မြန်မာအိုင်ဒေါရဲ့ ဝင်းနားက ဖြိုးမြတ်အောင်ဖြစ်မှာပါလို့ အတည်အလင်း ပြော....



မြန်မာအိုင်ဒေါရဲ့ ဝင်းနားက ဖြိုးမြတ်အောင်ဖြစ်မှာပါလို့ ဒဲ့ ပြောလိုက်တဲ့ အဆိုတော် မေရွက်ဝါ
အဆိုတော် မေရွက်ဝါကတော့ မြန်မာအိုင်ဒေါကိုအပတ်စဉ်တိုင်းကြည့်ပြီးတော့ အားပေးလာတယ်လို့ဆိုပါတယ်။ ပြိုင်ပွဲဝင် (၂) ဦးလုံးထဲမှာသူမကတော့ ဖြိုးမြတ်အောင်ကို ဝင်းနားဖြစ်မယ်လို့ ယုံကြည်တယ်လို့ဆိုပါတယ်။
မြန်မာအိုင်ဒေါ ပြိုင်ပွဲဟာ ဒီထက်ပိုပြီး ပွင့်လင်းသင့်ကြောင်းကိုလည်း သူမက ပြောလာပြီး ဒီအစီအစဉ်မှာလည်း Top Secret (လျို့ဝှက်ချက်) တွေရှိနိုင်တယ်လို့ သူမအမြင်ကို ပြောလာပါတယ်။
မြန်မာပြည်သိန်းတန်ဟာ ပညာရှင်တစ်ဦးဖြစ်တဲ့အတွက် သူပြောတဲ့စကားတွေဟာ မှန်ကန်တယ်လို့ယုံကြည်တဲ့အတွက် ဖြိုးမြတ်အောင်သာ လျှင် ဝင်းနားဖြစ်ဖို့ သေချာပါတယ်လို့ အဆိုတော် မေရွက်ဝါက ခုလိုပြောလာပါတယ်။
“နှစ်ယောက်စလုံးကလည်း အရည်အချင်းရှိလို့ ဒီထိရောက်လာတာဆိုတော့လေ အဓိက အန်တီတို့ရဲ့ သဘာရင့် ဝါရင့် တွေပေါ့။ အန်ကယ်ဦးသိန်းတန်လေ သူကပညာရှင်ဆိုတော့ သူကလည်း အန်တီတို့ထက်ပိုပြီးတော့ အမြော်အမြင်လည်းရှိတယ်”
“လုပ်သက်လည်းပိုပြီးရင့်တဲ့သူဆိုတော့ သူတွေးဆလိုက်တဲ့ဟာတွေက သူထင်မြင်လိုက်တဲ့ဟာတွေက ရာနှုန်းပြည့်နီးပါးမှန်ကန်တယ်။ သူ့အတွေးနဲ့ ကိုယ့်အတွေးနဲ့ကလည်း ထပ်တူကျတယ်ဆိုတော့ ဝင်းနားသည် ဖြိုးမြတ်အောင်ပဲဖြစ်မှာပါ။ အဲလိုမျိုးယုံကြည်ပါတယ်”
Ref;8 Days TV & We Love Cele

Comments