မြန်မာအိုင်ဒေါနဲ့ ပတ်သက်ပြီး အမြင်အတိုင်း ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့ အဆိုတော် ယုန်လေး...


ကျွန်တော် မောင်ချို မောင်ချို ဆိုတာပြောနေတော့ IDOL 3 ကိုသတိကိုမထားမိတာ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ရူပ်နေလို့ ။
ဝိုင်းဆဲကျတာမြင်တော့ စိတ်မကောင်း အနုပညာသမားတိုင်းလည်း အဆဲခံနေရတဲ့ခေတ်ဆိုတော့ မထူးဆန်းဖူးပေါ့ . အဆိုပြိုင်ပွဲဝင်တွေ အတွက်တော့ ဒါကြီးက တကယ့် Danger ပါ။ အခုသာမာန်လူ . ရွေးခံပြီးတာနဲ့ . ချက်ချင်းကြီး တစ်တိုင်းပြည်လုံးက ဝိုင်းကြည့်စိတ်ဝင်စား မကောင်းတာတွေရော ကောင်းတာတွေရော ပြော .သာမာန်လူတစ်ယောက် အခုမှ အနုပညာလောကထဲရောက်လာတဲ့ လူတစ်ယောက် ဘယ်ခံနိုင်မလဲ . သူဆိုတာတော့ သေချာမကြည့်ဖူးတော့မသိ .
အခုဗီဒီယိုလေးကတော့ IDOL မပြိုင်ခင် သာမာန် စိတ်လက်ပေါ့ပါး နေတဲ့ကောင်မလေးတစ်ယောက်ပုံစံဆိုတော့ ကြည့်ရတာ ရိုးသားတယ် ဖြူစင်တယ် ကောင်းတယ်. ကလေးဆန်တယ် . IDOL 3 ရဲ့ ဇာတ်ညွန်း အတိုင်းလိုက်မလုပ်ပဲ ကိုယ်စိတ်ကိုပိုင်ဆိုင်ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါစေ ညီမလေး ။ အကြောက်တရားတွေမေ့ထားပါ . ချီးမွန်းတာရော ကဲ့ရဲ့တာရော မေ့ထားပါ . ယုံကြည်ချက်အပြည့်နဲ့ပြိုင်နိုင်ပါစေ ။
ဗိုလ်ချုပ်သီချင်းဆိုတာ ဖြိုးမြတ်အောင်လား ။ အဲဒါဆိုရင်တော့သူကောင်းတယ် . ဗိုလ်ချုပ်သီချင်းနဲ့ ပြိုင်တဲ့ Video မှာအထိ ကျွန်တော့်ကိုယ်တိုင် ၃ခေါက်လောက်ပြန်ကြည့်မိတယ် . သီချင်းရော ဆိုတာရောကောင်းလို့ ဂစ်တာတစ်လုံးထဲနဲ့ဆိုတုန်းက. . .။ ဒီသီချင်းကောင်းလို့ပြန်ရိုက်တဲ့ အချိန်မှာ ဘေးက ဒါရိုက်တာ တို့ Camera Man တို့ရဲ့သေချာ နားလည်အောင်မပြောပြမူ့ကြောင့်
ဆိုကဒ်ကိုရိုက်တာအိုက်တင်တွေလွဲနေတယ် . ထားပါ . ကောင်းပါတယ် . တစ်ရက် ကိုအငဲ သီချင်းလား ကိုမျိုးကြီး သီချင်းလား မသိတော့ဘူး Rock သီချင်းတစ်ပုဒ်ဆိုတာ ဟိုက်ပစ်စ် ကိုရောက်တာ နည်းနည်း မျက်နှာအမူရာက အဆိုထက်ပိုနေတာတွေ့တော့ စိတ်ပျက်မိတယ် .
သူအသိ ဘာလွဲနေလည်းတစ်ခုခု လွဲနေပြီ အဓိက က ဖက်ရှင်လည်းမဟုတ်ဘူး . Performance လည်းမဟုတ်ဘူး Vocal လေ. အဲ့Vocal ပြီးမှ ကျန်တာတွေဆက်ဖြည့်ရမှာ . လူကောင်း လူတော်တစ်ယောက်ပါ အသိတွေ မချော်ပါစေနဲ့ ။ ဘေးနားက လူများ အမြန်ပြောပြလို့ ဖြိုးမြတ်အောင်အမြန်ပြင်ဆင်နိုင်ပြီး အကောင်းဆုံးFinal ကိုပြိုင်နိုင်ပါစေ . စစဦးဆုံး ဗိုလ်ချုပ် သီချင်း ဦးသိန်းတန်တို့ရှေ့မှာ ပြိုင်တုန်းကလို အရိုးသားဆုံး အဆို တစ်ခုထဲကို အားစိုက်ပြိုင်နိုင်ပါစေ .ကျွန်တော့်IDOL သားငယ် နဲ့ ထိုင်နေချိန်ထဲက သူပဲရမှာ ဗိုလ်ချုပ်လို့ ကျွန်တော်ပြောမိပါတယ် . အရိုးသားဆုံး ပြိုင် ။
IDOL 3 ရဲ့ ဇာတ်ညွန်းရေးထားတာတွေ ပါ ဖျောက်ဖျက် ဘယ်သူ့မှစာက်ဂရုမစိုက်ပဲ ယှဉ်ပြိုင်မူ့က အဓိကအဖြစ် အကောင်းဆုံးပြိုင်နိုင်ပါစေ .
ဘယ်သူရရ အားလုံးက ရိုးသားမူ့ကိုလိုလားတယ် .
ပိုပြီး ရိုးသားတာကိုကြိုဆိုပါတယ် ။
အခုမှ အနုပညာလောကထဲကို ဝင်မဲ့လူငယ်တွေကို စီပွားရေးအတွက် ဓားစားခံ မလုပ်ကျပါနဲ့ .
နှစ်ယောက်လုံး ဂီတလမ်းမှာ အကောင်းဆုံး အရိုးသားဆုံးရှေ့ဆက်နိုင်ပါစေ .
အားလုံး Peace . . .
Credit – Kyaw Phone Aung (ယုန်လေး)

Comments