ျမန္မာႏိုင္ငံမွာ ဒီအစိုးရလက္ထက္မွ ၾကားဖူးတဲ့ လုပ္ရပ္တစ္ခု...


က်န္ရစ္ခဲ့သည့္ကေလး ၆ ဦးစလံုးကို အစိုးရက အျပည့္အ၀တာ၀န္ယူေပးလိုေၾကာင္း ယေန႔သြားေရာက္ကမ္းလွမ္း
လပြတၱာ၊ ၾသဂုတ္ ၁
အရြယ္မေရာက္ေသးေသာကေလး ၆ ဦးကို ထားခဲ့ျပီး လင္မယား ၂ ဦးစလံုးတစ္ျပိဳင္နက္ ၾကိဳးဆြဲခ်သတ္ေသခဲ့သည့္ျဖစ္စဥ္မွ က်န္ရစ္ခဲ့ေသာ ကေလးငယ္ ၆ ဦးစလံုးကို အစိုးရက အျပည့္အ၀တာ၀န္ယူေပးလိုေၾကာင္း ယေန႔ သြားေရာက္ကမ္းလွမ္းခဲ့သည္ဟု လပြတၱာခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းျမတ္ႏိုင္ က ေျပာသည္။
“တိုင္းအစိုးရ ရဲ႕ လမ္းညႊန္မႈအရသြားေရာက္ကမ္းလွမ္းတာပါ” ဟု ၎က ေျပာသည္။
အျပည့္အ၀တာ၀န္ယူေပးမည္ဆိုသည္က နာဂစ္အျပီး လပြတၱာျမိဳ႕တြင္ဖြင့္လွစ္ထားသည့္အစိုးရပိုင္ လူငယ့္အားမာန္ သင္တန္းေက်ာင္းတြင္ ေန/စား(စားရိတ္ျငိမ္း) ပညာသင္ေပးသြားမည့္အျပင္ တကၠသိုလ္၀င္တန္းေအာင္ျမင္ပါက ျပည္ေထာင္စုလူငယ္မ်ား စြမ္းအင္ဖြံ႕ျဖိဳးမႈဒီဂရီေကာလိပ္(စစ္ကိုင္း) တြင္ ဆက္လက္ ပညာသင္ေပးသြားမည့္အစီအစဥ္တို႔ျဖစ္သည္။
အကယ္၍ တကၠသိုလ္၀င္တန္းမေအာင္ျမင္ပါကလည္း အသက္ေမြး၀မ္းေက်ာင္း ပညာတစ္ရပ္ရပ္ကို သင္ၾကားေပးျပီး ျပင္ပတြင္ လုပ္ကိုင္စားေသာက္ႏုိင္ေအာင္ စီစဥ္ေပးမည့္ အစီအစဥ္လည္း ပါ၀င္သည္ဟု သိရသည္။
သြားေရာက္ကမ္းလွမ္းမႈျပဳလုပ္ခဲ့သည့္ ယေန႔တြင္ က်န္ရစ္ကေလးငယ္မ်ားအား ေငြေၾကးႏွင့္စားေသာက္ဖြယ္ရာမ်ားကို ေထာက္ပံ့ေပးခဲ့ေၾကာင္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။
“ကေလးေတြရဲ႕ဆႏၵ၊ ေသဆံုးသြားတဲ့သူေတြရဲ႕ မိဘေဆြမ်ိဳးေတြရဲ႕ ဆႏၵအတိုင္းဆက္လက္ေဆာင္ရြက္ေပးသြားမွာပါ” ဟု ၎ကဆက္ေျပာသည္။
လူငယ့္အားမာန္သင္တန္းေက်ာင္းမွေန၍ တကၠသိုလ္၀င္တန္း ေအာင္ျမင္ကာ တကၠသိုလ္ဆက္လက္တက္ေရာက္ေနၾကသည့္ လူငယ္လူရြယ္မ်ား ရွိေနသည့္အျပင္ အစိုးရဌာနမ်ား၌ တာ၀န္ထမ္းေဆာင္ေနသူမ်ားပင္ ရွိေနၾကသည္။
ယခုက်န္ခဲ့သည့္ ကေလးငယ္ ၆ ဦး၏ မိခင္ႏွင့္ဖခင္တို႔မွာ ဇူလိုင္ ၂၈ ရက္ေန႔က ဧရာ၀တီတုိင္းေဒသၾကီး လပြတၱာၿမိဳ႕နယ္ သိုင္းကုန္းေက်းရြာ ရြာေတာင္ပိုင္းလယ္ကြင္းထဲရွိ ေနအိမ္အတြင္းမွာပင္ တစ္ျပိဳင္နက္ အတူတကြ ၾကိဳးဆြဲခ်သတ္ေသခဲ့ျခင္းျဖစ္သည္။
၎ တို႔သတ္ေသသြားမႈအေပၚ ရဲတပ္ဖြဲ႕က “ဆင္းရဲၾကပ္တည္းမႈေၾကာင့္” ဟု ေကာက္ခ်က္ခ်ထားသည္။
ပံုစာ-ကေလးငယ္ ၆ ဦးလက္ရွိေနထိုင္လ်က္ရွိသည့္ေနအိမ္
Popular News Journal
T T S
==========
ကျန်ရစ်ခဲ့သည့်ကလေး ၆ ဦးစလုံးကို အစိုးရက အပြည့်အဝတာဝန်ယူပေးလိုကြောင်း ယနေ့သွားရောက်ကမ်းလှမ်း
လပွတ္တာ၊ သြဂုတ် ၁
အရွယ်မရောက်သေးသောကလေး ၆ ဦးကို ထားခဲ့ပြီး လင်မယား ၂ ဦးစလုံးတစ်ပြိုင်နက် ကြိုးဆွဲချသတ်သေခဲ့သည့်ဖြစ်စဉ်မှ ကျန်ရစ်ခဲ့သော ကလေးငယ် ၆ ဦးစလုံးကို အစိုးရက အပြည့်အဝတာဝန်ယူပေးလိုကြောင်း ယနေ့ သွားရောက်ကမ်းလှမ်းခဲ့သည်ဟု လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် က ပြောသည်။
“တိုင်းအစိုးရ ရဲ့ လမ်းညွှန်မှုအရသွားရောက်ကမ်းလှမ်းတာပါ” ဟု ၎င်းက ပြောသည်။
အပြည့်အဝတာဝန်ယူပေးမည်ဆိုသည်က နာဂစ်အပြီး လပွတ္တာမြို့တွင်ဖွင့်လှစ်ထားသည့်အစိုးရပိုင် လူငယ့်အားမာန် သင်တန်းကျောင်းတွင် နေ/စား(စားရိတ်ငြိမ်း) ပညာသင်ပေးသွားမည့်အပြင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပါက ပြည်ထောင်စုလူငယ်များ စွမ်းအင်ဖွံ့ဖြိုးမှုဒီဂရီကောလိပ်(စစ်ကိုင်း) တွင် ဆက်လက် ပညာသင်ပေးသွားမည့်အစီအစဉ်တို့ဖြစ်သည်။
အကယ်၍ တက္ကသိုလ်ဝင်တန်းမအောင်မြင်ပါကလည်း အသက်မွေးဝမ်းကျောင်း ပညာတစ်ရပ်ရပ်ကို သင်ကြားပေးပြီး ပြင်ပတွင် လုပ်ကိုင်စားသောက်နိုင်အောင် စီစဉ်ပေးမည့် အစီအစဉ်လည်း ပါဝင်သည်ဟု သိရသည်။
သွားရောက်ကမ်းလှမ်းမှုပြုလုပ်ခဲ့သည့် ယနေ့တွင် ကျန်ရစ်ကလေးငယ်များအား ငွေကြေးနှင့်စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။
“ကလေးတွေရဲ့ဆန္ဒ၊ သေဆုံးသွားတဲ့သူတွေရဲ့ မိဘဆွေမျိုးတွေရဲ့ ဆန္ဒအတိုင်းဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းကဆက်ပြောသည်။
လူငယ့်အားမာန်သင်တန်းကျောင်းမှနေ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ တက္ကသိုလ်ဆက်လက်တက်ရောက်နေကြသည့် လူငယ်လူရွယ်များ ရှိနေသည့်အပြင် အစိုးရဌာနများ၌ တာဝန်ထမ်းဆောင်နေသူများပင် ရှိနေကြသည်။
ယခုကျန်ခဲ့သည့် ကလေးငယ် ၆ ဦး၏ မိခင်နှင့်ဖခင်တို့မှာ ဇူလိုင် ၂၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် သိုင်းကုန်းကျေးရွာ ရွာတောင်ပိုင်းလယ်ကွင်းထဲရှိ နေအိမ်အတွင်းမှာပင် တစ်ပြိုင်နက် အတူတကွ ကြိုးဆွဲချသတ်သေခဲ့ခြင်းဖြစ်သည်။
၎င်း တို့သတ်သေသွားမှုအပေါ် ရဲတပ်ဖွဲ့က “ဆင်းရဲကြပ်တည်းမှုကြောင့်” ဟု ကောက်ချက်ချထားသည်။
ပုံစာ-ကလေးငယ် ၆ ဦးလက်ရှိနေထိုင်လျက်ရှိသည့်နေအိမ်
Popular News Journal
T T S

Comments