှူရာရောက်တော့လှူဖွယ်ကို ကိုယ်စားပြုစရာလည်း မလိုတော့ဘူးပေါ့။

အလှူစိတ်ကို ကိုယ်စားပြု သက်သေခံရုံလောက်ပဲ ရေသွန်းလောင်း သွန်းချတဲ့သဘောပါ။

ဘုရားအလောင်းကပဲ ဇနီး သား သမီးကို လှူဒါန်းတဲ့အခါ လှူဖွယ်ဝတ္ထုနှင့် အလှူစိတ်ကို ကိုယ်စားပြုတဲ့....

အေးမြကြည်လင် သန့်စင်တဲ့ နံ့သာရည်အနည်းငယ်ကိုကရားနဲ့ယူပြီးအလှူခံပုဂ္ဂိုလ်လက်ထဲမှာ လောင်းထည့်လိုက်တာကို တွေ့ရတယ်။

အလှူခံရှိနေလို့ အောက်ခံရေစက်ခွက် မပါတော့ဘူး။

လှူဖွယ်ဝတ္ထု ရှိနေပေမယ့် အလှူခံလက်ထဲထည့်လှူလို့ အဆင်မပြေတော့ရေကိုပဲ ကိုယ်စားပြု ထည့်လိုက်တာပါ။

ရေကလည်း အလှူစိတ်ကိုပါ ကိုယ်စားပြု သက်သေခံသွားတယ်။

ဗိမ္ဗိသာရမင်းက ဝေဠုဝန်ဥယျာဉ်ကို လှူဒါန်းတဲ့အခါ အနာထပိဏ်သူဌေးက ဇေတဝန်ကျောင်းကို လှူဒါန်းတဲ့ အခါမှာလည်း.....

လှူဖွယ်ဝတ္ထုနှင့် အလှူစိတ်ကို ကိုယ်စားပြုတဲ့ အေးမြကြည်လင် သန့်စင်တဲ့ နံ့သာရည်ကို ရွှေကရားနဲ့မြတ်စွာဘုရားလက်ထဲမှာ လောင်းထည့်ပြီး လှူတာကို တွေ့ရတယ်။

လှူဖွယ်ကို လက်ထဲထည့် ဆက်ကပ်လို့မှ မဖြစ်နိုင်တာကိုး။

ရေကိုအလှူခံလက်ထဲမှာပဲ လောင်းလောင်း ကိုယ်စားလည်ခွက်ထဲမှာပဲ လောင်းလောင်း မြေကြီးပေါ်မှာပဲ လောင်းလောင်း သက္ကစ္စမြောက်ပစ္စည်းကို စွန့်ကြဲခြင်းကိစ္စ ပြီးမြောက်အောင်မြင်သွားဖို့သာအဓိကပါ။

ရဟန်းတော်များနဲ့ မအပ်စပ်တဲ့ ရွှေ ငွေကို လှူတဲ့အခါ အလှူခံလက်ထဲမှာ လှူဖွယ်ပစ္စည်းကို ထည့်ကပ်လို့ မသင့်တော်တာကြောင့်.....

ရေကို လှူဖွယ်ဝတ္ထုရဲ့ ကိုယ်စားပြုပြီး အလှူခံလက်ထဲမှာ ရေကို လောင်းထည့်လို့ပဲ ဖြစ်ဖြစ် ၊ခွက်ထဲမှာ ရေကိုလောင်းထည့်လို့ပဲဖြစ်ဖြစ် မြေကြီးပေါ်မှာ ရေကိုသွန်ချလို့ပဲဖြစ်ဖြစ် လှူရင် ဖြစ်တာပါပဲ။

ရေစက်မချဘဲ နှုတ်နဲ့အပ်စပ်အောင် လျှောက်ထားပြီး လှူလိုက်ရင်လည်းအလှူကိစ္စ ပြီးမြောက် သွားတာပါ။နှုတ်နဲ့ စွန့်ရင်လည်း စွန့်တာပဲကိုး။

ကိုယ့်စေတနာ တကယ်ပြတ်သားရင် ရေတို့ ခွက်တို့နဲ့သက်သေ မခံပဲလည်း ပြီးနိုင်တာပါပဲ။

ရဟန်းတော်များ ကြာရှည်ထားပြီး သုံးစွဲကြမယ့် မုန့်ပုံးများဖျော်ရည်ဘူးတို့ သကြားတို့စတဲ့ ပစ္စည်းတွေကို လှူတဲ့အခါမျိုးရဟန်းတော်များ ....

ကိုယ်လို့မသင့်တဲ့ ဆန်တို့ ဆီတို့ ငါးပိငါးခြောက်တို့လို ပစ္စည်းတွေကို လှူတဲ့ အခါမျိုးမှာလည်းပဲအလှူခံ လက်ထဲ ကပ်လှူလို့ မသင့်တော်တာကြောင့် သက္ကစ္စမြောက်အောင် ရေစက်ချလှူနိုင်ပါတယ်။

ရေစက်မချပဲ နှုတ်နဲ့လျှောက်ပြီး လှူရင်လည်း အလှူမြောက်တာပါပဲ။

ညနေအခါမျိုးမှာ စားသောက်ဖွယ်တွေကို ရဟန်းတော်များထံသွားလှူတဲ့အခါမှာလည်းအလှူခံလက်ထဲမှာ ကပ်လို့ဖြစ်တဲ့ ပစ္စည်းပေမယ့် လှူတဲ့အချိန်ကပ်ရမယ့်အချိန် မဟုတ်တာကြောင့် သက္ကစ္စမြောက်အောင် ရေစက်ချ လှူနိုင်ပါတယ်။

ရေစက်မချပဲ နှုတ်နဲ့လျှောက်ထားပြီးလှူရင်လည်း အလှူမြောက်ပါတယ်။

စေတနာ(၃)တန် ပြတ်သားရင် ပြီးတာပါပဲ။

အတိုချုပ်ကတော့…

အလှူခံလက်ထဲမှာ ထည့်လှူလို့မဖြစ်တဲ့ ပစ္စည်းအားလုံးကိုလှူတဲ့အခါရေကို ကိုယ်စားလည် အဖြစ်ထားပြီး ရေစက်ချ လှူဒါန်းနိုင်ပါတယ်။

ရေစက်မချပဲ နှုတ်နဲ့ပြောဆို လှူဒါန်းရင်လည်း အလှူမြောက်ပါတယ်။

အလှူခံလက်ထဲမှာ ချက်ချင်း ထည့်လှူလို့ဖြစ်တဲ့ ပစ္စည်းမျိုးကို လှူတဲ့အခါရဟန်းတော်များ ချက်ချင်း စားသောက် သုံးစွဲမယ့် ဆွမ်း ဆေးသစ်သီး ဖျော်ရည်တို့လို ပစ္စည်းမျိုးကို လှူတဲ့အခါမှာတော့ရေစက်မချပေမယ့် အလှူခံလက်ထဲ ပစ္စည်းရောက်သွားတာနဲ့ အလှူခံမြောက်သွားတာပါ။

ရဟန်းသာမဏေအချင်းချင်း သင်္ကန်း၊စာအုပ် ၊ခဲတံတို့လို ပစ္စည်းလှူတဲ့အခါမျိုးဒကာ ဒကာမများက သံဃာတော်များအား ဆွမး်ခဲဖွယ် လောင်းလှူတဲ့အခါမျိုးဘယ်သူက ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်ရုတ်တရက် ရှောင်တခင် သဒ္ဓါတရားပေါ်ပေါက်လာလို့ လှူတဲ့အခါမျိုးတွေမှာ ရေစက်မချကြတော့ပါဘူး။

ရေစက်မချလည်း ပြီးနေပြီပဲ။

နိဗ္ဗာန်ဦးတည်ပြီး ကိုယ့်ပစ္စည်းကို အလှူခံလက်ထဲ စွန့်ကြဲလိုက်တဲ့ အချိန်ကစလို့ အလှူက ပြီးမြောက် အောင်မြင်သွားပြီကိုး။

ယခုကာလမှာတော့ ဘယ်လိုပစ္စည်းကိုပဲလှူလှူအေးအေးဆေးဆေး အချိန်များများယူပြီး လှူကြတဲ့အခါ ရေစက်ချလှူကြတယ်။

ရေစက်ချပွဲလုပ်ကြတယ်။ အချိန်များများမပေးနိုင်လို့ ခပ်သုတ်သုတ် ခပ်မြန်မြန် လှူတဲ့အခါရေစက်မချကြတော့ဘူး။

ဉာဏ်နဲ့ နိဗ္ဗာန်ဦးတည်ပြီး ကိုယ်နဲ့ဖြစ်ဖြစ် နှုတ်နဲ့ဖြစ်ဖြစ် လှူလိုက်ကြတယ်။အလှူပြီးမြောက်အောင်တာပါပဲ။

ဘာပဲဖြစ်ဖြစ် ရေစက်ချလှူကြတာဟာလည်း သက္ကစ္စမြောက် ရိုသေလေးစားတန်ဖိုးထားပြီး မြတ်မြတ်နိုးနိုးလှူတဲ့သဘောကို ဆောင်နေတာလည်းဖြစ်၊အလှူပွဲရဲ့သက်သေသဘောကို ဆောင်နေတာလည်းဖြစ်လို့ အလွန်ကောင်းတဲ့ နည်းစနစ်ဖြစ်ပါတယ်။

ဉာဏ်တော့ပါဖို့ လိုမှာပေါ့နော်…

အလှူပြီးမြောက်သွားပေမယ့် ရေစက်ချပွဲ ပြန်လုပ်တော့ အပရစေတနာ ပြန်ပွားတာပေါ့။ကိုယ့်ကုသိုလ်ကို သူများက သာဓုခေါ်ရတော့ ကုသိုလ်တွေ အများကြီး ပြန်တိုးရပါတယ်။

ပြီးတော့ ကုသိုလ်ပြုဖက် ဘဝရေစက်ဆုံသူတွေ နိဗ္ဗာန်ထိအတူသွားရမယ့် ပါရမီ ဖြည့်ဖက် ခရီးသွားဖော်တွေလည်း ထပ်တိုးတာပေါ့။

ရေစက်ချတာဟာ အလှူမြောက်အောင် ချတာ မဟုတ်ပါဘူး။သက္ကစ္စသဘောသက်သေသဘောသာ ဖြစ်ပါတယ်။ စေတနာ ထက်သန်စွာနဲ့ စွန့်ပြီးတဲ့အချိန်ကစ အလှူမြောက်ပြီးသားပါ။

ရေစက်မချရသေးလို့ ငါ့အလှူမအောင်သေးဘူး၊ ရေစက်မချရသေးရင် အသေဖြောင့်မှာ မဟုတ်ဘူးလို့ရေစက်ချကိစ္စကို စိတ်ထဲစွဲနေဖို့ မလိုပါဘူး။

စွဲနေရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။စုပေါင်းရေစက်ချပွဲတွေ ကျင်းပပြုလုပ်ကြတဲ့ အခါတစ်ချို့က မကိုင်ရဘူး။

ရေစက်ခွက် မကိုင်ရသူတွေက ငါ့အလှူအောင်မှာ မဟုတ်ဘူးလို့ မစွဲသင့်ပါဘူး။ ရေစက်မချပဲ ကိုယ့်အလှူ အောင်နေပြီပဲ။

ယခုကာလ ရေစက်ချပွဲတွေမှာ အများအားဖြင့် အလှူခံရဟန်း ကိုယ်တိုင်ဖြစ်စေ၊အလှူခံများကိုယ်စား ရဟန်းတော်တစ်ပါးပါးကဖြစ်စေ၊ရှေ့ကတိုင်ပြီး ချပေးသမျှ လှူပုံ ဆုတောင်းပုံ၊ အမျှဝေပုံအားလုံးကို အလှူရှင်များက လိုက်ဆိုနေကြရတာကပဲ များပါတယ်။

ရှေ့က ချပေးလိုက် နောက်က လိုက်ဆိုလိုက်နဲ့ လိုက်ဆိုနေရင်းမှာ လက်ကလဲ ရေစက်ချနေရတယ်။ တစ်ချို့လက်ထဲကခွက် လွတ်ကျသွားတယ်။

တစ်ချို့လည်း ရေစက်ချလိုက်ဆိုလို့ မပြီးမီ ရေကုန်သွားလို့ ရေပြန်ထည့်ရတယ်။စိတ်တည်ငြိမ်တဲ့ သဘောမရှိဘူး။ တစ်စက်ခြင်းချနေရလို့ လက်ညောင်းလာတတ်တယ်။

အရေးကြီးတာက လှူနေစဉ် စိတ်ဓာတ်ငြိမ်သက်ငြိမ်းချမ်းပြီး ဉာဏ်ပွင့်လင်းနေဖို့ပါပဲ။ကိုယ့်ဟာကိုယ် လုပ်တတ်ရင်လည်း ကိုယ့်ဟာကိုယ်ပဲ ခွက်ထဲမှာ ရေကိုတစ်ခါတည်း လောင်းချလိုက်ပြီး ဆုတောင်းအမျှပေး လိုက်ရုံပဲ။

ရေလောင်းတဲ့အချိန်မှာတော့ နှုတ်ကမဆိုပေမယ့် စိတ်ကညွတ်ရင် ပြီးသွားတာပါ။

ပြီးတော့ တစ်ချို့က ကိုယ့်ဟာကိုယ် လုပ်ထားခဲ့တဲ့ အလှူတစ်ခုခုကိုရဟန်းတစ်ပါးပါးနှင့် တွေ့ရတဲ့အခါ စာရွက်ထဲ အလှူစာရင်းတွေရေးပြီး ဒါလေးကို ရေစက်ချပေးပါဘုရားလို့ရေစက်ချပေးဖို့ လျှောက်တတ်တာတွေ မကြာမကြာတွေ့ရဘူးတယ်။

ရဟန်းပါးစပ်ထဲထည့်ဆိုလိုက်မှ အလှူဟာ တရားဝင်ပြီးမြောက်တယ်လို့ ထင်ထားပုံလည်း ပေါ်ပါတယ်။

အမှန်တော့ ရေစက်ချတာဟာ…အလှူခံရဟန်းရဲ့အလုပ်မဟုတ်ပါဘူး။ အလှူရှင်ရဲ့ အလုပ်သာ ဖြစ်ပါတယ်။အလှူရှင်ကိုယ်တိုင် လုပ်ရမယ့် အလုပ်ပါ။

ရဟန်းတော်များက ရှေ့ကချပေးတယ်ဆိုတာက အလှူရှင်များဖြစ်သင့်တဲ့အရာ ဖြစ်စေချင်တဲ့ အရာတွေကို မှန်ကန်ပြည့်စုံအောင် လမ်းကြောင်းခင်းပေးခြင်းသာ ဖြစ်ပါတယ်။

အလှူရှင်ရဲ့ အလှူအတွက် အကျိုးဆောင်ရှေ့နေလုပ်ပေးတာ မဟုတ်ပါဘူး။ တရားဟောပေးတာဟာလည်း သိသင့်တာ သိဖို့ပါ။

ရှေ့က ဆရာတော်တစ်ပါးပါး ချပေးတာကို နောက်ကလိုက်ဆိုရရင်လည်း လိုက်မဆိုမီမှာဖြစ်ဖြစ်၊ လိုက်ဆိုနေတုန်း အလှူပိုင်းရောက်လာရင်ပဲဖြစ်ဖြစ် အားလုံးဆိုပြီးမှပဲဖြစ်ဖြစ်ရေကိုတစ်ခါတည်း ခွက်ထဲလောင်းထည့်လိုက်ရင် ပြီးတာပါပဲ။

ရေစက်မချပဲတောင် အလှူက မြောက်နေပြီးသားပါ။ယခုကာလမှာ လှူဖွယ်ကပ်လှူပြီးမှ ရေစက်ချတာကများပါတယ်။

ရေဆိုတာ သက်သေခံ ကိုယ်စားလည် လောက်ပဲဆိုတော့ တကူးတက ရေအပေါ် အချိန်ကုန်အပင်ခန်းခံပြီး ကြောင့်ကြစိုက်ဖို့ မလိုပါဘူး။

မူလလှူဖွယ် ပစ္စည်းကိုတောင် အကြာကြီး ကိုင်မထားပဲနဲ့ကိုယ်စားလည်ပစ္စည်းဖြစ်တဲ့ ရေထည့်ထားတဲ့ခွက်ကို အညောင်းခံပြီး အကြာကြီးကိုင်ထားဖို့လည်း မလိုပါဘူး။

လှူနေဆဲအချိန်မှာ…

အလှူခံ ၊ လှူဖွယ်ဝတ္ထု အလှူစေတနာအပေါ် စူးစိုက်တည်ငြိမ် အေးချမ်းပြီး ကြည်လင်ပြီးအောင်ပွဲတစ်ခုအဖြစ် ကျေနပ်သွားဖို့သာ ပဓာနပါ။

နိဗ္ဗာန်ရောက်သည်ထိ သံသရာတစ်လျှောက်၊ဘယ်တော့မှ မလျော့နိုင် မကုန်နိုင်အောင် ပိုင်တော့မှာဖြစ်တဲ့ ကိုယ်ပိုင်အစစ်ဖြစ်သွားပါပြီ။ ဒါမှပဲ စိတ်အေးရမယ်။

တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး။

Credit

မေတ္တာဖြင့်…အရှင်ပုည( ဝကုန်း )


Comments