အမြန်လမ်း အသုံးပြုတဲ့ ယာဉ်မောင်းများ ယာဉ်ပိုင်များ အဖြစ်မနေသိထားရန်....
Copy@sanmin
#မိုးသောကြာ
==========
“ကီလိုမီတာပြောင်းလဲသတ်မှတ်လိုက်ပြန်တဲ့ #အမြန်လမ်း”
အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းစေဖို့အတွက် ယနေ့ ၁.၈.၂၀၁၇ မှစတင်ကာ ၈လပိုင်း တစ်လပညာပေးကာလသတ်မှတ်ပြီး ကီလိုမီတာ ၆၀/၉၀ ထက်ပိုမမောင်းရစတစ်ကာလေးတွေကို ယာဉ်မောင်းရှေ့တည့်တည့်မှန်မှာ ဖြူး အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များက တိုးဂိတ်မှာ
လိုက်ကပ်အသိပေးနေကြတာကိုတွေ့ခဲ့ရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် မောင်းနှင်ရမည့်အမြန်နှုန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြန်လမ်းမကြီးများ ဥပဒေနှင့်အညီ အောက်ပါအတိုင်းသတ်မှတ်ပေးထားပြီးဖြစ်ပါတယ်။
၁။ Telematic စနစ်တတ်ဆင်ထားသော ခရီးသည်တင် #Express
ယာဉ်များနှင့် မတတ်ဆင်ရသေးသော ခရီးသည်တင် Express ယာဉ်ကြီးများသည် တစ်နာရီလျှင် (#၉၀_ကီလိုမီတာ) ထက်ပိုမမောင်းရ။
၂။အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားသော ကုနိတင်ယာဉ် ဝန်ပေါ့(ပစ်ကပ်၊Single Cab၊လိုက်ထရပ်၊တင်ဆောင်နိုင်သော (၃)တန်နှင့်(၃)တန်အောက် ဗင်န်နှင့်ထရပ်)မော်တော်ယာဉ်များသည် တစ်နာရီလျှင် (၆၀)ကီလိုမီတာထက် ပိုမမောင်းရ။
၃။အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားသောကုန်တင်ယာဉ် ဝန်လေး(တင်အား(၃)တန်နှင့်အထက် ဗင်န်နှင့်ထရပ်)မော်တော်ယာဉ်များသည် တစ်နာရီလျှင် (၆၀)ကီလိမီတာထက်ပိုမမောင်းရ။
၄။လူစီးယာဉ်(ဆလွန်း၊စတေရှင်ဝက်ဂွန်၊Double Cab)များသည် တစ်နာရီလျှင် (၁၀၀)ကီလိုမီတာထက်ပိုမမောင်းရ။
ပညာပေးကာလ တစ်လပြီးလို့ သတ်မှတ်ကီလိုထက်ပိုမောင်းရင်တော့ ဒဏ်ငွေ၅၀၀၀၀ ပါတယ်ခင်ဗျ။ဒီနေ့ကျွန်တော်သိရှိခဲ့တဲ့သတင်းလေးကို မိတ်ဆွေများအတွက်ပြန်လည်မျှဝေခြင်းဖြစ်ပါကြောင်း….
Copy@sanmin
ကျွန်တော် ဇော်မိုး ပိုင်အိုးနီးယား ၁၁၅
#မိုးသောကြာ
Credit : Zaw Hla Myint ( Pioneer 115)
Comments